“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ရခိုင်မိုနိုတေးခြင်းတိနန့် ခရီးရှည်ဖြတ်သန်းလာရေ အခင်ထွန်း (စစ်တွေ) နန့် အင်တာဗျူး

ရခိုင်မိုနိုတေးခြင်းတိနန့် ခရီးရှည်ဖြတ်သန်းလာရေ အခင်ထွန်း (စစ်တွေ)

ကိုယ်ရေးမှတ်တမ်း

နာမေ = ဦးထွန်းလှ
အနုပိုင်ညာကလောင်နာမေ = ဂီတစာဆို အခင်ထွန်း (စစ်တွေ)
အသက် = ၆၅ နှစ်
အတတ်ပိုင်ညာ = တေးခြင်းရွီး၊ မယ်ဒလင်၊ တယော
အလုပ်အကိုင် = သစ်တောအရာရှိ (ငြိမ်း)
နီရပ်လိပ်စာ =- လမ်းမတော်မြောက်၊ ရေနံလမ်း၊ အမှတ်( ၁၆၈)၊ ကုတိုးရပ်ကွက်၊ စစ်တွေမြို့။

မီး။ ဆရာမဖနန့် မွီးရပ်ဇာတိမြီကို အရင်ဆုံး ပြောပြပါ ဆရာ။
ဖြီ။ ကျွန်တော့်ကို စစ်တွေမြို့နယ်၊ ကျက်တောပြင်ရွာမှာ မွီးဖွားပါရေ။ မိဖနာမေက ဦးဦးကျော်၊ ဒေါ်ပန်းစိန်ဖြူဖြစ်ပါရေ။ ကျွန်တော်က ခုနှစ်နှစ်သားကပင် စစ်တွေမြို့၊ လမ်းမတော် ကတိုးဆိပ်မှာ အဖိုးအေဘာင်ရို့နန့် တတူ နီထိုင်ပါရေ။

မီး။ ဂီတအနုပိုင်ညာနယ်မြီကို စတင်ဝင်ရောက်တေနှစ်၊ အယင်ဆုံးရွီးခရေတေးခြင်းနာမေရို့ကို သိချင်ပါရေ။
ဖြီ။ ကျွန်တော် ဂီတအနုပိုင်ညာနယ်ကို ၁၉၆၅ခုနှစ်က စတင်ဝင်ရောက်ပါရေ။ အယင်ဆုံးရွီးရေ တေးခြင်းက “အကျွန်ရို့ ရခိုင်ပြည်”တေးခြင်းဖြစ်ပြီးကေ ယင်းတေးခြင်းကို တေးသံရှင် မသန်းမြင့်က ဆိုခပါရေ။ ဂီတနယ်မြီမှာ မသန်းမြင့်ကို ပထမဆုံးပွဲထုတ်တေ တေးခြင်းပါ။



မီး။ ဆရာရွီးခရေတေးခြင်း စုစုပေါင်း ဇာနှပုဒ်လောက်ဟိခပါလေ၊ မှတ်တမ်းတင်ပီးပါဆရာ။
ဖြီ။ ကျွန်တော်ရွီးရေ ရခိုင်တေးခြင်းမိုနိုပုဒ်ရေ ပေါင်း (၁၂၀)ကျော်ဟိပါရေ။

