“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ရှေးခေတ် ရခိုင်ပြည်အုပ်ချုပ်ရေးစနစ်”

ဦးသာညွန့် ဟောပြောချက်
၂/၁၂/၁၉၇၃-ခု။

ရခိုင်မင်းများစိုးစံခသော နှစ်ကာလကို ခေတ်အားဖြင့် ပိုင်းခြားလိုက်ပါက အကြမ်းဖျင်းအားဖြင့် ၄- ပိုင်း ပိုင်းခြား၍ ရနိုင်ပါသည်။ ယင်းရို့မှာ-

(၁) အလွန်ရှေးကျသော (ဒွါရာဝတီ၊ ဝေသာလီ၊ ဓည၀တီ)ခေတ်၊ (၂) ဝေသာလီ ကျောက်လှီကားခေတ်၊ (၃) လေးမြို့ခေတ်နှင့် (၄) မြောက်ဦးခေတ် များ ဖြစ်ပါသည်။ အချို့ ရာဇ၀င်ဆရာရို့က မြောက်ဦးခေတ်ကိုပင် -ပထမမြောက်ဦး၊ ဒုတိယမြောက်ဦး၊ တတိယ မြောက်ဦးဟူ၍ပင် ၃-ပိုင်းပိုင်းခြားကြပါ သိမ့်သည်။ ကျွန်ုပ်ရို့သည် အလွန်ရှေးကျသော ဒွါရာဝတီ၊ ဝေသာလီ၊ ဓည၀တီခေတ်များက ရခိုင်မင်းများအုပ်ချုပ်ပုံစနစ်ကို စာပီကျမ်းဂန် အထောက် အထားများဖြင့် ဂ,နစွာမတင်ပြနိုင်သိမ့်သဖြင့် မှုန်ရေးရေးမျှသာတင်ပြနိုင်သည့် အခြေအနိန်တွင်ဟိသည်။

သို့ရာတွင် ဝေသာလီကျောက်လှေကားခေတ် (အေဒီ ၄-ရာစုအစပိုင်း)မှစ၍ကား အထောက်အထားအတော်အသင့်စုံလင်စွာဖြင့် တင်ပြနိုင်ကြပါဗျာယ်။ ဝေ သာလီခေတ်ဦးသည် အိန္ဒိယနိုင်ငံ ဂုပ္ပတဘုရင်များခေတ်နှင့် ခေတ်ပြိုင်ဖြစ်၏။ ဂုပ္ပတခေတ်တွင် အိန္ဒိယ၌ မနုဓမ္မသတ်ကျမ်းကြီး ပေါ်ထွက်နိန်ဗျာယ်ဖြစ်၍ ထိုဓမ္မသတ်ကျမ်းသည် ရခိုင်ပြည်သို့လည်း မရှေးမနှောင်း ရောက်ဟိလာခကြောင်း အထောက်အထားများတွိ့ရသည်။ ထိုအချိန်တွင် ရခိုင်ပြည်၌ စာပီ အရေးအသားများလည်း တတ်မြောက်ပြီးဖြစ်သည်။
တရားစီရင်ရေးနှင့်ပတ်သက်၍ အာန္ဒစန္ဒြားကျောက်စာ၊ ဂါထာအပိုဒ် (၅၈)ကို ရခိုင်ဘာသာပြန်ဆိုလျှင်–

“သဘင်ခန်းမဆောင်ကြီး(တရားရုံး)ထဲတွင် နိန့် စဉ်နိန့်တိုင်း စည်းဝေး(ရုံးထိုင်)ခြင်းကိုပြုလုပ်လေ့ဟိ၏။ (မင်းကြီးသည်)သနားခြင်းကရုဏာဟိသဖြင့်၊ အလွန်လျှင် (အမှန်ပင်) သီဒဏ်ပီးထိုက်သောသူရို့ ကိုပင်လျှင်၊ အမြဲအပြစ်မှ ချမ်းသာပီးလေ့ဟိ၏။” ဟုအဓိပ္ပါယ်ရပါသည်။

ရခိုင်မင်းများသည် ထိုခေတ်ထိုအချိန်ကစိုးစံခကြသော အခြားမင်းများနည်းတူ သက်ဦးဆံပိုင် ဘုရင်များဟုခေါ်တွင်ကြသော်လည်း ရခိုင်ရာဇ၀င်တလျှောက် လုံးတွင် မင်းပြစ်မင်းဒဏ်ကြောင့် ကွပ်မျက်ရသည်ကိစ္စမျိုး လွန်စွာနည်းပါးလီသည်။ ရာဇ၀တ်ပြစ်ဒဏ်သင့်သူများကို ဘုရင်က အသက်ချမ်းသာခွင့်ပီး သည့် စံနမူနာများကိုသာ တွိ့ရတတ်သည်။

