“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ရခိုင်ပြည်သစ်တောအကြောင်း

ရခိုင်ပြည်တွင် သစ်တောဧရိယာ ဧက (၉ ၀၈၄ ၄၀၆) ကိုးသန်းကျော်ဟိဘာရေ။ ယင်း သစ်တောဧရိယာတိထဲက ကြိုးဝိုင်းသစ်တောအဖြစ် သတ်မှတ်ထားရေဧရိယာက (၃၃၆ ၂၄၆) သုံးသိန်းကျော်ဟိဘာရေ။ ကြိုးပြင်သစ်တော ဧရိယာက (၈ ၇၄၁ ၁၆၀) ဟိဘာရေ။ သစ်ထုတ်လုပ်ရေး လုပ်ငန်းတိကို တောင်ဂုတ်၊ မြေပုံ၊ ကျောက်ဖြူ၊ အမ်းနန့် သံတွဲမြို့နယ်တိမာ အများဆုံးလုပ်ကိုင်ကတ်ပါရေ။ သံတွဲ၊ တောင်ဂုတ်နန့် ဂွမြို့နယ်တိမာ ပြိုင်းပင်ပိုင် သစ်မာတိပေါက်ပြီးကေ နှစ်တိုင်းသစ်တန်ချိန် တသောင်းကျော်ထုတ်လုပ်နိုင်ဘာရေ။ ပြိုင်းပင်တိကို ကြိုးဝိုင်းတိနန့် စနစ်တကျထားဟိပြီးကေ နိုင်ငံခြားသို့တင်ပို့ရောင်းချဘာရေ။
ရခိုင်ပြည်မာ ပထမဆုံးတည်ဆောက်ရေ သစ်လုပ်ငန်းကော်ပိုရေးရှင်းပိုင် သစ်စက်ကြီးကို တောင်ဂုတ်မြို့နန့် (၃၆)မိုင်ဝီးရေ ဆားပြင်ရွာမာ တည်ဆောက်ထားနီဘာရေ။ သစ်စက်ကြီးပြီးလို့ လည်ပတ်ကေ တနှစ်ကို သစ်လုံး တန်လေးထောင် ခွဲစိတ်နိုင်ဘာဖို့။ ခွဲစိတ်ပြီးရေ သစ်တိကို ရီလမ်းကတဆင့် လောင်း၊ စက်လှေတိနန့် သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေနန့် တခြားမြို့တိသို့ တင်ပို့ရောင်းချလားဖို့ ဖြစ်ပါရေ။

မောင်တောမြို့နယ်ဟိ မေယုသစ်တောကြိုးဝိုင်းမာ ရခိုင်ပြည်သစ်တောဦးစီးဌာနက စီမံကိန်းချပြီး စနစ်တကျအကောင်အထည်ဖော် စိုက်ပျိုးထားရေ ကျွန်းနန့် ပြိုင်းပင်တိမာ ဟြင်သန်ကြီးပြင်းနီကတ်ပါရေ။ မေယုသစ်တော ကြိုးဝိုင်းမာ စတုရန်းမိုင် ၂၂၀ လောက် အကျယ်ဟိဘာရေ။ ယင်းသစ်တောကြိုးဝိုင်းမာ ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနက ၁၉၆၄ ခုနှစ်က ၁၉၇၁ ခုနှစ်ထိ ကျွန်းနန့် ပြိုင်းပင်တိကို တိုးချဲ့စိုက်ပျိုးပါလတ်စွာ မြေ ၁၂၄ ဧကမာ ပြိုင်းပင်ပေါင်း ၁၅၀ ၀၄၀ ပင်နန့်၊ မြေ ၁၄၆ ဧကမာ ကျွန်းပင်ပေါင်း ၁၇၆ ၆၆၀ ပင်ကို စိုက်ပျိုးနိုင်ခဘာရေ။

