တနိ အကျွန့်သူငယ်ချင်းနှင့် အကျွန်သည် ဘောင်းဒွတ်သားစု ရွာလယ်ခွဆုံအနားဟိ စင်တွင်ထိုင်နီကတ်ပါသည်။ ယင်းစဉ် အသက် ၇၀ ပတ်ဝန်းကျင်၌ဟိမည့် ဝါကြီးတယောက်သည် လမ်းမှလားယင်း စင်ရှိသို့ရောက်သောအခါ တန့်လိုက်ပြီး တခုခုမီးလိုဟန်နှင့် အကျွန်ရို့ကိုကြည့်နီပါသည်။ ဝါကြီးအမူအရာကို အရိပ်ကျသော အကျွန့်သူငယ်ချင်းက အကျွန့်လက်ဦးစွာပင်။
“ဇာမီးချင်ပါလေ့ အဘိုး”ဟုမီးလိုက်ပါသည်။ ထိုအခါဝါကြီးလည်း အကျွန်ရို့အနားသို့ကပ်လာကာ။
“ပွဲစား စောသာကျော်အိမ်ဇာနားမှာလဲဝေ”ဟုမီးပါသည်။ ပွဲစားစောသာကျော်မာ အကျွန်ရို့ရွာ၌ လူသိများသူတဦးဖြစ်သည့်အလျှောက် အကျွန့်သူငယ်ချင်းက ချက်ချင်းပင်။
“အဘိုး၊ ဒေလမ်းတည့်တည့်လားပါလီ။ ယှိက ခွဆုံကိုရောက်တေခါ အယှိဘက်ကိုကွေ့ပါ။ လက်ျာဘက်နှစ်ဆောင်ခြာ သုံးဆောင်တက် သံဖြူမိုးလို့အိမ်ပါ။” ဟုသွက်လက်စွာညွှန်လိုက်၏။ ယင်းအခါ ဝါကြီးမာ နားမလည်ဟန်နှင့် မျက်မှောင်ကုတ်လားပြီး။
“ဇာဝေ၊ ယှိကခွဆုံ အယှိဘက်၊ ဇာအယှိဘက်လဲ”
“ဟုတ်ပါရေ အဘိုး၊ ရှိကခွဆုံ အရှိဘက်ကို ကွေ့ပြီးကေ၊ သုံးအိမ်အတက်မာ”
“ဒေသူက ယှိကခွဆုံ အယှိဘက်လို့ပြောနိန်လို့” ဟုပြောကာ ပွဲစား စောသာကျော်၏အိမ်ဘက်သို့ ထွက်လားလီပါသည်။
အကျွန့်သူငယ်ချင်းမှာ မကျီမနပ်နှင့် “ဝါကြီး၊ လူကိုလည်းမီးသိယင့် အပြစ်လည်းတင်သိယင့်၊ မိတ္တဗလဋီကာကို မသင်ဖူးခယှိဖို့”
“ဟား ဟား ဟား” ရယ်လိုက်သူမာ အကျွန်ပင်ဖြစ်၏။ သူ့စကားကိုသလောကျ၍ မဟုတ်ပါ။ ဝါကြီး၏ နားမလည်ဟန်ဖြင့် ထပ်ဆင့်မီးလိုက်သော မီးခွန်းကိုတွက်မိ၍ဖြစ်သည်။
အကျွန့်သူငယ်ချင်းက “ယှိကခွဆုံ၊ အယှိဘက်” ဟူ၍ပြောသည်ကို ဝါကြီးနားလည်ဟန်မတူပေ။ အကျွန်က “ရှိခွဆုံပါ” ဟူ၍ “ရ”သံပီပီနှင့်ပြောလိုက်မှသာ ဝါကြီးနားလည်လားဟန်တူပါသည်။
အမှန်စင်စစ် ဝါကြီးမမှား၊ အကျွန်သူငယ်ချင်းမှားခြင်းသာဖြစ်ပေသည်။ ရခိုင်စကားတွင် “အယှိဘက်” ဟူ၍ “ယ”သံနှင့်ပြောလေ့မဟိ။ “အရှိဘက်”ဟူ၍သာ “ရ” သံနှင့် ပြတ်သားစွာ ပြောပေသည်။ ယင်းကြောင့်အကျွန့်သူငယ်ချင်းက “အရှိဘက်” ကို “ယ”သံနှင့် “အယှိဘက်”ဟုပြောလိုက်သောအခါ ဝါကြီးနားတွင် ထွီးလားခြင်းဖြစ်ပေသည်။ ဝါကြီး၏ ရခိုင်စကားအဘိဓာတ်ထဲတွင် “အယှိဘက်”ဟူသော စကားလုံး ပါလိမ့်မည်မဟုတ်ပေ။ ထိုကြောင့် အင်္ဂလိပ်တယောက်သည် နိုင်ငံခြားသားတဦးက မပီမသနှင့် ပြောလှာသောအင်္ဂလိပ်စကားကို နားမလည်သကဲ့သို့ ဝါကြီးသည်လည်း ရခိုင်သံမပီကလာနှင့် ပြောလှာသော အကျွန့်သူငယ်ချင်း၏ စကားကို ဖြုတ်ချင်းနားမလည်ပေ။
