“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

မြန်မာမှုပြုမရသော ရခိုင်ကာရံများ

ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း အပိုဒ် (၂၈) မှ (၃၁) အထိ မြန်မာမှုပြုမရသော ရခိုင်ကာရံများကို ဖော်ပြပြီးဖြစ်သည်။ ယခု အပိုဒ် (၂) မှ အပိုဒ် (၂၇) ထိ မြန်မာမှုပြုမရသော ရခိုင်ကာရံများကို ဆက်လက်ဖော်ပြပါမည်။

ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း (အစ/အဆုံး)
---------------------------------
မြောက်ဦးမြို့ ကျောက်ရစ်ကေဆရာ မောင်စံလှ စပ်ဆိုသည်။ ကောဇာသက္ကရာဇ် (၁၁၁၆)၊ ခရစ်သက္ကရာဇ် (၁၇၅၄) ခုနှစ် ရွီးကူးပီမူ။


(၂)

“မိုးထမှုံရီ၊ နှင်းဝီဝီနှင့်၊ စုံလီဖြူးဖြူး၊ တကျော်ကျော်နှင့်၊ ငှက်တော်ကျူးကေ၊ ရက်ဦးမင်္ဂလာ၊ ချိန်အခါတွင်”

”မိုးထမှုံရီ၊ နှင်းဝီဝီနှင့်၊ စုံလီဖြူးဖြူး”

ဤအပိုဒ်တွင် (ရီ၊ ၀ီ၊ လီ) ကို ကာရံယူထားသည်ကို တွိရပါလိမ့်မည်။ မြန်မာမှုပြုလျှင် “မိုးထမှုံရေ၊ နှင်းဝေဝေနှင့်၊ စုံလေဖြူးဖြူး” ဟု ရသည်။ မြန်မာတွင်လည်း (မှုံရေ) ဟုမဟိပါ (မှုံရီဝိုးတ၀ါး) စသဖြင့် (မှုံရီ) ဟုရာ ဟိပါသည်။ ၄င်းကို အဓမ္မမြန်မာမှုပြုပါက (မိုးထမှုံရေ) ဟုဖြစ်လားပါသဖြင့် အဓိပ္ပါယ်ကင်းမဲ့လားပါသည်။ ထို့ကြောင့် ဤကာရံများမှာ မြန်မာမှုပြုမရသော ရခိုင်ကာရံများဖြစ်ပါသည်။

“ရွက်ဟောင်းလည်းကြွီ၊ ညွန့်ရိုးတံမှာ၊ ပတ်ရံစုကေ၊ ရွက်နုဝီလို့၊ အနီအဝါ၊ ပန်းများစွာလည်း၊ မုံကာပွင့်ဖူး၊ သင်းပျံ့ကြိုင်ကေ၊ ဂနိုင်ဦးမှာ၊ ပျော်မြူးဝဲပျံ၊ ကျီးငှက်သံဖြင့်၊ ညိုးညံချိုမြ၊ တောဂနိုင်လေ၊ မြိုင်အလှကို၊ ဝဝရှုကာ၊ တတောဝင်ကေ၊ တပြင်သန်းလို့၊ လှမ်းလတ်ပါသော်”

“ရွက်ဟောင်းလည်းကြွီ၊ ညွန့်ရိုးတံမှာ၊ ပတ်ရံစုကေ၊ ရွက်နုဝီလို့၊ အနီအဝါ”

ဤအပိုဒ်တွင်လည်း (ကြွီ) (၀ီ) (နီ) ကို ကာရံယူထားသဖြင့် မြန်မာမှုပြုလျှင် ”ရွက်ဟောင်းလည်းကြွေ၊ ညွန့်ရိုးတံမှာ၊ ပတ်ရံစုကေ၊ ရွက်နုဝေလို့၊ အနေအဝါ” ဟုရပါသည်။ မြန်မာတွင်လည်း (အနေအ၀ါ) ဟုမဟိပါ။ (အနီအ၀ါ) ဟုရာဟိပါသည်။ ထို့ကြောင့် ဤကာရံမှာလည်း မြန်မာမှုပြုမရသော ရခိုင်ကာရံစစ်စစ်ဖြစ်ပါသည်။

”သနားတုံပြီး၊ ကြောင်းထိုထိုကို၊ သိလိုခြင်းနှင့်၊ သတင်းမီးလို့”

ဤအပိုဒ်တွင်လည်း (ပြီး) နှင့် (မီး) ကို ကာရံယူထားပါသည်။ ၎င်းကို မြန်မာမှုပြုမည်ဆိုပါက “သနားတုံပြေး၊ ကြောင်းထိုထိုကို၊ သိလိုခြင်းနှင့်၊ သတင်းမေးလို့” ဟု ရပါသည်။ မြန်မာတွင်လည်း (စားပြီး) (သောက်ပြီး) ဟုရာ ဟိပါသည်။ (စားပြေး၊ သောက်ပြေး) ဟု မဟိပါ။ ထို့ကြောင့် (သနားတုံပြေး) ဆိုသည်မှာ လုံးဝအဓိပ္ပါယ်မဟိပါ။ ထို့ကြောင့် ဤကာရံသည်လည်း မြန်မာမှုပြုမရသော ရခိုင်ကာရံဖြစ်ပါသည်။

ထို့ကြောင့် (မေး) ဆိုသည်မှာ ရခိုင်စာမဟုတ်ပါ။ မြန်မာစာ၊ မြန်မာစကားဖြစ်ပါသည်။ စာရွီးသောအခါ (မေးမြန်းသည်၊ သတင်းမေးသည်) ဟု ရွီးနီကတ်ပြီ မြန်မာစာကို ရခိုင်စာဟု အသျှင်ခံနီကတ်သည်များမှာ ရခိုင်သား၏၀မ်းတွင်းပါ ကာလနာဖြစ်ပါသည်။

နောက် အပိုဒ် (၃) (၄) (၅) စသည်ဖြင့် ကျန်အပိုဒ်များ၌ ကျန်ဟိနီသော မြန်မာမှုပြုမရသောကာရံများကို တခုချင်း တပိုဒ်ချင်းဖော်ပြလားပါမည်။



(၃)

“ကျွန်းဦးမြီမှာ၊ သပြီခလို့၊ ရောင်မြဝီဝီ၊ အောင်ခြင်းညံ၍၊ အောင်သံကျူးလို့၊ ဇမ္ဗူဒီမှာ၊ သညီဝေါဟာ၊ ထောပနာနှင့်၊ သြဘာသောင်းသောင်း၊ သတင်းပေါ်၍၊ နင်းကျော်ဘိကေ၊ သီရိချောင်းတွင်“

(မြီ) (ပြီ) (ဝီ) (ဒီ) (ညီ) ကာရံယူထားသည်ကို တွိရပါသည်။

ဤအပိုဒ်ကို မြန်မာမှုပြုလျှင်

“ကျွန်းဦးမြေမှာ၊ သပြေခလို့၊ ရောင်မြဝေေ၀၊ အောင်ခြင်းညံ၍၊ အောင်သံကျူးလို့၊ ဇမ္ဗူဒေမှာ၊ သညေဝေါဟာ” ဆိုပြီးကေ ရပါသည်။ “သညေဝေါဟာ” ဆိုသည်မှာ ကကောင်းရယ်ဖို့ ကောင်းပါသည်

“ပထွန်းကျက်သရီ၊ လှဆန်းညီကေ၊ အိမ်ခြီများစွာ၊ လီညင်းသွန်၍၊ ပျော်ရန်ကောင်းကေ၊ ဇီးချောင်းရွာက”

(ရီ) (ညီ) (ခြီ) ကာရံယူထားသည်ကို တွိရပါသည်။

ဤအပိုဒ်ကို မြန်မာမှုပြုလျှင်

“ပထွန်းကျက်သရေ၊ လှဆန်းညေကာ၊ အိမ်ခြေများစွာ၊ လေညှင်းသွန်၍၊ ပျော်ရန်ကောင်းဘိ၊ ဇီးချောင်းရွာ“ ဟု ရပါသည်။

မြန်မာတွင်လည်း “ညီညာသည်” ဟုရာဟိပါသည်။ “ညေညာသည်“ ဟု မဟိပါ။ ထို့ကြောင့် “လှဆန်းညေ“ ဆိုသည်မှာ ရယ်စရာဟာသဖြစ်ပါသည်။

“မကြာထုတ်ချောက်၊ မောင်သက်ဝီမှာ၊ လှမ်းချီရောက်က၊ တထောက်နားကာ“

(၀ီ) (ချီ) ကာရံယူထားသည်ကို တွိရပါသည်။

ဤအပိုဒ်ကို မြန်မာမှုပြုလျှင်

“မကြာထုတ်ချောက်၊ မောင်သက်ဝေမှာ၊ လှမ်းချေရောက်က၊ တထောက်နားကာ“ ဟု ရပါသည်။ မြန်မာတွင်လည်း “လှမ်းချီသည်” ”ချီတက်သည်“ စသည်ဖြင့်ရာ ဟိပါသည်။ “လှမ်းချေသည်“ ဟူ၍ မဟိပါ။

“သိချင်လို၍၊ ရှိကိုလားသော်၊ ထူးခြားသာလွန်၊ ဥယျာဉ်ခြံနှင့်၊ သီးနှံမျိုးမျိုး၊ တူးဆွလှန်ကေ၊ ပေါက်ထွန်တိုးလို့”

(သိ) နှင့် (ရှိ) ကို ကာရံယူထားပါသည်။ မြန်မာမှုပြုမည်ဆိုလျှင်

“သေ့ချင်လို၍၊ ရှေ့ကိုသွားသော်၊ ထူးခြားသာလွန်၊ ဥယျာဉ်ခြံနှင့်၊ သီးနှံမျိုးမျိုး၊ တူးဆွလှန်ကေ၊ ပေါက်ထွန်တိုးလို့” ဟု ရပါသည်။ မြန်မာစာတွင်လည်း “သေ့သည်” ဟူ၍ မဟိပါ။ “သိသည်” ဟူ၍ရာ ဟိပါသည်။

တချို့အပိုဒ်တွင် “ကျက်သရီ” တချို့အပိုဒ်တွင် “ကျက်သရေ“ စသည်ဖြင့် ၀ိဝါဒကွဲလွဲချက်များဟိသည်။ “ကျက်သရီ“ လား “ကြက်သရေ“ လား “ကျက်သရေ“ လားဆိုသည်ကို သုတေသနပြုရန်လိုအပ်သည်။

အများနားလည်အောင် မြန်မာများလည်းဖတ်လို့ရအောင် အကြောင်းပြချက်ဖြင့် ရခိုင်စာကို မြန်မာမှုပြုချင်ပါရေလား။ ဂေါင်းအီးအီးထား စဉ်းစားသင့်သည်။ ဆီဆွတ်ဝါဒဖြင့် ရခိုင်စာပီကို မဖျက်ဆီးသင့်ပါ။ မြန်မာစာကို မြန်မာများက မြန်မာအတိုင်းရွီး၍ ရခိုင်များနားလည်းနိုင်လျှင် ပဇာအတွက်ကြောင့် ရခိုင်စာကို ရခိုင်အတိုင်းရွီး၍ မြန်မာများက နားမလည်နိုင်ဖြစ်ရပါမည်နည်း။



(၄)

”လှည့်ကာပတ်ဝန်း၊ ကြည့်ပြီးကေလျှင်၊ ရွာလယ်လမ်းက၊ ဖြောင့်တန်းမှန်စွာ၊ တောင်ဒိသာသို့၊ လှမ်းလာပြန်က၊ ဥဿပကေ၊ နွားလှနှစ်ထွန်၊ ခရီးစွန်တွင်၊ ဝင်းခြံပြိုင်းပြိုင်း၊ တဆိုင်းဆိုင်းနှင့်၊ တံတိုင်းပမာ၊ ရံဝိုင်းကာ၍၊ များစွာအိမ်ခြီ၊ ပြည့်ဝှန်းစီကေ၊ ဆန်ရီစပါး၊ ဝတ်အထည်ကေ၊ ရွှီငွေများနှင့်“

ဤအပိုဒ်တွင်

“များစွာအိမ်ခြီ၊ ပြည့်ဝှန်းစီကေ၊ ဆန်ရီစပါး“ (ခြီ) (စီ) (ရီ) ကို ကာရံယူထားသည်ကို တွိရပါသည်။

၎င်းအပိုဒ်ကို မြန်မာမှုပြုလျှင်

“များစွာအိမ်ခြေ၊ ပြည့်ဝှန်းစေကာ၊ ဆန်ရေစပါး” ဟု ရပါသည်။

မြန်မာတွင်လည်း (စီသည်။ စီတန်းသည်။ တန်းစီသည်) ဟူ၍ရာ ဟိပါသည်။ (စေတန်းသည်။ တန်းစေသည်) ဟုမဟိပါ။ ထို့ကြောင့် (ပြည့်ဝှန်းစေသည်) ဆိုသည်မှာ လုံးဝအဓိပ္ပါယ်မဟိပါ။ ထို့ကြောင့် ဤကာရံသည်လည်း မြန်မာမှုပြုမရသော ရခိုင်ကာရံစစ်စစ်ဖြစ်ပါသည်။ (အိမ်ခြီ၊ ဆန်ရီစပါး) ဆိုသည်မှာ ရခိုင်စကား၊ ရခိုင်စာ၊ ရခိုင်ဝေါဟာရစစ်စစ်ဖြစ်ပါသည်။ (ဆန်ရေစပါး) ဟု ရွီးပြီး မြန်မာစာကို ရခိုင်စာဟု အသျှင်မခံသင်ပေ။



