“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

ရခိုင်လျှောက်ထုံးများ အမှတ် (၅၁ မှ ၇၂) ထိ

ရခိုင်လျှောက်ထုံးများ အမှတ် (၅၁ မှ ၇၂) ထိ
--------------------------------------------
ဗလကျော်သူနှင့် တုရင်မဏိသူရို့ ခိုဝင်သည့်အရေးတွင်လျှောက်ထုံး။

တရံရောအခါ အင်းဝမြို့နိုင်ငံကို ပဲခူးမင်းကျော်ထင်နော်ရထာ တိုက်ခိုက်သိမ်းယူသည်။ အင်းဝမင်းစည်ကျော်ထင်ကိုလည်း လက်ရဖမ်းဆီးယူဆောင်လာလတ်သည်။ ထိုအခါ အင်းဝမင်းစည်သူကျော်ထင်၏အမတ် လောင်းရှည်စားဗလကျော်နှင့် အမြင့်မြို့စားတုရင်မဏိ သူနှစ်ယောက်သည် လွတ်ရာသို့ထွက်ပြီးကြသည်။ ထိုသို့ထွက်ပြီးကြရာ ရခိုင်ပြည့်သျှင်မင်းထံရောက်ဟိကြသည်။ ရခိုင်မင်းက စားရန်ရိက္ခာနီအိမ်များပီးပြီး ကောင်းစွာထားတော်မူသည်။ တလခန့်ဟိသောအခါ အင်းဝမင်းအမတ်နှစ်ဦးအရည်အသွီးကို အမတ်ကြီးမဟာပညာကျော်သို့ မီးတော်မူသည်။

အမတ်ကြီးမဟာပညာကျော်လျှောက်တင်သောထုံးမူကား-

အသျှင်မင်းမြတ်။ လောကီလောကုတ္တရာနှစ်ပါးတွင် လောကုတ္တရာ၌ တဏှာကုန်ရာသောတရားကို မြတ်စွာဘုရားဟောကြားတော်မူသည်ကား-

အနေကဇာတိသံသရံ၊ သန္ဓာဝိဿံအနိဗ္ဗံတံ။
ဂဟကာရံဂဝေသန္တော၊ ဒုက္ခာဇာတိပုနပ္ပုနံ။
ဂဟကာရကဒိဌောသိ၊ ပုနေဂေဟံနကာတသိ။
သဗ္ဗာ တေဖာသုကာဘဂ္ဂါ၊ ဂဟကူဋံဝိသခံ။
ဝိသင်္ခါရဂတံစိတ္တံ၊ တဏှာနံခယမဉ္စဂါ။

ဤစကားတော်သည် ပထမတရား

တဒ္ဒဒါနိဘိက္ခဝေအာမန္တယာမိဝေါ
ဝယဓမ္မာသင်္ခါရ၊ အပ္ပမာဒေန၊ သမ္ပါဒေထ။

ဤစကားတော်ကားအဆုံးတရား

ယင်းသို့ကျမ်းဂန်လာသည့်အတိုင်း၊ သံသရာဝဋ်ရို့ကုန်ရာဖြစ်သော တဏှာ၏အကြောင်းကိုသိအပ်ရာသည်။ တဏှာကုန်ဆုံးသော် သံသရာလည်းဆုံးလီတော့ကြောင်း ဗုဒ္ဓ၏အစဦးနှင့်အဆုံး တရားတော်ဖြစ်ပါသည်။ ယင်းနှင့်စပ်၍သိရာသောအကြောင်း လောကီမှုမှာလည်း မင်းကောင်းမင်းမြတ်ရို့ နီရပ်မြို့အင်္ဂါခုနှစ်ပါးဟိကြောင်း ကျမ်းဂန်လာသည်မှာလည်း-

သာမျာမစ္စောသခါကောသော၊ ဒုဂ္ဂဉ္စ၀ိဇိတံဗလံ
ရဇ္ဇာနိသိသတ္တေကေ သိယုံပကတိထောပိစ။

ထိုသို့ကျမ်းဂန်လာရာ၌-

၁။ တရားကိုသိ၍ လိမ္မာစွာအမျိုးကိုစောင့်သောမင်းလည်းတပါး။

၂။ မင်းနှင့်တိုင်းပြည်ကျက်သရေဟိအောင်ဆောင်နိုင်သော အကျိုးအပြစ်ကိုသိ၍ လောဘ၊ ဒေါသ၊ မောဟစသော ပညာဟိအမတ်ကောင်းလည်းတပါး။

၃။ စစ်မက်မဟိ တိုင်းတပါးမင်းရို့အား မိတ်ဆွီဝင်ခြင်းလည်းတပါး။

၎။ ပြည်သူရို့အခွန်ကိုမလွန်စီရ၊ မှန်သောဘဏ္ဍာ၊ ဥစ္စာရွှေငွေ၊ ဆန်ရီစပါးများခြင်းလည်းတပါး။

၅။ ကျုံး၊ မြောင်း၊ မြို့ရိုး၊ ပြအိုး၊ တန်ဆောင်းခိုင်လုံစွာ မြို့တွင်းမြို့ပြင် သန့်စင်ယှင်းလင်း၊ စက်ဆုတ်ဖွယ်
မဟိစီရ၊ ညီညွတ်ခြင်းလည်းတပါး။

၆။ ကျေးလက်နိုင်ငံ စည်ကားခြင်းလည်းတပါး။

၇။ ရဲမက်ဗိုလ်ခြီ၊ မြင်း၊ ဆင်စသော လက်နက်မီးပေါက်များခြင်းလည်းတပါး။

ယင်းသို့စုံသော တိုင်းပြည်ကိုမှသာ တိုင်းကြီးပြည်ကြီးပီ၍ မင်းကောင်းမင်းမြတ်နိုင်ငံဟူ၍ ကျမ်းဂန်လာပါသည်။
ထိုမှတပါးတည်း ပညာဟိအင်္ဂါဟိ ပြန်ပါသည်။

သုစိပုဘာဝိနိမုတ္တာ၊ ကထံသောပဏ္ဍိတော တောဘဝေ။
သုစိပုဘာနမုစ္စတာ၊ တသ္မာ ပဏ္ဍိတော ဟောတိ။

ထိုသို့ကျမ်းဂန်လာသော လေးခွန်းအက္ခရာနှင့်ဆင်ခြင်သော် လောင်းရှည်စားဗလရဲကျော်သည် အင်္ဂါမဟိသူ။ မူးမတ်စဉ်အနွယ်မ၀င်၊ တဒင်္ဂဖြစ်သော သူလက္ခဏာဖြစ်ပါသည်။ အမြင့်စားတုရင်ပဏိမူကား ပညာဥာဏ်လျှောက် ပတ်စွာမူးရိုး၊ မတ်ရိုး၊ မတ်မျိုး လက္ခဏာဟိပါသည်။ ယင်းသို့အကြောင်း လောကီလောကုတ္တရာနှစ်ဖြာသော ကျမ်းလာထုံးဟောင်းနှင့် လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးအမိန့်တော်ဟိသည်ကား-

“လူနှစ်ယောက်အရည်ကို ငါလည်းသိတော်မူသည်ပင်” သို့ရာတွင် ချမ်းသာလို၍ မှီခိုလာသူအား ချမ်းသာစီရာသည်။ သူမကောင်းမူ သူ့၌ရာအပြစ်၊ ငါမူကား အကျိုးသားဖြစ်မည်- မိန့်တော်မူ၍ တုရင်မဏိသူမှာ မီးပြ၊ ကင်းဗလရဲကျော်ကို ပြွန်ရှည်ကင်းစားအရာ ပီးတော်မူသည်။

ထိုသို့ပီးတော်မူ၍ တနှစ်ခန့်ဟိမှ ဗလရဲကျော်သည် ကင်းခွန်ငွေကိုခိုးယူပြီး တရွေးချောင်းလမ်းက အရှိပြည်သို့ထွက်ပြီးသည်။ ထိုသူအား ချင်းရို့ဖမ်းမိပို့ဆက်လာကြသည်တွင် အမတ်ကြီးလျှောက်ပြန်သည်ကား-

အသျှင်မင်းမြတ်။ သူယုတ်ရို့အင်္ဂါ လက္ခဏာကို ကျမ်းဂန်လာသည်မှာလည်း-

အလသောစ ပမာဒေါစ၊ အနတ္တ ဒေစသံသယော။
နိဒ္ဒါတန္တိစ တေဆိဒ္ဒေ၊ သဗ္ဗသောနံဝိယောဇယေ။

ထိုသို့သူတော်ကောင်းအမှာဟိပါသည်။

အသျှင်မင်းမြတ်။ သူယုတ်ရို့အား ဖီးရန်ဟိသောခရီးကို ယှောင်ကြဉ်သကဲ့သို့ ပညာဟိသောသူရို့ ယှောင်ကြဉ်ရမည့် အကြောင်းဖြစ်ပါသည်။ အပြစ်မပြုသင့်ပါ။ လျှောက်လတ်သော် ပျော်ရာသာနီလီတော့ အမိန့်တော်ဟိ၍ စားသုံးရန်အသပြာတရာပီးတော်မူပြီး၊ ပြည်မှထွက်ခွာခွင့်ပြုတော်မူသည်။ တုရင်မဏိသူကိုမူကား- ကိုယ်လုပ်တော် မောင်းမသဇင်ညိုကိုထုတ်၍ ပီးမြားတော်မူပြီးလျှင် ဥဿလင်းချောင်းစားအရာပီးတော်မူပြီး မှူးမတ်အရာနှင့်ထားတော်မူသည်။

တနိသောအခါ တုရင်မဏိသူ ဥဿလင်းသို့ထွက်လီရာ မြို့ရို့အရပ်တွင် ထူးဆန်းသော ပိတကာပင်ကြီးတပင်တွိသည်။ ထိုအပင်နှင့်အသီးများကို ရွှေချ၍ယူခပြီး ရွှေပဒေသာပင်ရဟိခသည်။ ယူလာရာပြည့်သျှင်မင်းကြီးက အသုံးကင်းစားငလုံးတင်ကို အကြိုစေလွှတ်တော်မူသည်။ ငလုံးတင် ရလာကင်းဆိပ်တွင် တွိလီသည်။ ငလုံးတင်ရှိ၌ပင် ပိတကာသီးတလုံး ကြွီကျသည်။ ငလုံးတင်မြင်၍ ဆိုသည်ကား-

“ပေါက်ကန်ပြည်သား၊ စကားမဟုတ်၊ မျက်လှည့်သည်သို့” ရှိသူဟောင်းရို့ဆိုခသည်။ ပြောင်းပြာစားတွင်ရာ ကြားရသည်။ ယခုမှာ ကိုယ်တွိပင်မြင်ရပြန်သည်။ သို့ဆိုပြီးမူ ထိုပိတကာသီးအကြွီကိုယူ၍ပြန်သည်။ ကင်းစားငလုံးတင် ရောက်လာကြောင်းကို အမတ်ကြီးသိလတ်သော်- ငလုံးတင်သည် ရှိထုံးတမ်းကို ကျွမ်းသူမဟုတ် ကောင်းကျိုးမကောင်းကျိုးကိုလည်းမသိသူဖြစ်သည်။ မင်းရှိတော်သို့မ၀င်မှီ ငလုံးတင်ကိုခေါ်စီသည်။ ငလုံးတင်ရောက်လာသော် မြင်ခသည့်အတိုင်း အမတ်ကြီးသို့ပြန်ဆိုသည်။ ထိုအခါ
အမတ်ကြီးဆိုသည်ကား-