မီး။ ရခိုင်မိုနိုတေးခြင်းတိကိုဂျေး သတ်သတ် ရွီးလာရေ ဆရာတစ်ယောက်အနီနန့် တေးခြင်းတပုဒ်ဖြစ်လာဖို့အတွက် အခြီခံအချက်အလက်တိ ဇာဇာလိုအပ်လေဆိုစွာကို ဗဟုသုတဖြစ်အောင် ပြောပြစီချင်ပါရေ။
ဖြီ။ မိုနိုတေးခြင်းတစ်ပုဒ်အတွက် အခြီခံအချက်အလက်တိက ရင်ထဲမှာ အသည်းနှလုံးမှာ ခံစားချက် တစ်ခုဝင်လာကေ အချစ်တေးခြင်း ဖြစ်ဖြစ်၊ သဘာဝအလှဖွဲ့ဖြစ်ဖြစ်၊ ခံစားမှုတိကို စာသားရှာပြီးကေ သံစိုင်ထည့်ရပါရေ။ စည်းနန့်ဝါးကိုက်အောင် ဖန်တီးရွီးရပါရေ။ အတွိအကြုံများရေတေးရွီးဆရာတစ်ယောက်ဆိုကေ အကြောင်းအရာစာသားလှပြီးကေ အတီးကျွမ်းကျင်ရေဆိုကေ သံစိုင်ကလေ့ နားဝင်ချိုအောင်လှလားခပါရေ။ အဂုအချိန်ကာလမှာ တေခြင်းတစ်ပုဒ်ကို ရွီးရေ အခါ ဇာပုံဇာနည်းရွီးရဖို့လို့ ပုံသီကန့်သတ်ချက် မဟိဂတ်ပါ။ ခိုက်ပေါ်စတီရီယိုတေးခြင်းတိဆိုကေ ခိုက်အမြင်၊ ခိုက်အကြိုက်၊ ခိုက်အလိုက်လိုကို လိုက်ပြီးကေ တေးရွီးလူက အရှိတိုင်းအသံဖြစ်ဖြစ်၊ အနောက်တိုင်းအသံဖြစ်ဖြစ်၊ ကိုယ်ရွီးချင်စရာစာသားကိုထည့်၊ သံစိုင်ညှိ၊ ရွီးတီးဆိုသုံးပွင့်ဆိုင် ကီးကိုက်ကေ စတီရီယိုတေးခြင်းတစ်ပုဒ် ဖြစ်လာပါရေ။ တေးခြင်းတစ်ပုဒ်ကို တေးသံသျှင်တစ်ယောက်က ဆိုလို့ ဂီတစင်ထက်မှာ ပွဲထုတ်တေအခါ စင်ထက်က အဆိုတော် ဆိုရေတေးခြင်းမှားရေလို့ အသူပြောခီပါဖို့လဲ။ အဂုအချိန်မှာ ပရိတ်သတ်ကြိုက်တေ တေးခြင်းဖြစ်၊ မဖြစ်း တေးခြင်းကိုလိုက်လို့ ပရိတ်သတ်ကြိုက်နီကတ်ရေ ဂီတရာသီချိန်ရာ မဟုတ်ပါလား။

မီး။ ဆရာရွီးရေ ရခိုင်တေးခြင်းတိမှာ ပျောက်ဖို့ပျင်နီရေ စကားလုံးဝေါဟာရတိကို သုံးရွီးစပ်စွာမှာ အသံပြေပြစ်အောင် မဆိုရကောင်းအောင် ရွီးရရေ အတွက် အခက်အခဲဟိဖို့ထင်ပါရေ။ အတွိအကြုံကို ကြားချင်သိချင်ပါရေ ဆရာ။
ဖြီ။ ကျွန်တော် ရခိုင်တေးခြင်းကို ရွီးစပ်တေအခါ စကားကာရံထက် စကားပြော စကားရံမှာ ဂီတဝေါဟာရစကားလုံးတိကို သုံးပြီးကေ ကာရံဆက်ပနာ သံစိုင်သွင်းရေခါ ဝေါဟာရစကားလုံးကာရံက သင့်ရုံခက်ပါရေ။ ယေကေလဲ့ ကိုယ့်တေးရွီးအတွိအကြုံအရ ၀ါသနာသျှင်ပရိတ်သတ်တိ နားထောင်လို့ကောင်းရေ တေးခြင်းတစ်ပုဒ်ဖြစ်လာအောင် ကြိုးစားပြီးကေ ရွီးစပ်ပါရေ။

