“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ရခိုင်မိုနိုတေးခြင်း ဂီတမှူး ဦးထွန်းသိန်းနှင့် တွိဆုံခြင်း

အမည် - ဦးထွန်းသိန်း
အသက် - ၅၇နှစ်
အလုပ်အကိုင် - ဆိပ်ကမ်းမှူး
ပြည်တွင်းရေကြောင်း၊ စစ်တွေမြို့။
ဂီတတီးခတ်မှု - စန္ဒရား၊ ကီးဘုတ်၊ တယော၊ မယ်ဒလင်၊ ဒုံမင်း၊ မြန်မာဂီတာ။
လိပ်စာ - အမှတ် ၁၂၈၊ စက်ရုံလမ်း၊ အကွက် (၁)၊ ဆင်ကူးလမ်းရပ်ကွက်၊ စစ်တွေမြို့။

ဝံသရက္ခိတမဂ္ဂဇင်း စာတည်းအဖွဲ့ တာဝန်ပီးချက်အရ မိုနိုတေးခြင်း ဂီတမှူး၊ စန္ဒရား ဦးထွန်းသိန်း နန့် တွိဆုံမီးမြန်းဖြစ်ခပါရေ။

မီး။ ။ ဆရာ့ဇာတိ ဇာရွာကပါလေ။
ဖြီ။ ။ ကျွန်တော်က စစ်တွေမြို့၊ ဆင်ကူးလမ်း၊ အကွက် (၁) ရွာသားဖြစ်ပါရေ။

မီး။ ။ ဆရာ ရခိုင်တေးခြင်းလောကကို စတင်ဝင်ရောက်ခရေ နှစ်ကို ပြောပြပါ။
ဖြီ။ ။ ကျွန်တော် ရခိုင်တေးခြင်းလောကကို ၁၉၆၈ခုနှစ်ကပင် စတင်ဝင်ရောက်ခပါရေ။ ဂီတစာဆို အခင်ထွန်းရွီးစပ်ပြီးကေ၊ အဆိုတော် မသန်းမြင့် သီဆိုရေ ``အကျွန်ရို့ ရခိုင်ပြည်´´တေးခြင်းကို စတီးဖြစ်စွာပါ။



မီး။ ။ ဆရာ့အနီနန့် ဂီတပညာကို သင်ကြားခရေ လက်ဦးဆရာတိက အသူပါလေ။
ဖြီ။ ။ ကျွန်တော့်လက်ဦးဆရာတိက စန္ဒရားပညာကို မင်းပြားမြို့က စန္ဒရား ဦးဦးသာထွန်း (ကွယ်လွန်) ဗက်မှာ သင်ယူခပါရေ။ မယ်ဒလင်ပညာကို ဆင်ကူးလမ်းရပ်ကွက်က ဦးစိန်ထွန်းအောင် (ကွယ်လွန်)နန့် (မယ်ဒလင်၊ တယော)ပညာကို ကျောက်ဖြူမြို့က ဦးဦးလှသောင်းရို့ဗက်မှာ ပညာသင်ယူခပါရေ။

မီး။ ။ ဆရာ ဆုရဖူးရေ ဂီတပြိုင်ပွဲတိ ဟိခပါလာ။
ဖြီ။ ။ ကျွန်တော်စွာ နိုင်ငံတော်က ကြီးမှူးကျင်းပရေ ၁၉၉၄ခုနှစ် (ဆိုကရေးတီး)တယောပြိုင်ပွဲမှာ ၀ါသနာသ၊ျှင်အဆင့် တတိယဆုကို ရဟိခပါရေ။

မီး။ ။ ဆရာ့ ဂီတပညာနန့် တီးခတ်ပီးခရေ ရခိုင်မိုနိုတေးခြင်းပုဒ်ရွီ ဇာလောက်ဟိပါလေ။
ဖြီ။ ။ ကျွန်တော် တီးခတ်ပီးခရေ ရခိုင်မိုနိုတေးခြင်း ပုဒ်ရွီ အနည်းဆုံး (၅၀)ပုဒ်လောက် ဟိပါဖို့။