တိုင်းရေးပြည်မှုမဟုတ် မင်းဂုဏ်သာဖြစ်သည်။ မင်းထံမလျှောက်သင့်၊ လား၍ကြိုမြဲကိုရာ ခန့်တော်မူရင်းအတိုင်းကြိုခီ။ အမတ်ကြီးဆိုသောစကားကို ငလုံးတင်မနာမယူ၊ မင်းထံဝင်၍ ထိုပိတကာသီးကိုရာ ဆက်ဖြစ်အောင်ဆက်သည်။ ပြည့်သျှင်မင်းကြီး အမိန့်တော်ဟိသည်ကား “ငလုံးတင်၊ နင့်ကို အကြိုရာလွှတ်သည်။ ထိုအပင်အသီးကို အယူလွှတ်သည်မဟုတ်။ မင်းအာဏာကိုလွန်၍ကျင့်သူဖြစ်သည်။” ထိုသို့ အမိန့်တော်ဟိပြီး၊ ငလုံးတင်ကို မာန်အောင်ကျွန်းသို့ပို့သည်။ ဥဿလင်းစားဆက်သော ပိတကာပင်ကိုမူကား၊ နန်းဦးမြီတလင်းတွင်စိုက်ပြီးမူ၊ ရွှေဒေါင်းပျံခြံကာလျှက်ထားတော်မူရာ ပြည်သူအပေါင်းရို့ပူဇော်၍ မင်းဖလောင်းလက်ထက် နန်းဦးတွင် ရွှေပဒေသာပင်ပေါက်သည်ဟူ၍ ရာဇ၀င်ထွက်သည်။

လျှောက်ထုံးအမှတ် (၅၂)

မင်းနှင့်စပ်သော အဆောင်အရွက်နှင့်ပတ်သက်သောလျှောက်ထုံး။

တရံရောအခါ ပြည့်သျှင်မင်းကြီးက ထီးငါးစင်းကိုမီးတော်မူသည်။ ထိုအခါ အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးသော်ကား-

အသျှင်မင်းမြတ်။ ရှိပညာဟိရို့ဆိုသောစကားမူကား-

၁။ မင်းရို့၏ထီးငါးစင်းသည် မင်းစံတော်မူသောသလွန်ထက်ဝယ်ဖွင့်လျှက် အမြဲစိုက်ထားသောထီး၊ ထိုထီး၌ ရတနာခုနှစ်ပါးဖြင့် စီခြယ်ထားရာသည်။ ထိုထီးကိုမူကား ကြငှန်းထီးဖြူဟူသည်။

၂။ တနှစ်တကြိမ်သဘင်ခံရာ ဖွင့်ဆောင်းသောထီး၌ န၀ရတ်ကိုးပါးစီခြယ်ရာသည်။ ထိုထီးသော်ကား ဥရုထီးဖြူဟူသည်။

၃။ ထွက်ဝင်မပြတ်ဆောင်းသောထီးဖြူကား ရွှေရိုး၊ ငွေရိုးထွတ်နှင့် တမွတ်ထီးဖြူဟူသည်။

၎။ တတိုင်းတပြည်က သံကြီးတမန်ကြီးရောက်လတ်သော် ဆောင်းသောထီးဖြူမူကား အရိုးအလွတ်ရွှေခြယ်ရာသည်။ အရွက်ရို့၌ ရတနာကိုးပါးစီခြယ်၍ ထိုထီးကိုသော်ကား ကနက္ကဒန်ထီးဖြူဟူသည်။

၅။ ဆင်ယဉ်မြင်းယဉ်ရို့၌ ဆောင်းသောထီးဖြူကိုမူကား အရိုးအလွတ် ရွှေခြယ်ရာသည်။ ထိုထီးဖြူမူကား ဘမ္မုတိထီးဖြူဟူသည်။ ယင်းသို့လျှင် ထီးဖြူငါးစင်းသည် ရှိထုံးစံအတိုင်းဖြစ်ပါသည်။ ယင်းသို့လျှောက်ထားပြီး အမတ်ကြီးက မင်းကောင်မင်းမြတ်ဘုရားလောင်းရို့တတ်ရာသောအကြောင်း ကျမ်းဂန်အလာနှင့် လျှောက်ထားပြန်ပါသည်။

အသျှင်မင်းမြတ်-

သုတိသမ္ဗုတိသင်္ချာစ၊ ယောဂါနီတိဝိသေသကာ၊
ဂန္ဓဗ္ဗာဂဏိကာစေ၀၊ မနူဗေဒါစ ပေါရာဏာ၊
တိကိစ္ဆာ ဣတိဟာသဉ္စ၊ ဇောတိမာယာစဆန္ဒတိ၊
ကေတုမန္တ စသဒ္ဒါစ၊ သိပ္ပါဌာရသကာဣမေ။

ထိုသို့ကျမ်းဂန်လာဟိပါသည်။ မင်းမြောက်တန်ဆာငါးပါးကို ကျမ်းဂန်လာသည်ကား-

စဂ္ဂေါစ ဆတ္တဥဏှိဿံ၊ ဖာဒုကာဠဗီဇနိ
ဣမေက ကုမဗန္ဓာနိ၊ ဘ၀န္တိပဉ္စရာဇူနံ။

ယင်းသို့အရ အနက်မူကား-

၁။ သန်လျှက်လည်း တပါး

၂။ ထီးဖြူလည်း တပါး

၃။ သင်းကျစ်လည်း တပါး

၎။ ခြီနင်းလည်း တပါး

၅။ သားမြီး ယပ်လည်း တပါး။

ယင်းမှတဖန် ဟိပြန်သိမ့်သည်။

ပဉ္စဒူရိယာ- ငါးပါးဟူသည်ကား-

အာတတီ ၀ိတတဉ္စေ၀၊ အာတတ၀ိတတိဃနံ။
သူတိရဉ္စေ၀တူရိယံ၊ ပဉ္စဂီက၊ မုဒီရိတံ။

ဟူ၍ကျမ်းဝယ်ပြသည်။ အဓိပ္ပါယ်ကား-

၁။ တဖက်ပိတ်သော စည်။

၂။ နှစ်ဖက်ပိတ်သော စည်။

၃။ အလုံပိတ်သော စည်။

၎။ တခဲနက်အသံဟိသော စည်။

၅။ အခေါင်းဟိသော စည်။

တခဲနက်သောအသံဟိသည်မှာ မောင်း၊ ကြီးနင်း၊ လင်းခွင်း၊ ကြီးစည်။ အခေါင်းဟိသည်ကား- ခရာ၊ ဒုံမင်း၊ ခရုသင်း၊ နှဲ၊ ပြွီ၊ တံပိုးဟူရာသည်။

ဘုရားလောင်းရို့ဖြည့်အပ်သော ပါရမီဆယ်ပါးကိုကျမ်းဂန် ပြပြန်သည်ကား-

ဒါနံသီလဉ္စနိက္ခမံ၊ ပညာဝီရိယပဉ္စမံ။
ခန္တီသစ္စာအဓိဌာနံ၊ မေတ္တုပေက္ခာစိမေဒသ။

ယင်းသို့ ပါရမီဆယ်ပါးတရားတော်ကို ကျမ်းဂန်အလာနှင့်လျှောက်လတ်သော် မင်းကြီးလည်း ကြိုက်တော်မူသည်။

လျှောက်ထုံးအမှတ် (၅၃)

အတွင်းသင်းမှူးချစ်သူကို သားတော်ထွီး၏အကြီးတော်ခန့်သင့်မခန့်သင့်လျှောက်ထုံး။

တရံရောအခါ၌ကား သားတော်အထွီးစောနှောင်ခင်ကို ကျေးစားမာဂဓရာဇ်မြို့၊ ကထူး၊ ဟယ်၊ မြုံရို့နီသောအရပ်ကို
ပီးတော်မူသည်အတွင်း သင်းမှူးချစ်သူကို သားတော်အား အထိန်းအအုပ်အကြီးပြုရန် ခန့်တော်မူမည်ဟိရာ
အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးသော်ကား-

အသျှင်မင်းမြတ်။ ရှိသောအခါ သီလသမာဓိဟိသော ရဟန်းတဦးသည် နိဂုံးရွာတွင် ရောက်ရှိနီထိုင်သည်။
ထိုရွာနီလူရို့သည် မိမိရို့၏မိရိုးဖလာကိုးကွယ်လေ့ဟိသော မှားသောစရိုက်ဟိသည့် အလဇ္ဇီရဟန်းရို့ကို
ကိုးကွယ်ဆည်းကပ် လှူဒါန်းများစွာပြုလျှက်နီထိုင်ကြသည်မှာ ရှည်ကြာလှလီပြီ။ နောက်မှ ရောက်လာသော
သီလသမာဓိဟိသူရဟန်းက ထိုရွာသားရို့အား- မသမ္မာသောအကျင့်အယူအသိတရားကို ကြည်ညိုချေက
သံသရာရှည်လျှက် အပါယ်ဘုံ၌ရာ လူးလာဖြစ်ရာသည်။ ယင်းသို့လျှင် တရားတော်နှင့်လျှော်စွာ
ဟောပြောပြသသည်။ ရွာသားရို့သည် ရဟန်းတရားကို သဘောမကြိုက် မနှစ်လိုဟိကြသည်။ ထို့ကြောင့်
ထိုရဟန်းထံ တစုံတဦးမျှ အရောက်အပေါက် အလှူအတန်းမဟိနီကြသည်။ ရဟန်းလည်း အနီအစား
ခေါင်းပါးလီရအား မင်္ဂလာတရားမစောင့်၊ အသေ၀နာစ၊ ဗာလာနံ သူယုတ်ရို့နှင့်ပေါင်းဖက်နီလီရာ
သီလသမာဓိဟိသော ရဟန်းမြတ်ဖြစ်လျှက်ပျက်စီးရသည်။ သူယုတ်ရို့အလိုက် စရိုက်တူဖြစ်ရလီသောကြောင့်
မောဟဖုံးလွှမ်းသော အကုသိုလ်တရားရို့ကြောင့် ထိုရဟန်းအပါယ်သို့လားရကြောင်း ထုံးဟောင်းကျမ်းဂန်ပါသည်။

တကြောင်းတုံလည်း အနိန္ဒမပြည့်သျှင်မင်းနှင့် သင်္ဂဟပြည့်သျှင်မင်းရို့ နှစ်ဦးသားချစ်ကျွမ်းဝင်ကြလီသောကြောင့်
သရက်ချိုပင်ဟိသော သင်္ဂဟမင်းဥယျာဉ်တော်တွင် ဥပုသ်အတူစောင့်ကြသည်။ ဥပုသ်စောင့်ရာတွင်

သရက်ချိုသီးကို စားကြသောအခါ အလွန်ချိုလှသောကြောင့် အရိန္ဒမမင်းက မျိုးစိပီးရန်တောင်းသည်။
သင်္ဂဟမင်းလည်း သ၀န်တိုလျှက် မျိုးစိမပီးဟိသည်။ အရိန္ဒမင်းလည်း မကျေမနပ်ဟိသည်နှင့်
အရေး၌လိမ္မာသောမင်းစေတယောက်ကို ထိုသရက်ချိုပင်အား အရသာပျက်အောင်ဖျက်ခရမည်ဟု မင်းမိန့်ထား၍
လွှတ်လီသည်။ ထိုသူသည် သင်္ဂဟပြည်သို့လား၍ ရောက်လတ်သော် ထိုသရက်ချိုပင်ဟိသော ဥယျာဉ်မှူးထံ
အစေခံပြု၍နီသည်။ ထိုသူလည်း အလုပ်ကိုကောင်းစွာလုံ့လပြု၍လုပ်ချေသော် ထိုဥယျာဉ်၌ဟိသော သူရို့ထက်
စိုက်ပျိုးရာတွင် ပို၍ကျွမ်းကျင်သည်။ ထိုသူ၏အရည်အသွီးကို ဥယျာဉ်မှူးမြင်သိလီရာ ဥယျာဉ်တော်ဟိအပင်ရို့ကို
ကောင်းစွာပြုစုစောင့်ယှောက်ရန် တာဝန်အပ်နှံသည်။

