“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ပြည်ထောင်စု၏ ဗိသုကာ (သို့မဟုတ်) လွတ်လပ်ရေး ဗိသုကာ

ပြည်ထောင်စု၏ ဗိသုကာ (သို့မဟုတ်) လွတ်လပ်ရေး ဗိသုကာ

စာရေးသူ – ခိုင်လင်း (မေဃဝတီ)


၁၉၃၉ စက်တင်ဘာလ (၉) ရက်နိန့်ဆိုစွာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ တနည်းအားဖြင့် ပြည်ထောင်စု တည်ဆောက်ရေးကို မျိုးစေ့ချပီးခရေရေ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့်နိ့ (၇၁) နှစ် ကြာခပါဗျာယ်။ သူ့ခေတ်က တင်ပီးလိုက်တေ သမိုင်းပီးတာဝန်တိကို တနင့်တပိုးကြီး ထမ်းဆောင်ခပြီး လှပရေ သမိုင်းတိစွာ ဇာလောက်ပင်ကြာကြာဆွီးမြေ့မလား၊ ကွယ်ပျောက်မလားဘဲ ရှင်သန်နိန်ဆဲ ဖြစ်ပါရေ။



ဆရာတော်ဦးဥတ္တမ၏ သမိုင်းတိကို အင်အားတိနန့် ချေဖျက်ခြင်းကို ခံနိန်ရကေလေ့ သူ့သမိုင်းကတော့ခါ သမိုင်းအဖြစ် ဟိနိန်ဖို့စွာပါ။ ပြောရကေ အနှိမ်ခံသမိုင်းအဖြစ်၊ ဆရာတော်ဦးဥတ္တမနန့် ပတ်သက်လို့ စာရေးဆရာ ပါရဂူ ဆရာတစ်ဦးက ၁၉၉၆ စစ်တွေ စာပီဟောပြောပွဲတခုမှာ “လွတ်လပ်ရေးအတွက် မျိုးစေ့ချပီးခရေ ဆရာတော် ဖြစ်ကေလေ့ နောက်ပိုင်းမှာ ထိုက်တန်ရေ အသိအမှတ်ပြုမှု မရဟိခပါ။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ကြိုးပမ်းမှု အတွက် တိုက်ပွဲဝင်ရေ ဆရာတော် နှစ်ပါးဟိပါရေ။ တစ်ပါးက ဦးဝိစာရ၊ အားလုံးသိရေအတိုင်း ရွှေတိဂုံဘုရား ရှိ့မှာကြီးရုပ်တုလုပ်ပြီးထားရေ၊ နောက်တစ်ပါးက ဆရာတော် ဦးဥတ္တမ၊ ဆရာတော်ဦးဥတ္တမစွာ ဦးဝိစာရထက် အဆပေါင်းများစွာ ကြိုးပမ်းလှုပ်ရှားခရေ။ ယကေလေ့ အသိအမှတ် မပြုခကတ်ပါ။ (ဖဆပလ) အစိုးရလက်ထက်မှာ ရွှေတိဂုံဘုရားဘေးက ကန်တော်မင်း ပန်းခြံကို ဦးဥတ္တမပန်းခြံ လုပ်ပြီးကေ ပန်းခြံထဲမှာ ဦးဥတ္တမကျောက်ရုပ်တု ထားဖို့ အစီအစဉ်ဟိရေ၊၊ ကျောက်ရုပ်ထုတောင် ထုလို့ပြီးနီပါယာ။ ယင်းစွာ ဇာပိုင်ဖြစ်လားလဲမသိပါ။ ဖြစ်မလာခ။ ဆရာတော် ဦးဥတ္တမ ကျောက်ရုပ်တုစွာ နှစ်တိ ကြာလာရေအခါမှာ ပန်းပုဆရာ ဦးဟန်တင်ခြံကို ရောက်လားရေ။ ကျွန်တော် ဦးဟန်တင်အိမ်ကို ရောက်ဖြစ်ခရေ။ ကိစ္စက အိန္ဒိယ သာသနပြု ဆရာတော် စန္ဒြာမုနိရုပ်တု ကြောင့်ပါ။