မီး။ တေးခြင်းတစ်ပုဒ်ကို ရွီးရေခါ တစ်ရက်နန့်ရွှီးလို့ပြီးလားခရေပိုင် လနန့်ချီ၊ နှစ်နန့်ချီကြာခရေ တေးခြင်းတိဟိပါလာ၊ မှတ်တမ်းအဖြစ် ပြောပြပါလို့။
ဖြီ။ ကျွန်တော် ရွီးစပ်တေ “မြသဲညှာ”ဆို ခေါင်းစိုင်နန့်ရွီးရေ အငြိမ့်တေးခြင်းဆိုကေ တစ်ရက်နန့်အပြီးရွီးခပါရေ။ ကိုယ့်ကလေ့ အငြိမ့်တေးခြင်းကို ၀ါသနာပါလို့ပါ။ အရာတေးခြင်းတိဖြစ်တေ “ပြောပြချင်ရေငယ်ချစ်ချေ”၊ “သဇင်ပန်းကို အတုယူပါ”၊ “လေးမြို့မြစ်ကမ်းအလွမ်းပြေ”၊ “နွီသံသရာ”၊ “အလွမ်းသင်ဆရာမ”၊ “တွေးမိလီတိုင်းရာ”၊ “သမိုင်းသက်သီ မြောက်ဦးမြီ”ဆိုရေတေးခြင်းတိကို တခြားတေးခြင်းတိထက် ရက်အင်တန် အချိန်ယူလို့ ရွီးခရပါရေ။

မီး။ တေးခြင်းတိရွီးလို့ပြီးရေအခါ ဆရာတတ်ကျွမ်းရေ တယောနန့် သံစိုင်ရှာစွာပါလား။
ဖြီ။ ကျွန်တော်တေးခြင်းတစ်ပုဒ်ကို ရွီးစပ်တေအခါ ရွီးစပ်တေတေးခြင်း စာသားတိမှာ ဂီတသံစိုင်သွင်းဖို့အသံကို ရှာရေ အခါ မယ်ဒလင်နန့်ရာ သံစိုင်ရှာပါရေ။ တယောနန့် သံစိုင်မရှာပါ။ ဇာအတွက်လေ့ဆိုကေ (မယ်ဒလင်)မှာက ပုံသီမူတေသံဟိပါရေ။ တယောမှာက ကိုယ်လိုချင်ရေအသံကို အသံစမ်းယူရလို့ပါ။

မီး။ ဂီတစင်မြင့်ထက်ကို ဆရာတေးခြင်းနန့်စင်တင်ပီးခရေ တပည့်ဟောင်းတိဟိကေ ဂီတသမိုင်းမှတ်တမ်းအတွက် တပည့်နာမေတိကို သိချင်ပါရေ။
ဖြီ။ ဂီတစင်မြင့်ထက်ကို ကျွန်တော်ရွီးစပ်တေ၊ တေးခြင်းတိနန့် ပွဲထုတ်ပီးခရေ တပည့်ဟောင်းတိက တေးသံသျှင်အောင်ကျော်သာ၊ တေးသံသျှင် မသန်းမြင့်၊ တေးသံသျှင် မစောမြိုင်ရို့ ဖြစ်ကတ်ပါရေ။