ထိုသူသည် အပင်ရို့ကိုပြုစုရာ၌ သရက်ချိုပင်အနီးပတ်လည်ရို့၌ ခါးတတ်သောအပင်၊ ချဉ်တတ်သောအပင်၊
ဖန်တတ်သောအပင်၊ စပ်တတ်သော အပင်ရို့ကိုစိုက်ပျိုးသည်။ ထိုသရက်ချိုပင်၌ကား မဲဒါးရေကိုရာလောင်းသည်။
သရက်ပင်သီးချိန်ရောက်၍ သီးလီသောအခါ ရှိနှင့်မတူ ချို၊ ချဉ်၊ ဖန်၊ စပ်ဟိသည်။ ထိုသူသည်
ဥယျာဉ်မှထွက်လီပြီး မိမိအသျှင် အရိန္ဒမင်းထံလားသည်။ သရက်သီး အရသာပျက်လီပြီအကြောင်း
လျှောက်ထားသည်။ ထိုမျှ နတ်မင်းစားသော အဗဗ္ဘန္တရသရက်သီးကဲ့သို့ချိုသော အရသာဟိသော
သရက်ပင်တုံမှလည်း သူမကောင်းအောင်ဖျက်လျှင်ပျက်စီးရကြောင်း ဇာတ်နိပါတ်သက်သီထွက်ပါသည်။

သင်းတော်မှူးချစ်သူ အုပ်ထိန်းလီသမျှသော အမှုထမ်း၊ ကိုယ်ရံတော်၊ သင်းတော်သားဟူသမျှရို့သည်
လူကြမ်းစုချည်းရာ ဖြစ်ကြသည်။ သင်းတော်မှူးချစ်သူသည်လည်း ကြမ်းတမ်းသောအကျင့်ဟိသူသာဖြစ်ပါသည်။
သားတော်ကို ချစ်သူထံအပ်၍ထိန်းစီသော် သားတော်လည်း ကြမ်းတမ်းခက်ထန်သောသဘောရာဟိပါမည်။
သို့ရာတွင် ရှိပညာဟိသူတော်ကောင်းစကား၌ သူကောင်းသားယဉ်ပါးသည်။ သူယုတ်သားကား ရမ်းကားသည်။
ယင်းသို့စကားကိုထောက်သော် အသျှင်ဧကရာဇ်သားတော်သမီးရို့သည် သူနုတ်ကဲ့သို့ မဟုတ်ပါချေ။
သိမ်မွေ့ယဉ်ကျေးမှသာ ကျက်သရေထွန်း၍ ပညာဟိရို့အချီအမွမ်းကို အရှည်ခံရပါမည်။ ထိုသို့
အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းကြီးလည်းကြိုက်တော်မူ၍ သင်းမှူးချစ်သူကို အထိန်းအအုပ်
မခန့်မထား။ လေးမြို့စားကို အပ်တော်မူသည်။

ထိုလေးမြို့စားအမတ်မူကား စိန္ဒက၀ံမြောက်သော အမတ်မျိုးဖြစ်ခြင်းကြောင့် သားတော်သည်လည်း
ပညာဟိနည်းနာရသည်။ ယင်းသို့ရသည်ဖြစ်ခြင်းကြောင့် သက်တော် ခုနှစ်နှစ်သားအရွယ်ကပင် သိမ်မွိသော
နှလုံးစွဲလျှက် သဒ္ဒါသီလစသော သူတော်ကောင်းဥစ္စာခုနှစ်ပါးနှင့်ပြည့်စုံပြီး၊ ပဉ္စသီလတရားငါးပါးကို
စွဲမြဲဆောက်တည်တော်မူသည်။

လျှောက်ထုံးအမှတ် (၅၄)

သီသောအခါ ငရဲသို့ရောက်အပ်သူကိုလျှောက်ထုံး။

တရံရောအခါ၌ ပြည့်သျှင်မင်းကြီးသည် အမတ်ကြီးမဟာပညာကျော်သို့မီးတော်မူသည်။ လူရို့သည်
သီခြင်းသို့ရောက်ပြီးသောအခါ၌ မချွတ်မလွဲ ငရဲသို့ရောက်ရသောသူကား ပဇာကံထိုက်သောသူသည်
ရောက်အံ့နည်း။ မီးတော်မူလတ်သော် အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးသော်ကား-

အသျှင်မင်းမြတ်။ အရိယသစ္စံ- အရိယာစသော မြတ်စွာဘုရား၏ သာသနာတော်၌ အကျင့်ကောင်း၊
အကျင့်မြတ်ဖြင့်နီကြကုန်သော၊ ဘိက္ခူ- ရသေ့ရဟန်းရို့သည် ပုနပ္ပုနံ- ဖောက်ပြန်လတ်၍၊ ယော-
အကြင်ရဟန်းသည်၊ အလဇ္ဇိနော- အလဇ္ဇိအကျင့်ကို ကျင့်ဆောင်လျှက်၊ မရဏံ- သီခြင်းသို့၊ ဘဝေ-
ရောက်လီအံ့။

ယော- အကြင်ရဟန်းသည်၊ အနိဌစာဂံ- ဆောင်ယူသော၊ မောဟ- တရားပို့လီရာ၊ နိယယေ- ငရဲသို့၊ ဥပ္ပဇ္ဇတိ-
ရောက်လီရာ၏။ ရဌ- အကြင်ပြည်တိုင်းကားကို အစိုးရသောရာဇာမင်းသည်လည်း ဒသပါရမီသစ္စံ-
မင်းကျင့်တရားဆယ်ပါးရို့ မကျင့်မကြံ၊ ဖောက်ပြန်လျှက်၊ မိစ္ဆာဇီဝံသူယုတ်ရို့အလေ့အကျင့်ဟိသဖြင့်၊ မရဏံ-
သီခြင်းသို့၊ ဘဝေ- ရောက်အံ့။

ယော- အကြင်မင်းသည်၊ အနိဌစာဂံ- ဆောင်ယူသောမောဟတရားပို့သဖြင့်၊ နိရယေ- ငရဲသို့၊ ဌိတောဝ-
မချွတ်မလွဲ၊ ဥပ္ပဇ္ဇတိ- ရောက်လီ၏။

ရဌ- တိုင်းပြည်ကိုဖျက်ဆီးတတ်သောသူသည်လည်းကောင်း၊ မံသမစ္ဆော- သားငါးစသောသတ္တ၀ါရို့ကို
နှိပ်စက်သတ်ဖြတ်လေ့ဟိသောသူလည်းကောင်း၊ မာတာမိတာစ- ပုတ္တဒါရသ၊ ဥာတကာနဉ္စ- မိဘဆွီမျိုး၊
လင်သားမယားစသောသူရို့အား သီစီမှုပြုတတ်သောသူလည်းကောင်း၊ ဘုရားစသော အရိယာပုဂ္ဂိုလ်မြတ်ရို့အား
ပြစ်မှာသောသူလည်းကောင်း၊ ပါပံ- မကောင်းသောစရိုက်ဟိသည်ဖြစ်၍၊ ဇီဝိတိနြေ္ဒတည်းဟူသော-
သက်ရှည်ရုပ်ကြာသမျှ ကာလပတ်လုံး၌၊ ဧကော-တယောက်သော၊ ပူရိသော သံဝါသော-
ပညာဟိနှင့်တွိသော်လည်း၊ ယောနိသောမနသိတာရော- ထိုပညာဟိသူတော်ကောင်းရို့၏စကားကိုမနာယူမူလျှက်၊
မရဏံ- သီခြင်းသို့၊ ဘဝေ- ရောက်လီအံ့၊ တထာ- လာခြင်းလားခြင်း၊ အမတံ- ပြန်ခြင်းမကောင်းသော၊
မနူဿဆပတံ- အလွန်ယုတ်မာလှသော ထိုခြောက်ယောက်သောသူရို့သည်၊ စတုအပါယေ- မကောင်းလေးရွာ
အပါယ်ရွာသို့၊ ဟိန္နံအနိတ္တံ- မသူတော်ရို့နီရပ်ဖြစ်သော အပါယ်ဘုံသို့ ရောက်ရလီ၏။
အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းလည်း အလွန်ကြိုက်တော်မူသည်။

လျှောက်ထုံးအမှတ် (၅၅)

မင်းရို့ကျင့်အပ်တင့်အပ်ရာ ဘုန်းကျက်သရေကိုညွှန်ပြသောလျှောက်ထုံး။

တရံရောအခါ၌ ပြည့်သျှင်မင်းကြီးက မင်းရို့ကျင့်အပ် ဘုန်းကျက်သရေကိုမီးတော်မူသည်။ ထိုအခါ
အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးမူကား-

အသျှင်မင်းမြတ်။ မင်းရို့အား တင့်အပ်သည့်ခြောက်ပါးသောဘုန်းမူကား-

၁။ ဣဿရိယ- ဟူသော အစိုးရခြင်း။

၂။ ယသ- ဟူသော အခြံအရံများခြင်း။

၃။ ဓမ္မ- ဟူသော အကျင့်တရား ထိုးထွင်းဥာဏ်ပညာဟိခြင်း။

၎။ သီရိ- ဟူသော အလားအနီ၊ အစားအပြောအဆို၊ အအိပ်၊ အ၀တ်အနီအထိုင်တင့်တယ်ခြင်း။

၅။ ကာမ- ဟူသော ခပ်သိမ်းသောအမှုရို့၌ အလိုတော်ဟိလျှင်ပြည့်စုံခြင်း။

၆။ ပယတ္တ- ဟူသော ကောင်းသောနှလုံးနှင့်ပြည့်စုံခြင်း။

ထို့ပြင် ပြည့်သျှင်မင်းရို့၌ စက္ခုငါးပါးသည်ဟိအပ်၏။ ထိုစက္ခုငါးပါးဟူသည်ကား-

အသျှင်မင်းမြတ်။ မံသစက္ခု၊ ပညာစက္ခု၊ ဓမ္မစက္ခု၊ ဒိဗ္ဗစက္ခု၊ ဗုဒ္ဓစက္ခုရို့ပေတည်း။

ထိုငါးပါး၌

၁။ မံသစက္ခု- သည်ကား မိမိ၌ ဟိမြဲစက္ခု

၂။ ပညာစက္ခု- မူကား မူးမတ်ပြည်သူရို့ထက်ပညာကြီးကျယ် သိမြင်သော စက္ခု

၃။ ဓမ္မစက္ခု- မူကား တရားတော်ကို ထိုးထွင်းသိမြင်နိုင်သော စက္ခု

၎။ ဒိဗ္ဗစက္ခု- မူကား အမှုကြီးငယ်ရောက်လာ၍ ဆိုခွင့်ဟိလတ်မူ မပွားစီရ။ ထိုအမှုသီရာကို မြင်တတ်သော စက္ခု

၅။ ဗုဒ္ဓစက္ခု- မူကား ရတနာသုံးပါးကို ကြည်ညို၍ မြတ်စွာဘုရား ကျေးဇူးတော်ကိုသိမြင်သော စက္ခု။

ဤသို့ စက္ခုငါးပါးစုံသောမင်းရို့သည် အပါယ်သို့မလားနိုင်ရာ။ ထိုမှတုံလည်း- အရိယ၀ံသ ဓမ္မလေးပါးဟိ၏။
ထိုလေးပါးကား-

