အခန်း (၄)
ကာရန်ဆက်စပ်နိုင်သည်များ
အသံမစပ်သောကာရန် (၆၄)သွယ်ဟိကြောင်း ဖော်ပြခပြီလီယာ။ ထို့အပြင် ဖော်ပြပါစပ်နည်းရို့၌ အသံကာရန်အပြင်၊ အနီးစပ်အသံကာရန်များဖြင့်လည်း စပ်ဆိုထားကြောင်းတွိ့နိုင်ပေသည်။
ဥပမာ။ စပ်နည်း (၂) ၌-
“ဆိုက်” နှင့် “ဖြစ်” ကို၎င်း၊ “ဇာ” နှင့် “တော်” ကို၎င်း၊
စပ်နည်း (၁) ၌-
“တော်” နှင့် “ခါ”ကို၎င်း၊ “ရား” နှင့် “လော” ကို၎င်း၊ အသံကာရန်အဖြစ်ယူထားလီသည်။
ထို့အပြင် စပ်နည်း (၁)၌-
“နု” နှင့် “ဖူး”ကို၎င်း၊ အနီးစပ်သံ သို့မဟုတ် သံပြောင်းသံခွဲအဖြစ်သုံးထားသည်။
ဤသို့လျှင် စပ်နိုင်သော ကာရန်များမှာ အောက်၌ဖော်ပြထားသည့်အတိုင်း လေ့လာနိုင်သည်။
“အူ” နှင့် “အု” ကာရန်စပ်ပုံ
ဆုထူးယူကေ၊ ကောင်းမှုတို့မေ (ဇိသျှင်ခိုးကေ ကဗျာမှ)
“အု” နှင့် “အူး” ကာရန်စပ်ပုံ
ဧယာည်ယာည်လေ၊ လွှဲငင်ပြုပျာ၊ ကျူးလိုက်မေလေ (ပဒုမ္မဝတီသာခြင်းမှ)
လေးမျက်နှာကို၊ မေမျှော်ရှုက၊ ဝမ်းနူးဝမ်းပါး (ဓမ္မဝိဇယသာခြင်းမှ)
“အော” နှင့် “အား” ကာရန်စပ်နည်း
အနိစ္စသဘော၊ မှန်ပေငြား၏၊ မနောဓမ္မသင်္ခါရသည် (တေမိလင်္ကာမှ)
ထိုထိုတောက၊ ကြောင်ဖားမြီးတို (ပဋာစာရီ-မှ)
ဆင်မြင်းကျွဲနွား၊ တသောသောကေ၊ တောသားသတ္တဝါ (ဓမ္မဝိဇယ-မှ)
“အော်” နှင့် “အာ” (အာ-နှင့် အော်)ကာရန်စပ်ပုံ
ခန္ဓာပင်ပန်း၊ လွမ်းဆွတ်ခါဖြင့်၊ စိတ်တော်နွမ်းလို့ (လွမ်းမပြေ-မှ)
ကထိန်လည်းကပ်၊ မေရို့မှာလေ၊ ပျော်ပါးကတ်မေ (သာစွလေ-မှ)
သတင်းမွေးကေ၊ မင်းလေးတော်ဟု၊ ဂဏှါဇာလီ၊ ညာမဒီနှင့်၊ သာကီမဟာ၊ ရွှေကိုယ်တော်တို့၊ မွှေးစွာနံ့လောင်း (ဝေဿန္တရာ-မှ)
ဇရက်ကျီးကန်း၊ ပျံသန်းကြိုးကြာ၊ ကျောက်နီမော်တွင် (ကင်းဆရာ)
“အူ” နှင့် “အုံ၊ အုမ်” ကာရန်စပ်ပုံ
သိလိုငြားမူ၊ ဘုမ္မိဇာလ (ရာဇဝင်လင်္ကာမှ)
နေလေကာမူ၊ ဟေယတုံတစ်ခါ (ရာဇဝင်လင်္ကာမှ)
ကိုယ့်ငွေ့တော်ယူ၊ ထည့်တုံပြီးငြား (င/လက်ရုံးလျှောက်ထုံးမှ)
“အား” နှင့် “အော်” ကာရန်စပ်ပုံ
တနန်းလုံးသား၊ ပျိုတော်များတို့၊ ဟောကြော်ကာဖြင့် (ဥဒိန္န-မှ)
“အော” နှင့် “အိုး” ကာရန်စပ်ပုံ
ကွမ်းသီးပိုးထိုး၊ ရီမှာမျော/မျိုး (တေးကဗျာမှ)
“အော်” နှင့် “အို” ကာရန်စပ်ပုံ
နွားမယေဂြိုတို၊ ပင်လယ်နားမှာ၊ သားကိုမျှော် (ကျေးလက်ကဗျာမှ)
သာသနာတော်၊ ထွန်းလင်းပေါ်ကေ၊ မဂ်ဖိုလ်လှမ်းလို့ (ရီလားသာခြင်းမှ)
“အဲ” နှင့် “အေး”ကာရန်စပ်ပုံ
အဖြူအမဲ၊ ပူအအေးကို၊ ခွဲခွဲခြားခြား၊ မေးစကားမှာ (မယားလု-မှ)