မီး။ ဆရာရေ စစ်တွေတစ်မြို့ထဲမှာ နီထိုင်စွာမဟုတ်ဘဲ အလုပ်တာဝန်နန့်မြို့တကာ၊ နယ်တကာကို ရောက်တေဆိုခါ နယ်တိမှာ ဂီတလှုပ်ရှားမှုချေတ ဟိခဖို့ ထင်ပါရေ။ ဆရာ ဖြတ်သန်းခရေ ဂီတခရီးလမ်းအတွိအကြုံတိကိုလေ့ သိချင်ပါရေ။
ဖြီ။ ကျွန်တော်စစ်တွေမြို့မှာ အတေတကျနီထိုင်ရေ လူဖြစ်ကေလေ့ သစ်တောဝန်ထမ်းဘ၀နန့် ရခိုင်ပြည်နယ်မြို့နယ်ပေါင်းစုံမှာ နယ်လှည့်တာဝန်ထမ်းဆောင်ခဖူးပါရေ။ ၁၉၇၅ခုနှစ် ပုဏ္ဏားကျွန်းမှာ မြို့နယ်တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခရေအခါ ပုဏ္ဏားကျွန်းမြို့ထက်က ဂီတ၀ါသနာသျှင် လူငယ်မောင်မယ်ရို့နန့် စုပေါင်းလက်တွဲလို့ ရခိုင်ယိုင်ကျေးမှုအဖွဲ့ကို ဖွဲ့စေးပနာ ပဒေသာကပွဲ လုပ်ခကတ်ပါရေ။ ကျွန်တော်က ဟာသကို ၀ါသနာပါသူဖြစ်လို့ (ထားရာထားဖိ) ဆိုရေ ဟာသပြဇာတ်ကို ပွဲထုတ်ခပါရေ။ ပရိတ်သတ်တိက ကောင်းကြိုက်ကတ်တေ ဟာသပြဇာတ်ပါ။ ကျွန်တော် ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးရို့မှာလေ့ တာဝန်ထမ်းဆောင်ခလို့ ယင်းမြို့တိမှာလေ့ ဂီတ၀ါသနာပါရေ ဆရာ၊ ဆရာမတိနန့် ယိုင်ကျေးမှုအဖွဲ့တိ ဖွဲ့ပြီးကေ ဦးဆောင်လုပ်ပီးခပါရေ။ ရခိုင်ရိုးရာ ယိမ်းအဖွဲ့တိကို တေးခြင်းရွီးပီးအကသင်စွာမှာ ကူညီပီးခပြီးကေ ကျောင်းသားအားကစားပွဲတော် စစ်တွေမှာ ကျင်းပခါ ကမ်းထောင်းကြီးယိုင်းကျေးမှုအဖွဲ့က လားပြီးကေ ဖြေဖျော်ခပါရေ။ ကျွန်တော့်အမှတ်တရ တိပါ။

မီး။ ပဉ်စ၀တီအက်ဖန်အသံလွှင့်ဌာနက ဆရာရွီးတေးခြင်းတစ်ပုဒ်ကို တေးရွီးဆရာ ကိုထွန်းအောင်သာရွီးရေလို့ မှားပြီးကေ အသံလွှင့်လားခရေလို့ သိရပါရေ။ ဇာနိန့်က လွှင့်ပြီးကေ ဇာတေးခြင်းလေး၊ ဇာသူဆိုစွာလေးဆိုစွာကို ပြောပြစီချင်ပါရေ။
ဖြီ။ ပဉ်စ၀တီအက်ဖန် ရခိုင်အစီအစိုင်က အဆိုတောင် ဦးမောင်သိန်းဆိုထားရေ “သမိုင်းသက်သီ မြောက်ဦးမြီ”ဆိုရေ တေးခြင်းကို (၁၉.၉.၀၉)နိန့် မိုးထ (၈)နာရီ သတင်းမှာ လွှင်းလားခရေ။ တေးခြင်းရွီးရေ တေးရွီးဆရာနာမေကို ဂီတစာဆို အခင်ထွန်း(စစ်တွေ)လို့ လွှင့်ဖို့အစား၊ ဂီတစာဆို ထွန်းအောင်သာ ရွီးစပ်တေတေးခြင်းလို့ မှားလွှင့်လားခပါရေ။