၁။ ၀ီဝရသန္တော- သင်္ကန်း၌ ရောင့်ရဲလွယ်ခြင်း။

၂။ ပိဏ္ဍပါပသံန္တောသ- ဆွမ်း၌ ရောင့်ရဲလွယ်ခြင်း။

၃။ သေနာသနသန္တောသ- နီရာကျောင်း၊ အိပ်ရာရို့၌ ရောင့်ရဲလွယ်ခြင်း။

၎။ ဘာဝနာရာမတာ- ကမ္မဌာန်းစီးဖြန်းရာ၌ မွိလျှော်ခြင်း။ ယင်းသို့ ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ရဟန်းအား၊
ဆည်းကပ်၍ ပြည့်သျှင်မင်းသည် တရားစကားနာကြားအပ်ပါသည်။

ထိုမှတုံလည်း မြီလေစင်းသော်ကား၊ ဆဌမုခမြီ၊ ပုတိမူခမြီ၊ အဂ္ဂိမူခမြီ၊ သတ္တမူခမြီ။ ထိုမြီနှင့်
တူသောမဟာဘုတ်လေးပါး-

၁။ ပထ၀ီ မဟာဘုတ်နှင့် ဆဌခူမမြီ တူ၏။

၂။ အာပေါ မဟာဘုတ်နှင့် ပုတိမူခမြီ တူ၏။

၃။ တေဇောမဟာဘုတ်နှင့် အဂ္ဂိမူခမြီ တူ၏။

၎။ ၀ါယောမဟာဘုတ်နှင့် သတ္တမူခမြီ တူ၏။

ယင်းသို့ မြီလေစင်း- မဟာဘုတ်လေးပါးကိုလည်း၊ ရီမြီသနင်း မင်းရို့ နိုင်နင်းအပ်ပါသည်။ ကျမ်းဂန်၌လည်း
ဘုရားမြတ်စွာသည် ဆွမ်းစားရာသောအရပ်ကို ဆိုရာ၌မူကား-

ဗုဒ္ဓေါနာမ ပစ္စန္တဇနပဒေသုအဂုဏံနဥစ္စာပေတိ။

သို့ကျမ်းလာဟိသော အကြောင်းမူကား- မြတ်စွာဘုရားသည် ပစ္စန္တရာဇိအရပ်၌ အာရုံခံတော်မူကြောင်းကို
သိရာသည်။ ထိုနည်းတူ ရီမြီမင်းသည်လည်း တင့်အပ်သောအရပ်တွင်ရာ စားသုံးရာသည်။ ပြည့်သျှင်မင်း၌
အံ့ခြင်းသျှစ်ပါး၊ မဟာသမုဒ္ဒရာမူလည်း အံ့ခြင်းသျှစ်ပါး၊ မဟာသမုဒ္ဒရာကဲ့သို့ မင်းရို့တူရာသည်။

မဟာသမုဒ္ဒရာ၌ အံ့ခြင်းသျှစ်ပါး

၁။ သမုဒ္ဒရာ၌ လှိုင်းတံပိုးမကင်းခြင်း။

၂။ ကမ်းသို့ ရီမလွန်ခြင်း။

၃။ အပုတ်အနံ့အမှိုက်ရို့ကို ကမ်းသို့တင်ခြင်း။

၎။ မြစ်ကြီးငါးစင်း စသောမြစ်ငယ်ချောင်းငယ်ရို့သို့ပြည့်အောင် ရီဝင်စီခြင်း။

၅။ ကြည်လင်စွာဟိခြင်း။

၆။ ရတနာများခြင်း။

၇။ နတ်ရို့ပျော်မြူးရာဟိခြင်း။

၈။ ကြီးစွာသော ငါးဟိခြင်း။

ယင်းသို့နည်းပင် မင်းရို့၌ အံ့ဘွယ်သျှစ်ပါးမူလည်း-

၁။ ပညာထိုးထွင်းကြီးကျယ်သည်ကို အံ့ခြင်း။

၂။ တတိုင်းတပြည်ရို့နှင့်မိတ်ဆွီဝင်သည်ကို အံ့ခြင်း။

၃။ လောကီလောကုတ္တရာ ထိုနှစ်ဖြာသောအမှု ကျမ်းဂန်စသော နီလား၊ လလား၊ နက္ခတ်တာယာ၊ ဆီးဗိန္ဓော
ထုံးဟောင်းနည်းနာ တတ်လိမ္မာသည်ကို အံ့ခြင်း။

၎။ ပညာဟိမှူးကောင်း၊ မတ်ကောင်းဟိသည်ကို အံ့ခြင်း။

၅။ ဆင်ကောင်း၊ မြင်းကောင်းပေါများ၍ သူရဲသူခတ်လက်နက်စုံသည်ကို အံ့ခြင်း။

၆။ ပြည်သူရို့၌ အခွန်ဘဏ္ဍာခံရာ တည့်မတ်သည်ကို အံ့ခြင်း။

၇။ ပြည့်သျှင်မင်း၏ကျက်သရေကို ထွန်းစီသောအင်္ဂါ ကျိုးပြစ်သိသော မင်းမိဖုရား မင်းသား မင်းသမီးများသည်ကို
အံ့ခြင်း။

၈။ အ၀ီးအနီးဟူ၍ ကတိမလိုက်၊ ဖြောင့်မတ်သည်ကို အံ့ခြင်း။

ဤသျှစ်ပါးရို့သည် မင်းကောင်းမင်းမြတ်ရို့၏ကျက်သရေ ယင်းသို့စုံရာသည်။ လျှောက်သည်။

ထိုမှတပါးမူလည်း- လူရို့သာမိကဖြစ်သော မင်းမတောင့်တအပ်သည်သုံးပါး၊ ရှိပညာဟိဆိုခသောအရာ၌-

၁။ တတိုင်းတပြည်ကို အဓမ္မပြု၍ယူလိုခြင်းငှာ မတောင့်တအပ်။

၂။ မေထုံအကြိမ်များစွာဖြစ်စီလိုမှု မတောင့်တအပ်။

၃။ သတ္တ၀ါရို့အသားကို သတ်ညှစ်စားလိုမှု မတောင့်တအပ်။

ထို့ပြင်- မင်းမသုံးအပ်သောသူ သျှစ်ယောက်ဟူသည်ကား-

၁။ အမိဝမ်းထဲမှ အင်္ဂါမစုံသောသူအားလည်း မင်းမသုံးအပ်။

၂။ အနူဆယ်ပါးဝင် ရောဂါဟိသူအားလည်း မင်းမသုံးအပ်။

၃။ ယောင်ယန်းလန့်ဖျပ် ကြောက်တတ်သောသူအားလည်း မင်းမသုံးအပ်။

၎။ ပျက်ချော်သွပ်သွမ်း ဟော့ရမ်းစကား ပြောတတ်သောသူအားလည်း မင်းမသုံးအပ်။

၅။ အရွယ်လွန်၍ ထိုင်းမှိုင်းသောသူအားလည်း မင်းမသုံးအပ်။

၆။ ကျိုးပြစ်မသိ၊ ငယ်သောသူအားလည်း မင်းမသုံးအပ်။

၇။ ယစ်မျိုးကို ဝကိက်တတ်သောသူအားလည်း မင်းမသုံးအပ်။

ယင်းသို့ သျှစ်ယောက်ကိုသုံးချေသော် မင်းတန်ခိုးနည်းရာသည်။ မင်းရို့မတိုင်ပင်ရာသောသူငါးယောက်
ဟူသည်ကား-

၁။ အရွယ်လွန်၍ ထိုင်းမှိုင်းသောသူအားလည်း မင်းမတိုင်ပင်အံ့။

၂။ ယစ်မျိုးဝကိက်သော သီသောက်ကြူးကိုလည်း မင်းမတိုင်ပင်အံ့။

၃။ ဟော့ရမ်းသော့သွမ်း ပြောတတ်သောသူအားလည်း မင်းမတိုင်ပင်အံ့။

၎။ အပြစ်ကိုမသိသော သူမိုက်အားလည်း မင်းမတိုင်ပင်အံ့။

၅။ သဘင်သည်ကိုလည်း မတိုင်ပင်အပ်။

ဓည၀တီအရေးတော်ပုံ၌ သဘင်သည်မပါ။ လေးဦးသာဆိုသည်။ မဟာပညာကျော်လျှောက်ထုံး၌ရာ သဘင်သည်ကို
ထည့်၍ ငါးဦးဆိုသည်။

မင်းခွင့်မပီးသင့်သောသူ ကိုးယောက်ဟူသည်ကား-

၁။ ရသေ့ရဟန်းကိုလည်း မင်းခွင့်မပီးအပ်။

၂။ ပုဏ္ဏားကိုလည်း မင်းခွင့်မပီးအပ်။

၃။ အရူးကိုလည်း မင်းခွင့်မပီးအပ်။

၎။ မိမ္မကိုလည်း မင်းခွင့်မပီးအပ်။

၅။ သူငယ်ကိုလည်း မင်းခွင့်မပီးအပ်။

၆။ ရတနာသုံးပါးအမှန်မသိသူအားလည်း မင်းခွင့်မပီးအပ်။

၇။ သီသောက်ကြူးအားလည်း မင်းခွင့်မပီးအပ်။

၈။ သူမိုက်အားလည်း မင်းခွင့်မပီးအပ်။

၉။ အရွယ်လွန်၍ထိုးမှိုင်းသူအားလည်းမင်းခွင့်မပီးအပ်။

ယင်းသို့အကြောင်း ရှိသူဟောင်းရို့ ပညတ်ထားခသော ကျမ်းဂန်၌လည်း မဟာကမ္မံ ခုဒ္ဒကကမ္မံဝါ၊
သံကမ္မံတာတုမိစ္ဆတိ။ သမ္ဘာရမ္ဘေနကာတဗ္ဗံ၊ သီတရာဇာတဒါတဝေ။

ထိုသို့ဆိုရာသောအဓိပ္ပါယ်၌- မဟာကမ္မံဝါ- ကြီးသော လုံ့လကိုလည်းကောင်း၊ ခုဒ္ဒက ကမ္မံဝါ- ငယ်သောလုံ့လကို
သော်လည်းကောင်း၊ ယံကမ္မ၀ါ- အကြင်အမှုရို့ကို၊ ငါရို့ပြုသောအကြောင်းဖြင့်၊ ဣစ္ဆတိ- ဆင်ခြင်ထောက်ရှုလျှက်၊
တံကမ္မံ- ထိုအမှုရို့သည်၊ သမ္ဘာရမ္ဘေန- ဥာဏ်ပညာဖြင့်၊ တာတဗ္ဗံ- ဆင်ခြင်လျှက်၊ သီဟရာဇာ-
ခြင်္သေ့မင်းနှင့်တူစွာ၊ သမ္ဘာရမ္ဘေန- တည်ကြည်သော ရဲရင့်ခြင်းဟိရာ၏ဟူ၍ မြင့်မြတ်တော်မူသော
ဥာဏ်တော်စွဲရင်းဟိသောကြောင့်၊ ပတ္တမြားကျောက်မြတ်သည် အခံကောင်း၌တင်ထားရာ ၀င်းဝင်းတောက်ပြောင်
အရောင်တင်ဘိသကဲ့သို့ လည်းကောင်း၊ တိမ်ပုတ်၊ တိမ်မည်း၊ တိမ်ပြာရို့ကို၊ ဥတ္တရေ- မြောက်အရပ်ကလာသော၊
ဝါသော- လီခတ်သဖြင့်၊ ထိုအညစ်အပုတ်သန့်စင်စွာဟိလတ်ရာ၌၊ သူရိယော- နီအရောင်မိုက်လတ်သော်၊