(၅)
“များလှလူသျှင်၊ စေတီပြင်ဟု၊ ခေါ်တွင်မညီး၊ ဓညမည်ကေ၊ ပြည်တော်ဝှမ်းမှာ၊ ပန်းသို့မွှီးလို့၊ ရပ်ကြီးသာယာ၊ ဤသည်ရွာလည်း၊ ဓညာနိဂုဏ်း၊ ပတ်ဝိုင်းကျင်ကေ၊ ဆင်ခြီဖုန်းဟု၊ ရွှီဘုန်းသက်ဝီ၊ မြဲမကွာဘဲ၊ စွဲကာထားကေ၊ မှတ်သားလီလေး”

ဤအပိုဒ်တွင်လည်း

“ခေါ်တွင်မညီး၊ ဓညမည်ကေ၊ ပြည်တော်ဝှမ်းမှာ၊ ပန်းသို့ မွှီးလို့၊ ရပ်ကြီးသာယာ”

(ညီး၊ မွှီး၊ ကြီး) ကာရံယူထားသည်ကို တွိရပါသည်။

၎င်းကို မြန်မာမှုပြုမည်ဆိုပါက

“ခေါ်တွင်မညေး၊ ဓညမည်ကေ၊ ပြည်တော်ဝှမ်းမှာ၊ ပန်းသို့မွှေးလို့၊ ရပ်ကြေးသာယာ” ဟု ရပါသည်။

(ရပ်ကြေးသာယာ) ဟူသောစကားမှာ ဟာသဖြစ်ပါသည်။ မြန်မာစာတွင်လည်း (ကြီးသည်၊ ငယ်သည်) ဟုရာဟိပါသည်။ (ကြေးသည်၊ ငယ်သည်) ဟုမဟိပါ။

ထို့ကြောင့် ဤကာရံမှာ မြန်မာမှုပြုမရသော ရခိုင်ကာရံများဖြစ်ပါသည်။ ဤကာရံကိုထောက်၍ (ညီး၊ မွှီး၊ ကြီး) ကို ကာရံယူထားသဖြင့် ( မွှီး ) ဆိုသည်မှာ ရခိုင်စကား၊ ရခိုင်စာ၊ ရခိုင်ဝေါဟာရဖြစ်ပါသည်။

(မွေှ့း) ဟုရွီးပြီး မြန်မာစာကို ရခိုင်စာဟု အသျှင်မခံသင့်ပေ။



(၆)

“မှတ်သားမယေကောင်းစွာ၊ ဤရပ်ရွာက၊ အရာတထောက်၊ ၀ါးပြန်တာဖြင့်၊ ငါးရာဟိကေ၊ အရှိမြောက်သို့”

(ဟိ) နှင့် (ရှိ) ကို ကာရံယူထားသည်ကို တွိရပါသည်။

၎င်းကိုမြန်မာမှုပြုလျှင်

“ငါးရာရှိကာ၊ အရှေ့မြောက်သို့” ဟု ရပါသည်။

(ရှိ) နှင့် (ရှေ့) ကာရံလွတ်လားပါသည်။

(ရှိ) သည် ရခိုင်စကား ရခိုင်ဝေါဟာရစစ်စစ်ဖြစ်ပါသည်။ အသံထွက်သောအခါ (Rhi) ဟု အသံထွက်ပါသည်။ မြန်မာပိုင်ယှောင် (shi) ဟု အသံမထွက်ပါ။

စာရွီးသောအခါ (အရှိဖက်၊ အရှိအနောက်) စသည်ဖြင့် ရွီးရပါမည်။ (အရှေ့ဖက်၊ အရှေ့အနောက်) ဟု ရွီးပြီး မြန်မာစာကို ရခိုင်စာဟုအသျှင်ခံပါက သင့်ကိုလူအများ ရယ်ခြင်းပြုပါလိမ့်မည်။

(ရှိ) သည်မြန်မာကဲ့သို့ ပိုင်ဆိုင်သည်ဟုအဓိပ္ပါယ်မရဘဲ (East) အရှိအရပ်ဟုအဓိပ္ပါယ်ရပါသည်။



(၇)
မုနိသျှင်မှာ၊ ခုလျှင်တလီ၊ စံမြန်းပျော်ကေ၊ သိမ်တော်အောက်မှ၊
ကွယ်ပျောက်ပြီဟု၊ စာပီရွီးလျှက်”

(လီ) (ပြီ) (ပီ) ကို ကာရံယူထားသည်ကိုတွိရပါသည်။

၎င်းကိုမြန်မာမှုပြုလျှင် “ခုလျှင်တလေ၊ စံမြန်းပျော်ကာ၊ သိမ်တော်အောက်မှ၊ ကွယ်ပျောက်ပြေဟု၊ စာပေရွီးလျှက်” ဟု ရပါသည်။

မြန်မာတွင်လည်း (ကွယ်ပျောက်ပြေ) ဟု မဟိပါ။ (ကွယ်ပျောက်ပြီ) ဟုရာ ဟိပါသည်။
ထို့ကြောင့် ကာရံ (လီ) (ပြီ) (ပီ) ကိုထောက်၍ (စာပီ) ဆိုမှရာ
ရခိုင်ဝေါဟာရအမှန်ဖြစ်ကြောင်း တပ်ပြအပ်ပါသည်။

ရခိုင်စာပီနှင့်ယဉ်ကျေးမှုကော်မီတီ တက္ကသိုလ်များ (ရန်ကုန်)
ရခိုင်သားကြီးစာပီ ဟူ၍ရာ ဖြစ်ရပါမည်။



(၈)

“ဆီမီးပြောင်ပြောင်၊ ညှိထွန်းထောင်၍၊ အရောင်ထိန်လက်၊ လင်းအာရုံတွင်၊
သံစုံကျူးကေ၊ ဖူးဝတ်တက်လို့၊ နှုတ်မြွက်ချိုမြ၊ များသတ္တေလေ၊ ဝေနေယျကို
အမျှအညီ၊ ရကြစီဟု၊ ပီးဝီတုံပြီး၊ ခေါင်းလောင်းသံဖြင့်၊ ဆူညံဟီးလို့”

“အမျှအညီ၊ ရကြစီဟု၊ ပီးဝီတုံပြီး” (ညီ) (စီ) (၀ီ) ကို
ကာရံယူထားသည်ကိုတွိရပါသည်။

၎င်းကို မြန်မာမှုပြုလျှင် “အမျှအညေ၊ ရကြစေဟု၊
ပေးဝေတုံပြီး” ဟု ရပါသည်။

(အမျှအညေ၊ အညေအမျှ) ဟု မြန်မာတွင်လည်းမဟိပါ။
(အညီအမျှ) ရာဟိပါသည်။

(ပီးဝီသည်။ ၀ီခြမ်းသည်၊ ၀ီမျှသည်၊ ၀ီငှသည်)
စသည့်ဝေါဟာရများမှာ ရခိုင်စာဖြစ်ပါသည်။

(ဝေငှသည်၊ ပေးဝေသည်) ဆိုသည်မှာ မြန်မာစာဖြစ်ပါသည်။

(ညီ၊ စီ၊ ၀ီ) ကာရံကိုထောက်၍ ဆုတောင်းအမျှဝီရာတွင်လည်း (ကျမ္မာပါစီ၊ ချမ်းသာပါစီ၊ လုပ်တိုင်းအောင် ကြံတိုင်းမြောက်ပါစီ) ဟု စီကာရံဖြင့် ရွီးသားရမည်ဖြစ်ကြောင်း သိသာထင်ရှားသည်။

(ပုံနှိပ်ထုတ်ဝေသည်) ဟူသောစကားတွင်လည်း (၀ီခြမ်းသည်။ ၀ီမျှသည်)
(ဖြန့်ချီသည်) ဟုအဓိပ္ပါယ်သက်ရောက်သဖြင့် (ထုတ်ဝီသည်) ရာ
အမှန်ဖြစ်သည်။ (ထုတ်ဝေသည်) ဟူသည်မှာ မြန်မာစကား၊ မြန်မာစာဖြစ်သည်။ (ထုတ်ဝေသည်) ဟု ရွီးသားလျှက် မြန်မာစာကို ရခိုင်စာဟု အသျှင်မခံသင့်ပေ။



(၉)

“မျက်စပြုံးချို၊ မောင်လူပျိုရို့၊ သံချိုအီးအီး၊ အံခြင်းဆို၍၊
စည်ကိုတီးလျှက်၊ သံကြီးသံလတ်၊ ဘုံမောင်းစီ၍၊ ပြွီကိုမှုတ်ကေ၊
လက်ခုပ်ခတ်လို့”

“သံချိုအီးအီး၊ အံခြင်းဆို၍၊ စည်ကိုတီးလျှက်” ဟု (အီး) နှင့်
(တီး) ၊ (စီ) နှင့် (ပြွီ) ကို ကာရံယူထားသည်ကို တွိရပါလိမ့်မည်။

၎င်းကို
မြန်မာမှုပြုပါက “သံချိုအေးအေး၊ အံခြင်းဆို၍၊ စည်ကိုတေးလျှက်၊ သံကြေးသံလတ်၊
ဘုံမောင်းစေ၍၊ ပြွေကိုမှုတ်ကေ၊ လက်ခုပ်ခတ်လို့” ဟု ရပါသည်။

မြန်မာတွင်လည်း (တီးခတ်သည်၊ တီးမှုတ်သည်) ဟုရာဟိပါသည်။ (တေးခတ်သည်။ တေးမှုတ်သည်) ဟု မဟိပါ။

ထို့ကြောင့် (စည်ကိုတေးလျှက်) ဟူသည်မှာ ဟာသဖြစ်ပါသည်။ (သံချိုအီးအီး၊
အံခြင်းဆို၍၊ စည်ကိုတီးလျှက်) ဟူသော (အီး) (တီး) ကာရံကိုထောက်၍ (အီးချမ်းသည်၊
ချမ်းအီးသည်) ဆိုမှရာ ရခိုင်စကား၊ ရခိုင်စာဖြစ်ပါသည်။

(အေးချမ်းသည်၊ ချမ်းအေးသည်) ဆိုသည်မှာ မြန်မာစကား မြန်မာစာဖြစ်ပါသည်။

(ဘုံမောင်းစီ) ဆိုသည်မှာ ဘုံမောင်းများကို အစီအညီချထားသည့်သဖောဖြစ်ပါသည်။ (ဘုံမောင်းစေ) ဆိုသည်မှာ အဓိပ္ပါယ်မဟိပါ။

ထို့ကြောင့် (စီ) ကာရံကိုထောက်၍ (ပြွီ) ဟူဆိုမှသာလျှင် ရခိုင်ဝေါဟာအမှန်ဖြစ်ကြောင်းကောက်ချက်ချနိုင်ပါသည်။

(ပြွေ) ဆိုသည်မှာ မြန်မာစကားမြန်မာစာဖြစ်ပါသည်။ (သံကြီးသံလတ်) ကို (သံကြေးသံလတ်) ဟု မြန်မာမှုပြုသောအခါတွင်လည်း (သံသတ္တု၊ ကြေးးသတ္တု) ဟု
အဓိပ္ပါယ်သက်ရောက်လားပါသဖြင့် ဤကာရံများကို မြန်မာမှုပြုမရသော
ရခိုင်ကာရံများဟုခေါ်ဆိုရခြင်းဖြစ်ပါသည်။



(၁၀)

“သာဂီဝင်ကေ၊ ဘုရင်ဆက်ကို၊ တွက်စစ်ရွီထား၊ များသွယ်သွယ်နှင့်၊
ငါးဆယ့်ငါးလျှင်၊ စံစားပျော်မှီ၊ နှစ်လီလီကို၊ တွက်ရွီသောခါ၊ ဆဧကာနှင့်၊
အဋ္ဌာဧက”

ဤအပိုဒ်တွင် “စံစားပျော်မှီ၊ နှစ်လီလီကို၊ တွက်ရွီသောခါ” ဟု (မှီ) (လီ)
(ရွီ) ကို ကာရံယူထားသည်ကို တွိမြင်ရပါလိမ့်မည်။

၎င်းကို မြန်မာမှုပြုမည်ဆိုပါက “စံစားပျော်မှေ၊ နှစ်လေလေကို၊ တွက်ရွေသောခါ” ဟု
ရပါသည်။

(တွက်ရွေ) ကိုလိုက်၍ (ပျော်မှေ၊ နှစ်လေလေ) ဖြစ်လားပါသဖြင့်
လုံးဝအဓိပ္ပါယ်ကင်းလွတ်လားပါသည်။

ထို့ကြောင့် ဤကာရံများကိုထောက်၍ (ရွီတွက်သည်) ရာ ရခိုင်စကားအမှန်ဖြစ်ကြောင်းကောက်ချက်ချနိုင်ပါသည်။
(ရွေတွက်သည်) ဆိုသည်မှာ မြန်မာစကားမြန်မာစာဖြစ်ပါသည်။