မီး။ ဆရာဖြတ်သန်းခရေ ဂီတခရီးလမ်းမှာ ဆရာနန့်လက်တွဲခကတ်တေ အတီးပိုင်ညာသျှင်တိကို ပြောပြပါ။ ဂန္တ၀င်မှတ်တမ်းတိပါ။ ကြာကေ ထိုအယင်က ဂီတပိုင်ညာသျှင်တိကို မသိဂတ်ပါဗျာယ်။
ဖြီ။ ကျွန်တော်ရို့ စစ်တွေမြို့မှာ ၁၉၆၅ခုနှစ်က ဂီတ အနုပိုင်ညာသျှင်၊ ၀ါသနာသျှင်တိစုပြီးကေ (တေးသံသာ) အပျော်တမ်းဒူရိယာအဖွဲ့ဆိုပြီးကေ ဖွဲ့ခပါရေ။ ယင်းတီးဝိုင်းမှာ တီးဝိုင်းခေါင်းဆောင် ဦးထွန်းလှဖြူ (တယော) (ကွယ်လွန်)၊ ဦးအောင်ကျော်သာ (ဘင်ဂျို) (ကွယ်လွန်) ၊ ဦးထွန်းလှ (ဂီတစာဆို အခင်ထွန်း) မယ်ဒလင်၊ ဦးအောင်သာကျော် (မယ်ဒလင်) (ကွယ်လွန်)၊ ဦးမောင်မောင်လှ (ဂီတ)၊ ဦးကျော်နု(ဘုံ) (ကွယ်လွန်)၊ ဦးမောင်နီအောင် (နှဲ)၊ ဦးတင်ရှိန် (ဆရာဒိုး) (မယ်ဒလင်၊ ဂီတာ)၊ ဦးစိန်ထွန်း (မယ်ဒလင်)၊ မသန်းမြင့် (ပင်တိုင်အဆိုတော်)၊ မစောမြိုင် (ပင်တိုင်အဆိုတော်)ရို့ ဖြစ်ကတ်ပါရေ။

မီး။ ဆရာအနီနန့် ရခိုင်မိုနိုတေးခြင်းရွီးစွာကို တန့်ထားရေလို့ သိရပါရေ ဆရာ။ ဇာခံစားချက်တစ်ခုနန့် တေးခြင်းရွီးစွာကို တန့်ထားပါလေ။
ဖြီ။ ကျွန်တော်လူငယ်ဘ၀ကပင် ရခိုင်တေးခြင်းရွီးဖို့စွာ ၀ါသနာပါလို့ ရွီးလာစွာပါ။ အဂုအသက် (၆၅)နှစ်ကျော်ပါလတ်ပါဗျာယ်။ တေးခြင်းကလည်း ပုဒ်ရေက အသက်ထက်တောင် များလခပါဗျာယ်။ အသက်အရွယ်ကြီးရင်လာလို့ ၀ါသနာပါရေနောက်ကို တကောက်ကောက်မလိုက်ချင်ပါဗျာယ်။ နှလုံးအိမ်မှာ အိပ်မောကျရေအထိ ချော့သိပ်ပနာထားလိုက်ပါဖို့ဗျာယ်ာ။ ကျွန်တော့်မှာ ကိုယ်မြတ်နိုးရေတယောတစ်လက်နန့် အတူနီပါဖို့ဗျာယ်။ ကဗျာသဘောနန့်ပြောရကေ တယောလဲ့ပြို လူလဲအိုဗျာယ် သံချိုတေးလှ မပီသနိုင်ပါဗျာယ်လို့ ပြောချင်ပါရေ။

မီး။ ဆရာ့မှာ သားသမီးဇာနှစ်ယောက် ဟိပြီးကေ ဂီတမျိုးဆက်သစ်အတီး၊ အဆိုဝါသနာပါစွာ ဇာနှစ်ယောက်ပါလေဆိုစွာကို သိချင်ပါရေ။
ဖြီ။ သားသမီးခြောက်ယောက်ဟိပါရေ။ သားသမီးအထဲက တစ်ယောက်လေ့ ဂီတအနုပိုင်ညာကို ၀ါသနာမပါဂတ်ပါ။