ထိန်ထိန်လက်လက် ပြိုင်းပြိုင်းပြက်ပြက်ထွက်သော အလျှံအရောင်ပမာ ပြည့်သျှင်မင်းမြတ်
ဥာဏ်ပညာတော်သည်လည်း တချက်တည်း အလုံးစုံကိုသိတော်မူသည်။ ပြည့်သျှင်မင်းကြီးသည် အမတ်ကြီး
လျှောက်သောစကားကို အလွန်ကြိုက်တော်မူလျှက် အမတ်ကြီးသို့ ရှိဆောင်ကြိမ်နှစ်စင်း၊ မင်းစီးရထား၌မိုးသော
တံခွန်၊ ဆင်ပေါက်တန်ဆာရို့ကို ဆုပီးတော်မူသည်။

လျှောက်ထုံးအမှတ် (၅၆)

ပဲခူးမင်းတမန် စကားတောင်စားအရေးလျှောက်ထုံး။

တရံရောအခါ ပဲခူးမင်း ကျော်ထင်နော်ရထာက စကားတောင်စားကိုစေ၍ သမီးတော်မြတ်သျှင်စောကို
ပဲခူးမင်း၏သား မင်းသားသစ္စာသို့ ပီးပါမည့်အကြောင်းနှင့် အစေရောက်လာသည်။ ပြည့်သျှင်မင်းက အမတ်ကြီး
မဟာပညာကျော်သို့ မီးတော်မူလတ်သော် အမတ်ကြီးလျှောက်သည်မှာကား-

အသျှင်မင်းမြတ်။ ပဲခူးမင်းကျော်ထင်နော်ရထာအနွယ်သည်၊ မူလအစ ဆွာချောင်းနား၊ ကမ်းပါးမြင့်ရွာစား၏သား
သ၀န်ကြီး၊သ၀န်ငယ်နှစ်ဦးရို့သည် တောင်ငူမြို့ကိုတည်ကာ မင်းပြုလျှက် အုပ်စိုး၍နီကြသည်။ ထိုစဉ်
ထီးလိုင်သျှင်ဖက်တွင် အသည်သားတယောက် ယာထွန်နီစဉ် ချွတ်ထားသော အင်္ကျီပေါ်တွင် မြွီငန်းကြီးသည်
အခွီပြုပြီးနီလာသည်။ ဤသို့ ခေတ္တနီပြီး မြွီငန်းကြီးသည် တောင်ဘက်အရပ်သို့ ထွက်လားသည်။
မြွီငန်းကြီးလားလတ်သည်ကို ထီးလိုင်ကျောင်းပုဂ္ဂိုလ်မြင်လီ၍ တောင်ဘက်တွင် ကောင်းစားမည်ဆိုလတ်သည်။
ထို့ကြောင့် ထိုလယ်ထွန်ယောက်ျားသည် တောင်ဘက်သို့လာခပြီး၊ ကင်းသာအရပ်တွင် နီထိုင်သည်။ ထိုသူသည်
မိဘမဟိသော ကရင်မငယ်ကို မွီးစားသောကြောင့် ကရင်ဘဟုခေါ်ကြသည်။

ထိုကရင်ဘ၌ လူသူအပေါင်းအဖက်များလာသည်။ ကရင်ဘသည် တောင်ဘက်သို့လား၍ ပေါင်းလောင်းမြစ်
အရှေ့ဘက်ကမ်းတွင် ရွာတည်၍နီသည်။ ထိုရွာစည်ပင်ကြောင်းကိုကြားလျှင် တောင်ငူဘုရင်သ၀န်ကြီး
သ၀န်ငယ်ရို့သည် ကရင်ဘကိုခေါ်ပြီးထောင်မှူးခန့်လျှက် တောင်ငူတွင်မင်းဖြစ်သည်။ ထိုကရင်ဘမှဆင်းသက်ပြီး
မင်းတရားရွှေထီးအနွယ်ဖြစ်လာပါသည်။ မင်းတရားရွှေထီးအနွယ်သည် ပဲခူးမင်းကျော်ထင်နော်ရထာဖြစ်လာသည်။
သာကီဝံသ မဟာသမ္ဘ၀၊ စူဠသမ္ဘ၀ သားတော်ဖြစ်သော သရေခေတ္တရာပြည့်သျှင် ဒွတ္တပေါင်မင်းကြီး
အနွယ်တော်မဟုတ်ပါ။ ယင်းသို့ရာတွင် သာကီဝင်မင်းမျိုးမဟုတ်သော ဇိနင်္ဂလအမျိုးမင်းရို့သည် တရားမစောင့်
ဝိလုပ္ပန္နော လုယက်ဖျက်ဆီး ကြမ်းတမ်းဆိုးသွမ်းကြောင်းကိုလည်း ကျမ်းဂန်၌-

ဒုအာရက္ခန္တော။ တရားမစောင့် ဒုစရိုက်တရားဆယ်ပါးနှင့် နီလေ့ဟိသောသူရို့သည်၊ ကုဒါ- မစင်ဘင်ပုတ်ကို၊
သူကရော- ၀က်သည် မစက်ဆုပ်သကဲ့သို့၊ ပါပံ- မကောင်းမှုကို၊ ဗာလော- သူမိုက်သည်၊ နပဿတိ-
မစက်ဆုပ်၊ သာက- မီး၌၊ ၀ါပကာ- ပိုးဖလံရို့သည် မကြောက်သကဲ့သို့၊ ဗာလော- သူမိုက်သည်၊ ပါပံ-
မကောင်းမှုကို၊ နပဿတိ- မကြောက်တတ်။

ထိုသို့ ကျမ်းဂန်လာသည့်အတိုင်း သူမိုက်မာနသည် တံခွန်လွှားလျှက်ဟိပါသည်။ ယခုအကြည်တော် ပဲခူးမင်း
တမန်စကားတောင်စားသည်လည်း၊ တရားအလွတ် စကားတတ်ဖြစ်ပါသည်။ ရှိပညာဟိ အမှာကျမ်း၌လာသော
ရန်အောင်ရာသောအကြောင်းမှာ-

ဇပ္ပေန မန္တေန သုဘာသုတေန

အနူပ္ပဒါဒေန ပဝေဏိယာဝါ

ယထာယထာ ယတ္တလ ဘေထအတ္တံ

တထာ တထာတတၱ ပရတၱေမယ်။

ထိုသို့ ဆိုခပြီးသော အဓိပ္ပါယ်သော်ကား-

အသျှင်မင်းမြတ်။

ဇပ္ပေန- အင်းအိုင် ဆီးဝါးမန္တရားဖြင့်လည်းကောင်း ရန်ကိုအောင်ခြင်း။

မန္တေန- ပညာဟိရို့နှင့် နှီးနှောတိုင်ပင်ခြင်းဖြင့်လည်းကောင်း ရန်ကိုအောင်ခြင်း။

သုဘာသိတေန- ချစ်ဘွယ်သောစကားကို ဆိုခြင်းဖြင့်လည်းကောင်း။

အနူပ္ပါဒါနေန- တံစိုးသပြာ၊ ရွှေငွေလက်ဆောင်ပီး၍လည်းကောင်း။

ပဝေဏိယာဝေ- အဆွီအမျိုးပြု၍လည်းကောင်း ရန်ကိုအောင်ခြင်း။

ယထာယထာ- အကြင်အကြင်သို့သောအခြင်းအရာဖြင့်၊ ယတ္တ- အကြင်အကြောင်းဟိရာ၌၊ အတ္တံ-
အကျိုးစီးပွားရို့ကို၊ ပရတ္တမေယျ- လုံ့လဖြင့်ဆောင်ရာသည်။ ထိုသို့ ထုံးဟောင်းကျမ်းလာဟိသည့်အတိုင်း
တမန်ရောက်ရာ ရှိအမှာနိဒါန်းမှလည်း-

ရာဇ၀သတီ၊ အညီကျဉ်းရုံး၊ နိဒါန်းကုံးပိမ့်၊ ရှိထုံးစဉ်လာ၊ ပြည်အောင်ချာဝယ်၊ မဟာဓမ္မရာဇ်၊ တက်သစ်နီနွယ်၊
ဘုန်းတော်ကြွယ်၍၊ အံ့ဘွယ်မကုန်၊ သိမ်းပိုက်ခြုံသည်၊ ဗိုလ်ပုံတိုင်းလုံးချစ်၏။ ဆန်းသစ်စလပမာ၊ ကျက်သရေမျိုး၊
စုံပြည့်ဖြိုးသည်၊ တန်ခိုးမင်းအာဏာတည်း။ ပညာတော်မြီအထု၊ စုံစိမြောက်မြား၊ မှူးမတ်အားလည်း၊
ရည်လားသိအောင်ပြုလော့။ လူမှုအလွန်ခက်လှစွာ၊ ပြည်သူကိုယ်သား၊ ယွင်းမမှားအောင်၊ ထားရသည့်မိတ္တာနှင့်၊
ရှိထက်စဉ်လာ (----)။ တတိုင်းတပြည်၊ အတည်တည်ကို၊ လှည့်လည်သံစေခန်း၌။ ထောက်လှမ်းမျှော်ရှု
ပြုအပ်ရာ၊ သူကစေပြန်၊ အတန်တန်သည်၊ တမန်ရောက်ရို့လာက၊ အင်္ဂါမူလလူ့အနီ၊ မင်းရို့ဓလေ့၊ သိစုံပြီးမှ၊
အတွိခံသင့်ပေ၏။ စာပီမပါ၊ လူ၏ချည်းလာ။ များမြောက်ပဏ္ဍာ၊ မင်းကိုရာလျှင်၊ ဆက်ရာအနည်းနည်းနှင့်၊
ကပ်ချည်းလိုကြောင်းဆိုပါစီ။ မင်းရို့ကျင့်ဝတ်၊ ယွင်းမချွတ်က၊ လာဘ်မငဲ့သာ၊ သ၀ဏ်စာမူ၊ မပါမှန်ချေက၊
မင်းစေတမန်သင်းမဟုတ်၊ နှုတ်ပရိယာယ်၊ အသွယ်သွယ်လျှင်၊ ဥပါယ်ဥာဏ်ေ၀၀ုတ်နှင့်၊ သူယုတ်မှန်
တည့်သောအခါ၊ ထိုက်ရာပြစ်ထား၊ ဖြောင့်ပေငြားမူ၊ ပြန်လားစီရာ၏။ တမန်အင်္ဂါစုံစိလှ၊ သ၀ဏ်လည်းပါ၊
ဖြစ်ပေလာသော်၊ ပညာပဏ္ဍိတနှင့်၊ နှိုင်းဆယူမီးမြန်းစီ။ မင်းချစ်စုံမက်၊ မိတ်ဆွီဆက်သည်၊ မာန်ဖက်ရန်အပြေဟု၊
တမန်သုံးတွေ၊ ဟိစရိုး၊ ကောင်းကျိုးအမှန်၊ စေသည့်သံမူ၊ မင်းထံဝင်ထွက်၊ စဉ်မပျက်အောင်၊
နှုတ်ဆက်ပြုရမျိုးတည့်။ ရန်ပျိုးရန်စ၊ ရောက်ပေလာ။ ငြူစူအမျက်၊ ပြင်မထွက်ဘဲ၊ ချစ်လျှက်ကဲ့ပမာသို့၊
ကောင်းမွန်လှစွာ၊ ကျွေးမွီးနည်း။ သူရဲသူခက်၊ ဗိုလ်လက်နက်ကို၊ ၀င်ထွက်သိစီပြီးမှ နှစ်လည်နိလ၊ ရှည်မကြာ၊
တာရှည်မညောင်း၊ ပြန်သင့်ကောင်းသည်။ ထုံးဟောင်းမှန်ဘိ၊ ဥာဏ်က၀ိ။