ဤသို့လျှင် ယခုခေတ်ရခိုင်လူငယ်များ၏ စကားများသည် တစ်စတစ်စနှင့် ဖောက်ပြန်ပျက်ပြားလာကုန်၏။ အများအားဖြင့်ကား မြို့များ (အထူးသဖြင့် စစ်တွေ) ဘက်တွင်ဖြစ်၏။ လူငယ်လူရွယ်များသာမဟုတ်၊ မိဘလူကြီးများပင် ရခိုင်စကားစစ်၊ ရခိုင်စကားမှန်ကို ပြောဆိုထိန်းသိမ်းရကောင်းမှန်း မသိဖြစ်နီကတ်၏။
ဘာသာစကားဖြစ်စီ၊ စာပီဖြစ်စီ “အသီ” (Dead Language) မဟုတ်ပါခလျှင် ခေတ်အလိုက် တစ်စတစ်စပြောင်းလွဲလာသည်။ ကျယ်ပြန့်တိုးတက်လာသည်ချည်းဖြစ်ပေသည်။ သို့သော် ဖော်ပြခယှောင် “အရှိဘက်”ကို “အယှိဘက်” ဟုလီသံမပီကလာနှင့်ပြောဆိုခြင်းကား ပြောင်းလဲတိုးတက်ခြင်းမဟုတ်။ ဖောက်ပြန်လာခြင်းသာ စစ်စစ်ဖြစ်ပေသည်။ ပြောင်းလွဲသည်ဆိုခြင်းမှာ အကျွန့်သူငယ်ချင်းက ဝါကြီးအားပြောသည့်စကားတွင်ပါသည့် “တည့်တည့်” စကားယှောင်ဖြစ်၏။
အမှန်အားဖြင့် ရှီးအခါက ရခိုင်သားရို့သည် “တည့်တည့်” ဟူ၍ပြောလေ့မဟိ။ “စိုက်စိုက်” ဟူ၍သာသုံးစုံးကြကုန်သည်။ “ဒေလမ်းတည့်တည့်လားပါလီ” တက်စား “ဒေလမ်းစိုက်စိုက်လားပါလီ” ဟူ၍သာပြောပေလိမ့်မည်။ သို့သော် ယခုခေတ်တွင် “စိုက်စိုက်” ဟူသောစကားမှ “တည့်တည့်”ဟူသော စကားသို့ ရွိပြောင်းလာပေသည်။ ထိုနည်းတူစွာ “ငှက်ကိုရွတ်ပစ်လိုက်” ဟူသောစကားစကားတက်စား “ငှက်ကိုလွှတ်ပစ်လိုက်” ဟူ၍လည်းကောင်း၊ “ဇာတီပုထိုး” တက်စား “စေတီပုထိုး” ဟူ၍လည်းကောင်း၊ “ရွက်ရွှင့်သည်” တက်စား “ရွက်လွှင့်သည်” ဟူ၍လည်းကောင်း၊ “အညှက်ဆိုး” တက်စား “အမှိုက်ဆိုး” ဟူ၍လည်းကောင်း၊ “သဲမုန့်ရွှင့်မနီကေ့” အစား “သဲမှုန့်လွှင့်မနီကေ့” ဟူ၍လည်းကောင်း၊ “မဟိ” ဆက်စား “မယှိ” ဟူ၍လည်းကောင်း အသီးသီးပြောင်းလွှဲလာကုန်၏။ စင်စစ် “စိုက်စိုက်” တက်စား “တည့်တည့်”၊ “ရွှင့်၊ ရွှတ်၊ ဇာတီ၊ အညှက်၊ မဟိ” တက်စား “လွှင့်၊ လွှတ်၊ စေတီ၊ အမှိုက်၊ မယှိ” ဟူ၍ဖြစ်လာရခြင်းရို့မှာ တိုးတက်လာခြင်းမဟုတ်ပေ။ မြန်မာစာပီကို အတုအယောင်လိုက်၍ ရခိုင်စကားစစ် ရခိုင်စကားမှန်များ ပျက်ပြားပြောင်းလွဲလာခြင်းသာဖြစ်ပေသည်။ အပြစ်မဆိုသာသဖြင့် ဖောက်ပြန်သည်တက်စား ပြောင်းလွဲသည်ဟူ၍သာ သမုတ်လိုက်မိသည်။