ကြီးလီးသောပြစ်မှုကျူးလွန်သူများနှင့် သုန့်ပန်းအကြီးအကဲများ (ယခုခေတ် စစ်ရာဇ၀တ်ကောင်များနှင့်တူသူများ) ကို ဘုရင်ကသီဒဏ်မှ ချမ်းသာပီး ပြီးလျှင် သင်္ဃာတော်များလက်သို့အပ်၍ သာသနာ့အဆောက်အဦများတွင် အလုပ်အကျွေးအဖြစ်ထားလေ့ဟိသည်။ ထိုသို့ဆောင်ရွက်ခြင်းကို “သင်ချီတည်သည်” ဟု ခေါ်လီသည်။ ရခိုင်မင်းများသည် ကွပ်မျက်စီရင်ခြင်းများကို အားမပီးခသည့် အကြောင်းရင်းများမှာ မင်းများနန်းတက်စတွင် သစ္စာဘိသိတ်ကို ခံယူခရခြင်း၊ ဗုဒ္ဓ၀ါဒီများဖြစ်သည့်အလျှောက် ငါးပါးသီလ၊ ရှစ်ပါးသီလရို့ကို အမြဲတစီစောင့်ထိန်းခြင်းရို့ကြောင့် ဖြစ်ပါသည်။

ဘိသိတ်သစ္စာခံယူပွဲ၊
လေးမြို့ခေတ်တွင် ရခိုင်ပြည၏ စီမံအုပ်ချုပ်မှုများမှာ များစွာတိုးတက်ခေတ်မီလျှက်ဟိ ကြောင်း တွိ့ရပါသည်။ လေးမြို့ခေတ် သက္ကရာဇ် ၄၅၈-ခု၊ (အေဒီ-၁၁၂၃) တွင်နန်းတက်သော ဒဿရာဇာမင်းကြီးသည် ကြီးကျယ်ခန်းနားသော ဘိသိတ်သစ္စာခံယူပွဲကြီး ကျင်းပကြောင်းတွိ့ရပါသည်။ မင်းနှင့် မိဖုရား ကြီးရို့သည် န၀ရတ်ကိုးပါးဖြင့်စီဲခြယ်ထားသော ရတနာထမ်းစင်ကိုစီးတော်မူ၍ အသင့်ဆောက်လုပ်ထားသောမင်္ဂလာမဏ္ဍပ်သို့ ထွက်တော်မူသည်။ သာ သနာပိုင် ၀ိနည်းဓိုရ်ဆရာတော်နှင့် ပရောဟိတ် ၁၂-ပါးရို့သည် ပိဋကတ်တော်များကိုဆောင်ယူ၍ သီဟာသနမဏ္ဍပ်၌ထားပြီးသော် နန်းတော်သို့ဝင်၍ သံဃာတော်များက ပရိတ်တော်များရွတ်ဖတ်ကြသည်။ မင်းကြီးသည် မောရာသနမဏ္ဍပ်၌ရီချိုးတော်မူ၍ ဂဇာသနမဏ္ဍပ်တွင် ဂေါင်းဆီးတော်မူပြီးမှ သာ သနာ့အကျိုး၊ လောကီအကျိုး သယ်ပိုးရွက်ဆောင်ပါမည်ဟု ပါဠိဂါထာများကိုရွတ်ဆိုရသည်။ ထိုနောက် သီဟာသနမဏ္ဍပ်အလယ်၌ ရွှေအင်းပျဉ်ဖြင့် ပြီးသော ရီသဖန်းပျဉ်ဝယ် ထိုင်တော်မူ၏။

ယင်းသို့သောအခါ-
မင်းသမီးယှစ်ယောက်ရို့သည် န၀ရတ်စီခြယ်ထားသောခရုသင်းတွင် ဂင်္ဂါမြစ်ရီကိုထည့်လျှက်ကောင်းမွန်ရိုသေစွာ မင်းကြီး၏ဦးဂေါင်း၌ သွန်းလောင်းစဉ်-