ဤသို့ ရှိပညာဟိရို့အမှာလာသည်နှင့်အညီ၊ ယခုရောက်လာသော တမန်တော်စကားတောင်စား၌လည်း
သ၀ဏ်ရွှေပီပါလျှက် အစုံနှင့်ဖြစ်ပါသည်။ အတွိခံတော်မူ၍ အကြည်တော်ကပီးသော သ၀ဏ်ရွှေပီပါသည့်အတိုင်း
အမျိုးအနွယ်တော်ဆက်ကြမှ နှစ်ပြည်ထောင်သတ္တ၀ါငြိမ်းချမ်းပါမည်။ ထုံးဟောင်းသက်သီနှင့် အမတ်ကြီး
လျှောက်လီရာ ပြည့်သျှင်မင်းမြတ်လည်း ကြည်လင်တော်မူလီ၍ တမန်စကားတောင်စားနှင့် အတွိခံတော်မူသည်။
ပြည့်သျှင်မင်းက တမန်စကားတောင်စားကို ဟံသာဝတီပြည့်သျှင် အကြည်တော် ကျန်းမာပါ၏လော။ မီးတော်မူရာ
ပဲခူးမင်းတမန်စကားတောင်စားက ရာဇဓိရာဇာဖြစ်တော်မူသော အကြည်တော်ကျန်းမာတော်မူပါ၏ဟု
လျှောက်ထားသောစကားကြားတော်မူလတ်သော်- ပြည့်သျှင်မင်းကြီး အမိန့်တော်ဟိသည်ကား-
တမန်စကားတောင်စားသည် မောဟဖုံးလွှမ်းသော ကေ၀ဋ်ပုဏ္ဏားအမျိုး၊ ဒေါသလွန်၍ အယုတ်အမြတ်ကို
မသိတတ်သောသူဖြစ်သည်။ လာရင်းအတိုင်း ပါရင်းရိက္ခာကိုစား၍ပြန်စီ အမိန့်တော်ဟိလတ်လျှင် ယင်းသောအခါ
အမတ်ကြီးမဟာပညာကျော်လျှောက်ထုံးမူကား-

အသျှင်မင်းမြတ်။ ဘုရားသခင်ဆုံးမတော်မူသော သာသနာတော်ကို မတည်သောသူသည်၊ တရားလွတ်ကင်း၍
အဓမ္မပြုခြင်း။ အဓမ္မဆိုတတ်ပြော တတ်သောအလေ့ဟိခြင်းကြောင့် နှလုံးလှဆိုရာ၌လည်း လက်ရုံးအားကိုးစကား
ပါလျှက်ဟိကြောင်း ထုံးဟောင်းဟိပါသည်။ စကားတောင်စားအသျှင် ပဲခူးမင်းလည်း နှလုံးရည်ကို
သုံးသောမင်းမဟုတ်ပါ။ လက်ရုံးရည်ကိုရာကြိုက်တော်မူသော မင်းဖြစ်ပါသည်။ မြတ်စွာဘုရား ဆုံးမတော်မူသော
မင်းကောင်းမင်းမြတ်ရို့ စေသုံးအပ်သောသူလေးယောက်ကို ကျမ်းဂန်အဆို၌လာသည်ကား-

ဥတ္တဌေသူရမိစ္ဆန္တိ၊ မန္တေသုအကုတူတလံ။

ပီယဉ္စအန္ဒပါနမှိ၊ အတ္တေဇာ တေစ ပဏ္ဍိတံ။

ထိုအဓိပ္ပါယ်သော်ကား-

ဥတ္တဌယေ- စစ်မြီအရပ်၌၊ သူရံ- ရဲစွမ်းဟိသူကို၊ ဣစ္ဆန္တိ- လိုကုန်၏။ မန္တေသုစ-

ကျိုးကြောင်းတိုင်ပင်သောအခါရို့၌၊ အကုတူတလံ- အပြစ်မဟိငြင်းခုံခြင်းကင်းသောသူကို၊ ဣစ္ဆန္တိ- လိုကုန်၏။
အန္နပါနမှိ- အရသာဟိသောအစာမျိုးကို စားသောအခါ၌လည်း၊ ပိယဉ္စ- ချစ်ဖွယ်အမှုဟိသောသူကို၊ ဣစ္ဆန္တိ-
လိုကုန်၏။ အတ္တေဇာတေ- ခဲခက်သောအမှုကိုလည်းကောင်း၊ ခဲခက်သောအမီးပုစ္ဆာကိုလည်းကောင်း၊
ခဲခက်သောအရပ်ဒေသ၌လည်းကောင်း၊ ပဏ္ဍိတံ- ပညာဟိသောသူကို၊ ဣစ္ဆန္တိ- လိုကုန်၏။ ထိုသို့
ကျမ်းဂန်လာသည်။

ထိုမှတုံလည်း မင်းကောင်းယုံအပ်သောသူ ပညာဟိအင်္ဂါလေးပါးဟူရာ၌လည်း

သုဘာသိတာ- ပီယ၀ါစာ၊ ဓမ္မာ၊သစ္စံ။

ကျမ်းဂန်လာသည့်အရသော်ကား-

၁။ သုဘာသိတာ- ကောင်းသောအမှု၊ ကောင်းသောစကားကိုရာ ဆိုလေ့ဟိခြင်း။

၂။ ဆိုသောစကားသည်လည်း ပိယ၀ါစာ- ချစ်ဖွယ်သနားဖွယ်ဟိသောစကားကို ဆိုတတ်ခြင်း။

၃။ ထိုစကားလည်း ဓမ္မာ- တရားနှင့်လျှော်ညီခြင်း။

၎။ ဟုတ်မှန်သောအမှုကိုရာလျှင် ကျင့်ဆောက်တည်၍၊ သစ္စံ- သစ္စာမြဲခြင်း။

ယင်းသို့ သူတော်ကောင်းတရား အမှာဟိပါသည်။ မသူတော်စိုးသောအရပ်၌ မထွန်းကားနိုင်ရာ။ ပညာဟိ
သူတော်ကောင်း မထွန်းသောအရပ်၌တရား စောင့်သုံးမှုမဟိ။ တရားမစောင့်ချေက သာသနာတော်မတည်နိုင်ရာ။
သာသနာတော်မတည်သော အရပ်ရို့သည် ရက်စက်ကြမ်းတမ်းဆိုးသွမ်းလုယူ၊ နိုင်နင်းနှိပ်စက်၊ လက်ရုံးထောင်လွှား
ပြုလေ့ဟိခြင်းကြောင့် သတ္တ၀ါရို့ပျက်စီးသီကြီများ၍ ရန်သူငါးပါး ဆက်ဆံရာဖြစ်လျှက်နှင့် စည်းစိမ်မတည်
ဟိလီရာသည်။ ယင်းသို့ ဘုရားစသော သူတော်ကောင်းရို့ဆိုခသော ကျမ်းဂန်ထင်ရှား ဟိနှင့်ပါသည်။
သူတော်ကောင်းပညာဟိခြင်း ပေါင်းဖက်စောင့်ထိန်းသော် တိုင်းပြည်ငြိမ်းချမ်းသာယာသောအကြောင်းကို
ဆိုခပြီးသော ရာဇ၀သတီနိဒါန်း၌ လာပြန်သည်မှာလည်း-

မင်းရို့သိက္ခာ၊ စောင့်အပ်ရာသည်၊ သာသနာရီး၊ မထွီးစီရ၊ သင်္ဂဟကို၊ နိစ္စပြုပေ၊ များဝေနေအား၊
တရားမှန်ကြောင်း၊ ကောင်းသောလုံ့လ၊ အားထုတ်မှတည့်၊ လောဘတဏှာ၊ အ၀ိဇ္ဇာဖြင့်၊ မိစ္ဆာကျင့်ဆိုး၊
စစ်မထိုးအပ်၊ ပညတ်တချက်၊ အိပ်စက်ရုန့်ကြမ်း၊ ပွဲလမ်းပျော်ရွှင်၊ ထွက်ဝင်လားလာ၊ မများစီရာ။ မှုတကာကို၊
ယုတ္တာယုတ္တိ၊ ဆင်ခြင်ညှိ၍၊ ဇာတိမြောက်မြား၊ သူ့စကားကို၊ ကြားကထိုးထွင်း၊ ချက်ချင်းသိပေ၊
ဆိုတတ်ချေသည့်၊ ပရမေထူး၊ ကျေးဇူးမြတ်လှ၊ မိဘဆရာ၊ သူနာသူမွန်၊ တမန်တလိုက်၊ နှုတ်ပိုက်တသွယ်၊
သူငယ်တဦး၊ အရူးကျိုးကန်၊ ရှိလမ်းသက်သီ၊ ရီမြီသခင်၊ မင်းမာန်ဝင်၍၊ ပြစ်တင်ကျူးလွန်၊ မင်းဒဏ်အာဏာ၊
မပီးရာတည့်၊ ညတကာသားချင်း၊ သင်းပင်းတဖော်၊ ဆွီမျိုးတော်ကို၊ မလျှော်နှိပ်စက်၊ ရမ္မက်ဖုံးလွှမ်း၊
မညှင်းပမ်းကောင်း၊ တကြောင်းတမှု၊ သူ့လူကိုယ့်သား၊ မမှားဂတိ၊ မငြိစီရာ၊ ဘဏ္ဍာတုပ်ခွန်၊ မလွန်ရှာမှီး၊
အသီးအပင်၊ သည်တွင်ခံမှု၊ ဆယ်စုတပုံ၊ လုံးစုံပြီးပြေ၊ အစေအသုံး၊ ပြည့်ပက်ခုံးက၊ စသည်ရံပတ်၊ အမတ်ရို့မှာ၊
အင်္ဂါသျှစ်ပါး၊ ရည်လားနက်တိမ်၊ စည်းစိမ်နိမ့်ဖြင့်၊ ထားသင့်တတ်ငြား၊ ဂုဏ်ကိုးပါးသည်။ မင်းအားနှလုံး
စောင့်သည့်ထုံး။

ပြည်ကြီးအချာ၊ ရာဇာပ၀ရ၊ နရိန္ဒရို့၊ ပြည်မှမှုကွပ်၊ ယုံအပ်သူအား၊ ဂုဏ်သျှစ်ပါးမှာ၊ ပညာဆန်းကြယ်၊
ပရိယာယ်လည်း၊ ဆိုဘွယ်မဟိ၊ ကတိမြောက်မြား၊ စကားကွေ့ကောက်၊ သူတယောက်လည်း၊
ထွင်းဖောက်သိတတ်၊ တည့်မတ်သစ္စာ၊ ပဏ္ဍာမကြိုက်၊ ရင်၌တပါး၊ မခြားမွန်စွာ၊ အာဏာတန်ခိုး၊ မိုးသို့ထစ်ထစ်၊
ပစ်လိမ့်လန့်ကြောက်၊ တယောက်မူကုန်၊ ပိုက်ခြုံတိုင်းရေး၊ မတွေးထင်ပေါ်၊ သျှစ်ရပ်ကျော်၍၊ ပြည်တော်သာဘိ၊
မတ်က၀ိသည်၊ အသိပြည့်စုံ၊ ဂုဏ်သျှစ်ပုံ။ မင်းနှင့်အမတ်၊ ညီညွတ်တမူ၊ အကျင့်တူသော်၊ နတ်လူကြည်ညို၊
ဗဟိုရ်အောင်ချက်၊ ထီးကနက်လည်း၊ မပျက်စည်ထွန်း၊ ရွာသွန်းပဇ္ဇုန်၊ လုံသည်မဆောင့်၊ မထောင့်နိုင်ငံ၊
ရီဆန်မယှား၊ တောသားမရဲ၊ ခပဲသတ္တ၀ါ၊ အနာမထူ၊ မပူငြိမ်းချမ်း၊ မသွမ်းစစ်မက်၊ ခိုးဝှက်မဟိ၊ ဇာတိစင်ကြယ်၊
မြက်နွယ်သစ်ပင်၊ မြင်မြင်သမျှ၊ ဆီးရသည်သာ၊ လူသစ္စာကြောင့်၊ အနာပျောက်ကင်း၊ ဥပါဒ်ချင်း၏။
မင်းလည်းသက်ရှည်၊ ပြည်လည်းကြာညောင်း၊ ခန္ဓာပြောင်းလည်း၊ မကောင်းပါယ်ရပ်၊ မကပ်နိုင်ဘိ၊ ပညာဟိသည်၊
ဇာတိမသုံ၊ နတ်ခြောက်ဘုံ။