”ဆက်နွယ်မပျက်၊ ထီးနန်းထိုင်၍၊ စိုးပိုင်ပြီးကေ၊ သားမြီးဆက်လို့”

ဤအပိုဒ်တွင်လည်း “စိုးပိုင်ပြီးကေ၊ သားမြီးဆက်လို့” ဟု (ပြီး) နှင့် (မြီး)
ကို ကာရံယူထားသည်ကိုတွိရပါသည်။ ထို့ကြောင့် (မြီးမြစ်တီတွတ်၊
သားစိုင်မြီးဆက်) စသည်ဖြင့် (မြီး) သည်ရာ ရခိုင်စကားအမှန်ဖြစ်ပါသည်။

၎င်းကာရံကို မြန်မာမှုပြုလျှင် “စိုးပိုင်ပြေးကေ၊ သားမြေးဆက်လို့” ဟူ၍
ရပါသည်။ (ပြေး) သည်ဆိုပါက ထီးနန်းစိုးပိုင်သည်ဟု အဓိပ္ပါယ်မရဘဲ (ထီးနန်းထက်က
ထွက်ပြီးသည်) ဟု ပြောင်းပြန်အဓိပ္ပါယ်သက်ရောက်ပါသည်။ ထို့ကြောင့် Grand son
ကို (မြီး) ဟု သုံးမှ ရခိုင်စာဖြစ်ပါသည်။ (မြေး) ဟု သုံးပြီး
ရခိုင်စာဟုအသျှင်ခံသည်မှာ ရှက်ကောင်းထမန်းဖြစ်ပါသည်။ အာရီယံများ
စဉ်းစားသင့်ချိန်တန်ပြီးဖြစ်သည်။


(၁၁)

“မြတ်စွာဘုန်းဟိ၊ တန်းခိုးဖန်ကေ၊ ယာဉ်ပျံထက်က၊ ဆင်းသက်ဘိ၍၊ အရှိမျက်နှာ”

ဤအပိုဒ်တွင် (ဟိ) (ဘိ) (ရှိ) ကို ကာရံယူထားသည်ကို တွိရပါလိမ့်မည်။

၎င်းကို မြန်မာမှုပြုမည်ဆိုပါက “မြတ်စွာဘုန်းဟေ့၊ တန်းခိုးဖန်ကေ၊ ယာဉ်ပျံထက်က၊ ဆင်းသက်ဘေ့၍၊ အရှေ့မျက်နှာ“ ဟု ရပါသည်။

(မြတ်စွာဘုန်းဟေ့) (ဆင်းသက်ဘေ့၍) ဟူသောဝေါဟာရများမှာ လုံးဝအဓိပ္ပါယ်ကင်းမဲ့သော ဝေါဟာရများဖြစ်သဖြင့် မြန်မာမှုပြု၍မရနိုင်ပေ။



(၁၃)

(နှစ်ကောဇာလျှင်၊ တရာ့နှစ်ဆယ်၊ သုံးခုကယ်တွင်၊ ရောင်ခြည်ဝင်းပ၊ ပူပြင်းတုံကေ၊ ကဆုံလ၏၊ ပြည့်ထရက်မှာ၊ နိဗုဒ္ဓါတွင်၊ စကာသွန်းဘိ၊ ဆုတ်ပက္ခာသို့၊ လွန်လာပြုကေ၊ ဂုရုနိတွင်၊ ထိန်ညီးရူပ၊ လျှပ်စစ်ရောင်သို့၊ ပြောင်ပြောင်လင်းကေ၊ ဆင်းဗုဒ္ဓကို၊ ပဉ္စလောဟာ၊ ရတနာဖြင့်၊ သွန်းကာလုပ်ကေ၊ ခြောက်ရောင်ထင်၍၊ မြင်မညီးအောင်၊ သွန်းပြီးရေလေး)

(စကာသွန်းဘိ၊ ဆုတ်ပက္ခာသို့၊ လွန်လာပြုကေ၊ ဂုရုနိတွင်)

(ဘိ) နှင့် (နိ) ကို ကာရံယူထားသည်ကို တွိရပါလိမ္မည်။

၎င်းကို မြန်မာမှုပြုလျှင်

(စကာသွန်းဘေ့၊ ဆုတ်ပက္ခာသို့၊ လွန်လာပြုကေ၊ ဂုရုနေ့တွင်) ဟု ရပါသည်။ (စကာသွန်းဘေ့) ဟူသည်မှာ အဓိပ္ပါယ်ကင်းမဲ့သော စကားလုံးဖြစ်သည်။ ထို့ကြောင့် ဤကာရံမှာ မြန်မာမှုပြုမရသော ရခိုင်ကာရံစစ်စစ်ဖြစ်ပါသည်။


(၁၄)

(ဦးထိပ်ရိုသေ၊ ဂါရဝေဖြင့်၊ တာရှည်စိတ်ညွတ်)

ဤအပိုဒ်တွင် (သေ) နှင့် (ဝေ) (ရှည်) ကို ကာရံယူထားသဖြင့် (ရိုသီ) ထက် (ရိုသေ) သည် အမှန်ဖြစ်ကြောင်း ကောက်ချက်ချနိုင်ပါသည်။ ရခိုင်စာတွင် (သဝေထိုး) ကာရံဟူသမျှကို (--ီ) ကာရံပြောင်း၍ မရနိုင်ပါ။

(မဟာမုနိ၊ အမည်တွင်ကေ၊ သျှင်ဗောဓိကို၊ နိညိမသွယ်၊ သိမ်တော်ပြင်မှာ၊ ဦးတင်ညွတ်ကေ၊ ဆည်းကပ်တေလေး)

(နိ) (ဓိ) (နိညိ) ကာရံယူထားသည်ကို တွိရပါသည်။

၎င်းကို မြန်မာမှုပြုလျှင်

(မဟာမုနေ့၊ အမည်တွင်ကေ၊ သျှင်ဗောဓေ့ကို၊ နေ့ညမသွယ်) ဟု ရပါသည်။

(မဟာမုနေ့၊ ဗောဓေ့) ဆိုသည်မှာ လုံးဝ ယုတ္တိယုတ္တာမဟိပါ။

ထိုကြောင့် ဤကာရံများမှာ လုံးဝ မြန်မာမှုပြုမရသော ရခိုင်ကာရံများဖြစ်ပါသည်။

(နိ) ဆိုသည်မှာ ရခိုင်စာ၊ ရခိုင်စကား၊ ရခိုင်ဝေါဟာရဖြစ်၍ (နေ့) ဆိုသည်မှာ မြန်မာစာ၊ မြန်မာစကား။ မြန်မာဝေါဟာရဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်နားလည်သင့်ပါသည်။



(၁၅)

(စိစိစပ်စပ်၊ နောင်အစဉ်လေ၊ ရခိုင်သားရို့၊ သိထားကတ်အောင်၊ လေးရပ်တိုင်းခွင်)

(စပ်) (ကတ်) (ရပ်) ကို ကာရံယူထားသည်ကို တွိရပါသည်။ (စဉ်) နှင် (ခိုင်) ကို ကာရံယူထားသည်ကို တွိရပါသည်။ ထို့ကြောင့် ရခိုင်စာ၌ (စဉ်) ကို (စိုင်) ဟု အသံထွက်သည်ကို သိသာသည်။

(ဤကဗျာကို၊ ပြည်ရွာညွန့်ဖူး၊ နန်းဘုံဆောင်ဖြင့်၊ ပြောင်ပြောင်တောက်ကေ၊ မြို့မြောက်ဦး၌၊ ပျော်မြူးစဖွယ်၊ ကျောက်ရစ်ကေဟု၊ အမည်သာယာ၊ ရပ်မဟာတွင်၊ ပညာပြည့်ဝ၊ ဟာသဥာဏ်နှင့်၊ မောင်စံလှဟု၊ နာမသညာ၊ ငါဆရာလျှင်၊ ကဗျာစီတန်း၊ သာခြင်းသံကို၊ ကာရံဆန်းနှင့်၊ နှစ်ခန်းမြောက်စွာ၊ ကုံးပြီးပါ၍)

ဤအပိုဒ်ကိုထောက်၍ ကဗျာစာဆို၏မွီးရပ်ဇာတိနှင့် အမည်နာမကို ဖော်တုတ်နိုင်သည်။



(၁၆)

(ထွက်လားချီဘိ၊ ဆန်းစကြုံ၍၊ ကဆုန်ကူးကေ၊ ဗုဒ္ဓူးနိတွင်၊ သိမ့်သိမ့်ကျော်ညာ)

(ဘိ) (နိ) (သိမ့်) ကာရံယူထားသည်ကို တွိရပါလိမ္မည်။

ဤကာရံကို မြန်မာမှုပြုလျှင်

(ထွက်လားချီဘေ့၊ ဆန်းစကြုံ၍၊ ကဆုန်ကူးကေ၊ ဗုဒ္ဓဟူးနေ့တွင်၊ သေ့သေ့ကျော်ညာ) ဟု ရပါသည်။

(ထွက်လားချီဘေ့) (သေ့သေ့ကျော်ညာ) ဆိုသည်မှာ လုံးဝအဓိပ္ပါယ်ကင်းမဲ့သော ဝေါဟာရများဖြစ်ပါသည်။ ထို့ကြောင့် ဤကာရံများမှာ လုံးဝမြန်မာမှုပြုမရသော ရခိုင်ဝေါဟာရ၊များဖြစ်ပါသည်။


(၁၇)

(ဌာနေသီရိ၊ သေအချာဖြင့်၊ ဝေသာလိကို၊ ပြောင်းရွှိတည်ထောင်)

(ရိ) (လိ) (ရွှိ) ကို ကာရံယူထားသည်ကို တွိနိုင်ပါသည်။

၎င်းကို မြန်မာမှုပြုလျှင်

(ဌာနေသီရေ့၊ သေအချာဖြင့်၊ ဝေသာလေ့ကို၊ ပြောင်းရွှီ့တည်ထောင်) ဟု ရပါသည်။

(ဌာနေသိရေ့) (ဝေသာလေ့) ဆိုသည်မှာ လုံးဝအဓိပ္ပါယ်မဟိသော စကားလုံးများဖြစ်ပါသည်။ ထို့ကြောင့် ဤကာရံများမှာ လုံးဝမြန်မာမှုပြုမရသော ရခိုင်ကာရံများဖြစ်ပါသည်။

(ဘုန်းတောက်ပါရမီ၊ မဟာဆွီကေ၊ သာဂီမင်းမျိုး)

ဤအပိုဒ်တွင်လည်း (မီ) (ဆွီ) (ဂီ) ကို ကာရံယူထားပါသည်။

၎င်းကို မြန်မာမှုပြုလျှင်

(ဘုန်းတောက်ပါရမေ၊ မဟာဆွေလျှင်၊ သာဂေမင်းမျိုး၊) ဟု ရပါသည်။

(ပါရမေ) (သာကေ) ဆိုသည်မှာ ယုတ္တိယုတ္တာမဟိသော စကားလုံးများဖြစ်ပါသည်။

ဤကာရံကိုဆောက်၍ (ဆွေမျိုး) ထက် (ဆွီမျိုး) (မင်းဆွီမင်းမျိုး) သည်ရာ ရခိုင်အမှန်ဖြစ်ကြောင်း သိသာသည်။

(ထူလစန္ဒြား၊ တွင်ငြားတဖြာ၊ အာနန္ဒာဟု၊ သညာဘွဲ့ရ၊ ထိုဘုရင်မှာ၊ ကြင်မ၀ကေ၊ အလှကြံညီ၊ ရူပိနီဟု၊ ဒေ၀ီရတနာ၊ ဘွဲ့သညာမှာ၊ ကုမ္မာမိဖုရား၊ လှအောင်ချာကို၊ တောင်ညာထားလို့၊ စံစားတုံလစ်၊ မှတ်သင်္ချာလေ၊ ကောဇာနှစ်လျှင်၊ တွက်စစ်ငါးရာ၊ ရောက်သောခါတွင်၊ သုံးဖြာပိဋကတ်၊ မြတ်ဇိနော်လေ၊ ဟောဖော်ဘိကေ၊ ပရိယာတ်ကို၊ ကြီးချပ်၌မှာ၊ ရွီးထိုးကာဖြင့်၊ သံဃာယနံ၊ ပဉ္စနံကို၊ မင်းမွန်စောထီး၊ မြို့ဝေသာမှာ၊ သံဃာများနှင့်၊ တင်ထားပြီးသော်)

(ထူလစန္ဒြား၊ တွင်ငြားတဖြာ၊ အာနန္ဒာဟု) ဤအပိုဒ်က ရခိုင်သမိုင်းပညာသျှင်များ မဖော်ထုတ်နိုင်သိမ့်သော အာနန္ဒစန္ဒြားဘုရင်အသူလဲ အမီးပုစ္ဆာကို အဖြေဖော်ထုတ်လျှက်ဟိသည်။ ၄င်း ထူလစန္ဒြား (ခေါ်) အာနန္ဒစန္ဒြား ဘုရင်မှာ ဝေသာလီ၌ သံဃာယနာတင်ခသည်ကို ဖော်ပြထားသည်။



