“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ရင်ထဲက သူ

ငါ့ဖက်က ခြီလှမ်းတိက
ရှေ့ဆက်ဖို့ကြိုးစားခပါသိမ့်ရေ...
သူ မဟိရေ အ၀ီးတနီရာကို ထွက်လားဖို့
ငါ့မှာ ခွန်အားမဟိခလို့လေ..။

သူ ကမ်းလင့်ပီးဖို့ လက်တစ်စုံကို မျော်ယင်း
အနာဂတ်ကို သူနန့်အတူတူလျောက်လှမ်းချင်ရေ
နာကျင်မှုဟိကေလည်း သူ့နားမှာရာ
ငါက ထာဝရနီချင်ခရေလူပါ..။

ဒုက္ခအခက်အခဲတိဟိကေတောင်
သုခအဖြစ်ရာ ငါယူဆပြီကေ
သူ့နားမှာ ငါဟိချင်ခရေလူပါ။

ရက် လ နှစ်တိ ပြောင်းလားကေတောင်
သူသာ အရောက်လှမ်းလာလတ်ပါ
မျော်လင့်စောင့်စားခြင်းတိကို ငါမမှုချင်ပါ..။

ငါ့နှလုံးသားမှာ တည်မြဲနီရေ နိရာတခုကို
သူ့အတွက် ငါချန်ထားပြီးသားပါ..။

အချစ်ကံခေလို့ အချစ်ကံနည်းခကေတောင်
သူ့ကြောင့် အချစ်ဆိုစာကို သိခွင့်ရခလို့
ငါ့ကို ငါကြေနပ်ပါရေ..။

သူ့ဘားက တုံပြန်မှုတခုခုကို
မရနိုင်မှန်း သိကေလည်း
ငါ တမ်းတမ်းတ မျော်ကိုးယင်း
လှည့်မကြည့်တမ်း ထွက်လားခရေ
သူ့ကိုရာ
မချိမဲ့ချိမဲ့ အားတိနန့် အားတင်းပြုံးပြယင်း
နာကြင်စွာ ငါခံစားရပါရေ..။


(ကျောက်ဖြူသူချေဘလော့မှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။