• “အသျှင်မင်းကြီး သာသနာတော်ပွင့်လင်းအောင် ပြုတော်မူပါလော။

• အသျှင်မင်းကြီး ခပ်သိမ်းသောသတ္တ၀ါရို့အား ကိုယ်၏သားနှင့်အမျှ ချစ်ခင်ခြင်း၊ ပြည်သူရို့၏စီးပွါးကို ကိုယ်တော်၏စီးပွါး၊ ခပ်သိမ်းသော
သတ္တ၀ါရို့၏ ဇီဝိတိနြေ္ဒအသက်ကို ကိုယ်တော်၏အသက်ကဲ့သို့စောင့်တော်မူ ပါလော။

• -အသျှင်မင်းကြီး ခပ်သိမ်းသောပြည်ထောင်မင်းရို့အား အမျက်မလွန်ခြင်း၊ တရား၌စောင့်ခြင်း၊ ပညာဟိစကားကို နာလွယ်ခြင်း၊ အမျိုးစောင့်ခြင်း များကို မြဲမြံ စောင့်ထိမ်းတော်မူပါလော။” ဟု မြွက်ဆိုကြ၏။
ထိုနောက် ပုဏ္ဏား ၈-ယေက်၊ သဌီး ၈-ယောက်၊ သူကြွယ် ၈-ယောက်ရို့က ရှေးနည်းအတိုင်း ရီသွန်းလောင်းကြကုန်၏။

သူဌေးသူကြွယ်ရို့က ရီသွန်း လောင်းစဉ် ဆိုပြန်သည်မှာ-

• အသျှင်မင်းကြီး အကျွန်ုပ်ရို့သွန်းလောင်းသောရီကိုခံတော်မူ၍၊ ကျွန်ုပ်ရို့ဆိုသောစကားအတိုင်းကျင့်ဆောင်တော်မူ၍၊ ပြည်သူလုပ်ခွံ ဆယ်ဖိုး တဖိုးခံယူစားသုံးတော်မူ၍၊ မင်း၏စည်းစိမ်ကို စံပြီးသော် ပြည်ကို တရားသဖြင့်စောင့်တော်မူပါလော။

• အသျှင်မင်းကြီး ကျွန်ုပ်ရို့ဆိုသောစကားအတိုင်း ကျင့်တော်မူသော်ကား ပစ္စုပန်-သံသရာ နှစ်ဖြာအကျိုးတိုးတက်စီလျက်၊ တက်သစ်သောနီ၊ ဆန်းသစ်သော လကဲ့သို့၊ တနိန့်တခြား ကြက်သရေတော်ပွင့်လင်း၍ ပြည်ထောင်မင်းပေါင်းဦးဂေါင်းညွတ်လာ၊ သဒ္ဒါပြည့်ဖြိုး၊ သူခိုးဓါးပြ၊ ငြိမ်း ချမ်းသာယာ၊ သာသနာတော်တည်ထွန်း၊ ရီစာမယှား၊ မင်းအားပြည်သူ၊ ဆုယူနိန့်တိုင်း၊ ကောင်းကြီးပီးလျှက်၊ သက်တော်ရာကျော်၊ စံတော် မူရသည် ဖြစ်စီသောဝ်။

• ယင်းသို့မဟုတ် ကျွန်ုပ်ရို့စကားအတိုင်း မတည်၊ မင်းကောင်းမင်းမြတ်ရို့ဝန်ခံသော ဘိသိတ်သစ္စာပျက်ချေသော် ကမ္ဘာဆူဝေ၊ လီမုန်တိုင်း ဆင်၊ ငလျင်တော်လဲ၊ မြေကြီးကွဲ၍၊ ငရဲမီးလျှံ၊ အ၀ှန်ပြောင်ပြောင်၊ တောက်လောင်ကြေညက်၊ သူဖျက်သူလှောင့်၊ ထောင်ထောင်ထားထား၊ ခိုး သားဒန္တ၊ စသည့်အထွေထွေ၊ နီလတံခွန်၊ ငှက်ပျံငှက်ယုတ်၊ စုန်းဖုတ်တစ္ဆေ၊ နန်းထက်နိန်၍၊ မွှီမွှီလှန့်ခြောက်၊ မြွီဟောက်ငန်းကျား၊ တက် ၍စားသည် ဖြစ်စီသောဝ်။ ဟုမြွက်ဆိုကြလီသည်။