ယင်းနိန့်ညဇာဖက်က ဘုရားကြီးမှာ ဆရာတော် စန္ဒြာမုနိရုပ်တုကို တိါ့ခရေ။ ဆရာတော်ရုပ်တု ဖြစ်မြောက်ရေး ကော်မတီမှာ ကျွန်တော်လည်း ပါခပါရေ။ ယင်းရုပ်တုကို အိန္ဒိယကို ပို့ဖို့၊ ယကေလေ့ပို့လို့မရရေအတွက်ကြောင့် ယင်းမှာထားစွာပါ။ ဆရာတော်ဦးဥတ္တမ ရုပ်တုလည်း အေအတိုင်းဟိဖို့ထင်ပါရေ။ “နိုင်ငံတော် အနီနန့် ထိုက်တန်စွာ ဇာကြောင့် အသိအမှတ် မပြုသလဲ။” ကျနော် လေ့လာဖူးသလောက် ပြောရကေ ရခိုင်တိကတော့ခါ ဆရာတော် ဦးဥတ္တမစွာ ရခိုင်ဖြစ်လို့လို့ ခံယူကတ်တေ။

ရခိုင်လူမျိုးဖြစ်တေ ဆရာတော် ဦးဥတ္တမစွာ တကယ့်တော့ခါ ရခိုင်လူမျိုးတိကပါ ကောင်းကောင်းကြီး အသိအမှတ် ပြုချင်ကြစွာ မဟုတ်ပါလတ်။ ရခိုင်လူမျိုးတိအတွက် မလုပ်ခလို့လတ်။ ယင်းအချိန်က ရခိုင်လူမျိုးတိစွာ နှစ်ထပ်ကွမ်း ကိုလိုနီဘ၀ပါ။ (၁၇၈၄) မှာ ရခိုင့်နိုင်ငံတော်စွာ မြန်မာ (ဗမာ) နိုင်ငံက ၀င်ရောက် သိမ်းပိုက်မှုခံခရရေ။ ဆရာတော် ဦးဥတ္တမကို (၁၇၈၉) မှာ မွီးရေ။ ဆရာတော်ကို မွီးဖွားလာရေ အချိန်မှာ ရခိုင်တိကိုလိုနီဘ၀မှာ (၉၅) နှစ်ရာဟိပါသီးရေ။ (၁၇၈၄) ကို အခြေခံပြီး တွက်ကေ ဆရာတော် ဦးဥတ္တမက တတိယမျိုးဆက်မှာ မွီးဖွားလာရေသူ၊ ပြောရပေ ဆရာတော့်အဖိုး ကိုယ်တိုင် ရခိုင်တိ၏ ထီးကျိုးစည်ပေါက် ကိုယ်တွိ့ အတွိ့အကြုံတိကို မြီးဖြစ်သူကို ပြောဖြစ်ပါလိမ့်မေ။ ယင်းအတွက်ကြောင့်ထင်ပါရေ ဆရာတော်စွာ ရခိုင်တိ၏ နှစ်ထပ်ကွမ်း ကိုလိုနီ ဘ၀က လွတ်မြောက်ရေး တခုတည်းကို မကြည့်ခပါ။ ယကေလေ့ ရခိုင်လူမျိုးဖြစ်တေ ဆရာတော် ဦးဥတ္တမစွာ ရခိုင့်နိုင်ငံတော် ကိုလိုနီဘ၀က လွတ်မြောက်ရေးထက် အေနိန့် မြန်မာနိုင်ငံလို့ သတ်မှတ်ထားရေ ဧရိယာထဲမှာ ဟိနိန်ရေ ဘ၀တူ တိုင်းရင်းသားပေါင်းစုံ လွတ်မြောက်ရေးကို ရှေ့ရှုခရေ။ ယင်းအတွက် လှုပ်ရှားခရေ။ ဆိုကေ အခြေ အနီအရ ပေါ်ပေါက်လာရေ ပင်လုံထက်စောစီးစွာ ဆရာတော်က ပြည်ထောင်စု စိတ်ဓာတ်နန့် ပြည်ထောင်စု မျိုးစေ့ကို ချပီးခရေ။

