“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ဗုဒ္ဓသာသနာတော်နှင့် ရက္ခိုင်ပြည်

ဗုဒ္ဓသာသနာတော်နှင့် ရက္ခိုင်ပြည်
ဦးအောင်သာဦး
B.A., B.E.S.
၃-၁၁-၇၄


ရက္ခိုင်ပြည်၌-
(၁) ဗုဒ္ဓသာသနာတော်မဝင်ရောက်မီ ဟိနိန်ပြီးသော ဘာသာရေးအခြေအနီ။
(၂) ဗုဒ္ဓသာသနာတော်ဝင်ရောက်လာပုံ။
(၃) ခေတ်အဆက်ဆက် ပြောင်းလဲပြန့်ပွားလာပုံ။
ဤအချက်များမှာ ရဟန်းသျှင်လူ အများပြည်သူရို့ သိသင့်၊ သိထိုက်သော အချက်များဖြစ်ကြပါသည်။ တချို့လည်း အနည်းနှင့် အများ သိပြီးသားဖြစ်ကြစီကာမူ၊ အများအားဖြင့် အမှုမဲ့၊ အမှတ်မဲ့နီလာကြပါသည်။ အကျွန်ုပ်အဖို့မှာ-ဤအကြောင့်နှင့်ပတ်သက်၍ နှစ်ပရိစ္ဆေဒ၊ ကာလအတန်ကြာအောင်လေ့လာခပါဗျာယ်။ အဂုလည်းလေ့လာနီဆဲပါ။ ယကေလေ့ ပြည့်စုံလုံလောက်ဗျာယ်ဟူ၍ကား မဆိုနိုင်ပါ။ ရှာဖွီစုဆောင်း လေ့လာရာ၌ အကျွန်လက်လှမ်းမှီသော၊ နှံ့နှံ့စပ်စပ် သုတေသန မပြုလုပ်နိုင်သိမ့်သောအချက်များဟိပါသိမ့်သည်။ သုတေသနပြုလုပ်ဖို့ကျန်ပါသိမ့်သည်။ အဂုခေတ်မှာသာမဟုတ်ချေ။ နောင်လာလတ္တံ့သောခေတ်များမှာလည်း ဆက်လက်၍ သုတေသနပြုရပါလိမ္မည်။ ယင်းကြောင့်-အဂုတင်ပြချက်ကို အသင့်တင့်နှလုံးသွင်းကြရန် အနူးအညွတ် ပန်ကြားအပ်ပါသည်။


ဂေါတမဗုဒ္ဓပွင့်တော်မမူမီ ရက္ခိုင်ပြည်

မှတ်တမ်းတင်ထားသော ရက္ခိုင်ရာဇဝင်ကို ဒွါရာဝတီ (သံတွဲနယ်မြီ) မှအစပြုသည် တွိ့ရပါသည်။ (ဤဒွါရာဝတီသည် သထုံမြို့နှင့်မဲနမ်မြစ်ဝှမ်းဒေသစပ်ကြားဟိ၊ သုတေသီရို့က အေ၊ဒီ ၆ ရာစုပတ်ဝန်းကျင်၌ တည်ထောင်ခသည်ဟုဆိုကြသော မွန်ရို့၏ဒေသ၊ ဒွါရာဝတီမဟုတ်ပါ)။ ရက္ခိုင်ဒွါရာဝတီကို ဝါသုဒေဝ၊ ဗလဒေဝ-စသော ညီနောင်တကျိပ်ရို့အုပ်စိုးခကြသည်ဟုဆိုသော်လည်း မည့်သည့်သကြဇ်-ရာစုက တည်ထောင်ခသည်ဟူသည်ကိုကား အတိတကျမသိရပါ။ ရှိရက္ခိုင်ရာဇဝင် ဆရာကြီးများကလည်း အလွန်ရှိကျသောခေတ်ဟူ၍ သာမန်အားဖြင့်ဆိုထားကြသည်။ ဒွါရာဝတီနောက်ပိုင်း၌ ရက္ခိုင်ပြည်အလယ်ပိုင်းတွင် ရှိဝေသာလီမြို့တော်ကို ဗြဟ္မဏရာဇာ အစဟိသော မင်း ၂၆ ဆက်တည်ထောင်အုပ်စိုးကြ၍ တည်ထောင်သော သကြဇ်ကို ကုသမင်းသကြဇ် ၄၀၀၅ ခုဟု(ကွယ်လွန်သူ) ရာဇဝင်သုတေသီ ဦးချန်ထွန်း၊ စစ်တွေမြို့၏ ရှိဟောင်းပီမူတစောင်၌ တွိ့ရပါသည်။ ထိုမင်း ၂၆ ဆက်သည် ကုသမင်းသကြဇ် ၄၀၀၅ မှ ၅၉၉၅ ထိ၊ နှစ်ပေါင်း ၁၉၉၀ အုပ်စိုးကြ၏ဟု ဆိုပါသည်။

