ဆောင်းလွန်နွီရောက်
မိုးသီးပေါက်ကြွီ
ရာသီပြောင်းလေ့
မဟောင်းခြင်းက
ရင်မှာ တသသ
အဖြူရောင်အပြုံးနန့် မင်းအလှ
ရက္ခအပျိုမ…….၊
ရရိုးချေချစ်
အနှစ်အစစ်
အမြစ်တိတွယ်
စိတ်ချင်းသွယ်တန်း
ဘ၀နန်းထက်က
တော်ဝင်ဂီတနန့် မင်းအလှ
ရက္ခအပျိုမ ……၊
ပြစ်မှဲ့စင်ကြယ်
ပရိယာယ်ကင်း
နုနယ်ဝင်းပ
အာကာထက်က
အလင်းအီးနန့် ငြိမ်းချမ်းလ
ရက္ခအပျိုမ ….၊
နှလုံးပျိုးခင်းမှာ
မွှီးရနံ့ သင်း
အဆင်းမြင့်မြတ်
ရင်ဘတ်အမြုတေ
စွဲလန်းမပြေ
လွမ်းနိန်ရရေ အပျိုမချေ ………။ ။ ။
ဝံလက်ဖြူ
၂၅.၀၁.၂၀၀၉
(အနာဂတ်လှိုင်းဘလော့မှ)
အမျိုးအစား
အချစ်ကဗျာ
Subscribe to:
Post Comments (Atom)
0 မှတ်ချက်:
Post a Comment