ဒသရာဇာမင်းကြီးသည် ရှေးမင်း ဘီးတော် ခမည်းတော်ရို့နည်းတူ သစ္စာဘိသိတ်ခံယူတော်မူကြောင်း သမိုင်းအစောင်စောင်၌ ဆိုထားသည်။ ဘိ သိတ်သစ္စာဆိုသည်မှာ တနည်းအားဖြင့် ဘုရင်မင်းမြတ်အား ဤနည်းဤပုံ အုပ်ချုပ်ပါလောဟု ကတိသစ္စာပြုခိုင်းခြင်းပင်ဖြစ်၏။ ကျမ်းကျိန်ဆိုစေခြင်း ဖြစ်သည်ဟုလည်းဆိုနိုင်ပေ၏။ ဤဘိသိတ်စာတမ်းအကျယ်ကို ဓည၀တီအရေးတော်ပုံနှင့် အမျိုးသားစာကြည့်တိုက် ပရပိုက်အမှတ်-၁၁၂၀ (ရခိုင် ရာဇ၀င်) တွင်ကြည့်ရှုနိုင်ပါသည်။ မန်လည်ဆရာတော်ဘုရားကြီးသည် မာဃဒေ၀လင်္ကာသစ်တွင် မာဃဒေ၀မင်းကြီး ဘိသိတ်ခံယူပုံကို စပ်ဆိုရာ၌ ဤစာတမ်းကိုမှီငြမ်း၍ စပ်ဆိုထားခြင်းဖြစ်ပါသည်။

ဥပဒေပြုသူ ဥပဒေမဖျက်နှင့်
သက္ကရာဇ် ၆၄၅-ခုနှစ်တွင် နန်းတက်သော မင်းထီးဘုရင်တရားစောင့်ထိန်းပုံ လူတိုင်းလိုလို သိဟိပြီးဖြစ်ပါလိမ့်မည်။ မင်းထီးဘုရင်သည် နန်းတော်တိုင်၌ ထုံးတို့မိသူ၏ လက်ညှိုးကိုဖြတ်မည်ဟု အမိန့်ထုတ်ထားခသည်။ နောက်ဆုံး၌ ထုံးသုတ်သူမှာ သူကိုယ်တိုင်ဖြစ်နိန်ရကား သံလျက်ကိုဆွဲ လျှက် မိမိ၏ညာလက်ညှိုးကို ကိုယ်တော်တိုင်ပိုင်းဖြတ်လိုက်လီသည်။

မင်းကြီးကိုယ်တိုင်ဤသို့ဖြောင့်မှန်ပြတ်သားစွာ တရားစောင့်ထိန်းပြသဖြင့် တိုင်းသူပြည်သားများဇာအတွက်ကြောင့် တရားမစောင့်ဘဲနိန်နိုင်ပါအံ့နည်း။ ဤအကြောင်းနှင့်စပ်လျဉ်း၍ ဒေါက်တာဖေါ်ချမ်မာ (Dr. Forchummer) က ရခိုင်သမိုင်းဆိုသောဆောင်းပါးတွင် ချီးကျူးရေးသားထားလီသည်။ မင်းထီးသည် ရာထူးခန်းထားရာတွင် အနီးအ၀ီးရွီးတော်မမူ။ ပညာအလျောက် သူကောင်းပြုတော်မူ၏ဟု သမိုင်းဆရာရို့မှတ်တမ်းတင်ကြသည်။

ရခိုင်မင်းဆက်တွင်မင်းကောင်းမင်းမြတ်များဟိရေပိုင် မင်းဆိုးမင်းညစ်များလည်းဟိခသည်။ ခရစ်နှစ် ၁၆၃၈-ခုနှစ် သီရိသုဓမ္မမင်းကို မိဖုရားနတ်သျှင်မယ် နှင့် လောင်းကြက်မြို့စားကုသလအမတ် (င/ကုသလအမတ်)ရို့ ပူးပေါင်းလုပ်ကြံပြီးနောက် ကုသလသည် နရပတိကြီးအမည်ဖြင့်နန်းတက်သည်။ ပြည်သူပြည်သားများ အော့နှလုံးနာကြသည်။ မဟာသက်တော်ရှည်အမတ်ကြီး ငလက်ရုံးသည် ရာထူးမှနှုတ်ထွက်ပြီး ရဟန်းဝတ်လားလီသည်။