ဗြဟ္မဏရာဇာမင်းဆက်လွန်ပြီးနောက်၊ ရှိဝေသာလီ (ဝေသာလီကျောက်လှီကား မဟုတ်သိမ့်ပါ။) ၌ မင်းတဆက်အုပ်စိုးကြောင်း အာနန္ဒစန္ဒြကျောက်စာ ပဌမပိုင်း၌ တွိ့ရပါသည်။ ကုသမင်းသကြဇ် ၅၉၉၅ ခုတွင် ရှိဝေသာလီ၌ မင်းဆက်တဆက် အုပ်စိုးနီချိန်မှာပင်၊ ပထမဓညဝတီကို မာရယုမင်း ၅၄ ဆက်-မျိုးခြား ၃ ဆက်။ အားလုံး ၅၇ ဆက်။ နှစ်ပေါင်း ၁၈၁၈ နှစ်။ ယင်းမှတဆက်တည်း ဒုတိယ ဓညဝတီကို ကမ္မရာဇာမင်း ၂၈ ဆက်၊ နှစ်ပေါင်း ၉၂၇ နှစ်။ အသီးသီးအုပ်စိုးခသည်ဟု ရှိရာဇဝင်ဆရာကြီးများက ဆိုထားကြသည်။ ဤသည်ကိုထောက်ရှုခြင်းအားဖြင့် ရက္ခိုင်ပြည်တောင်ပိုင်း၌ ဒွါရာဝတီ၊ အလယ်ပိုင်း၌ ဝေသာလီ၊ မြောက်ပိုင်း၌ ဓညဝတီရို့ကိုတည်ထောင်ကာ ရှိရက္ခိုင်လူမျိုးရို့ နီထိုင်လာခသည်မှာ ယင်းလောက်ရှိကျသော ခေတ်ကာလကပင် ဖြစ်ကြောင်း သိကြရပါသည်။

ဒုတိယ ဓညဝတီ၌ ကမ္မရာဇာ၏အနွယ်တော် နောက်ဆုံးဖြစ်သော သီရိရာဇာသည်၊ (အိန္ဒိယပြည်၏ဘိုးတော်အဉ္ဇနမင်း။ရက္ခိုင်ပြည်၌ ရာလမာယုမင်း ဖြိုကြွင်း) သကြဇ်မှာ ၉၇ ခု၊ ခရဇ်ာမပေါ်မီ ဘီ၊စီ ၅၈၀ တွင်ကွယ်လွန်ပါသည်။ ယင်းအချိန်၌ အိန္ဒိယပြည် မဇ္ဈိမဒေသ၌ ဂေါတမမြတ်စွာဘုရားပွင့်တော်မမူသိမ့်ပါ။ ထိုသကြဇ်-၁၀၃ ခု၊ သီရိရာဇာကွယ်လွန်၍ ၆ နှစ်မြောက်သို့ရောက်ပြီးမှ ပွင့်တော်မူသည်။

(ဂနိန့်ရခိုင်ပြည်ဘလော့မှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။