(၁၈)

(ရောဂါကောင်းရီး၊ ပင်ညောင်ညိုကို၊ ဖျက်ဖြိုလှီး၍၊ မီးနှင့်လည်းတိုက်၊ ဖွီးဖွီးဖြူ၍၊ ပြာပုံဖြစ်လျှင်)

(ရီး) (လှီး) (မီး) ကို ကာရံယူထားသည်ကို တွိရပါသည်။

ဤကာရကို မြန်မာမှုပြုလျှင်

(ရောဂါကောင်းရေး၊ ပင်ညောင်ညိုကို၊ ဖျက်ဖြိုလှေး၍၊ မေးနှင့်လည်းတိုက်၊ ဖွေးဖွေးဖြူ၍၊ ပြာပုံဖြစ်လျှင်) ဟူ၍ ရပါသည်။

(ဖြိုလှေးသည်။ မေးနှင့်တိုက်သည်) ဆိုသည်မှာ လုံးဝအဓိပ္ပါယ်မဟိပါ။ ထို့ကြောင့် ဤကာရံများမှာ မြန်မာမှုပြုမရသော ကာရံများဖြစ်ပါသည်။


(၁၉)

(မြနှစ်ပုံချီ၊ မဟာဆွီကေ၊ ဇာနီမှန်ငြား၊ ဘုန်းတော်ဖြာ၍၊ အာဏာလွှမ်းကေ၊ စန္ဒြားဟု၊ ထင်ရှားကျော်မြောက်၊ ပြည်ရခိုင်မှာ၊ မည်မပျက်ဘဲ၊ ကိုးဆက်မြောက်)

(ချီ) (ဆွီ) (နီ) ကို ကာရံယူထားသည်ကို တွိရပါသည်။

ယင်းကို မြန်မာမှုပြုလျှင်

(မြနှစ်ပုံချေ၊ မဟာဆွေကေ၊ ဇာနည်မှန်ငြား) ဟု ရပါသည်။

(မြနှစ်ပုံချေ) ဆိုသည်မှာ ဖတ်ရမကောင်း အရုပ်ဆိုးပါသည်။ ထို့ကြောင့် ဤကာရံမှာလည်း မြန်မာမှုပြုမရသော ရခိုင်ကာရံဖြစ်ပါသည်။

(ရှည်လျားနှစ်တာ၊ ခေတ်များစွာလျှင်၊ ကြာကာပြောင်းရွှိ၊ နောက်နောင်လာကေ၊ ပညာဟိဟု၊ က၀ိဆရာ၊ အဖြာဖြာရို့၊ ကဗျာရတု၊ ဧအံဆို၍၊ ထိုဝတ္ထုကို၊ ပြုစုသောခါ၊ စာနဂိုမှာ၊ အပိုသွင်းလို့၊ ရွီးခြင်းရာကြောင့်)

(ရွှိ) (ဟိ) (၀ိ) ကာရံယူထားသည်ကို တွိရပါသည်။

ယင်းကို မြန်မာမှုပြုလျှင်

(ကြာကာပြောင်းရွှီ့၊ နောက်နောင်လာခါ၊ ပညာဟေ့ဟု၊ ကဝေ့ဆရာ) ဟု ရပါသည်။

(ပညာဟေ့၊ ကဝေ့ဆရာ) ဆိုသည်မှာ ယုတ္တိယုတ္တာမဟိသော စကားလုံးများဖြစ်ပါသည်။

ထို့ကြောင့် ဤကာရံများကို မြန်မာမှုပြုမရသော ရခိုင်ကာရံများဟု ခေါ်ဆိုရခြင်းဖြစ်သည်။

(ကမ္ဘာမဟီ၊ ကုန်းထက်မြီမှာ၊ တူညီကျက်စား၊ သတ္တ၀ါလေ၊ ထောင်ရာများနှင့်)

(ဟီ) (မြီ) (ညီ) ကာရံယူထားသည်ကို တွိရပါသည်။

ဤသည်ကို မြန်မာမှုပြုလျှင်

(ကမ္ဘာမဟေ၊ ကုန်းထက်မြေမှာ၊ တူညေကျက်စား၊ သတ္တ၀ါလေ၊ ထောင်ရာများနှင့်) ဟု ရပါသည်။

(ကမ္ဘာမဟေ၊ တူညေ) ဆိုသည်မှာ အဓိပ္ပါယ်မဟိသော စကားလုံးများဖြစ်ပါသည်။ ထို့ကြောင့် ဤကာရံများမှာ မြန်မှာမှုပြုမရသော ရခိုင်ကာရံများဖြစ်ပါသည်။ (ကမ္ဘာမြီ) လား (ကမ္ဘာမြေ) လားဟူသည်ကို ဤကာရံဖြင့် ယှင်းလင်းသိသာနိုင်သည်။



(၂၀)

(၀င်းလဲ့ထိန်လျှံ၊ လက်စွပ်ပျံနှင့်၊ တန်သူမဟိ၊ ရက်လကြာအောင်၊ ရှာမတွိသော်)

(ဟိ) (တွိ) ကို ကာရံယူထားသညိကို တွိရပါသည်။

ယင်းကိုမြန်မာမှုပြုသော်

(တန်သူမရှိ၊ ရက်လကြာအောင်၊ ရှာမတွ့သော်) ဟု ရပါသည်။ (ရှိ) နှင့် (တွေ့) ကာရံလွတ်လားပါသည်။ ထို့ကြောင့် ဤကာရံမှာ မြန်မာမှုပြုမရသော ရခိုင်ကာရံဖြစ်ပါသည်။ ဤကာရံကိုထောက်၍ (တွိ) လား (တွေ့) လားဟူသည်ကို ပညာဟိများ ခွဲခြားသိမြင်နိုင်သည်။


(၂၁)

(ရှာလတ်မယေတုံကြ၊ မြရောင်ဝီ၍၊ နဒီမြစ်ကေ၊ ဂစ္ဆပဟု)

ဤကာရံတွင် (၀ီ) နှင့် (ဒီ) ကို ကာရံယူထားပါသည်။

ဤကာရံကိုမြန်မာမှုပြုလျှင်

(ရှာလတ်မယေတုံကြ၊ မြရောင်ဝေ၍၊ နဒေမြစ်ကေ၊ ဂစ္ဆပ) ဟူ၍ ရပါသည်။ (နဒေ) ဆိုသည်မှာ ရယ်စရာ ဟာသဖြစ်ပါသည်။ ထို့ကြောင့် ဤကာရံမှာ မြန်မာမှုပြုမရသော ရခိုင်ကာရံစစ်စစ်ဖြစ်ပါသည်။

(တရံခါတွင်၊ ရာဇာဘုရင်၊ စိတ်မရွှင်ကေ၊ အလျှင်ချီကာ၊ ထွက်ကြွလာ၍၊ သိင်္ဂါနဒီ၊ မြစ်ကမ်းခြီသို့၊ ရောက်လီကြပေ၊ စမ္ပဝေဟု)

ဤအပိုဒ်တွင် (ဒီ) (ခြီ) (လီ) ကို ကာရံယူထားသည်ကို တွိရပါသည်။

ဤသည်ကို မြန်မာမှုပြုလျှင်

(သိင်္ဂါနဒေ၊ မြစ်ကမ်းခြေသို့၊ ရောက်လေကြပေ၊ စမ္ပဝေ) ဟူ၍ ရပါသည်။ (နဒေ) ဆိုသည်မှာ ဆိုခသည့်အတိုင်း အဓိပ္ပါယ်မဟိပါ၍ ဤကာရံမှာ မြန်မာမှုပြုမရသော ရခိုင်ကာရံဖြစ်ပါသည်။ ဤကာရံကိုထောက်၍ (ကမ်းခြီ) လား (ကမ်းခြေ) လားဆိုသည်ကို အငြင်းပွားစရာမလိုဟု ယူဆသည်။


(၂၂)

(များအိမ်ခြီနှင့်၊ ပရိမ်မြို့ကို)

(ဂုဏ်ရည်တောက်ထွန်း၊ အောင်ချက်မြီလေ၊ ပရိန်နန်းမှာ)

(အိမ်ခြီ) (အောင်ချက်မြီ) (ပုရိမ်) ကာရံယူထားသည်ကို တွိရပါသည်။

ဤသည်ကို မြန်မာမှုပြုလျှင်

(များအိမ်ခြေနှင့်၊ ပရေမြို့ကို)
(ဂုဏ်ရည်တောက်ထွန်း၊ အောင်ချက်ေုမလေ၊ ပရေနန်းမှာ) ဟူ၍ ရပါသည်။

(ပရေ) မြို့ဟူ၍ ရခိုင်ရာဇ၀င်တွင်မဟိပါ။ (ပရိန်) ဟူ၍ရာ ဟိပါသည်။ ထို့ကြောင့် ဤကာရံမှာ မြန်မာမှုပြုမရသော ရခိုင်ကာရံဖြစ်ပါသည်။


(၂၃)

သက္ကရာဇ်ကို၊ တွက်စစ်ခါဝယ်၊ တထောင်ကယ်၍၊ တဆယ့်လေးခု၊ တိုင်းဌာနီလေ၊ ပြည်မြောက်ဦးတွင်၊ လက်ရုန်းပညာ၊ ဘုန်းရောင်ဖြာကေ၊ စန္ဒသုဓမ္မ၊ ကျက်သရီနှင့်၊ တက်နီကြွသို့၊ ရာဇာဘုရင်၊ ယခုခါတွင်၊ သိင်ဂီနန်းမှာ၊ စံမြန်းရွှင်ဟု၊

ဤအပိုဒ်ကိုထောက်၍ မြောက်ဦးမြို့ ဘုရင်စန္ဒသုဓမ္မရာဇာစိုးစံသည့်ကာလ သက္ကရာဇ် (တထောင့်တဆယ့်လေး) ခုနှစ်တွင် စာဆိုသည် မဟာမုနိသို့ခရီးတခေါက် လားရောက်ပြီး မဟာမုနိ နိဂုံးရွာများသမိုင်းသာခြင်းကို ရွီးစပ်ခခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဤသာခြင်းအားရွီးစပ်သည့်ခုနှစ်မှာ ကောဇာသက္ကရာဇ် (တထောင်တဆယ့်ခြောက်) (၁၀၁၆) ခုဖြစ်နိုင်ပါသည်။ ပီစောင်တွင် (၁၁၁၆) ခု ဟု ဆိုထားသည်။


(ရှည်ကြာကောင်းနိုး၊ ထက်အခေါင်မှာ၊ သံနှောင်တွဲကေ၊ သရွဲမိုးလို့၊ မင်းမျိုးစံအိမ်၊ မတ်ဝန်အိမ်နှင့်၊ နှောင်အိမ်ချုပ်တန်း၊ ကုန်းအောက်ခြီမှာ၊ စီကာတန်းလျှက်)

ကုန်းအောက်ခြီမှာ၊ စီကာတန်းလျှက် (ခြီ) (စီ) ကို ကာရံယူထားသည်။

ယင်းကို မြန်မာမှုပြုလျှင်

(ကုန်းအောက်ခြေမှာ၊ စေကာတန်းလျှက်) ဟု ရပါသည်။ (စေကာတန်း) ဆိုသည်မှာ ယုတ္တိမဟိပါ။ ထို့ကြောင့် (အောက်ခြီ) ဆိုသည်မှာ ရခိုင်စကား ရခိုင်စာဖြစ်ပါသည်။

--------------

(ခန်းမဆောင်တွင်၊ အသာဝင်၍၊ ၀တ်ဆင်တုံပြီး၊ သဇင်ခိုင်ကို၊ ကြိုင်ကြိုင်မွှီးအောင်၊ ကျံလိမ်းပြုပျင်၊ ပြီးလတ်ကျင်သော်)

(ပြီး) (မွှီး) (လိမ်း) ကို ကာရံယူထားသည်ကို တွိရပါသည်။

ယင်းကို မြန်မာမှုပြုလျှင်

(၀တ်ဆင်တုံပြေး၊ သဇင်ခိုင်ကို၊ ကြိုင်ကြိုင်မွှေးအောင်၊ ကျံလှေးပြုပြင်၊ ပြေးလတ်ကျင်သော်) ဟူ၍ ရပါသည်။

(ကျံလှေး) သည်ဟု မြန်မာတွင်လည်းမဟိပါ။ (ကျံလှိမ်းသည်၊ လှိမ်းကျံသည်) ဟူ၍ရာ ဟိပါသည်။ (ပြေးလတ်ကျင်သော်) ဆိုရာတွင်လည်း သဇင်ပန်းကိုပန်ဆင်ပြီးလျှင်ဟု အဓိပ္ပါယ်မသက်ရောက်ဘဲ သဇင်ပန်းကိုပန်ဆင်ပြီး ထပြီးသည်ဟု အဓိပ္ပါယ်ရောက်လားပါသဖြင့် ဤကာရံများမှာ လုံးဝမြန်မာမှုပြုမရသော ရခိုင်ကာရံများဖြစ်ပါသည်။ (မွှေး) အသုံးမှာ မြန်မာစကား၊ မြန်မာစာပီကို ရခိုင်များက ခိုးယူထားခြင်းဖြစ်ပါသည်။