ရတနာလေ၊ သပြာကြေးကို၊ တပဲမကျန် (မယားလု-မှ)
“အေ-အဲ-(အေ့-အဲ့)” နှင့် “အယ်-အည်-အည့်” ကာရန်စပ်ပုံ
မွေးတရသေ့၊ ခေါ်စဖွယ်မှာ၊ နာမည်ဆွဲကား၊ မှည့်လိုက်သည်မှ (မယားလု-မှ)
“အဲး” နှင့် “အဲ့” ကာရန်စပ်ပုံ
ကာရန်နွဲးကေ၊ ဖွဲ့ကာလေဆိုရေ (ရီလားသာခြင်းမှ)
“အည်း” နှင့် “အည်” ကာရန်စပ်ပုံ
စိတ်ကရောက်ရေး၊ တသက်တွင်လေ၊ စားလင်မျောက်သည်၊ တစ်ယောက်တည်းနှင့် (မယားလု-မှ)
“အေ-အယ်” နှင့် “အည်” ကာရန်စပ်ပုံ
အေးမြရောင်ခြည်၊ မပြောင်းဝေဘဲ၊ မှောင်ကွယ်မှိုင်းမှိုင်း (ဥဒိန္န-မှ)
“အုံး-အုန်း” နှင့် “အုန့်-အူ-အူး” ကာရန်စပ်ပုံ
နဂိုရ်ပုန့်ပုန့်၊ ချိုပြုန့်ပြုန့်နှင့်၊ မုဒုလက္ခဏာ၊ အသားမှာလေ၊ ဂွမ်းဝါမုန့်သို့၊ နူးညံ့စွာနှင့် (မယားလု-မှ)
သဒ္ဓါရွှင်ပြုံး၊ သတင်းသုံး၍၊ ကြည်နူးစေတနာ (တေမိယလင်္ကာမှ)
သောသောအုံးအုံး၊ တရုံးရုံးနှင့်၊ ပျော်နူးသာယာ (တေမိယလင်္ကာမှ)
မာသဆန်းထူး၊ တန်းဆောင်မုန့်ကား၊ အသုံးအဆောင် (တိတ္ထုံပရမကျမ်းမှ)
“အစ်” နှင့် “အိုက်” ကာရန်စပ်ပုံ
ဤရှားတုံးကို၊ စဉ်းကာခုတ်ပစ်၊ မီးပြင်းတိုက်၍ (ရာဇဝင်လင်္ကာမှ)
မြင်မသန်းကေ၊ စွမ်းမညစ်ပဲ၊ မဂ်၌တည်းခို (ရာမသာခြင်းမှ)
မျိုးစေ့လည်းရ၊ ဥယျာဉ်၌လျှင်၊ စိုက်ပျိုးစကို (မယားလု-မှ)
“အိုင်” နှင့် “အဉ်” ကာရန်စပ်ပုံ
နှမပင်တိုင်၊ သံယောဇဉ်ကို၊ ခွဲနိုင်အခက် (လွမ်းမပြေ-မှ)
“အောင့်” နှင့် “အောင်း” ကာရန်စပ်ပုံ
မယားသားကြောင့်၊ တဖြားနှောင်းဟု (လွမ်းမပြေ-မှ)
မှတ်ချက်။ ။
ရခိုင်သာခြင်း၊ ကဗျာစပ်ဆိုရာ၌ ရခိုငအသံနှင့် နီးစပ်တူညီသော အသံနီးစပ်ချင်းတို့ကိုစပ်ဆိုနိုင်သီးကြောင်း၊ အသံထွက်ကိုလိုက်၍လည်းစပ်ဆိုနိုင်ကြောင်း ထင်ရှားနိုင်ပါသည်။
“ပ” သံကာရန်များတွင် (အံ+အန်+အမ်) ရို့ (အုံ+အုန်+အုမ်) ရို့ (၍+ရွေ့) ရို့ (တ်-နှင့် ပ်) ရို့စပ်ဆိုနိုင်ပါသည်။
ထို့ပြင် အသံထွက်အလိုက် ကာရန်ယူ၍လည်း စပ်လေ့ဟိသည်များကို အနည်းအပါးတွိ့ရပါသည်။
---------------------------------------
အခန်း (၅) ကိုဆက်လို့ဖော်ပြပီးလားပါမေ။
ဝန်ခံချက်။ ။ ရခိုင်သမိုင်းသုတေသီ အသျှင်စက္ကိန္ဒ၏ “ရခိုင်သဘာဝတေးကဗျာများ” (အမှတ် ၄၄၊ ၃၆ လမ်း၊ မြန်မာကြော်ငြာပုံနှိပ်တိုက်မှ ၁၉၆၁ ခုနှစ်ထုတ်ဝီ) စာအုပ်မှ ထုတ်နှုတ်လို့ ကိုယ့်ပိုင်စာ ကိုယ်ပိုင်ဘာသာသို့ ပြန်ဆိုထားပါသည်။
0 မှတ်ချက်:
Post a Comment