မီး။ ဆရာရွီးခရေတေးခြင်းတိအထဲက ဆရာအကြိုက်ဆုံးတေးခြင်းတစ်ပုဒ်ကို ဖော်ထုတ်ပြောပြပီးပါ ဆရာ။
ဖြီ။ အကြိုက်ဆုံးတေးခြင်းက “လေးမြို့မြစ်ကမ်းအလွမ်းပြေ”ဆိုရေတေးခြင်းပါ။ သစ်တောဝန်ထမ်းဘ၀နန့် မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာမှာ တာဝန်ကျနီရေအခါ ရွီးခစွာပါ။ ရီကြိုင်တမြမြနန့် တသွင်သွင်စီးကျနီရေ လေးမြို့မြစ်ရီပြင်ကို ကြည့်ပြီးကေ ရွီးစပ်ခစွာပါ။ အဆိုတော် ဦးမောင်သိန်းဆိုခရေတေးခြင်းပါ။ ပရိတ်သတ်တိလေ့ ကြိုက်ကတ်ဖို့ ထင်ပါရေ။

မီး။ ဆရာ ရွီးရေတေးခြင်းတိကို စောနှင်းနွယ်ဆိုထားရေ “ချစ်တေဆိုတိုင်း ယုံရဖို့လား” စီဒီတစ်ချပ်လုပ်ပြီးသားလို့ ကြားရပါရေ။ ဇာအတွက်နန့် မဖြန့်သိလေ့ဆိုစွာ သိချင်ပါရေ။
ဖြီ။ တေးသံသျှင် စောနှင်းနွယ်တစ်ယောက်တည်း ဆိုထားရေ “ချစ်တေဆိုတိုင်း ယုံရဖို့လား”စီဒီမှာ တေးခြင်း (၁၁)ပုဒ်ပါဟိပါရေ။ ယောက်ျားတိပြောတိုင်း မယုံကေ့ဆိုစွာကို မမချေတိ အားလုံးအတွက် ကိုယ်စားပြုဆိုထားစွာပါ။ သံစိုင်ကို ဂီတသံမမြူးချေဆိုထားစွာပါ။ တေးခြင်းတိကို သရုပ်ဖော်ဗွီဒီယို မရိုက်ရသိလို့ အခွီထွက်ဖို့ ကြာနီစွာပါ။ မကြာခင် ထွက်ပါဖို့။ ဒေတေးခြင်းခွီမှာ ရခိုင်ဝေါဟာရစကားလုံးတိ ထိန်းသိမ့်းဖော်ထုတ်တေအနီနန့် ပျောက်လုနီးပါး ရခိုင်စကားတိကို ထည့်ရွီးထားပါရေ။ ကိုယ်ပိုင်သံစိုင်နန့် ရွီးစပ်ထားစွာပါ။ စောင့်မျှော်အားပီးကတ်ပါလို့။

မီး။ ဆရာကိုယ်တိုင် အကုန်အကျခံထုတ်ထားပြီး ဖြန့်ခရေ “မင်းနှမကြိုက်တုံ ငါကြိုက်တုံ”ရယ်စရာတေးခြင်းတိ ဖန်းတီးခစွာမှာ အားရကြေနပ်မှုဟိခပါယင့်လား။
ဖြီ။ “မင်းနှမကြိုက်တုံ ငါကြိုက်တုံ”အခွီရိုက်ခရေအခါ ကျွန်တော့် စိတ်တိုင်းမကျခပါ။ ဇာအတွက်လေ့ဆိုကေ ကျွန်တော်အတွိအကြုံနည်းလို့ပါ။ ရခိုင်အခွီတိရောင်းရေတချို့မြို့နယ်တိက ခိုးကူးခွီတိများကတ်တေအတွက် ကကောင်းနစ်နာပါရေ။ ရခိုင်တေးခြင်းဂီတရီစီးအမြဲစီးဆင်းနိုင်ဖို့အတွက် အားပီးဂတ်ဖို့လိုပါရေ၊ ယေမှ အသက်ဆက်နိုင်ပါဖို့အတွက် ခိုးကူးရောင်းရေဆိုတိလေ့ ကိုယ်ချင်းစာဖို့ လိုပါရေ။