ပြည်ထောင်စုတည်ဆောက်ရေး ရှေးရှုမှုတိနန့် လွတ်လပ်ရေး မီးရှူးတန်ဆောင်ကို ထွန်းညှိခရေ။ ဆရာတော် ဦးဥတ္တမ၏ ပြည်ထောင်စု တည်ဆောက်ရေး အတွေးအခေါ်တိကြောင့် ယင်းခေတ် ရခိုင် လွတ်လပ်ရေး အင်အားစတိစွာ ဆရာတော်ကို မနှိက်ခြိုကကတ်ပါ။ ယင်းခေတ်၏ ရိုက်ခတ်မှုတိစွာ အေနိန့်အချိန်ထိ သက်ရောက်မှုတိ ပျက်ပြယသီးစွာမဟုတ်သီးပါ။ ယကေလေ့ တချို့ ရခိုင် အင်အားစုတိ အဖွဲ့အစည်းတိက ပြည်ထောင်စု တည်ဆောက်ရေးလုပ်ခရေ ဆရာတော် ဦးဥတ္တမကို ရခိုင်ဖြစ်လို့ နိုင်ငံအသိအမှတ်ပြုမခံရစွာကို တော်လှန်ရေအနိန့်နန့် လှုပ်ရှားမတိ လုပ်ကတ်စွာကိုတွိ့ရပါရေ။
ဂနိန့် ဆရာတော် ဦးဥတ္တမ ခင်းခရေလမ်းကြောင်းကို ချီတက်နိန်ရေ ဘုန်းကြီးအချို့တောင် အသိအမှတ် ပြုချင်ပုံ မပေါ်ပါ။ ဆရာတော် ဦးဥတ္တမ၏ တနင့်တပိုးကြီး ထမ်းဆောင်ခရေ သမိုင်းပီးတာဝန်တိကို တောင် ဂျောင်ထိုးချင်ပုံပါ။

ဆရာတော် ဦးဥတ္တမ၏ တိုင်းပြည် လွတ်မြောက်ရေးလှုပ်ရှားမှု သမိုင်းတိအရ ကောက်ချက်ချရကေ ဆရာတော် ဦးဥတ္တမစွာ ပြည်ထောင်စု ဗိသုကာအဖြစ် မော်ကွန်းထိုးရဖို့ ဖြစ်ပါရေ။ ပြည်ထောင်စုစနစနန့် ပြည်ထောင်စု မတည်ဆောက်ချင်သူတိ ပြည်ထောင်စု အမည်ခံပြီး တပြည်ထောင်စနစ် (သို့မဟုတ်) ပဉ္စမ မြန်မာ နိုင်ငံတော်ကို တည်ဆောက်ချင်သူတိ အတွက်တော့ ဆရာတော် ဦးဥတ္တမကို နိုင်ငံတော်အနီနန့် ထိုက်ထိုက် တန်တန် ဂုဏ်မပြုဘဲ ဆက်လက်ချိုးနှိမ်အုံးမှာကတော့ သေချာပါရေ။
၁၉၉၆ စစ်တွေ စာပီဟောပြောပွဲမှာ ဆရာပါရဂူက “ဆရာတော်ကို မိန့်မထားသင့်ပါ၊ စစ်တွေမှာ ဆရာတော် နာမည်နန့် ခန်းမဆောက်ပြီး ကြီးရုပ်တဟိရေ။ ကျွန်တော် အများကြီး ၀မ်းသာ ကြည်နူးမိရေ။ ဒေအတိုင်း အတာနန့် အားမရပါ။