အထက်၌ ဖော်ပြခယှောင် “အရှိဘက်” ဟူသောစကားကို “အယှိဘက်” ဟူ၍ပြောခြင်းကား “ရ” ဗျည်းနှင့် “ယ”ဗျည်းရို့၏ ရခိုင်အသံထွက်မှန်ကို အသံပျက်ဖြင့် ရောမှန်းမသိ ရောပစ်ထားခြင်းသာ ဖြစ်ပေသည်။ ရခိုင်ရို့သည် “ရ” ဗျည်း၏ အသံထွက်နှင့် “ယ”ဗျည်း၏ အသံထွက်ကို ကွဲပြားစွာပြောဆိုကြ၏။ ၎င်းမှနွယ်လာသော “အပင့်” နှင့် “အရစ်” ကိုလည်း နိုင်နင်းကျွမ်းကျင်စွာ သုံစွဲတတ်ကြကုန်သည်။ ထိုအတွက်ကြောင့်လည်း မြန်မာများက “ပင့်ရစ်မနိုင်၊ ရခိုင်မေး” ဟူသော စကားပုံကို သုံးစွဲကြရသည် မဟုတ်လော။
သို့သော် ဒေနိ့ရခိုင်လူငယ်များနှင့် အချို့လူကြီးသူမများ (အထူးသဖြင့် မြိုထက်နီလူရို့) သည် မိမိရို့ပြောစကားများကို သတိမထားကြဘဲ ဖောက်ပြန်မှန်းမသိ ဖောက်ပြန်ပျက်ပြားစွာ ပြောဆိုနီကြကုန်၏။ အထူးသဖြင့် “ရ” ဗျည်းနှင့်ပတ်သက်သော စကားလုံးများဖြစ်သည့် “အရှိဘက်၊ အိမ်ရှိ၊ ရှိခိုးသည်၊ ရှိရှိအခါက၊ ကြည့်ရှုသည်၊ ထင်ရှားသည်၊ ဆံတော်ရှင်” စသောစကားရို့ကို “အယှိဘက်၊ အိမ်ယှိ၊ ယှိခိုးသည်၊ ယှိယှိအခါက၊ ကြည့်ယှုသည်၊ ထင်ယှားသည်၊ ဆံတော်ယှင်” ဟူ၍ ရခိုင်သံမှန် “ရ” သံတက်စား “ယ” သံဖြင့်ဖောက်ပြန်ပြောဆိုလာကြရာ ဖော်ပြသောဝါကြီးရို့ယှောင်ပုဂ္ဂိုလ်များ၏ နားထဲတွင် ဝါးခြမ်းနှင့်ထိုးသကဲ့သို့ ခံစားစီလီသည်။
အချို့သောစကားလုံးများမာ စကားပြောစဉ်တွင် မဖောက်ပြန်ကြဘဲ စာဖတ်သောအခါ၌သာ ဖောက်ပြန်ကြကုန်၏။ ၎င်းရို့က-
“အသက်ရှင်သည်၊ ရှာသည်၊ ရှုံ့နီသောအဝတ်၊ အလွန်ရှား၍ အရသာဟိသောလှော်စာ၊ အရှိအမျှစီဝီသည်၊ အဓွန့်ရှည်စွာ” အစဟိသည်ရို့ဖြစ်ပြီး၊ ၎င်းရို့ကိုစာအုပ်တွင်ဖတ်သောအခါ-
“အသက်ယှင်သည်၊ ယှာသည်၊ ယှုံ့နီသောအဝတ်၊ အလွန်ယှား၍ အရသာဟိသော လှော်စာ၊ အယှိအမျှစီဝီသည်၊ အဓွန့်ယှည်စွာ” ဟူ၍ သံပျက်ဖြင့်ဖတ်ကြကုန်၏။ ဤစကားလုံးများမာ စကားပြောစဉ်တွင်မဖောက်ပြန်ကြဘဲ စာအုပ်တွက်ဖတ်သောအခါ၌သာ အသံပျက်နှင့် ဖြတ်ကြသည်ဖြစ်ရာ တစိတဝက်ဖောက်ပြန်သည်ဟုဆိုနိုင်ပေ၏။ သတိမထားဘဲ ယင်းအတိုင်းသာ အသံပျက်နှင့်ဖတ်နီကြမည်ဆိုက “အရှိဘက်၊ ရှိခိုးသည်” ဟူသောစကားလုံးကို “အယှိဘက်၊ ယှိခိုးသည်” ဟူ၍စကားပျက်လာသည့်ယှောင် အနာဂတ်ကာလတွင် “ရ” သံမှ “ယ” သံသို့ပြောင်းလွဲပြောဆိုလာကြမည်မှာ မလွဲပေ။
ဤသို့စကားများဖောက်ပြန်ခြင်း၊ အသံများပျက်လာခြင်းရို့မာ မြန်မာစာပီကို နိ့စဉ်ရက်ဆက် သင်နီဖတ်နီရသောကြောင့်ဖြစ်ပေသည်။ ဤကားအကျွန့်အမြင်တည်း။
