“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

“သို့  … ရက္ခအသျှင်မ”

ဘ၀ဖြစ်စိုင် ကျောက်ပျိုင်ထက်မှာ
နှလုံးသားကို ချသွီးပနာ
မင်းပါးပြင်ချေ လှလို့ လာဖို့ 
အချစ်သနပ်ခါးလူးပီးမေ….၊

အအီးမုန်တိုင်း နှင်းရိုင်းကြားမှာ
ပဆိုးမလုံ ခခိုက်တုန်လို့ 
ချမ်းရေခန္ဓာ ပူနွီးလာဖို့ 
ငါ့ပေါင်လက်ရိုး နံရိုးကိုပုံ
မင်းမီးလှုံဖို့ ထင်းလုပ်ပီးမေ …..၊

နှစ်ပေါင်းနှစ်ရာ မင်းမျက်နှာညှိုး
ကြမ္မာဆိုးဝင် မမြင်လွတ်လမ်း
ရီခမ်းငါးပိုင် မကယ်နိုင်လူ
ရွာဆူမြို့ ပျက် ပြည်ဆက်ခက်တေ
တွေဝေစိတ်ပန်း မင်းမလန်းလို့ 
ကလောင်ကိုထမ်း မင်းစိတ်မြန်းအောင်
စာလုံးတိစီ မင်းရီရဖို့ 
ဟာသချေတိ ရွီးပီးမေ…၊

ဝံလက်အသက် မျိုးဆက်အနှစ်
မင်းချစ်တေသွီး ခေတ်ခရီးမှာ
တာဝန်ကိုယ်စီ လက်ချင်းညီလို့ 
ရောင်နီကိုထွန်း မော်ကွန်းထိုးဖို့ 
ရာစုပျိုးခင်း မြီတလင်းမှာ
လွတ်လမ်းရှာလို့ နိန်ကတ်ယင့် ….။ ။ ။


ခိုင်အောင်အောင်
၀၇၊၀၅၊၂၀၀၉

(အနာဂတ်လှိုင်းဘလော့မှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။