သက္ကရာဇ် ၁၁၃၅ (ခရစ်-၁၇၇၃)-ခုတွင် နန်းတက်လာသောစန္ဒသုမနမင်းသည်လည်း တရားမစောင့်သောမင်းဖြစ်၏။ အမတ်ကြီးပိုးရွှေ ဦးဆောင်၍ ပြည်သူပြည်သားရို့ပုန်ကန်ကြသည်။ မင်းကိုဖမ်းမိလျှင် ကွပ်မျက်ပြီး အလောင်းကို ရီတွင်မျှောလိုက်ကြသည်။

ပြည်သူ့တရား ပြည်သူစီရင်-
သက္ကရာဇ် ၇၅၆-ခု(အေဒီ-၁၃၉၄)တွင်နန်းတက်သော ရာဇသူမင်း(ခေါ်) ၀ရဓမ္မရာဇာ(မင်းထီးသား)လက်ထက်၌ ထုတ်ပြန်သောအမိန့်တော်စာတမ်း မှာ အလွန်ထူးခြားသောလက္ခဏာကိုဆောင်နိန်ပါသည်။ ထိုအမိန့်တော်ပါပြဌာန်းချက်များအရ ရှေးမင်းများလက်ထက်က မြို့စား၊ ရွာစား၊ သူကြီး ကစ၍ခန့်ထားခြင်းခံရသူရို့သည် သားစဉ်မြီးဆက် ထမ်းရွက်စားသုံးခွင့်ရလီသည်။ အခွန်အထုတ် ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ အသည်သားရို့သည် အိမ်ကြီးလျှင် တနှစ် ၅-သပြာပီးရ၏။ အိမ်ငယ်လျှင် ၂-သပြာခွဲပီးရ၏။ ကုန်သည် ပွဲစား အစို့ခွန်သားရို့သည် အိမ်ကြီးလျှင် ဆယ်သပြာ၊ အိမ်ငယ်လျှင် ငါးသပြာပီးဆောင်ကြရ၏။

တောင်ယာအရပ်မှ တောင်ယာဖြင့်အသက်မွီးသူရို့သည် ဓါးတစင်း ယာတခင်းလျှင် သုံးသပြာစီ ပီးဆောင်ကြရ၏။ မင်းမှုထမ်း ၀င်းသား၊ ဒိုင်းသားမှစ၍ ရီခပ်၊ အမုန့်လုံး သူများမှာ အခွန်အထုပ်ငွေ မပီးကြရချေ။ မင်းသား၊ မင်းသမီး၊ မိဖုရား၊ မှူးမတ်ရို့သည် မိမိရို့အားပီးအပ်ထားသောသူများကိုသာ အစီအပါးခိုင်းစီခွင့်ရသည်။ အခြားသူများကို ကပ်ခို၊ ကပ္ပါးအဖြစ်လက်မခံရ။ ရှေးမင်းအဆက်ဆက် ခန့်ထားသူများကိုသာ သုံးရမည်ဟု အမိန့်ပြန်တော်မူ၏။

မြို့ပြင်လေးရပ်တွင် တရားမဏ္ဍပ် (တရားရုံး) လေးခုကို ရှေးနည်းအတိုင်းဆောက်လုပ်ထားရမည်။ မဏ္ဍပ်တခုလျှင် ပြည်စိုးကြီးတဦးနှင့် တရားဆွေ တဦးရို့က ရုံးထိုင်တရားစစ်ကြသည်။ ပြည်စိုးကြီးဆိုသူမှာ မြို့ဝန်ရာထူးနှင့် ခတ်ဆင်ဆင်တူသည်။ တရားဆွေဆိုသူမှာ လူထဲမှရွီးကောက် တင် မြှောက်သူဖြစ်ပြီး အဂုခေတ် ရုံးသဟာယနှင့်တူဟန်ဟိပါသည်။ ယင်းတရားရုံးများသည် လက်ရောက်နှုတ်လွန်၊ မြီမှု၊ ငွေမှု၊ အိမ်မှုစသော ရာဇ ၀တ်မှု နှင့် တရားမ,မှုများကိုစီရင်ရသည်။ အမှုပြီးပြယ်လျှင် အမှုကြီးငယ်ကိုထောက်၍ ငါးသပြာတန်သည်၊ နှစ်သပြာတန်သည်ကို စီရင်သူရို့ခံယူသုံး စားစီ။ မင်းရာခိုးထူးဆို၍ မကုန်မကျစီနှင့်ဟု အမိန့်ထုတ်ထားသည်။