(၂၅)

(နှမ်းနိုင်နိုင်နှင့်၊ မွှီးကြိုင်သင်းကေ၊ ကောက်ညှင်းပေါင်းကို)

အလွန်လှပသော ရခိုင်ကာရံများဖြစ်ပါသည်။

(ယူကာစားပြီး၊ အိမ်တန်းဗျက်မှာ၊ လုပ်လက်ဆီးလို့၊ အီးအီးသက်သာ၊ ကွမ်းဆီးယာ)

(ပြီး) (ဆီး) (အီး) (ဆီး) ကာရံယူထားသည်ကို တွိရပါသည်။

ယင်းကို မြန်မာမှုပြုသော်

(ယူကာစားပြေး၊ အိမ်တန်းဗျက်မှာ၊ လုပ်လက်ဆေးလို့၊ အေးအးသက်သာ၊ ကွမ်းဆေးယာ) ဟု ရပါသည်။ (ယူကာစားပြေး) ဆိုသည်မှာ ကွမ်းစားပြီးသည်ဟု အဓိပ္ပါယ်မရဘဲ ကွမ်းစား၍ ထွက်ပြေးသည်ဟု အဓိပ္ပါယ်ရသဖြင့် ၎င်းကာရံများမှာ မြန်မာမှုပြုမရသော ရခိုင်ကာရံများဖြစ်ပါသည်။


(၂၇)

(ဗုဒ္ဓါဟောငြား၊ ကျမ်းပီစာမှာ၊ ဖွီရှာတွိကေ၊ ဟိသလားလေ)

(တွိ) နှင့် (ဟိ) ကာရံယူထားသည်ကို တွိရပါသည်။

ယင်းကို မြန်မာမှုပြုလျှင်

(ဗုဒ္ဓါဟောငြား၊ ကျမ်းပေစာမှာ၊ ဖွေရှာတွေ့ကာ၊ ရှေ့သလားလေ) ဟူ၍ ရပါသည်။

(ရှေ့) သလားဟူသည်မှာ မြန်မာစာပီတွင်လည်း မဟိပါ။ (ရှိသလား) ဟူ၍ရာ ဟိပါသည်။ ထို့ကြောင့် ဤကာရံများမှာ မြန်မာမှုပြုမရသော ရခိုင်ကာရံများဖြစ်ပါသည်။

(လွဲမချော်အောင်၊ တွေးခေါ်ငြားလို့၊ ထောင်နားတည်ပါ) ဟု (လွဲမချော်၊ တွေးခေါ်) ဟု ကာရံနဗေထပ် ယူထားသည်ကို တွိရပါလိမ္မည်။

ယင်းကို မြန်မာမှုမပြုဘဲ ရခိုင်လွန်ကျွန်မှုပြုလျှင် (လွီးမချော်အောင်၊ တွီးခေါ်ငြားလို့၊ ထောင်နားတည်ပါ) ဟူ၍ရပါသည်။ (လွီးမချော်) ဆိုသည်မှာ လုံးဝအဓိပ္ပါယ်မဟိပါ။

ထို့ကြောင့် ယခုကလပေါ်လူငယ်များ သုံးနှုံးနီကတ်သော (တွီးခေါ်၊ အတွီးအခေါ်) ဆိုသည့်အသုံးနှုံးမှာ ရခိုင်လွန်ကျွံမှုဝါဒဖြစ်သည်။

(ဘုန်းကြွယ်ဗုဒ္ဓ၊ အတုလကို၊ ဦးချရိုသေ၊ ဖူးမျှော်ပေသော်၊ အပါယ်ဂတိ၊ မလားရန်ကို၊ အကျွန်သိရေ)

(သေ) (ပေ) (ပါယ်) ကာရံယူထားသည်ကို တွိမြင်ရပါသဖြင့် (ရိုသီ) ဟုမရွီးဘဲ (ရိုသေ) သည်ရာ အမှန်ဖြစ်ကြောင်းကို ဤရှိဟောင်းမူကို အထောက်အထားပြု၍ ယှင်းလင်းနိုင်သည်။


မြန်မာမှုပြု၍မရသော ရခိုင်ကာရံများ အပိုင်း (၂)



(၁) (ကျမ္မာဖို့ရီး၊ တတ်လိမ္မာကေ၊ ပညာရီးတည်း၊ တသီးထိုမှ)

ဤအပိုဒ်ကိုကြည့်ခြင်းအားဖြင် အခု အကျွန်ုပ်ရို့သုံးစွဲနီသော (ကျမ္မာရေး၊ ပညာရေး) ကို အယင်က (ကျမ္မာရီး၊ ပညာရီး) ဟု သုံးစွဲသည်ကို သိမြင်နိုင်ပါသည်။ ပဇာကြောင့်ဆိုသော် (ရီး) နှင့် (သီး) ကာရံယူထား၍ဖြစ်ပါသည်။ (ရေး) ဆိုလျှင် (တသေးထိုမှ) ဖြစ်လားပါမည်။

(၂) (ထိုကုသိုလ်လျှင်၊ မဂ်ကိုမဆိုက်၊ ကာမဟူကေ၊ ဘုံဆယ့်တစ်မှာ)

ဤနီရာတွင် (ဆိုက်) နှင့် (တစ်) ကို ကာရံယူထားသဖြင့် ရခိုင်သားမှာ (တစ်) ကို (တိုက်) ဟု အသံထွက်သည်ကို တွိရပါမည်။ ယင်းကို အတတ်ဆန်း၍ (တိုက်) ဟု ရွီး၍မဖြစ်ပါ။

(၃) (တိရိစ္ဆာန်ကေ၊ ပိုးနှံကစ၊ ဤကမ္ဘာမှာ၊ မြင်ကာတွိကေ၊ ဟိသမျကို)

ဤနီရာတွင် (တွိ) နှင့် (ဟိ) ကို ရခိုင်ကာရံစစ်စစ်ယူထားပါသည်။ ၄င်းကို အများနားလည်အောင်အကြောင်းပြချက်ဖြင့် မြန်မာမှုပြု၍ ရလိမ့်မည်မဟုတ်ပါ။ ပဇာကြောင့်ဆိုသော် (မြင်ကာတွေ့သည့်၊ ရှိသမျကို) ဟု ဖြစ်လားပါမည်။ (တွေ့) နှင့် (ရှိ) ကာရံလွတ်လားပါလိမ့်မည်။ ထို့ကြောင့် ၄င်းကာရံများသည် မြန်မာမှုပြု၍မရသော ရခိုင်ကာရံစစ်စစ်များဖြစ်ပါသည်။ ဤနီရာတွင် (တွိ) လား (တွေ့) လားဆိုသည်ကို ယှင်းယှင်းလင်းလင်း သိမြင်နိုင်ပါသည်။

(၄) (အပြစ်ဒါဏ်ကို၊ ကိုယ်ခံစမြဲ၊ ဘုံလောကီလေ၊ ဌာနီထဲမှာ)

ဤနီရာတွင် (ကီ) နှင့် (နီ) ရခိုင်ကာရံယူထားပါသည်။ ၄င်းကို မြန်မာမှုပြုလျှင် (ဘုံလောကေလေ၊ ဌာနေထဲမှာ) ဟု ဖြစ်လားပါသည်။ ရယ်ဖို့မကောင်းပါလား။

(၅) (သားတစ်ရိုးရီ၊ အခြင်ဆီသို့၊ တူညီသီးသီး၊ ဝေါယောမျောင်၍၊ ပို့ဆောင်ပီးက၊ ထွာကြီးသန်မာ)

ဤနီရာတွင် (သီး) (ပီး) (ကြီး) ရခိုင်ကာရံစစ်စစ်ကို တွိရပါသည်။

တန်းခိုးဆရာထွန်းသာခြင်းများတွင် (ပေး) ဟု မြန်မာဝေါဟာရကို ခိုးယူသုံးစွဲထားသည်ကို တွိရပါသည်။

ဤနီရာတွင် မြန်မာမှုပြုမည်ဆိုပါက (တူညီသေးသေး၊ ၀ါယောမျောင်၍၊ ပို့ဆောင်ပေးက၊ ထွားကြေးသန်မာ) ဆိုပြီးရပါလိမ့်မည်။ (ကကောင်း ရယ်ဖို့ကောင်းပါဖို့။ (ထွားကြေး) ဟု မြန်မာစာတွင်လည်း မဟိပါ။

(၁) (မုချအကယ်၊ ကျမ္မာခြင်းမှာ၊ အရင်းတည်လို့)

ဤနီရာတွင် (အကယ်) ဆိုသော ဝေါဟာရကို တွိရပါသည်။ မြန်မာက (တကယ်) ရခိုင်က (အကယ်) ဟု သုံးပါသည်။ ဖားပြုတ်ကေ၀တ္ထုတွင် (အကယ်စင်စစ်၊ ဤသို့ဖြစ်မူ) ဟု တွိရပါသည်။

(၂) (ရာဇ၀င်မှာ၊ စာတင်ဟိကေ၊ မတွိဖူးဘဲ)

(ဟိ) နှင့် (တွိ) ရခိုင်ကာရံယူထားသည်ကို တွိရပါမည်။ ၄င်းကိုထောက်၍ (တွိ) လား (တွေ့) လား ခွဲခြားနိုင်ပါသည်။ ၄င်းကို အတတ်ဆန်း၍ အများနားလည်အောင်ဆိုဗျာ (ရာဇ၀င်မှာ၊ စာတင်ရှိသည်၊ မတွေ့ဖူးဘဲ) ဟု မြန်မာမှုပြုပါက ကာရံလုံးဝလွတ်ကင်းလားပါလိမ့်မည်။

(၃) (အရင်းခံကေ၊ မှန်သနစ်ကို၊ စီးစစ်ရယောင်၊ ပေါ်ထွန်းအောင်ဟု)

ဤနီရာတွင် ရခိုင်ဝေါဟာရစစ်စစ် (ယောင်) ကို သုံးနှုံးထားပါသည်။

(၉) (ဓါတ်အာကာလျှင်၊ ပတ်ကာဆီးကေ၊ အအီးပတ်လို့)

ဤနီရာတွင် (ဆီး) နှင့် (အီး) ရခိုင်ကာရံစစ်စစ်ယူထားပါသည်။ ၄င်းကို မြန်မာမှုပြုသော် (ပတ်ကာဆေးကေ၊ အအေးပတ်လို့) ဟု ရပါလိမ့်မည်။ ရယ်ဖို့ကောင်းပါသည်။ မြန်မာစာတွင် (ကာဆေး) ဟူ၍ မဟိပါ။ (ကာဆီး) ဟုရာ ဟိပါသည်။

(၁၀) (နှလုံးအိမ်မှာ၊ ခံကာထောင်းကေ၊ ဂေါင်းလည်းညီးလို့၊ ရှည်ဝီးကြာတင်)

(ညီး) နှင့် (၀ီး) ကို ရခိုင်ကာရံစစ်စစ်ယူထားပါသည်။ (ဂေါင်းညီးရေ) ဆိုသည်မှာ ရခိုင်ဝေါဟာရ စစ်စစ်ဖြစ်ပါသည်။ ဤနီရာတွင် (၀ီး) ဟု ရခိုင်ဝေါဟာရစစ်စစ်ကို တွိရပါသည်။ (အဝေးသို့) (အဝေးရောက်) စသဖြင့် ယခုအခါ ရခိုင်များက မြန်မာဝေါဟာရများကို ငှားယူသုံးစွဲနီသည်များကို တွိရပါသည်။

(၁၁) (လက္ခဏာကို၊ ရှာကာတွိကေ၊ တိအကျဖြင့်)

(တွိ) နှင့် (တိ) ကို ကာရံယူထားပါသည်။ ထို့ကြောင့် (တွိ) ရာအမှန်လား (တွေ့) ရာ အမှန်လား ခွဲခြားနိုင်ပါသည်။ ၄င်းကို မြန်မာမှုပြုလျှင် (ရှာကာတွေ့လျှင်၊ တေ့အကျဖြင့်) ဟု ရပါသည်။

(၁၂) (သိန်းသောင်းချီ၍၊ ခြင်ရွီများမှာ၊ ငါးမျိုးတွိရေ၊ မှတ်သိအပ်ရာ)

ဤနီရာတွင် (တွိ) နှင့် (သိ) ကို ကာရံယူထားပါသည်။ ထို့ကြောင့် (တွိ) ရာ ရခိုင်စာဖြစ်ပါသည်။ (တွေ့) မှာ မြန်မာစာဖြစ်ပါသည်။ ၄င်းကို မြန်မာမှုပြုလျှင် (ငါးမျိုးတွေ့သည်၊ မှတ်သေ့အပ်ရာ) ဆိုပြီးရပါသည်။

(၁၃) (ကျားထက်ပင်လေ၊ ခြင်ရန်ဖီးမှာ၊ ကြီးလတ်တေဟု)

ဤနီရာတွင် (ဖီး) နှင့် (ကြီး) ကို ကာရံယူထားပါသည်။ မြန်မာမှုပြုလျှင် (ခြင်ရန်ဘေးမှာ၊ ကြေးလတ်သည်ဟု) ဆိုပြီးရပါလိမ့်မည်။ (ကြေးသည်) ဟု မြန်မာစာတွင်လည်း မဟိပါ။