ရခိုင်စာပီသည် အတိတ်တချိန်က အဖျက်အဆီးခံရပြီး မျက်မှောက်ကာလတွင်လည်း ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်မရဘဲ လူမျိုးခြားကိုအထင်ကြီးတတ်သော ကျွန်စိတ်ဝင်နီကတ်ရာ မပျက်စီဘဲကျန်ဟိနီသော မိမိရို့၏စာပီကို ဖော်ထုတ်အသုံးပြုရန် မကြိုးစားကြခြင်းကြောင့် “စာသီ” (Dead Language) ယှောင်ဖြစ်နီ၏။ ထို့ကြောင့် လစ်လပ်နီသောရခိုင်စာပီ၏ နီရာတွင် မိမိရို့နှင့်ဆင်တူယိုးမှားတူညီသော မြန်မာစာပီမှာ အတားအဆီးမဟိ ဒလဟောဝင်လားလီသည်။ တချိန်တည်းမာပင် ရခိုင်သားရို့သည် လွတ်လပ်စွာ ဝင်ရောက်လာသော မြန်မာယဉ်ကျေးမှုများကိုပါ လက်ခံလာကြရာ အမျိုးသားဟန်၊ အမျိုးသားသံနှင့် တသီးတခြားဝင့်ကြွားစွာ ရပ်တည်နီသော ရခိုင်စကားတချို့ကိုပါ တစ်စတစ်စ ယိမ်းယိုင်ဖောက်ပြန်စီသည်ကို ရင်လီးဖွယ်တွိ့ဟိရပေသည်။
အတိတ်တချိန်က ကံမကောင်းအကြောင်းမလှလီသဖြင့် တိုင်းပြည်လူမျိုးနှင့်တကွ ယဉ်ကျေးမှုတခုလုံးကိုပါ အဖျက်အဆီးခံမှုလည်း မျက်မှောက်ကာတွင် စိတ်ဓာတ်၊ စကား၊ ဓလေ့ထုံးစံနှင့် အမြုတေစာပီအချို့ကျန်ဟိနီသီရာ “ရခိုင်”ဟူသော အနွတ္တသညာကို ရင်ကွ၍ ခံယူနိုင်ကြသီ၏။ စကားနှင့်စာတွင် စကားကအယင်ပေါ်၏။ စကားပေါ်ပြီးမှ ထိုစကားကိုလိုက်၍ စာကိုထွင်ယူခြင်းဖြစ်ရာ ဘာသာစကားသည် စာပီ၏မွီးမိခင်ဖြစ်ပေသည်။ ရခိုင်စာပီမာ ကွယ်ပျောက်လုလု (ဝါ) “ငါရို့ရခိုင်သားများတွင် စာဟိပါသည်” ဟူ၍ပြောနိုင်လောက်ရုံသာ ကျန်ဟိနီသဖြင့် မွီးမိခင်ဖြစ်သော ဘာသာစကားနှင့်ပင် ကယ်တင်ရမည်ဖြစ်ပေသည်။ သို့သော်ပစ္စက္ခအချိန်တွင် မိခင်ဖြစ်သော ဘာသာစကားအချို့ပါ ဖောက်ပြန်ပျက်ပြားနီရာ သားဖြစ်သူရခိုင်စာပီကိုပင် ကယ်တင်၍ပင်ရပါမည်လောဟု စိုးရိမ်ရင်လီးမိပေသည်။
အကျွန်ပြောချင်သည်ကား “ရခိုင်စကားစစ်၊ စကားမှန်များကို ထိမ်းသိမ်းကတ်ပါ” ဟူ၍ဖြစ်ပြီး “ရခိုင်စကားစစ်၊ စကားမှန်များကို ထိန်းသိမ်းလျှက် ခေတ်မီသစ်လွင်သော ရခိုင်စာပီကို ထူထောင်နိုင်ပါစီ” ဟူသော ဆုတောင်းပင်ဖြစ်ပါသတည်း။
မောင်ဗသိန်း
(ခေတ်ရှေ့ဆောင်စာစောင်၊ စစ်တွေ အမှတ် (၂) ၁၉၆၁)
-----------------------------------------
မှတ်ချက်။ ။ “ရခိုင်သားကြီးစာပီ”မှ ၁၉၉၆ ခုနှစ်တွင်ထုတ်ဝီသော “မောင်ဗသိန်း” ၏ “ရခိုင်စာ အရီးအသားနှင့် ပြဿနာများ” စာအုပ်မှ ကူယူဖော်ပြခြင်းဖြစ်ပါသည်။
0 မှတ်ချက်:
Post a Comment