မီး။ ဒေ “မင်းနှမကြိုက်တုံ ငါကြိုက်တုံ”တေးခြင်းအခွီကို သင်းကြန်ခါ ရန်ကုန်မြို့မှာ လားဖြန့်ခီရေလို့ သိရပါရေ။ ရန်ကုန်မှာ နီထိုင်ဂတ်တေ ရခိုင်ပြည်နယ်သားတိက အားပီးမှုဟိဂတ်ပါယင့်လား
ဖြီ။ သိမ်ဖြူကွင်း ရခိုင်သင်္ကြန်ပွဲမှာ လားဖြန့်ခီပါရေ။ ကံဆိုးပါရေ။ သင်းကြန်သုံးရက်စလုံးမိုးရွာပါရေ။ ရာသီဥတုမကောင်းလို့ အခွီအရောင်းမကောင်းခပါ။ ယေကေလေ့ ဖြေဖျော်ပွဲစင်နားက လေးဝတီအဖွဲ့က အခွီရောင်းနီရေနီရာမှာ ရောပြီးကေ ရောင်းပီးဂတ်ပါယင့်။ လေးဝတီအဖွဲ့ကို ကကောင်းကျေးဇူးတင်ဟိပါရေ။ မိုးရွာနီလို့ ထင်သလောက်မပေါက်ခပါ။ နောက်ပိုင်း ကျွန်တော့်အခွီကို ဇာမှာဝယ်ရဖို့မသိဂတ်ပါ။ တာမွီအ၀ိုင်းနားက ရခိုင်ဗွီစီဒီအရောင်းဆိုင်မှာ ၀ယ်လို့ရပါရေ။ ၀ယ်သူအာပီးဂတ်ပါလိမ့်မေလို့လေ့ မျှော်လင့်ပါရေ။

မီး။ ရခိုင်မိုနိုတေးခြင်းတိ အဆိုနည်းလာဂတ်တေလို့ ထင်ပါရေ။ မပျောက်လားအောင် ဇာပိုင် လုပ်ဆောင်လားရဖို့လေး ဆိုစွာကို ၀ါရင့်တေးရွီးဆရာတစ်ယောက်ဖြစ်တေ ဆရာဗါ့က အကြံဥာဏ်ကို ပြောပြစီချင်ပါရေ။
ဖြီ။ ရခိုင်မိုနိုတေးခြင်းတိဆိုကေ ခိုက်နောက်ကျရေလို့ထင်နီဂတ်ပါရေ။ ကိုယ့်ရခိုင်တေးခြင်းကို ကိုယ်ရို့အားမပီးကေ ဇာသူက အားပီးပါဖို့လေး။ အားပီးမှုဟိမှလေ့ မိုနိုတေးခြင်းအသက်ရှင်နီပါဖို့။ ကျွန်တော်ရို့စိုင်လာရိုးရာဓလေ့ ချေတိ ရခိုင်ဝေါဟာရတိ ထိန်သိမ့်းဂတ်စွာတိကို မိုနိုတေးခြင်းတိမှာ အင်မတန်အများကြီးတွိပါလိမ့်မေ။ စတီရီယိုတေးခြင်းတိကို ပုတ်ခတ်စွာ မဟုတ်ပါ။ သူရို့လေ့ သူရို့လိုင်းကိုလား ကျွန်တော်ရို့မိုနိုလိုင်းကိုလေ့ မပျောက်အောင် အားပီးဖို့လိုရေလို့ မြင်ပါရေ။ အဂုဆိုကေ တချို့ တချို့ ရခိုင်အဆိုတော်တိတောင်မှ ရခိုင်မိုနိုတေးခြင်းတိကို ပရိတ်သတ်တိ နားမထောင်ချင်ဂတ်ဗျာယ်ထင်လို့ ဆိုအားမဟိဂတ်ပါဗျာယ်။ ရခိုင်မိုနိုတေးခြင်းအခွီတိကို ပရိတ်သတ်က အားပီးဂတ်ပါလို့ မိတ်တာရပ်ခံချင်ပါရေ။