မီး။ ။ ရခိုင်မိုနိုတေးဂီတနန့် ရခိုင်စတီရီယိုတေးဂီတ ဇာပိုင်ကွာပါလေ။ ဆရာဘာဝါ ဇာချင့်ကို ပိုကြိုက်ပါလေ။
ဖြီ။ ။ မိုနိုတေးခြင်းဆိုစွာက စန္ဒရား၊ တယော၊ နှဲ၊ ပလွီ၊ စည်းနဲ့ ၀ါး စရေ ဒူရိယာပစ္စည်းတိကို သုံးပြီးကေ အသံကောင်းရေ တေးသံသျှင်က နားထောင်သူ ပရိသတ်ရို့နားဝင်ချိုပီတိဖြစ်အောင် စည်းနဲ့ဝါး ဟန်ချက်ညီညီကိုက်ပနာ ငြိမ်းညောင်းသာယာရေ တေးသံစဉ်ကို သုံးလို့ သီဆိုဖြီဖျော်ကတ်ရရေ အနုပညာမျိုးဖြစ်ပါရေ။ စတီရီယိုတေးခြင်းဆိုစွာက အနောက်တိုင်း အသုံးအဆောင်ဖြစ်တေ အနောက်တိုင်းဂီတာ၊ ဒရမ်နန့် အရာ ဒူရိယာပစ္စည်းတိုကို သုံးပြီးကေ နားထောင်သူ ပရိသတ်စိတ်ကို ဆူအောင်၊ မြူးအောင်၊ ခုန်ချငအောင် စိတ်ကို ဆွပီးတတ်တေ အတီးမျိုးဖြစ်လို့ စတီရီယို-မိုနိုဆိုစွာက အပူနန့် အအီးရို့သဘောပိုင် ကွာဟမှုဟိကတ်ပါရေ။ ကျွန်တော်ကတော့ ရခိုင်မိုနိုတေးခြင်းတိကို ပိုကြိုက်ပါရေ။

မီး။ ။ ရခိုင်တေးခြင်းလောကမှာ ဆရာရို့မိုနိုသမားတိ အင်အားဟိရေလို့ ယူဆပါယင့်လား။
ဖြီ။ ။ အယင်ကခါ တေးခြင်းဆိုဖို့ ၀ါသနာပါရေ ၀ါသနာသျှင်တိရေ ရခိုင်မိုနိုတေးခြင်းကို မမက်မမော၊ လိုလိုချင်ချင်လေ့လာလိုက်စား သင်ယူပြီးကေ ဂုဏ်ယူပနာ ဆိုခကတ်ပါရေ။ အဂုအခါ ၀ါသနာသျှင်တိ၊ အဆိုတော်တိထဲက အချို့ အဆိုသျှင်တိရေ မိုနိုတေးခြင်းကို ဆိုကေ ခေတ်မမီဗျယ်၊ ခေတ်နောက်ကျလားဗျယ်လို့ ယူဆပြီးကေ မိုနိုတေးခြင်းအစား ကိုယ့်အသံနန့် တေးခြင်းလိုက်ဖက်မှန်း၊ မလိုက်ဖက်မှန်းမသိ တေးခြင်းပြောင်းလို့ဆိုလာကတ်စွာ တွိရပါရေ။ ကောင်း မကောင်း ပရိသတ်က သိကတ်ပါရေ။ ဒေပိုင်ရာ ဖြစ်နီကတ်ဖို့ဆိုကေ ကျွန်တော့်အထင် များမကြာခင် ရခိုင်မိုနိုတေးခြင်းတိ ပျောက်ကွယ်လားဖို့ အလားအလာ ဟိရေလို့ ဆိုချင်ပါရေ။

မီး။ ။ ဆရာ့ဗက်မှာ ဂီတပညာသင်လားခရေ လူငယ် ဇာနှစ်ယောက် ဟိခဖူးပါလေ။ ယင်းသူတိထဲက ထင်ရှားရေ လူနာမေတိကို ပြောပြပါ။
ဖြီ။ ။ ကျွန်တော့်ဗက်မှာ ဂီတပညာကို ပညာတစ်ခုအနီနန့် တန်ဖိုးထားပနာ လာလို့သင်ယူကတ်တေ အသျှေတိက မဟိသလောက်နည်းပါးပါရေ။ ကျွန်တော့်အနီနန့် ဂီတပညာကို စေတနာနန့် အလကားသင်ပီးဖို့ ဆန္ဒဟိပါရေ။ အဂုလက်ဟိမှာ ဂီတအခြေခံကို ဂရုတစိုက်သင်ယူနီရေ တပည့်မသျှေတစ်ယောက်ကလွဲလို့ ဂီတပညာကိုအချိန်ပြည့်သင်ယူသူ မဟိသလောက်ပါဗျယ်။ ဒေအတိုင်းရာဆိုကေ ရခိုင်မှာ ဂီတမျိုးဆက် ပြတ်လားဖို့ရာ ဟိပါဗျယ်။ တစ်ချက် ၀ိုင်းဝန်းကူညီကတ်ရပါဖို့။