(၁၄) (မောင်မေစုံညီ၊ ရှိခိုးချီ၍။ စာပီပညာ၊ အက္ခရာကို)

ဤနီရာတွင် (ညီ) (ချီ) (ပီ) ကာရံယူထားပါသည်။ (စာပေ) လား (စာပီ) လားဟူသည်ကို ဤကာရံကိုကြည့်၍ ဆုံးဖြတ်နိုင်ပါသည်။ မြန်မာမှုပြုလျှင် (မောင်မေစုံညီ၊ ရှိခိုးချီ၍၊ စာပေပညာ) ဟု ရပါသည်။ ကာရံမလွတ်လားပါသည်။

(၁၅) (စစ်ပညာကေ၊ ဒိုင်းကာအတတ်၊ သိုင်းအတတ်နှင့်၊ ဒါးခွတ်လှံထိုး)

ဤနီရာတွင် (တတ်) နှင့် (ခွတ်) ကို ကာရံယူထားပါသည်။ ၄င်းကို မြန်မာမှုပြုက (သိုင်းအတတ်နှင့်၊ ဒါးခုတ်လှံထိုး) ဟု ရပါသည်။ ကာရံမလွတ်လားပါသည်။

(၁၆) (နောက်နောင်လာကေ၊ ပညာဟိရို့၊ တွိသောခါတွင်၊ ပြန်ကာဖာထီး၊ ပြုပျင်ရန်ကို၊ ကျွန်ခွင့်ပီးရေ၊ သို့ပြီးမှသာ)

ဤနီရာတွင် (ဟိ) နှင့် (တွိ)၊ (ထီး) (ပီး) (ပြီး) ဟု (ပီး) (တွိ) ရခိုင်ကာရံစစ်စစ် ရခိုင်ဝေါဟာရစစ်စစ်များကို တွိရပါသည်။

၎င်းကို မြန်မာမှုပြုသော် (ပညာရှေ့တို့၊ တွေ့သောခါတွင်၊ ပြန်ကာဖာထေး၊ ပြုပြင်ရန်ကို၊ ကျွန်ခွင့်ပေးသည်၊ သို့ပြေးမှသာ) ဟူ၍ ရပါသည်။

(ပြေး) ဆိုလျှင် မြန်မာစာပီ၌လည်း (သို့ပြေး) ဟူ၍ မဟိပါ။ (သို့ပြီး) ရာ ဟိပါသည်။ မြန်မာစာပီ၌ (ပညာရှေ့) ဟူ၍လည်းမဟိပါ။

(ပီး) နှင့် (ပြီး) ကို ကာရံယူထားသည့်အတွက် (ပီး) ရာ ရခိုင်လား (ပေး) ရာ ရခိုင်လားဆိုသည်မှာ ယှင်းနီပါသည်။

ယခုအခါ ရခိုင်စာရွီးဆရာအားလုံးနီးပါး ကဗျာ၊ ၀တ္ထူ၊ ဆောင်းပါးများရွီးသောအခါ မြန်မာဝေါဟာရများကို ခိုးယူသုံးစွဲလျှက်ဟိပါသည်။






ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း တတိယပိုင်းကို လေ့လာဆန်းစစ်ခြင်း


သာခြင်းအပိုဒ် (၂၈) တွင်

(ပြောပြမည်လေ၊ ထွေထွေရပ်ရပ်၊ မောင်ကညွှန်၍၊ မှန်အမှားနှင့်၊ စကားရပ်ကို၊ သိကတ်လီယောင်၊ ရောက်လာသူလေ၊ ပျိုဖြူများမှာ၊ ရွှီနားထောင်ပါ) ဟု ဆိုထားပါသည်။ (ရပ်) နှင့် (ကတ်) ကာရံယူထားသည်ကို တွိရပါသည်။ (ကတ်) ဆိုသောဝေါဟာရသည် ရခိုင်ဝေါဟာရစစ်စစ် ဖြစ်ပါသည်။

ရှိဟောင်းစာပီများတွင် (ကတ်) အသုံးအနှုံးအလွန်နည်းပါသည်။ အကျွန်ုပ် ဤသာခြင်း၌ရာ တွိဖူးပါသည်။ ထို့ကြောင့် ဤသာခြင်းသည် ရခိုင်စာပီကဏ္ဍအတွက် အလွန်အရေးကြီးပါသည်။

ထိုသို့ဆိုရခြင်းအတွက် ကျန်အချက်အလက်များကိုလည်း ညာဏ်မှီသလောက်၊ လက်လှမ်းမှီသလောက် ဆွေးနွေးပါမည်။

မှတ်သားရန်တချက်မှာ ရှိဟောင်းပီစာများ၌ (နန့်) ကို (နှင့်) ဟု ရွီးပါသည်။ အသံထွက်သောအခါ ရမ်းပြည့်သံဖြင့် (နှင့်) သို့မဟုတ် (နာင့်) သို့မဟုတ် (နန့်) ဟု အသံထွက်ပါသည်။ ထို့ကြောင့် အကျွန်ုပ်ရို့ (နှင့်) ကို ဖတ်သောအခါ (နှင့်) သို့မဟုတ် (နာင့်) သို့မဟုတ် (နန့်) ဟု ဖတ်နိုင်ပါသည်။

ဤသာခြင်းတွင် (ကတ်) တခုတည်းမဟုတ်ပါ၊ (ကြ) အသုံးအနှုံးကိုလည်း တွိရပါသည်။ ထောက်ပြပါမည်။ (ပူဇာဝန္တ၊ ဆယ်ချောင်းရုံ၍၊ လက်စုံမိုးကေ၊ ရှိခိုးကြလည်း) ဤအပိုဒ်တွင် (၀န္တ) နှင့် (ကြ) ကို ကာရံယူထားသည်ကို တွိရပါသည်။

နောက်တပိုဒ်မှာ (ကျေးဇုဟုန်နှင့်၊ ဂုဏ်ကြီးမြတ်၍၊ အထွဋ်တင်ကြ၊ အနန္တဟု) ဆိုရာတွင်လည်း (ကြ) ကို တွိရပါသည်။ (ကြ) နှင့် (ကတ်) မှာ အဓိပ္ပါယ်အတူတူဖြစ်ပါသည်။ ရှိဟောင်းပီစာများ၌ (ကြ) ကို ပိုအသုံးများပါသည်။

နောက်တပိုဒ်တွင် (တသီးမှတ်ကြ၊ စွန့်ကြဲလှုကေ၊ ဟူသမျှကား၊ ကာမာဝါစရ၊ ကျမ်းကပြဆို) ဟု (ကြ) နှင့် (မျှ) ကာရံယူထားသည်ကို တွိရပါသည်။

နောက်တပိုဒ်တွင် (အဖြာဖြာနှင့်၊ ဘာသာကွဲကြ၊ စိတ်အယူမှာ၊ မတူကြဘဲ၊ ဗုဒ္ဓဟောကြား) ဆိုပြီး (ကြ) နှင့် (ဗုဒ္ဓ) ကာရံယူထားသည်ကို တွိရပါသည်။

နောက်တပိုဒ်တွင် (ဗုဒ္ဓဘာသာ၊ စိုင်အလာမှာ၊ ခိုင်မာယူကြ၊ စရဏဟု) ၄င်း၊

(နောက်ထပ်)

(၁) ဥတုအဟာရ၊ အီးအပူလျှင်၊ ညီတူမျှ၍၊ ပေါင်းကြစပ်ခါ၊
(၂) ဓါတ်အစာကို၊ ချိန်ခါနိည၊ မမုန်းအောင်ပင်၊ သုံးဆောင်ကြ၍၊ ပါစကပူဓါတ်၊
(၃) အတူတကွ၊ သန့်ယှင်းယောင်လျှင်၊ လုပ်ဆောင်ကြသော်၊
(၄) ရှည်ကြာသမျှ၊ ထဲဘ၀င်မှာ၊ စွဲဝင်ကြဖို့၊
(၅) ရှိဝယ်ကာလ၊ ပေါရဏဖြင့်၊ ပြောကြတုံလစ်၊
(၆) ထဲဘ၀င်မှာ၊ မရွှင်မပျ၊ ပဒုမ္မာလေ၊ ရွှီကြာပန်းကို၊ နီလှမ်းကြယောင်၊
(၇) ခြင်ကုလားရို့၊ ကိုက်ငြားကြပြန်၊
(၈) ဖျားပြန်ကုန်ကြ၊ လက္ခဏာကို၊ ခွဲကာခြား၍၊ ရွီးသားပြလည်း၊ ရောက်ကြနားခံ၊
(၉) ပေါင်းသဟာလေ၊ လာသမျှရို့၊ မှတ်ကြပေ၍၊
(၁၀) မြဲထွေနိစ္စ၊ ခြင်ဆိုးရန်ကို၊ မကျန်ကြွင်းအောင်၊ နှိမ်နင်းကြဖို့
(၁၁) အများသူလေ၊ ဖြူနှမရို့၊ မှတ်ကြပေနှောင်း၊
(၁၂) တတ်ပညာကို၊ ကြီးစွာလုလ’၊ ဇွဲစိတ်ထူ၍၊ သင်ယူကြဖို့၊ မောင်ကပြောမည်၊
(၁၃) ဖိုးတန်လှစွာ၊ သမိုင်းလာနှင့်၊ ပညာသိပ္ပ၊ အဖုံဖုံလေ၊ ပျောက်ကုန်ဆုံးကေ၊ ပျက်ပြုန်းကြလို့၊ သိပ္ပများစွာ၊
(၁၄) ပေါကြွယ်သုတ၊ အဖုံဖုံနှင့်၊ ပြည့်စုံကြသော်၊ ညာဏပဏ္ဍိ၊
(၁၅) ရွှီရခိုင်လေ၊ ယိုင်နှမရို့၊ သိကြစီရန်၊
(၁၆) အရာတဖုံ၊ သပြာဂုဏ်နှင့်၊ ပြည့်စုံကြဖို့၊ ညွှန်ပြအံ့ငှာ၊
(၁၇) ၀ိရိယညာဏ်၊ အရင်းခံ၍၊ လုပ်ကြံပြီးမှ၊ ဓနဟုံနှင့်၊ ပြည့်စုံကြသော်၊
(၁၈) တ၀မ်းမူကေ၊ တအူဖွားသို့၊ စကားနှုတ်ချို၊ မမုန်းကြဘဲ၊ ဆုမ္မဆိုလို့၊
(၁၉) မွီးဖဘုန်းမို၊ နန်းမညိုက၊ အလိုစမ်းကြ၊ ပမာဆိုကေ၊ ထိုအခဏ်းနှင့်၊ တူလွန်းလှရေ စသည်ဖြင့်
(ကြ) ကာရံအရွီးအသားများကို တွိရပါသည်။

(ကတ်) ကို
(ပြည်နိဗ္ဗူကို၊ ဆုယူညောင်းလို့၊ တောင်းကတ်ရမည်)၊ (ယုံကြည်လက်ခံ၊ သက်ဝင်သူရို့၊ အယူမှတ်ကေ၊ ဟိကတ်ပြန်ရေ) ဟု တွိရပါသည်။ ဤနီရာတွင် (မှတ်) နှင့် (ကတ်) ကာရံယူထားသည့်အတွက် (ကတ်) အရွီးအသား လုံးဝအစစ်အမှန်ဖြစ်ပါသည်။

ပြီးလျှင် နောက်ထပ်

(၁) (မချွတ်ဧကန်၊ လူများစွာ၏၊ ကျမ္မာမှုကို၊ ပြုကတ်ပြန်ဟု) ဟူ၍၄င်း၊
(၂) (အများခင်မှာ၊ နားဆင်လတ်ကေ၊ မှတ်ကတ်ပေနှောင်း) ဟု၍၄င်း၊ ဤနီရာတွင် (လတ်) နှင့် (ကတ်) ကာရံယူထားပါသည်။
(၃) ဆီးမရသော်၊ အစာများနှင့်၊ ကုစားကတ်ပါ၊
(၄) (မျိုးရခိုင်ရို့၊ စိုင်မပြတ်လျှင်၊ သင်ကတ်ပေ၍) ဤနီရာတွင် (ပြတ်) နှင့် (ကတ်) ကာရံယူထားပါသည်။
(၅) (ကြီးသောသူက၊ ငယ်သူများကို၊ သနားကတ်၍၊ အလတ်ရွယ်တူ၊ ချင်းချင်းမူလေ) ဤနီရာတွင် (ကတ်) နှင့် (လတ်) ကာရံယူထားပါသည်။

ထိုသို့ (ကတ်) အသုံးနှုံးများကိုလည်း တွိရပါသည်။

ဤနီရာတွင် စာရွီးသူ တစိချေတင်ပြလိုသည်မှာ အခုခေတ်လူငယ်များသည် (ကတ်) ကို အသံလိုက်ပြီး (ဂတ်) ဟု ရွီးနီကတ်သည်ကို တွိရပါသည်။ ထိုသို့ရွီးခြင်းသည် မှားသည်ဟုဆိုချင်ပါသည်။