မီး။ မီးခွန်းတိကလေ့ များလားခပါဗျာယ်။ ရခိုင်တေးရွီးဆရာတိ။ အဆိုတော်တိကို ဇာမှာချင်ပါလေ။ ဆရာ့စေတနာစကားကို ၀ံသရက္ခိကတစ်ဆင့် ပြောပြပီးပါဆရာ။
ဖြီ။ ရခိုင်တေးခြင်းရွီးဆရာတိ တေးခြင်းရွီးဂတ်တေ အခါ ကိုယ်ရွီးဂတ်တေ တေးခြင်းနန့် အကျုံးဝင်ရေဝေါဟာရ စကားလုံးတိကို ကိုယ်လက်လှမ်းမီသလောက် စုပြီးကေ တေးခြင်းစာသားစီရေအခါ ထည့်သုံးဂတ်ပါ (ရခိုင်တေးခြင်းကို ရခိုင်သံပပီသသနန့် ရခိုင်သားတိ နားလည်အောင် ရွီးဂတ်ဆိုဂတ်ပါ)လို့ ပြောချင်မှာချင်ပါရေ။ ကျွန်တော်ရေ တေးရွီးဝါသနာသျှင်တစ်ယောက်ပါ။ တေးရွီးပိုင်ညာသျှင် မဟုတ်ပါ။ ဂီတနန့်ပတ်သက်လို့ ဘကြီးမီးခွန်းတိကို ဖြီစွာမှာ အမှားအယွင်းပါဂေလေ့ ခွင့်လွှတ်ဂတ်ပါလို့ ပြောချင်ပါရေ။ ၀ံသရက္ခိဂ္ဂဇင်းကိုလေ့ ကကောင်းကျေးဇူးတင်ဟိပါရေ။ စာဖတ်ပရိတ်သတ်အားကိုလေ့ ကကောင်းကျေးဇူးတင်ဟိနီပါရေ ပြောလိုက်ချင်ပါရေနှမ်း။

မီးခွန်းတိကို အချိန်ကုန်ခံပြီးကေ ဖြီကြားပီးရေ ဂီတစာဆို အခင်ထွန်း (စစ်တွေ)ကို ကကောင်းကျေးဇူးတင်းဟိပါရေ။ ရခိုင်မိုနိုတေးခြင်းတိကို ဆက်ရွီးပါ။ အသံကောင်းရေတိုးတက်လာဖို့ ဂီတအဆိုသျှင်မျိုးဆက်သစ်သျှေတိကို မြီတောင်မြှောက်ပီးနိုင်ပါစီ။ ရခိုင်မိုနိုတေးခြင်းတိ ဆက်လက်ပေါ်ထွန်းနိုင်အောင် ဆရာသက်တော်ရာကျော်ရှည်ပါစီလို့ မိတ်တာပို့သလိုက်ပါယင့်။

ဗဂျီးကျော် (စစ်တွေ)
၁၆.၂.၂၀၁၀
(အောင်တံခွန် ၀ံသရက္ခိတ မဂ္ဂဇင်း အတွဲ(၃)၊ အမှတ်(၄)၊ ၂၀၁၀၊ ဧပြီလ မှ ထုတ်နှုတ်တင်ပြပါရေ။)

(ရခိုင်ဂီတာရီစီကြောင်းမှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။