မီး။ ။ အဂုလက်ဟိထင်ရှားရေ ရခိုင်မိုနိုတေးခြင်းရွီးဆရာ ဇာနှစ်ယောက် ဟိပါလေ။ နာမေတိကို တစ်ချက် ပြောပြပါ။
ဖြီ။ ။ အဂုလက်ဟိထင်ရှားရေ ရခိုင်မိုနိုတေးခြင်း ရွီးဆရာတိက ဦးဦးထွန်းလှ (ဂီတစာဆို အခင်ထွန်း)၊ ဦးဦးမောင်သန်း၊ ဦးထွန်းအောင်သာ၊ ဦးဒိုးမောင်၊ ဦးမောင်တင်အောင်၊ ဦးသာတင်( အမ်တီတီ)၊ ဦးမင်းသိဏ်းထွဏ်း(မင်းပြား)၊ ဦးလပြည့်အောင်(ကျောက်တော်)၊ ဦးလှသိန်း (ဓည၀တီလှသိန်း)၊ တေးသံသျှင် ဦးမောင်သိန်း၊ ဦးရန်ကြီးအောင်(ကျောက်ဖြူ)၊ ဦးလွမ်းဝေ(သံတွဲ)၊ ရမ္မာဝတီစံဝင်း အစဟိရေ တေးရွီးဆရာတိ ဖြစ်ပါရေ။ ကျွန်တော်လက်လှမ်းမမီရေ တေးရွီးဆရာတိလေ့ ဟိကတ်ပါဖို့ရာ။

မီး။ ။ ဆရာ စင်တင်ပီးခရေ ရခိုင်မိုနိုနန့် စတီရီယိုတေးခြင်း အဆိုတော်တိကို ပြောပြပါ။
ဖြီ။ ။ ကျွန်တော်သင်ကြားစင်တင်ပီးခရေ အမျိုးသားအဆိုတော်က ဦးမောင်သိန်း တစ်ယောက်တည်းရာဟိပါရေ။ တစ်ချို့ အမျိုးသမီအဆိုတော် တိကို အဆိုနန့်ပတ်သက်လို့ သိထားသင့်ရေ အချက်အလက်တိကို အနည်းအကျဉ်းရာ သင်ပီးဖူးပါရေ။ ဥပမာ - ညှာစိမ်းခိုင်၊ စောနှင်းနွယ်နန့် ဦးခင်သိန်း(ရီလှိုင်းပြာ)ရို့ပါ။

မီး။ ။ ရခိုင်မိုနိုတေးခြင်းအဆိုတော်တိထဲက ဆရာအကြိုက်ဆုံးယောကျာ်းအဆိုတော်တစ်ယောက်နန့် မိန်းမအဆိုတော်တစ်ယောက်နာမေကို ပြောပြပါ။
ဖြီ။ ။ ရခိုင်မိုနိုတေးခြင်းအဆိုတော်တိထဲမှာ ကျွန်တော်အကြိုက်ဆုံးယောကျာ်းအဆိုတော်က ဦးမောင်သိန်းဖြစ်ပြီးကေ မိန်းမအဆိုတော်က စောနှင်းနွယ်ဖြစ်ပါရေ။

မီး။ ။ ဆရာ့အနီနန့် ဂီတသင်တန်းဖွင့်ဖို့ အစီအစဉ်ဟိပါလာ။
ဖြီ။ ။ သင်ယူဖို့လူငယ်မျိုးဆက်ဟိကေ အချိန်မရွီးသင်ပီးဖို့ ဆန္ဒဟိပါရေ။