အယူခံရုံးများ-
တရားဆွေနှင့် ပြည်စိုးကြီးရို့ဆုံးဖြတ်ချက်ကို မကြေနပ်လျှင် အမတ်တရားသူကြီး လေးဦးထံ အယူခံဝင်ရသည်။ အမတ်တရားသူကြီးလေးဦး၏ ဆုံး ဖြတ်ချက်ကိုမကြေနပ်လျှင် ဘုရင်မင်းမြတ်ထံသို့အယူခံဝင်ရသည်။ မင်းကြီးသည် မဟာသက်တော်ရှည်သုခမိန်အမတ်ကြီးနှင့်တိုင်ပင်၍ အဆုံးအ ဖြတ်ပီးတော်မူသည်။ ယင်းဆုံးဖြတ်ချက်သည် အမြင့်ဆုံးရုံးဆုံးဖြတ်ချက်ပင်ဖြစ်သည်။ အမတ်ကြီးမဟာပညာကျော်ဖြတ်ထုံးဆိုသည်မှာ ဤသို့ဘုရင်ထံ တက်လာသောအမှုများကို စီရင်ဆုံးဖြတ်ထားခြင်းများဖြစ်သည်။

အမှုစစ်ဆေးပုံနှင့်စပ်လျဉ်း၍ ခိုးမှု၊ ယိုးမှုများမှာလည်း ရိုက်ပုတ်ထောင်းသတ်၍ မစစ်မမိန်းစီနှင့်၊ ပညာဖြင့်သာပေါ်အောင်စစ်ရမည်ဟု အမိန့်ထုတ်ထားလီသည်။ ဤတရားစီရင်ရေးစနစ်ကို နောက်မင်းများလက်ထက်တွင်လည်း အစဉ်တစိုက်ဆက်၍ ကျင့်သုံးလားသည်ကို တွိ့ရသည်။

တိုင်းကြီး ၁၂-တိုင်း-
ဝေသာလီခေတ်မှစ၍ ရခိုင်ပြည်ကို တိုင်းကြီး ၁၂-တိုင်းခွဲ၍ မြို့စား၊ ရွာစားများ ခန့်အပ်အုပ်ချုပ်ခသည်။
(၁) နာဂသျှ န္တတိုင်း - အာသံနယ်နှင့်စပ်လျှက်ဟိသော နယ်မြီ။
(၂) မဟိံသကတိုင်း- နာဂသျှ န္တတိုင်းနှင့် ရောင်ဖြူနယ်အကြားဟိနယ်မြီ။
(၃) ကမ္မရူအဆိုင်း- ရောင်ဖြူနယ်။
(၄) ဖလံတိုင်း- ဖလံထောင်။
(၅) သက်တိုင်း- သက်ထောင်။
(၆) ဘိုမင်းတိုင်း- ဘိုမင်းထောင်။
(၇) ဘုညာကြီးတိုင်း- ဘင်္ဂလား ၁၂မြို့။
(၈) ဥဿလင်းတိုင်း- ပလက်ဝ ချင်းတောင်ကုန်းဒေသ။
(၉) ရက္ခပူရတိုင်း- မြစ်ကြီးလေးသွယ်မြစ်ဝှမ်းဒေသ။
(၁၀) ရမ္မာပူရတိုင်း- ရမ်းဗြဲနယ်တောင်ရိုးအထိဒေသ။
(၁၁) မေဃ၀တီတိုင်း- မာန်အောင်ကျွန်းနှင့်ကျွန်းရံများ။
(၁၂) ဒွါရာဝတီတိုင်း- သံတွဲနဂရစ် မော်တင်စွန်းအထိနယ်မြီရို့ဖြစ်သည်။

ဘင်္ဂလား ၁၂-မြို့နှင့် သံတွဲနယ်ရို့ကို မင်းညီမင်းသား စိတ်ချယုံကြည်ရသူများကို ခန့်ထားလေ့ဟိသည်။ မင်းရာဇာကြီးလက်ထက် သံလျင်ကိုပိုင်ဆိုင်ခရာ ဒီဘရစ်တိုကို သားတော်မင်းခမောင်းနှင့်တွဲ၍ ဘုရင်ခံခန့်ထားခသည်။ ဒီဘရစ်တိုက အကောက်ကြံ၍ မင်းခမောင်းကို ဖမ်းဆီးပြီးပုန်ကန်ခြားနားခသည်။