နိုင်ငံအတိုင်းအတာနန့်လုပ်စီချင်ပါရေ” လို့ စာရေးဆရာ ပါရဂူက ဆရာ ပြောကြားခရေမှတ်တမ်းကို ကျနော် လေ့လာ ဖတ်ရှုခွင့် ရခရေ။
ဆရာတော် ဦးဥတ္တမကို မြန်မာ့လွတ်လပ်ရေး၏ တပ်ဦး၊ မြန်မာ့လွတ်လပ်ရေး၏ မီးရှူးတန်ဆောင်၊ မြန်မာ့ လွတ်လပ်ရေး အစ ဦးဥတ္တမ၊ မြန်မာ့လွတ်လပ်ရေး၏ လင်းရောင်ခြည်၊ အာဇာနည် ဦးဥတ္တမ၊ အကြမ်းမဖက် လှုပ်ရှားမှု ခေါင်းဆောင်၊ အာယှနီဝန်း၊ အဖိနှိပ်ခံအားလုံး၏ သင်္ကေတ စသည့် ဂုဏ်ပုဒ်တိစွာ စာထဲမှာ သာဟိပြီး လက်တွိ့မှာ တစ်ခုလည်းမဟိပါ။ ဆရာတော်လည်း ဗုဒ္ဓဘာသာ သဘောအရ ၀ဋ်လည်ရေနန့်တူပါရေ။ မြန်မာနိုင်င၏ မြို့တော်ရန်ကုန်မှာ ဦးဥတ္တမလမ်း၊ ဦးဥတ္တမပန်းခြံ၊ ဦးဥတ္တမခန်းမ၊ ဦးဥတ္တမရုပ်တု တစ်ခုတောင်မှ မရဟိခဘဲ ဆရာတော် ဦးဥတ္တမ ပြောခဖူးရေပိုင် “ဂရက်ဒေါက် ဂတ်ဒ်အောက်” ဆိုပြီး အင်္ဂလိပ်ဘုရင်ခံချူပ် ကို မြန်မာပြည်ကနီမောင်းထုတ်ခရေအတိုင်း အဂုလည်းပဲ “ဦးဥတ္တမ ဂတ်ဒ်အောက်” ဆိုပြီး နှင်ထုတ်ခံခရလို့ ရခိုင်ပြည်ကို ပြန်လာခရရေနန့်တူပါရေ။

ဆရာတော် ဦးဥတ္တမအကြောင်း ဆောင်းပါးရေးယင်းနန့် အိန္ဒိယနိုင်င၏ လွတ်လပ်ရေးသမိုင်း ဖြစ်စဉ်ကို လားပြီးကေသတိရနိန်မိရေ။ နေရူးကို အိန္ဒိယ သမိုင်းဆရာတိက အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ဖခင် အဖြစ် မော်ကွန်းမထိုး။ မဟတ္တမ ဂန္ဒီကြီးကို လွတ်လပ်ရေးဖခင်အဖြစ် မော်ကွန်းထိုးခကတ်စွာကို သတိရ ရလားရေ။ ကျွန်တော်ရို့နိုင်ငံက ဆရာတော် ဦးဥတ္တမကို လွတ်လပ်ရေးမော်ကွန်းထိုးဖို့ အဆိုတင် သွင်းကေ အေရာမကြီး အုတ်အော်သောင်းနင်း ဖြစ်လားဖို့လားမသိ။ ရန်ကုန်မှာ ဦးဥတ္တမ ပန်းခြံကို ပြန်ရုတ်သိမ်း၊ ဦးဥတ္တမ ရုပ်တုက ပန်းပုဆရာ ဦးဟန်တင၏ အိမ်ကို ရောကလား၊ ဒေတစ်ခါ လွတ်လပ်ရေး ဖခင်အဖြစ် မော်ကွန်း ရွီးထိုးပီးဖို့ တောင်းဆိုကေတော့ခါ စစ်တွေမှာဟိရေ ဆရာတော် ဦးဥတ္တမ၏အထိမ်းအမှတ်တိအားလုံး ပြန်ပြီးကေတောင် ရုတ်သိမ်းပစ်လားဖို့လားဆစွာကို မပြောနိုင်ပါ။

ဇာပင်ပြောပြော အင်အားဟိသူတိစွာ သမိုင်းကို အသစ်ပြနရွီးနိုင်ကတ်လို့ ယင်းပိုင်အင်အားနန့် သမိုင်းကို အသစ်ပြနရွီးယင်း တဖက်မှာလည်း သမိုင်းမှန်တိကို ချေဖျက်ပစ်တတကတ်တေ။ ယကေလေ့ အမှန်တရားကတော့ခါ တနီရာမှာ ခေါင်းမော်ကြညနီဖို့စွာရာ။

-------------------
(အာရကန်ရီဗျူးက မျန်မာဘာသာပို့(စ်) ရခိုင်ဘသာနန့်တတ်နိုင်သမျှဘာသာပြန်ပနာတင်ပီးလိုက်ပါသည်။ )

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။