(ကတ်) ကို အသံထွက်သောအခါ ရှိကစကားလုံးကိုလိုက်၍ (ကတ်) (သို့မဟုတ်) (ဂတ်) ဆိုဗျာ အသံထွက်ပါသည်။ ထိုသို့ နှစ်သံထွက်စာလုံးများကို ရွီးသောအခါ (က၊ ခ၊ ဂ၊ ဃ၊ င) အုပ်စုငါးလုံး၏ ပင်ရင်းကိုယူပြီး ရွီးရပါသည်။ သို့မဟုတ်ပါက တနီရာတွင် (ကတ်) တနီရာတွင် (ဂတ်) ဟု ရွီးမည်ဆိုလျှင် ကကောင်း အရုပ်ဆိုးပါသည်။ အမျိုးမျိုးအဖုံဖုံဖြစ်လားပါသည်။

၎င်းကို ယှောင်ကွင်းနိုင်ရန် ရှိပညာဟိများက အမြော်အမြင်ဖြင့် စိုင်းစားရွီးသားခခြင်းဖြစ်ပါလိမ့်မည်။

ဥပမာပြရမည်ဆိုလျှင် (စားပြီး သောက်ပြီးပျာယ်လား) ဆိုသော မိမိရို့ပြောနီကျစကားကို အသေအချာ လေ့လာကြည့်စီချင်ပါသည်။

(စားဗြီး၊ သောက်ပြီး) ဟု အသံထွက်သည်ကို တွိရပါမည်။ (စား) နောက်က (ဗြီး) သံထွက်ပြီးလျှင် (သောက်) နောက်က (ပြီး) မူရင်းအတိုင်းသံထွက်ပါသည်။ သို့သော် စာရွီးသောအခါ အဓိပ္ပါယ်တူသောစာလုံးများကို ကွဲပြားမှုမဟိအောင်၊ ထိုတမျိုးဒေတမျိုးမဖြစ်အောင် (ပြီး) တခုကို မူတည်ထားပြီး ရွီးကတ်ရပါသည်။

အခုသေက ပြောခသည့်အတိုင်း (ပ၊ ဖ၊ ဗ၊ ဘ၊ မ) ဆိုသော အုပ်စုငါးလုံး၏ ပင်ရင်းကို ပုံသီထားရပါသည်။ ထို့ကြောင့် မြန်မာစာမှာသော်၎င်း၊ ရခိုင်စာမှာသော်၎င်း ပင်ရင်း (ပ) ကို ပုံသီထားပြီး (ဗြီး) ကိုပါယ် (ပြီး) ကို သုံးရခြင်းဖြစ်ပါသည်။

သို့သော် (ဗြီး) (Run) ကြိယာအတွက်မူကား (ဗြီး) ဟု သုံးစွဲ၍ မှာမည်မထင်ပါ။ (ပြီးမြောက်တေ) ဟုအဓိပ္ပါယ်ရသော (ပြီး) မှာသာလျှင် (ဗြီး) (ပြီး) ဟု နှစ်သံကွဲလာသည့်အတွက် ပင်ရင်း (ပ) ကိုအရင်းပြု၍ (ပြီး) ဟု ပုံသီထား ရွီးရခြင်းဖြစ်ပါသည်။

၎င်းကို သင်္ခန်းစာယူပြီးလျှင် အကျွန်ုပ်ရို့၏ (ကတ်) နှင့် (ဂတ်)၊ (ပျာယ်) နှင့် (ဗျာယ်) ပြဿနာကို ပြေလည်အောင် ဖြေယှင်း၍ရပါသည်။ ယေမှရာ ခေတ်သစ်ရခိုင်စာကို နောင်လာလတ္တံသောသူများ အရှည်တည်တံ့လက်ခံပါလိမ့်မည်။

သို့မဟုတ်ပါက မြန်မာစာရာကောင်းရေ စနစ်ကျရေဆိုဗျာ သူတပါးအထင်ကြီးဝါဒ၊ မိမိကိုယ်မိမိ မလေးမစား အထင်သေးဝါဒနှင့် သူများနောက် ကောက်ကောက်ပါလားပါလိမ့်မည်။ ရခိုင်သားမှာ တိုင်းလည်းပျောက်၊ ပြည်လည်းပျောက်၊ စာလည်းပျောက်၊ လူမျိုးပါပျောက်ဖို့ကိန်း ဆိုက်ပါလိမ့်မည်။

ဆက်၍ဆွေးနွေးရမည်ဆိုပါသော် အခုသေကပြောခသော (သောက်ပြီး စားပြီးပျာယ်လား) ဆိုသည့်နီရာတွင် ဇာဖြစ်လို့ (သောက်) နောက်က (ပြီး) ဟု အသံထွက်ပြီး (စား) နောက်က (ဗြီး)၊ (ပြီး) နောက်က (ဗျာယ်) ဟု အသံထွက်ရပါသနည်း။

ဤနီရာတွင် တစိကေ ဆွေးနွေးချင်ပါသည်။ ရခိုင်စာမှာ ဗျည်းသုံးဆယ့်သုံးလုံးကို စနစ်တကျ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ဗြန်းစိကာရ ဖွဲ့စည်းထားခြင်းမဟုတ်ပါ။

(ဥပမာ)

(၁) က၊ ခ၊ ဂ၊ ဃ၊ င
(၂) စ၊ ဆ၊ ဇ၊ စ်၊ ည
(၃) တ၊ ထ၊ ဒ၊ ဓ၊ န
(၄) ပ၊ ဖ၊ ဗ၊ ဘ၊ မ
(၅) ယ၊ ရ၊ လ၊ ၀၊ သ

ဆိုသောဖွဲ့စည်းမှုတွင် ပထမအတန်း၌ အစအဆုံး (က) နှင့် (င)၊ ဒုတိယအတန်း၌ အစအဆုံး (စ) နှင့် (ည)၊ တတိယအတန်း အစအဆုံး (တ) နှင့် (န) စတုတအတန်း အစအဆုံး (ပ) နှင့် (မ) ပဉ္စမအတန်း အစအဆုံး (ယ) နှင့် (သ) စာလုံးများသည် အသတ်စာလုံးများဖြစ်ပါသည်။

ဥပမာ- (ကြက်၊ ချောင်း၊ ချစ်၊ ပြည်၊ တတ်၊ ကန်၊ ချပ်၊ လမ်း) ဟု တွိရပါလိမ့်မည်။

ပိုယှင်းအောင် (က၊ စ၊ တ၊ ပ) ကို အကျွန်ုပ် (ရှိတန်းအသတ်) ဟု သုံးပြီး (င၊ ည၊ န၊ မ) ကို (နောက်တန်းအသတ်) ဟု သုံးပါမည်။

အထက်တွင်ပြောခသည့် (သောက်ပြီး စားပြီးပျာယ်လား) ဆိုသည့်နီရာတွင် ဇာဖြစ်လို့ (သောက်) နောက်က (ပြီး) ဟု အသံထွက်ပြီး (စား) နောက်က (ဗြီး) ဟု အသံထွက်ရပါသနည်း။

(အဖြေက)

(က၊ စ၊ တ၊ ပ) (ရှိတန်းအသတ်) နောက်ကပါလာသော (ပြီး) ကို မူရင်းအတိုင်း (ပြီး) ဟု အသံထွက်ပြီး (င၊ ည၊ န၊ မ) (နောက်တန်းအသတ်) နောက်ကပါလာသော် (ပြီး) ကို (ဗြီး) ဟု အသံထွက်ပါသည်။

ဇာဖြစ်လို့လဲဆိုသော် (က၊ စ၊ တ၊ ပ) (ရှိတန်းအသတ်) များသည် သံတိုသံပြတ်ဖြစ်ပါသည်။ (င၊ ည၊ န၊ မ) (နောက်တန်းအသတ်) များသည် သံရှည်သံပွားပါသည်။

(က၊ စ၊ တ၊ ပ) သံတိုသံပြတ်အသတ်သည် သုံးသံမပွားပါ။ (င၊ ည၊ န၊ မ) သံရှည်သံပွားအသတ်သည် သုံးသံပွားပါသည်။

(ဥပမာ)

(ကြက်၊ ကြက့်၊ ကြက်း) (ချစ်၊ ချစ့်၊ ချစ်း) (တတ်၊ တတ့်၊ တတ်း) (ချပ်၊ ချပ့်၊ ချပ်း) ဟု သုံးသံပွား၍ မရပါ၊ သို့သော် (င၊ ည၊ န၊ မ) (နောက်တန်းအသတ်) (ချောင်၊ ချောင့်၊ ချောင်း) (ပြည်၊ ပြည့်၊ ပြည့်) (ကန်၊ ကန့်၊ ကန်း) (လမ်၊ လမ့်၊ လမ်း) များသည် သုံးသံပွား၍ရပါသည်။

(သုံးသံပွား၍မရသော) သံတိုသံပြတ် အသတ်များနောက်ကပါလာသော (ပြီး) သည် မူရင်းအတိုင်း (ပြီး) ဟု အသံထွက်ပြီး (သုံးသံပွား၍ရသော) သံရှည်သံပွားအသတ်၊ (သို့မဟုတ်) (အ၊ အိ၊ အု၊ အေ၊ အဲ၊ သြ၊ အံ၊ အို) သရသျှစ်လုံးနှင့် ယင်း၏မူပွားများနောက်ကပါလာသော (ပြီး) သည် (ဗြီး) ဟု အသံပြောင်းထွက်ပါသည်။

ဥပမာ။ (သတ်ပြီး ခွတ်ပြီး သုတ်သင်ဗြီးလို့ စားဗြီး) လားခဗျာယ်။

(သတ်) နှင့် (ခွတ်) သည် သံတိုသံပြတ်အသတ်ဖြစ်သည့်အတွက် (ပြီး) ဟု မူရင်းအတိုင်းအသံထွက်ပြီး (သင်) သည် သံရှည်သံပွား (စား) သည်သရဖြစ်သည့်အတွက် (ဗြီး) ဟု အသံပြောင်းထွက်ပါသည်။

ထို့ကြောင့် စာရွီးသောအခါ အသံထွက်ကိုကျည်းလိုက်၍ ရွီးလို့မဖြစ်ပါ။ ပညာဟိ သတိဖြစ်ခဲ နှလုံးမူဖို့လိုပါသည်။

(၅) (ယ၊ ရ၊ လ၊ ၀၊ သ) အတန်းရာ ချွင်းချက်ဖြစ်ပါသည်။ ပဇာကြောင့်ဆိုသော် (ယ) သည် သံရှည်သံပွားအသတ်ဖြစ်သောကြောင့်ဖြစ်ပါသည်။

အထက်ကပြခသည့် ဥပမာပိုင် (ကတ်) နှင့် (ဂတ်) (ပျာယ်) နှင့် (ဗျာယ်) ပြဿနာကိုလည်း ထိုနည်းအတိုင်း ယှင်း၍ဖြစ်ပါသည်။

(က၊ စ၊ တ၊ ပ) သံတိုသံပြတ် (ရှိတန်းအသတ်) များနောက်ကပါလာသော (ကတ်) ကို (ကတ်)၊ (ပျာယ်) ကို (ပျာယ်) ဟု မူရင်းအတိုင်းအသံထွက်ပြီး (င၊ ည၊ န၊ မ) သံရှည်သံပွား (နောက်တန်းအသတ်) နှင့် (အ အိ အု အေ အဲ သြ အံ အို) သရသျှစ်လုံးနှင့် ယင်း၏မူပွားနောက်ကပါလာသော (ကတ်) ကို (ဂတ်)၊ (ပျာယ်) ကို (ဗျာယ်) ဟု အသံပြောင်းထွက်ပါသည်။

(ဥပမာ)

(စားဂတ် သောက်ကတ်ပါ)

(စား) သည် သရဖြစ်သည့်အတွက် (ဂတ်) ဟု အသံထွက်ပြီး (သောက်) သည် သံတိုသံပြတ် ဖြစ်သည့်အတွက် (သောက်) နောက်ကပါလာသော (ကတ်) ကို မူရင်းအသံထွက်အတိုင်း (ကတ်) ဟု အမှန်အသံထွက်ပါသည်။

ထို့ကြောင့် စာရွီးသောအခါ ပင်ရင်း (က) အက္ခရာကိုပုံသီထားပြီး (စားကတ် သောက်ကတ်ပါ) ဟု ရွီးရခြင်းဖြစ်ပါသည်။

ထိုနည်း၎င်း (စားဗျာယ် သောက်ပျာယ် အိပ်နီဂတ်ပျာယ်) ဆိုသောစကားတွင်လည်း
(စား) သည် သရဖြစ်၍ (ဗျာယ်) ဟု အသံထွက်ပြီး (သောက်) သည် သံတိုသံပြတ်ဖြစ်သည့်အတွက် (ပျာယ်) ဟု မူရင်းအတိုင်း အသံထွက်ရခြင်းဖြစ်ပါသည်။

(အိပ်နီကတ်ပျာယ်) ဟူသော စကားတွင် (နီ) သည် သရဖြစ်၍ နီနောက်ကပါလာသော (ကတ်) ကို (ဂတ်) ဟု အသံပြောင်းထွက်ပါသည်။

