နိုင်ငံပျောက်နိန်ရေ
ရာစုသစ်ပင်ထက်က
အိမ်မက်တိ
ဖူးပွင့်ရင့်မှည့်ခွင့်မရပဲ
ၾကြီက်နိန္ရေရ
အသားနာဖို့ စွာကိုကြောက်လို့ 
လှီးမထုတ်ဝံ့ရေ
ကျွန်တံဆိပ်အမာရွတ်တိ
ဒေခန္ဓာအရီပြားထက်မှာ
ငါ့သွီးကိုစုပ်ပနာ
အသက်ရှင်နိန်ကတ်ယင့်
နှာခေါင်းအငှားနန့် 
အသက်ရှုနိန်ရရေ ငါ့အတွက်
ကမ္ဘာ့လီထုက
အာဟာရတိပျောက်
အိတ်ပေါက်နန့် ဖါးကောက်တေပိုင်
ရီရောထားရေ အချိန်ကိုသောက်ပနာ
နီဝင်နီထွက်ကို ကော်ဆဲလို့ 
ယစ်ကွန့် ဆောင်နိန်ရရေ
မျက်စိတိမှုန်သွားတိကျိုးနိန်ရေ ငါ့ကို
ပြောင်းလဲခြင်းတရားက လက်တို့ လို့ ခေါ်ပနာ
အာရုံဦးအလင်းနန့် 
ကမ္ဘာ့ရွာသစ်ကို ဖွင့်လို့ ပြလိုက်တေနိန့် 
နောက်မကျသိမ့်ဆိုရေ အသိနန့် 
နောက်လာနောက်သားတိကိုမှာချင်ရေ
ငါ့ပိုင် ကံကြမ္မာကိုမပိုင်ရေ လူ
ငါ့ပိုင် အနာဂတ်ကိုမျှော်မကြည့်ခရေ လူ
ငါ့ပိုင် မျိုးဆက်သစ်ကို မချစ်တေ လူ
ငါ့ပိုင် ကိုယ့်စံကိုယ့်ဟန်ကို မမြတ်နိုးခရေ လူ
ငါ့ပိုင် ဘ၀တထွာချေမှာ အဆီယစ်ပနာ အမျိုးကိုပစ်ခရေ လူ
ငါ့ပိုင် ကိုယ်ပိုင်ရေနိုင်ငံကို ပြန်ပနာမထူထောင်နိုင်ခရေ လူ
ငါ့ပိုင် ကိုယ့်ဝိဥာဉ်ကို ကိုယ်သစ္စာဖောက်တေ လူ
ငါ့ပိုင် ကိုယ့်သိက္ခာကို ကိုယ်မလေးစားရေ လူ
ငါ့ပိုင် ကိုယ့်လမ်းကြောင်းနန့် ကိုယ်မလားခရေ လူ
ငါ့ပိုင် ကိုယ့်စာပီစကားကို တန်ဖိုးမထားခရေ လူ
ငါ့ပိုင် ….
ငါ့ပိုင် ….
ငါ့ပိုင် လူကို ရခိုင်သားလို့ မသတ်မှတ်လီပါကေ့။ ။ ။
ထူးမြတ်ခိုင်
၁၁၊၀၅၊၂၀၀၉
(အနာဂတ်လှိုင်းဘလော့မှ)
0 မှတ်ချက်:
Post a Comment