မီး။ ။ စစ်တွေမှာ စုစည်းပြီးသား မိုနိတီးဝိုင်း ဇာနှစ်ခုဟိပါလေ။ နာမေတိကို ပြောပြပါ။
ဖြီ။ ။ စစ်တွေမှာ စုစည်းပြီးသား မိုနိုတီးဝိုင်း တစ်ခုလေ့ မဟိပါသိ။ အခါအားလျော်စွာ လိုအပ်ကေ မြို့ထက်က ၀ါသနာသျှင်တိ စုပြီးကေ အပျော်တမ်းစုလို့ ၀ိုင်းဖွဲ့တီးကတ်တေ တီးဝိုင်းမျိုးရာ ဟိပါရေ။ ကျွန်တော့်သဘောက စနစ်တကျစုစည်းပြီးသား မိုနိုတီးဝိုင်းတိ ဟိသင့်ဗျယ်လို့ မြင်ပါရေ။

မီး။ ။ ဆရာရို့တစ်ခါတစ်ရီ စုပြီး တီးကတ်ခါ အသူအသူရို့နန့် စုဖွဲ့တီးကတ်ပါလေ။
ဖြီ။ ။ ကျွန်တော့်အနီ့နန့် တီးဝိုင်းမှာ အကူအညီခေါ်ကေ စေတနာနန့် ပါဝင်တီးပီးစွာက လွဲလို့ ပိုင်သီတီးဝိုင်းမဟိပါ။ များသောအားဖြင့် ဗုံဆရာ ဦးကျော်ညွန့်၊ ကိုမောင်အုန်းခင်၊ မယ်ဒလင် ကိုကျော်သိန်းမောင်၊ ကိုဘသောင်း၊ ဘင်ဂျို ကိုအေးထွန်း၊ တယော ကိုထွန်းအောင်သာ၊ စည်းနန့်ဝါး ဦးလှထွန်းရို့နန့် တွဲလို့ တီးကတ်ပါရေ။

မီး။ ။ ရခိုင်မိုနိုတေးခြင်း စီးရီးထုတ်ဖို့ ကိုယ့်စစ်တွေမှာ အဆို၊ အတီး၊ အသံသွင်းစွာတိ ဖြစ်နိုင်ပါဗျယ် လာ။ ဒေပိုင် စတူဒီယို ဇာနှစ်ခုဟိပါလေ။ နာမေတိကို ပြောပြပါ။
ဖြီ။ ။ စစ်တွေမှာ ကွန်ပျူတာစက်နန့် တီးခတ်အသံဖမ်းယူရေ အသံသွင်း စတူဒီယို (နှစ်)ခု ဟိပါရေ။ ယင်းချင်တိက လမ်းမကြီးမှာ ဟိရေ Kiss Music Studio နန့် Prince Studio ရို့ ဖြစ်ကတ်ပါရေ။

မီး။ ။ ၀ါသနာသျှင်တစ်ယောက်က ရခိုင်မိုနိုတေးခြင်း စီဒီတစ်ချပ်စာ ထုတ်ချင်ရေဆိုကေ ဆရာရို့က တေးရွီး၊ သံစဉ်ရှာ၊ အသံသွင်း အစခပ်သိမ်း ထုတ်တေအဆင့်အထိ တာဝန်ယူ ဆောင်ရွက်ပီးနိုင်ပါဖို့လား။
ဖြီ။ ။ ၀ါသနာသျှင်တစ်ယောက် ရခိုင်မိုနိုတေးခြင်း စီဒီတစ်ချပ်စာထုတ်ဖို့အတွက် ကျွန်တော့်အနီနန့် တိုင်ပင်ပြီးကေ ပရိသတ်အကြိုက်တေးခြင်းရွီးယူရပါဖို့။ ဂီတစာဆိုကောင်းမှ တေးခြင်းကောင်းနိုင်ပါဖို့။ တေးခြင်းကောင်းမှလေ့ ဂီတလောကမှာ အဆိုတော်နာမေ ရနိုင်ပါဖို့။ ဥပမာပြောရကေ ``ပင်စည်ကောင်းမှ အသီးအပွင့်ကောင်းရေ´´ နမူနာပိုင်ပါ။ ဂီတလောကမှာ အဆိုတော် တစ်ယောက်အနီနန့် ကိုယ့်နောက်က ဂီတစာဆို ဆရာသမားတစ်ယောက် မဟိဘဲ အနုပညာလောကကမှာ တာရှည်မရပ်တည်နိုင်ပါ။