အနောက်တရိုးတွင်ဟိသော ဖလံထောင်၊ သက်ထောင်၊ ဘိုမင်းထောင်စသော နယ်မြီများကို အုပ်ချုပ်ရသူများသည် လက်အောက်ခံမင်းငယ်များအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဟိကြသည်။ ထီးဖြူနှင့်မကိုဋ်သရဖူဆောင်းခွင့်ရကြသည်။ ခြောက်လတကြိမ်၊ တနှစ်တကြိမ်စသည်ဖြင့် ဘုရင့်ညီလာခံသို့တက်ကြရသည်။ ဆက်သမြဲအခွန်ဘဏ္ဍာဆက်ရသည်။ စစ်သားများလိုသည့်အခါ စစ်သားစုဆောင်းပီးရသည်။ အသေးအဖွဲအမှုများကို စီရင်ပိုင်ခွင့်ဟိသည်။ သီ ဒဏ်အမိန့်ကို ဘုရင်မှလွဲ၍ မည်သူကမျှမပီးနိုင်။ ဘုရင့်သားတော်ပင် မပီးနိုင်ချေ။ ဘုရင်က အနယ်နယ်အရပ်ရပ်တွင် ဘုရင်၏နားမျက်စိဆိုသော သူလျှိုများလွှတ်ထားသည်။ လက်အောက်ခံမြို့စားနယ်စားရို့၏ ဆောင်ရွက်ချက်များကို လျှို့ဝှက်အစီရင်ခံရသည်။

မြို့တော်တွင်ပုံမှန်ညီလာခံများကျင့်ပသည့်အပြင်၊ အ၀ီးရောက်ဘုရင်ခံနှင့်မြို့စားများ တက်ရောက်ရသော အထူးညီလာခံများဟိလီသည်။

ဓမ္မသတ်ကျမ်းများ-
ရခိုင်ပြည်တွင် အိန္ဒိယမှရဟိသော မနုဓမ္မသတ်ကျမ်းနှင့် ရာဇနီတိကျမ်းများကိုအသုံးပြုသည်။ ရာဇနီတိကျမ်းကိုမှီ၍ ရာဇပျို့ဆိုသော မင်းကျင့်ဝတ်ပျို့တ စောင်ကို မဟာသက်တော်ရှည်အမတ်ကြီးတဦးက ပြုစုခသည်။ ယင်းပျို့တွင် “ပြည်ကြီးဝန်ကို အိုးတန်ဆန်ခပ်၊ မင်းကျင့်ဝတ်နှင့်၊ လျှောက်ပတ်သင့်စွာ၊ စီရင်ရာသည်။” ဟူ၍လည်းကောင်း၊ “ရေမြေသနင်း (ရီမြီသနင်း)၊ မင်းတို့ကျင့်သုံး(မင်းရို့ကျင့်သုံး)၊ ရှေးထုံးမသုန်၊ ရာဇဂုဏ်မြတ်၊ န၀ရတ်ကိုးခိုင်၊ မဏ္ဍိုင်မပျက်၊ မင်းလက်နက်တည့်၊ေ၀၀က်စိတ်ဖြာ (ဝီဝက်စိတ်ဖြာ)၊ မလိမ္မာငြား၊ သူမိုင်သားကို၊ မှား၍ပြည်ရှင်(မှား၍ပြည်သျှင်)၊ သူကောင်းတင်လျှက်၊ တိုင်းခွင်ခရိုင်၊ အပိုင်ကံကျွေး၊ မင်းခွင့်ပေး၍ (မင်းခွင့်ပီး၍) ၊ မှူးရေးမတ်ရာ၊ နှင်းအပ်ပါ မူ၊ ပဇာကျိုးရှိ(ပဇာကျိုးဟိ)၊ နွမ်းရိသတ္တ၀ါ၊ မြို့ရွာတုန်လှုပ်၊ မင်းကျိုးယုတ်၏။ စက်ဆုပ်သဖွယ်၊ ပျက်ရယ်တ န္တု၊ ပြည်မှုရှုပ်ထွေး (ပြည်မှုယှုပ်ထွီး)၊ တိုင်းဝေးတပါး (တိုင်းဝီးတပါး)၊ စကားမတည်၊ အရှည်မ ကောင်း၊ ဗူးတောင်းပမာ၊ မိစ္ဆာငှက်ဆိုး၊ လင်ကောင်ပိုးသို့၊ ဆိုရိုးတချက်၊ ကြွက်နှင့်မြွေတူ (ကြွက်နှင့်မြွီတူ)၊ သူ့မူမဖျောက်၊ မျောက်နှင့်မြေခွေး (မျောက်နှင့်မြိုင်ခွီး)၊ ဆိုရေးတသီး၊ ကျီးနှင့်စက် တူ၊ အမူယုတ်သွမ်း၊ သူကန်းအကြံ၊ လောဘလျှံသည်၊ မင်းထံနီးစပ် မသုံးအပ်။” စသည်ဖြင့် ဖြစ်သည်။