ရခိုင်ပြည်မာ အဖိုးတန်သစ်တိ တိုးပေါလာဖို့အတွက် ရခိုင်ပြည်သစ်တောဦးစီးဌာနက ၁၉၇၂ ခုနှစ်အတွင်းမာ သံတွဲကြိုးဝိုင်းဧက ၅၀ မာ ကျွန်းပင် ၆၀၀၀ ကျော် စိုက်ပျိုးခဘာရေ။ ကျောက်တော်မြို့နယ် တင်းမမြောက်တောင်၊ သာဇီကြိုးဝိုင်းနန့် မင်းပြားမြို့နယ် ပန်းမြောင်းကြိုးဝိုင်းတိမာ ကျွန်းပင်တိစိုက်ထားခဘာရေ။ ယပြီးကေ သစ်တောထိမ်းသိမ်းမှုလုပ်ငန်းတိကိုလေ့ သစ်တောဦးစီးဌာနက လုပ်နီဘာရေ။

ရခိုင်ပြည်မာဟိရေ သစ်တောတိထဲက တခြားသစ်တောထွက်ပစ္စည်းတခုက ၀ါးဖြစ်ပါရေ။ အဓိက ပေါက်တေ၀ါးမာ ခယန်ဝါးဖြစ်ပြီးကေ ဧရိယာမိုင် ထောင်ပေါင်းများစွာမာ တမျိုးတည်းပေါက်ပါရေ။ ရခိုင်ပြည်မာ စိုင်းဒင်မြစ်ဝှမ်းဒေသ၊ ကုလားတန်မြစ်ဝှမ်းဒေသ၊ လေးမြို့မြစ်ဝှမ်းဒေသက ဒလက်ချောင်းဒေသနန့် အမ်းမြို့နယ်တိမာ ၀ါးတောတိပေါက်ကတ်ပါရေ။ ၀ါးတောအကျယ်မာ စုစုပေါင်းဧရိယာ ၅၄၅၀ စတုရန်းမိုင်ဟိပြီးကေ ၀ါးထုတ်နိုင်ရေ ဧရိယာက ၂၁၂၀ စတုရန်းမိုင် ဟိဘာရေ။ ၀ါးတောတိမာ စုစုပေါင်း ၀ါးတန်ချိန် (၂၃)သန်းလောက်ဟိဘာရေ။ အများဆုံးပေါက်တေ ခယန်ဝါးမာ ပေ (၅၀) က (၇၀)ထိ ရှည်ပြီးကေ အချင်း တလက်မခွဲက (၃) လက်မထိ ဟိဘာရေ။ ၀ါးဆစ် တခုနန့်တခုအကြား (၁၂) လက်မက (၂၀)ထိ ရှည်ဘာရေ။ ဖြောင့်ပနာ အသားပါးကေလေ့ မာရေအတွက်နန့် အိမ်ဆောက်ဖို့နန့် စက္ကူထုတ်ဖို့ ပျော့ဖတ်တိလုပ်စွာမာ ကဂေါင်းအသုံးဝင်ဘာရေ။
ယပြီးကေ ကြိမ်၊ သိုင်း၊ လျှော်၊ သဇင်ပန်း၊ ပျားရည် အစဟိရေ အဖိုးတန်သစ်တောထွက် ပစ္စည်းတိလေ့ ထွက်ပါသိမ့်ရေ။

မှတ်ချက်။ ။ တိုင်းရင်းသားရိုးရာယိုဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစိုဉ်များ စာအုပ်ကတဆင့် အတတ်နိုင်ဆုံးရခိုင်ပိုင် ဘာသာပြန်ဘနာ မျှဝီပီးစွာဘာ။ နောက်အချိန်ရခါ ဓါတ်သတ္တုတိအကြောင်း တင်ပြပီးလားဘာမေ။

ရခိုင်သားတိပိုင်စွာကို ရခိုင်သားတိ စားဂတ်ရလားလို့ စိုင်းစားကြည့်ဂတ်ပါလူရို့

အားလုံးကိုချစ်ခင်စွာနန့် -
Free4waddy

(ခွန်းတိုင်းသက်သီဘလော့မှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။