မီး။ ။ ရခိုင်မိုနိုတေးခြင်းလောက တိုးတက်ဖို့ လိုအပ်ချက်တိဟိကေ တစ်ချက်ပြောပြပါ။
ဖြီ။ ။
(က) ဂီတပစ္စည်းတိပြည့်စုံနိုင်ဖို့ ဖေသာဟိရေလူတိ ပါဝင်ပူးပေါင်းအားပီးဖို့လိုပါရေ။
(ခ) နောက်ဆုံးပေါ် ဂီတပစ္စည်းတိ လက်ဝယ်ဟိနီအောင် ကြိုးစားဖို့ လိုပါရေ။
(ဂ) အခြီခံဖြစ်တေ တေးဂီတအဖွဲ့တိ အများကြီးထူထောင်ထားဖို့ လိုပါရေ။
(ဃ) ယင်းတေးဂီတအဖွဲ့တိ လက်စွမ်းပြတီးခတ်နိုင်ဖို့နန့် သင့်တင့်ရေ ၀င်ငွီရဟိနိုင်ဖို့ ပွဲလမ်းသဘင်တိ စင်တင်ဂီတပွဲတိ အခါအားလျော်စွာ ကျင်းပပီးဖို့ လိုပါရေ။
(င) တေးဂီတအဖွဲ့တိ ပူးပေါင်းပနာ သင်္ကြန်ခါရို့မှာ ရခိုင်တေးခြင်းပြိုင်ပွဲ၊ တူရိယာအတီးပြိုင်ပွဲတိ ကျင်းပပီးခြင်းဖြင့် အဆိုတော်သစ်တိ၊ အတီးအမှုတ်သမားသစ်တိကို ဖော်ထုတ်ပီးဖို့ လိုပါရေ။
(စ) တေးဂီတအဖွဲ့တိက ဦးစီးရေ အတီးအမှုတ်၊ အဆိုသင်တန်းတိကို နှစ်စဉ်နွီရာသီမှာ ဖွင့်လှစ်သင်ကြားပီးဖို့ လိုပါရေ။
(ဆ) ရခိုင်တေးဂီတလောက အခြီအနီသတင်းကို ပြည်သူတိစိတ်ဝင်စားနီအောင် ရခိုင်ဒေသ ထုတ်မဂ္ဂဇင်းတိက အခါမလပ်ဖော်ထုတ်တင်ပြနီဖို့ လိုပါရေ။
(ဇ) သင်္ကြန်ကာလမှာ ရခိုင်ရိုးရာ အတီးအမှုတ် (ခေတ်ဟောင်း+ခေတ်သစ်)တိနန့် ဖြီဖျော်ရေ မဏ္ဍပ်ကြီးတိ ပေါ်ပေါက်နိုင်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းကတ်ရပါဖို့။
(ဈ) ရခိုင်တေးဂီတ တိတ်ခွီတိကို ရခိုင်သူ/သားအများစုက ခိုးကူးခွီကို အားမပီးဘဲ ပင်မအခွီကိုရာ အားပီးကတ်ဖို့လိုပါရေ။ ဈီးသက်သာရေဆိုပြီး ခိုးကူးခွီတိကို ၀ယ်ယူအားပီးနီသရွိ ရခိုင်ခွီ ထုတ်လုပ်သူတိအနီနန့် ရှိကိုဆက်လို့ အခွီမထုတ်ဝံ့ကတ်ပါဗျယ်။
(ည) ရခိုင်တေးခြင်းအခွီကို ရခိုင်သားတိက အမျိုးသားရေ တာဝန်တစ်ရပ်အနီနန့် အားမပီးကတ်ကေ ရခိုင်တေးခြင်းတိလေ့ များမကြာခင်မှာ ဂီတလောကထဲက ထွက်လားကတ်ရဖို့ အခြီအနီဟိပါရေလို့ ကျွန်တော် ထင်မြင်ယူဆပါရေ။

တွိဆုံမီးမြန်သူ
ဂီတစာဆို အခင်ထွန်း
၂၁.၅.၂၀၀၈
အောင်တံခွန် ၀ံသရက္ခတ မဂ္ဂဇင်း အတွဲ(၂) အမှတ်(၂) ၂၀၀၈၊ အောက်တိုဘာလထုတ်မှ ထုတ်နှုတ်တင်ပြပါရေ။

(ရခိုင်ဂီတရီစီးကြောင်းမှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။