ထိုသို့စကားဟောင်းစာတမ်းတွင်ညွှန်ပြထားခသော ပညာဟိစကား ကျမ်းဂန်ထင်ရှားနှင့်ဖြစ်ပါသည်။
တမန်စကားတောင်စား တရားအလွတ်လျှောက်သည်ကို သည်းခံတော်မူမှ ခန္တီပရမံတပေါ- သူတော်ကောင်းတရား
ထွန်းလင်းမည်ဖြစ်ပါသည်။

ယင်းသို့ လောကဓမ္မအကြောင်းနှစ်ပါးကိုထုတ်ဖော်၍ အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းမြတ်
ချမ်းမြေ့ကြည်လင်တော်မူ၍ တမန်စကားတောင်စားကို ကောင်းမွန်စွာ ထားမြဲပီးကမ်းပြီးသောအခါ နှစ်လကို
ဆိုတော်မူပြီးမှ လောကဓမ္မနှစ်ပါး နားလည်တတ်ကျွမ်းသူ သံတောင်စားနှင့် အခါပီးပုဏ္ဏားတော်စကြာဝတေးကို
သံဖက်၍ ထည့်တော်မူလျှက်ပြန်စီသည်။

လျှောက်ထုံးအမှတ် (၅၇)

ရခိုင်ပြည် တရားမစောင့်သောမင်းများအကြောင်းလျှောက်ထုံး။

တရံရောအခါ၌ ပြည့်သျှင်မင်းကြီးမီးတော်မူသည်ကား- “ဤရက္ခပူရတိုင်းပြည်တွင် တရားမစောင့်သော ၀ိလုပ္ပန္နော
လုယက်ဖျက်ဆီးတတ်သော ဇိနင်္ဂလအမျိုး မင်းပြုဘူးခလီသလော” မီးတော်မူလီရာ- အမတ်ကြီးမဟာပညာကျော်
လျှောက်ထုံးသော်ကား-

အသျှင်မင်းမြတ်။ ဝေသာလီမြို့၌ ဗြဟ္မဏရာဇာမင်းမျိုးတဆယ့် ခြောက်ဆက်အဆုံး ဗြဟ္မသိဒ္ဓိမင်းလက်ထက်
မင်းနှင့်အမတ် တရားလွတ်ကြသည်။ ထို့ကြောင့် ပြည်သူရို့လည်း ရုန်းကြမ်းဆိုးသွမ်းလျှက် အဓမ္မအမှုကိုရာ
ပြုကြသည်များသည်။ နတ်မိစ္ဆာဆိုး၊ ယက္ခဘီလူးမျိုးရို့ ၀င်ရောက်ဖျက်ဆီးကြသည်ဖြစ်၍ လူအများသီကြီ
ပျက်စီးကြရာ၊ မြို့ရွာပျက်ဘူးပါသည်။

ယင်းသည့်နောက် ဓည၀တီမြို့တော် မာရယုမင်းအမျိုး ငါးဆယ့်လေးဆက်အဆုံး မင်းငယ်ပျော်လှစည်သူလည်း
အမတ်ယုတ်ရို့၏မှားယွင်းသောစကားကို နာယူလိုက်နာမိလီသောကြောင့် တရားပျက်လတ်၍ တိုင်းပြည်မသာယာ
ဟိဘူးပါသည်။

ဇိနဂ္ဂင်္လအမျိုး ၀ိလုပ္ပန္နော- လုယက်ဖျက်ဆီးတတ်သော ဟိန္နဇာဂံ- ယုတ်နွမ်းသော အကျင့်အကြံအပြုအမူဟိသော
အမျိုးကိုးဆက် မင်းမူသောအခါ တိုင်းတပါးသို့လည်း မိတ်မ၀င်၊ ရန်တင်လျှက်သာပြုသောကြောင့်
ထိုမင်းရို့လက်ထက် ဥတုရာသီမမှန်၊ ဓါတ်လေးပါးမညီ၍ ကောင်းခင်၌ နီလနက္ခတ်တာယာမဖြောင့်လီရာ၊ ၀သန္တဥ
တုချုပ်လီ၍ အစာယှားပါး၊ ခိုးသားဓါးပြရို့ကြောင့် တိုင်းပြည်ပျက်ချေသည်။၁၆၈

သည်နောက် ဘီးတော်ကံရာဇာကြီးမင်းဆက်စိုးတော်မူသည်မှ အသျှင်မင်းမြတ်တိုင် သာကီဝင်မင်းမျိုး
တဆယ့်ငါးဆက်ရို့တွင်လည်း၊ ၀ိလုပ္ပန္နေ- လုယက်ဖျက်ဆီးတတ်သော နိဇင်္ဂလ- အမျိုးငါးဆက် အကြားဝင်၍
ဖြစ်ဘူးပါသည်။ ထိုမင်းရို့လက်ထက် သာသနာတော်ကွယ်၍ တရားမဟိ မင်းနှင့်အမတ်၊ ပြည်သူရို့ ကတိလေးပါး
လိုက်စားကြ၍ သူမိုက်သူယုတ်စည်ကားဘူးပါသည်။

အသျှင်မင်းမြတ်။ ဘုရားသခင်ဆုံးမတော်မူသောသာသနာတော်သည် ခေါက်ရှာငှက်ပျံသကဲ့သို့
ဘုန်းပညာကျက်သရေနှင့် ပြည့်စုံသောမင်းလက်ထက်ဖြစ်လျှင် သန့်ယှင်းစင်ကြယ်တော်မူ၍
အလဇ္ဇိကျင့်သောရဟန်း၊ အလဇ္ဇိကျင့်သော လူမဟိခြင်းကြောင့် သာသနာတော်ထွန်းလင်းပါသည်။ အလိမ္မာမဟိ၊
တရားမသိသောမင်း၊ ရာဇသုံညလက်ထက်ဖြစ်လျှင် အလဇ္ဇိရဟန်း၊ သူသွမ်းသူမိုက်ထွန်းကားလီရာ သာသနာတော်
ကွယ်သည်ပင်။

အသျှင်မင်းမြတ်။ ဘုရားသခင်တုံသော်လည်း၊ မင်းကိုအမှီပြုလျှက်၊ သာသနာတော်ကိုထားရကြောင်း ထုံးဟောင်း
ကျမ်းဂန်ထွက်ဟိပါသည်။ ယင်းသို့ အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းတရားကြီး ကြိုက်တော်မူသည်။

လျှောက်ထုံးအမှတ် (၅၈)

ပြည်အင်္ဂါ၊ မင်းအင်္ဂါ၊ မှူးမတ်အင်္ဂါစသည်များကိုလျှောက်ထုံး။

တရံရောအခါ ပြည့်သျှင်မင်းကြီးက ကျမ်းအလာ ဇဗ္ဗူဒီပါကျွန်း၌ဖြစ်သော တိုင်းပြည်ကြီးရို့ကိုလည်းကောင်း၊
ပြည်အင်္ဂါစသောအကြောင်းအရာ အလုံးစုံရို့ကိုလည်းကောင်း၊ မီးတော်မူလီရာ- အမတ်ကြီးမဟာပညာကျော်
လျှောက်ထုံးမူကား-

အသျှင်မင်းမြတ်။ တိုင်းကြီးတဆယ့်ခြောက်တိုင်းကို အဂုင်္တ္တိုရ် ၀ိသာဓုပေါသထသုတ်၌ လာသည်မှာသေယျ
ထိဒံအင်္ဂါနံ၊ မာဂဓာနံ၊ ကာသီနံ၊ ကောသလာနံ၊ ၀ဇ္ဇီနံ၊မလ္လာနံ၊ စေတိယာနံ၊ ၀ံသာနံ၊ ကုရုနံ၊ ပဉ္စာလာနံ၊ မဇ္ဇာနံ၊
သူရသေနာနံ၊ အဿကာနံ၊ အ၀န္တီနံ၊ ဂန္ဓာရာနံ၊ ကဗ္ဗောဇာနံ၊

ယင်းသို့ကျမ်းဂန်အရသော်ကား-

၁။ အင်္ဂါနံ- အင်္ဂတိုင်း၌လည်းကောင်း၊

၂။ မဂဓာနံ- မာဂတတိုင်း

၃။ ကာသီနံ- ကာသိကရာဇ်တိုင်း

၎။ ကောသလာနံ- ကောသလတိုင်း

၅။ ၀ဇ္ဇိနံ- ၀ဇ္ဇိတိုင်း

၆။ မလ္လာနံ- မလ္လတိုင်း

၇။ စေတိယာနံ- စေတိယတိုင်း

၈။ ၀ံသာနံ- ၀ံသတိုင်း

၉။ ကုရုနံ- ကုရုတိုင်း

၁၀။ ပဉ္စာလာနံ- ပဉ္စာလတိုင်း

၁၁။ မဇ္ဇာနံ- မဇ္ဇတိုင်း

၁၂။ သူရသေနာနံ- သူရသေနတိုင်း

၁၃။ အဿကာနံ- အဿကတိုင်း

၁၄။ အ၀န္တီနံ- အ၀န္တိတိုင်း

၁၅။ ဂန္ဓာရာနံ- ဂန္ဓာရတိုင်း

၁၆။ ကမ္ဗောဇာနံ- ကမ္ဗောဇတိုင်းလည်းကောင်း။

ထိုမှတပါး၊ ကမ္ဘာ့အဘိဓါန်ကျမ်းအဆို၌လည်း တိုင်းကြီးနှစ်ဆယ့်တိုင်းဟူလျှက်လာပြန်ပါသည်။

ပုံဗဟုတ္တေကုရုသက္ကာ၊ ကောသလာ မာဂဓာသိဝိ။

ကလိင်္ဂါဝန္တိ ပဉ္စလာ၊ ၀ဇ္ဇိဂန္ဓာရ စေတယော။

ဝင်္ဂါဝိဒေဟာ ကမ္ဗောဇာ၊ မဒ္ဒါဘဂ္ဂင်္ဂသီတဌာ။

ကသ္မိရာကသီ ပဏ္ဍ၀ါဒီ၊ သိယုံဇနပဒန္တရာ။

ထိုသို့ဆိုရာ၌ ဇနပုဒ် အလိုစာဆိုယုတ်တက်ထွက်ဟိပါသည်။ ထိုမှတုံလည်း ပြည်ကြီးနှစ်ဆယ်ကို အဘိဓါန်ကျမ်း၌
လာပြန်သည်ကား-

