ဥဩတွန်ကျူး
ခါနွီဦးမှာ
"မ"နန့်"မောင်ချေ"
တွိ့ဆုံခရေ။
နွီပြောင်းဂေမိုး
မိုးပြောင်းဂေဆောင်း
ဆောင်းပြောင်းဂေနွီ
လှည့်ပြောင်းနိန်လည်း
မောင့်ရင်ထဲမှာ
မပြောင်းပါမြဲ
ထာဝရပါ
"နွီ"ကိုပါ။
အကယ်၍များ
သူခွဲလားလည်း
အဖော်တိကင်း
တယောက်ချင်းနန့်
အတိတ်ကိုမျှော်
ရင်မှာပျော်ယင်း
နွီနီလည်မှာ
ယောင်ချာချာနန့်
ငှက်ဥဩလို
လွမ်းတေးဆိုယင်း
မနာအသည်း
ပြုံးပြုံးလေးနန့်
ထာဝရပါ
စောင့်နိန်မြဲပါ
ထာဝရပါ
ချစ်နိန်မြဲပါ
ရင်ထဲမှာ "နွီ"။
(ကျော်ဒိုင်ယာရီဘလော့မှ)
အမျိုးအစား
အချစ်ကဗျာ
Subscribe to:
Post Comments (Atom)
0 မှတ်ချက်:
Post a Comment