မင်းဘာကြီးလက်ထက်တွင် ဆရာမြ၀ါသည် အဂ္ဂမုနိဆရာတော်နှင့်တိုင်ပင်၍ မနုဓမ္မသတ်ကျမ်းကိုအခြီခံလျက် ရွှေမျဉ်းဓမ္မသတ်ကျမ်းကို ရေးသည်။ ထို နောက် တိုင်း၁၂-တိုင်းမှ ပညာသျှင်များ နန်းတော်သို့ပင့်ဖိတ်ပြီး ဝေဖန်ဆွေးနွေး ဖြည့်စွက်စီသည်။ ထိုသို့ပြုပြင်ပြီးမှ အတည်ပြုပြဌာန်းသည်။

ရှေးဓမ္မသတ်ကျမ်းများမှားယွင်းနိန်လျှင် ပျင်ဆင်ဆုံးဖြတ်သည့်ထုံးများဟိပါသည်။ တရံရောအခါ မိုးစည်းကျွန်း(ယခု ရနံရှာဖွီနိန်ရာ) မှ သဌီးခွန်သာ ကြီးသီလွန်၍ ပဌမဇနီးမှ သားငါးယောက်၊ ဒုတိယဇနီးမှ သမီးနှစ်ယောက် အမွီလုကြရာ ပြည်စိုးကြီးရုံး၊ အမတ်တရားသူကြီး လေးဦးရုံးရို့တွင် မပြီး ပြတ်ဘဲ ဘုရင့်ထံတက်လာခသည်။ မဟာပညာကျော်အား ဆုံးဖြတ်ခိုင်းရာ မဟာပညာကျော်က တရားသူကြီးများသည် ရှေးဓမ္မသတ်များအတိုင်းအမွီနိမ့် မြင့်ခွဲယူစီဟု စီရင်သည်မှာ မသင့်။

အချို့ဓမ္မသတ်များသည် ခေတ်နှင့်မလျော်ဟုဆိုကာ မယားပြိုင်မှပေါက်ဖွားသော သားသမီးများကို အညီအမျှဝီယူ စီလီသည်။ အဂုခေတ်စီရင်ထုံးများ၏ ရှေးပြီးဟုဆိုရမလောက်ပင်။ [မနုကျယ်ဓမ္မသတ်ကျမ်း၊ ရိချတ်ဆင်ဘာသာပြန်မူ၊ အင်္ဂလိပ်တဖက်-မြန်မာတ ဖက်] ကို ဟံသာဝတီတိုက်မှ မရိုက်နှိပ်မှီ ခရစ်နှစ် ၁၈၆၀-ပြည့်ခန့်က “Aracan Press”၊ စစ်တွေတွင် ရိုက်နှိပ်ခသည်။
ရှေးခေတ် ရခိုင်ပြည်စီမံအုပ်ချုပ်မှုနှင့် စပ်လျဉ်း၍ ရခိုင်ပြည်တွင် ကာလအတန်ကြာအောင် နိန်ထိုင်ခပြီး ရခိုင်ပြည်အကြောင်း စာအုပ်များရေးသားခသော မော်ရစ်ကောလစ်က “ထိုအချိန်က အုပ်ချုပ်ရေးစနစ်မှာ ပြည့်စုံလုံလောက်ပါသည်။(စနစ်ကျပါသည်။) ထိုအချိန်မျိုးကတည်ဟိမြဲဖြစ်သော လတ်ပီးလတ်ယူမကင်းသော်လည်း အုပ်ချုပ်မှုတွင် တရားဥပဒေကိုလက်ကိုင်ထားသည်။ လူရို့၏အသက်စည်းစိမ်မှာ ပြောပလောက်အောင် လုံခြုံမှုဟိပါသည်ဟု မှတ် ချက်ချခသည်။

(ယစ်မျိုးဓမ္မာရုံ။ ရွှေတိဂုံဘုရား ဓမ္မာရုံ၌ ဦးသာညွန့် ဟောပြောသောစာတမ်း။)


(ဂနိန့်ရခိုင်ပြည်ဘလော့မှ

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။