(ကတ်) သည် သံတိုသံပြတ်ဖြစ်သည့်အတွက် (ကတ်) နောက်က (ပျာယ်) သည် မူရင်းအတိုင်း (ပျာယ်) ဟု အသံထွက်ရခြင်းဖြစ်ပါသည်။

ထို့ကြောင့် စာရွီးသောအခါ

(စားပျာယ် သောက်ပျာယ် အိပ်နီကတ်ပျာယ်) ဟု ပင်ရင်းအက္ခရာများနှင့် ရွီးရခြင်းဖြစ်ပါသည်။

ဖတ်သောအခါ (စားဗျာယ် သောက်ပျာယ် အိပ်နီဂတ်ပျာယ်) ဟု အသံထွက်လားပါလိမ့်မည်။ (အသံထွက်အတိုင်း လိုက်ရွီးနီစရာမလိုအပ်ပါ။)

(ကတ်) အရွီးအသားနှင့်ပတ်သက်၍ ဓည၀တီနိဂုံးရွာများသာမိုင်းသာခြင်းမှ ဥပမာပြရပါသော်

(၁) (မချွတ်ဧကန်၊ လူများစွာ၏၊ ကျမ္မာမှုကို၊ ပြုကတ်ပြန်ဟု) ဆိုသော ၀ါကျ၌ (ကတ်) သည် (ဂတ်) ဟု အသံထွက်ပါသည်။ ပဇာကြောင့်ဆိုသော် (ကတ်) ရှိက (ပြု) သည် သရဖြစ်သောကြောင့်ဖြစ်ပါသည်။

(၂) (အများခင်မှာ၊ နားဆင်လတ်ကေ၊ မှတ်ကတ်ပေနှောင်း) ဆိုသောဝါကျ၌ (ကတ်) သည် (ကတ်) ဟု မူရင်းအတိုင်း အသံထွက်ပါသည်။ ပဇာကြောင့်ဆိုသော (ကတ်) ရှိက (မှတ်) သည် သံတိုသံပြတ်ဖြစ်သောကြောင့်ဖြစ်ပါသည်။

(၃) (ဆီးမရသော်၊ အစာများနှင့်၊ ကုစားကတ်ပါ) ဆိုသည့်ဝါကျ၌ (ကတ်) သည် (ဂတ်) ဟု အသံထွက်ပါသည်။ (ကတ်) ရှိက (စား) သည် သရဖြစ်သောကြောင့်ဖြစ်ပါသည်။

(၄) (မျိုးရခိုင်ရို့၊ စိုင်မပြတ်လျှင်၊ သင်ကတ်ပေ၍) ဆိုသောနီရာတွင်လည်း (ကတ်) သည် (ဂတ်) ဟု အသံထွက်ပါသည်။ (ကတ်) ရှိက (သင်) သည် သံရှည်သံပွားဖြစ်သောကြောင့်ဖြစ်ပါသည်။

ယလောက်ဆိုလျှင် (ဂတ်) ပြဿနာနှင့်ပတ်သက်၍ လုံလောက်မည်ဟုထင်ပါသည်။

စာရွီးသောအခါ (ကတ်) ဟု ပင်ရင်းသံဖြင့် ရွီးကတ်ရမည်ဖြစ်ပါသည်။ (ဂတ်) ဟု မရွီးအပ်ပါ။ ကောင်းစွာမှတ်သင့်ပါသည်။

(နောက်တခု သိရန်တချက်မှာ)

ရခိုင်စကားတွင် စကားပြောသောအခါ ရိုးရိုးဝါကျများ၌ (တေ) သို့မဟုတ် (ရေ) နှင့် အဆုံးသတ်သည်ကို သတိပြုမိပါလိမ့်မည်။

ဥပဒေသက အထက်ကပြခသည့်အတိုင်း သံတိုသံပြတ်အသတ်နှင့်ဆုံးသောဝါကျသည် (တေ) နှင့်ဆုံးပြီးလျှင် သံရှည်သံပွားအသတ် (သို့မဟုတ်) သရသျှစ်လုံး၊ ယင်း၏မူပွားများနှင့် ဆုံးသောဝါကျများသည် (ရေ) နှင့် အဆုံးသတ်ပါသည်။

(ဥပမာ)
ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်းမှ (ရေ) နှင့်ဆုံးသော ၀ါကျများကို တင်ပြပါမည်။

(၁) ကိုးပါးဂုဏ်ကို၊ အာရုံမှတ်လို့၊ ခိုးအပ်ပါရေ။
(၂) စိတ်ဘ၀င်မှာ၊ ထင်အောင်ပွားကေ၊ ထားသင့်ပေရေ။
(၃) လက်ဆယ်ဖြာကို၊ ထိပ်မှာမိုးကေ၊ ရှိခိုးကောင်းရေ။
(၄) ဘ၀ကွယ်၍၊ သင်္ချေခြားလည်း၊ ဖော်စားနိုင်ရေ။
(၅) ရုပ်နှင့်နာမ်လျှင်၊ ဖန်ဖန်ထပ်လို့၊ ဖြစ်တတ်ပါရေ။
(၆) မလွဲရန်ကေ၊ နည်းမှန်ကျဖို့၊ ပြောရရေနှောင်း။
(၇) ယုံကြည်လက်ခံ၊ သက်ဝင်သူရို့၊ အယူမှတ်ကေ၊ ဟိကတ်ပြန်ရေ။
(၈) ကြီးမြင့်ချမ်းသာ၊ အလီလီကေ၊ စည်းစိမ်မြတ်ကို၊ ရအပ်ပါရေ။
(၉) စောဗုဒ္ဓာက၊ မြွက်ခါကြားကေ၊ ဟောထားရေလေ။
(၁၀) အယူမှန်ကို၊ တဖန်လိုက်လို့၊ လုပ်ထိုက်ပေရေ။
(၁၁) ကျမ္မာမှုသည်၊ မှန်မချွတ်ကေ၊ ဖြစ်တတ်ပေရေ။
(၁၂) ရှိဟောင်းပီစာ၊ မြဒိုးဝေ၏၊ ရွီးသည့်ကျမ်းမှာ၊ ညွှန်းလို့ပါရေ။
(၁၃) ရှည်ဝီးကြာတင်၊ ရှိဆရာရို့၊ သညာထားကေ၊ ငှက်ဖျားတွင်ရေ။
(၁၄) သိန်းသောင်းချီ၍၊ ခြင်ရွီများမှာ၊ ငါးမျိုးတွိရေ။
(၁၅) ကျမ္မာသူလေ၊ လူတယောက်ကို၊ ကိုက်ဖောက်သောခါ၊ ငှက်ဖျားနာလျှင်၊ ဖြစ်တတ်ပါရေ။
(၁၆) ရှိသူမွန်ရို့၊ ကျမ်းဂန်များမှာ၊ ညွှန်းထားရေလေး။
(၁၇) ရှည်လျှားကာလ၊ မပျက်နိုင်ဘဲ၊ စိုင်မပြတ်ကေ၊ သိမှတ်ရရေ။
(၁၈) ကောင်းမွန်စိတ်ကေ၊ စာရိတ္တနှင့်၊ ပြည့်ဝညီစွာ၊ ကြီးတသွယ်လေ၊ ငယ်အလတ်ရို့၊ လုပ်အပ်ပါရေ။
(၁၉) မွီးဖဘုန်းမို၊ နန်းမညိုက၊ အလိုစမ်းကြ၊ ပမာဆိုကေ၊ ထိုအခဏ်းနှင့်၊ တူလွန်းလှရေ။
(၂၀) ဆီးကွမ်းယာကို၊ လှမ်းကာစားကေ၊ ရပ်နားရေလေး။
(၂၁) နောက်နောင်လာကေ၊ ပညာဟိရို့၊ တွိသောခါတွင်၊ ပြန်ကာဖာထီး၊ ပြုပျင်ရန်ကို၊ ကျွန်ခွင့်ပီးရေ။

စုစုပေါင်း (၂၁) ကြောင်းကို တွိရပါသည်။

(တေ) ကို သုံးသော ၀ါကျများကို ထုတ်ပြရလျှင်

(၁) ကမ္ဘာပြင်ကို၊ အသျှင်မြတ်မှာ၊ စိုးလတ်တေဟု၊
(၂) ယင်ကြောင့်သာလျှင်၊ ရောဂါညှက်မှာ၊ ကူးစက်တေနှောင်း။
(၃) လူသားအန္တရာယ်၊ ခြင်ကိုက်မူလျှင်၊ အပူများ၍၊ ဖျားတတ်တေဇု၊
(၄) ကျားထက်ပင်လေ၊ ခြင်ရန်ဖီးမှာ၊ ကြီးလတ်တေဟု၊
(၅) အနည်းငယ်လျှင်၊ သံခေပဖြင့်၊ ပြောပြလိုက်တေ။
(၆) အမှိုက်ပုံနှင့်၊ တောခြုံများလည်း၊ ခြင်ပွားတတ်တေ။
(၇) တခြားပြည်ရွာ၊ လူများစွာ၏၊ ဘာသာစကား၊ အက္ခရာနှင့်၊ ပညာများပါ၊ သင်ကြားအပ်တေ။

စုစုပေါင်း (၇) ကြောင်းကို တွိရပါသည်။

သုံးသပ်ရမည်ဆိုပါသော် (ရေ) နှင့်ဆုံးသော ၀ါကျများမှာ (ရေ) ရှိကပါလာသော (၁) ပါ (၂) ပေ (၃) ကောင်း (၄) နိုင် (၅) ပါ (၆) ရ (၇) ပြန် (၈) ပါ (၉) ထား (၁၀) ပေ (၁၁) ပေ (၁၂) ပါ (၁၃) တွင် (၁၄) တွိ (၁၅) ပါ (၁၆) ထား (၁၇) ရ (၁၈) ပါ (၁၉) လှ (၂၀) နား (၂၁) ပီး ဆိုသောစကားလုံးများကို သတိထားမိပါလိမ့်မည်။

(ပါ၊ ပေ၊ ရ၊ ပါ၊ ထား၊ တွိ၊ လှ၊ နား၊ ပီး) ဆိုသောစကားလုံးများသည် သရဖြစ်ပြီး (ကောင်း၊ နိုင်၊ ပြန်၊ တွင်) ဆိုသောစကားလုံးများသည် သံရှည်သံပွားအသတ်များဖြစ်သည့်အတွက် ၄င်းဝါကျများသည် (ရေ) နှင့် အဆုံးသတ်ရခြင်းဖြစ်ပါသည်။

(တေ) နှင့်ဆုံးသော ၀ါကျများတွင် (တေ) ရှိကပါလာသော

ဝါကျ (၁) လတ် (၂) စက် (၃) တတ် (၄) လတ် (၅) လိုက် (၆) တတ် (၇) အပ် ဆိုသော စကားလုံးများကို တွိရပါလိမ့်မည်။

(လတ်၊ စက်၊ တတ်၊ လိုက်၊ အပ်) ဆိုသောစကားလုံးများသည် သံတိုသံပြတ်ဖြစ်သည့်အတွက် ၄င်းဝါကျများသည် (တေ) နှင့် အဆုံးသတ်ရခြင်းဖြစ်ပါသည်။

ဇာဖြစ်လို့ (တေ) နှင့် (ရေ) မှာ (တေ) အသုံးနည်းရေလဲဆိုပါသော် (တေ) သည် သံတိုသံပြတ်နောက်တွင် သုံးသဖြင့် ဦးရေတွက်စစ်သော် သံတိုသံပြတ်အသတ်သည် သံရှည်သံပွားကဲ့သို့ သုံးသံပွားမရသဖြင့် ဦးရေသုံးဆနည်းရခြင်းဖြစ်ပါသည်။

နောက်တချက်က (ရေ) ကို သရစာလုံးနောက်က တွဲသုံးသည့်အတွက် (ရေ) မှာ (တေ) ထက် ဦးရေပိုများခြင်းဖြစ်ပါသည်။

ယင်းလောက်ဆိုလျှင် ရခိုင်စာတွင် (ပြီး) (ကတ်) (ပျာယ်) (တေ) (ရေ) ဆိုသောအသုံးများကို ယှင်းပြီးဖြစ်ပါလိမ့်မည်။

(ဂတ်၊ ဗျာယ်) လက်တွိကြုံနီရသောပြဿနာ (နှစ်ပါး) ကိုလည်း ဖြေယှင်ပြီးဖြစ်ပါလိမ့်မည်။


(ရခိုင်ပေါင်းကူး သာလှဦး)

ပြုပျင်ဖြည့်စွက်စရာဟိသည်များကို တွိပါက အကြံပီးကတ်ပါ။ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပါမည်။ ဤသာခြင်းသည် ရခိုင်စာပီသမိုင်းတွင် စံထားရမည့်သာခြင်းတပုဒ်ဖြစ်ပါသည်။ ထို့ကြောင့် အထူးဂရုပြုလေ့လာပါရန် ရိုးသားစွာ အကြံပြုလိုပါသည်။ ပုံမနှိပ်ရပါသိမ့်။

----------------
ကိုးကားချက်အပြည့်အစုံကို ရက္ခိတရို့ဆုံရပ်မြီမှာ လေ့လာနိုင်ပါသည်

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။