၁။ ဗာရာဏသီပြည် ၁၁။ သာကေတပြည်

၂။ သာဝတ္တိပြည် ၁၂။ ရာဇဂြိုဟ်ဟ်ပြည်

၃။ ဝေသာလီပြည် ၁၃။ ကပိလ၀တ်ပြည်

၎။ မိတိလာတိုင်း ၁၄။ သံသုမာရဂိရိပြည်

၅။ အာဠ၀ီပြည် ၁၅။ ဣန္ဒပတ္တနဂိုရ်ပြည်

၆။ တောသဗ္ဗိပြည် ၁၆။ ဥတ္တဌပြည်

၇။ ဥဇ္ဇေနီပြည် ၁၇။ ၀ါဋလိပုတ်ပြည်

၈။ တက္ကသိုလ်ပြည် ၁၈။ စေတုတ္တရာပြည်

၉။ စပ္ပာနဂိုရ်ပြည် ၁၉။ သင်္ကဿနဂိုရ်ပြည်

၁၀။ သာဂလပြည် ၂၀။ ကုသိနာရုံပြည်

ထိုသို့သော တိုင်းကြီးပြည်ကြီးရို့၌ ရာဇညော- မင်းရို့တုပ်ခွန်ဆက်သော ကျေးလက်ခရိုင် သင်္ဘောဆိပ်ရို့ကိုဆိုရာ
သရတ္တဒီပနီကျမ်းဂန်၌လာသည်ကား-

ဇဗ္ဗူဒီ ပေါသကဋသဏ္ဍာနော၊ ဆန၀ုတိယာပနကောဋိသကာသဟ သောတိ။

ဆပဏ္ဍာသရတနာက ရေဟိန၀န၀ုတိယာ ဒေါနမုခသတဆတေဿဟိ။

တိက္ခတ္တုံ တေသဌိယာ နဂရသဟေဿတိစ သမန္နဂတော။

ထိုသို့ပါဌ်အရသော်ကား- ဇဗ္ဗူဒီပေါ- ဇဗ္ဗူဒီပါကျွန်းသည်၊ သကဋသဏ္ဍာနေ- လှည်းဥပမာဟိ၏။ ဆန၀ု
တိယာပန္နနကော ဋိသတသဟေဿတိ၊ ကုဋေကိုးသန်းခြောက်သိန်းသော သင်္ဘောဆိပ်ရို့နှင့်လည်းကောင်း၊
ဆပဏ္ဍာသရတနာကရေဟိ- ငါးဆယ့်ခြောက်ပါးသော ရတနာမျိုးရို့စည်ကားရာဖြစ်ကုန်သော၊ န၀နဂုတိယာ
ဒေါနမုခသတသ ဟေဿတိ- ကိုးသန်းကိုးသိန်းသော ကျေးလက်ခရိုင်ရို့နှင့်လည်းကောင်း၊ တိက္ခတ္တုံသုံးထပ်
သေသဌိ ယာဂရသဟေဿဟိ- တသိန်းသျှစ်သောင်းကိုးထောင်သော ပြည်ရံရို့နှင့်လည်း၊ သမန္ဒာဂတော-
ပြည့်စုံသည်ဟုဆိုလိုသည်။ ထိုမှတုံလည်း-

ဧတ္တစအပါတာရ ပရိက္ခေပေါ သာပဏော နိဂမော။

သပကာရာ ပဏံနဂရံ တံတံဝိပရိတော

ဂါမောတိဣ မေသံ တိဏ္ဏံ ၀ိသေသော ဥာတဗ္ဗော။

ဆိုရာ၌-ပတ္တေဟ ဤအရာလည်း၊ အာပါကာရပရိက္ခေပေါတံတိုင်း အရံကင်းလျှက်၊ သာပဏော-
ဈီးပွဲရောင်းဝယ်ကုန်သည်ရို့ဖြင့် စည်ကားသောရွာသည်၊ နိဂမောနိဂုံးလျှင်တည်း။ သပါကာရဏံ- တံတိုင်းနှင့်ဈီး
စုံစွာဟိသောဌာနသည်၊ နဂရံ- မြို့ဟူရာ၏။ တံတံဝိပရီတော- ယင်းသို့ဆိုခသောအရပ်၌၊ ဈီးတံတိုင်းမဟိသော
အရပ်မူကား ဂါမောရွာလျှင်တည်း။ ထိုမှတုံသော်လည်း-

ဇနပဒေါတိဧကဿရညောရဇ္ဇော ဧကောကောဌာသောရဌန္တိသကလံ ရဇ္ဇံ ဒေ၀ိ တဗ္ဗံ။

ယင်းသို့ဟူရာ၌-

ဇနပဒေါတိ- ဇနပုဒ်မည်သည်ကား၊ သကလံရဇ္ဇံ- အလုံးစုံသော ကောင်းခြင်းနှင့်ပြည့်စုံသော၊ ရဌံ- တိုင်းကြီး
ပြည်ကြီးဟူ၍၊ ဝေဒိတဗ္ဗံ- သိအပ်၏။ ထိုမှတုံလည်း ပြည်ကြီးရို့၌၊ မြို့အင်္ဂါခုနှစ်ပါးကို သတ္တနိကယ်ကျမ်း၌
အလာသော်ကား-

ဣဓဘိက္ခဝေ- ရညောပစ္စန္တိမေနဂရေ

ဧကသိဟောတိ။ ပရိက္ခရာဟောတိ။

အနူပရိယာယပထောဟောတိ၊ ဗဟုအ၀ုဓံ သန္နိခိတံဟောတိ၊ ဗဟုဗလကာယော

ပဋိဝသတိ၊ ဒေါဝါရိတောဟောတိ၊ ပါကာရောဟောတိ။

ဘိက္ခဝေ- ချစ်သားရို့၊ ဣဓလောကေ- ဤလောက၌၊ ရညော- တရား၌

လိမ္မာသောမင်း၏၊ ပစ္စန္တိမေ- အစွန်ဖြစ်သော၊ နဂရေ- မြို့၌

၁။ ဧသိတာ- တန်းခါးတံတိုင်းသည်လည်းကောင်း၊

၂။ ပရိက္ခာ- ကျုံးမြောင်းသည်လည်းကောင်း၊

၃။ အနူပရိယာယတော- သူရဲပြီးသည်လည်းကောင်း၊

၎။ ဗဟုအ၀ုဓံ- များစွာသောလက်နက်ကို၊ သန္နိခိတံ- စုရုံးခြင်းသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။

၅။ ဗဟုဗလကာယော- များစွာသောဗိုလ်ခြီသူရဲ၊ သူခက်အပေါင်းလည်း ပဋိဝသတိ- စွဲရပ်နီ၏။

၆။ ဒေါဝါရီတော- တန်းခါးစောင့်သော လိမ္မာသူဟိခြင်းသည်၊ ဟောတိ- ဖြစ်၏။

၇။ ပါကာရော- ဉမိ့တံတိုင်း ခိုင်လုံခြင်းဟိသည်၊ ဟောတိ- ဖြစ်၏။

ဣမေတိ သတ္တဟိ နဂရ ပရိက္ခရေတိ- ဤခုနှစ်ပါးသော မြို့အခြံအရံအင်္ဂါရို့ဖြင့်၊ သုပရိက္ခတ္တ- ကောင်းစွာ
ဝန်းရံအပ်၏။ ထိုမှတုံလည်း မင်းရို့ပြသသော တရားခုနှစ်ပါးကို ရာဇနီတိကျမ်း၌လာသည်ကား-

သာမိသာမိနူဂေါ မစ္စော၊ ဇနပဒေါပိသဇ္ဇနော။

ဒုဂ္ဂံဒုဂ္ဂဏော ပေတံ၊ ဒဏ္ဍော ဒေါသာနူရုပတော။

တောသောအယက္ခယသမ္ပတ္တိ၊ မိတ္တဉ္စဘယသံယုတ္တံ။

သတ္တပကတိယော- ဟောန္တိ၊ ၀ုတ္တာနီတိ ၀ိစက္ခဏာ။

၁။ သာမိ-အစိုးရတရားလိမ္မာသောမင်းလည်းကောင်း။

၂။ သာမိနူဂေါ-မင်းအလိုကိုသိတတ်သော အမဇ္ဇောအမတ်လည်းကောင်း။

၃။ သဇ္ဇနောဇနပဒေါပိ- သစ္စာဓမ္မစသောသူတော်ကောင်းစ့စုံစွာသော ဇနပုဒ်ကျေးရွာစည်ကားခြင်းလည်းကောင်း။

၎။ ဒုဂ္ဂံဒုဂ္ဂဂုဏေပေတံ- ကျုံးမြောင်းခိုင်ခန့်စွာ၊ ပြအိုး၊ တန်ဆောင်း၊ ခက်ဘွယ်ဟိသောဉမိ့လည်းကောင်း။

၅။ ဒေါသာနူရူပတောဒဏ္ဍော- အမှုကြီးငယ်ဟိလတ်သော်၊ အ၀ီးအနီး မရွီးမူလျှက် အပြစ်နှင့်လျှော်စွာ
ဒဏ်ပီးခြင်းလည်းကောင်း။

၆။ အက္ခယသမ္ပတ္တိကောသော- ကျီ၊ ကျ၊ တိုက်၊ စည်၊ ဘဏ္ဍာ မကုန်နိုင်အောင်ဟိခြင်းလည်းကောင်း

၇။ ဘယသံယုတ္တံမိတ္တံ- ရန်သူရောက်သောအခါ ကူညီညာသောမိတ်ဆွီပြည်ထောင် မင်းချစ်ကျွမ်းဝင်
များခြင်းလည်းကောင်း။

ဣတိ ဤသို့၊ သတ္တပကတိယော- မင်း၏ပြကတေ့ခုနှစ်ပါးရို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။

ထိုမှတုံလည်း မြို့၏ကိရိယာ အစာလေးပါးကို သတ္တနိပါတ်အဂုတ္တိုရ်ကျမ်း၌လာသည်ကား-

ဗဟုတိကာကဌောဒကံ-သန္နခိတံဟောတိ။

ဗဟုသာလိယ၀တံ သန္နိခိတံဟောတိ။

ဗဟုတိလမုဂ္ဂမာသာပရဏ္ဏံသန္တိခိတံဟောတိ။

ဗဟုဘေသဇ္ဇံ သန္တိခိတံဟောတိ။

ဣမေသံစတုံန္နံအဟာရာနံနိကာမလာဘီ ဟောတိ။

၁။ ဗဟုသီကာကဌောနဒကံ- များသောမြက် ထင်း ရီကို၊ သန္တိစိတံ- စုဆောင်း၍ဟိခြင်းလည်းကောင်း။

၂။ ဗဟုသာလိယသတံ- များသောစပါး၊ ပြောင်းကို၊ သန္နိစိတံ- လုပ်ဆောင်ရာ ကြီးကျယ်ဟိခြင်းလည်းကောင်း။

၃။ ဗဟုတိလမုဂ္ဂမာလာပရဏ္ဏံ- များသော နှမ်းပဲ ဟင်းသီးဟင်းရွက်မျိုးကို၊ သန္နိစိတံ- လုပ်ခင်းဟိသော
အရပ်လည်းကောင်း။

၎။ ဗဟုဘေသဇ္ဇံ- များသောထောပတ် ဆီဥပျားရည်ကို သန္နံစိတံ- ဆိုက်ရောက်ပေါများဟိခြင်းလည်းကောင်း။

ဣမေသံစတုန္နံ အဟာရနံ- ဤလေးပါးစုံသောအစာရို့၏၊ ယတ္တ-အကြင်မြို့၌ နိဘာမလာတိ- အလိုဟိ
တိုင်းပြည့်စုံသည်၊ ဟောတိ- ဖြစ်၏။

စစ်အင်္ဂါလေးပါးရို့ကို အဘိဓါန်ကျမ်း၌လာသည်ကား-

ဟတ္တိဿရထပတ္တိ- ဟူရာ၌

၁။ ဟတိ- ဆင် ၂။ အဿ- မြင်း ၃။ ရထ- ရထား ၄။ ပတ္တိ- ခြီသည်

စတုရဂိနိသေနာ စစ်အင်္ဂါလေးပါးဟူရာသည်။

မင်းရို့အားငါးပါးကို စတ္တာလိသနိပါတ်၌လာသည်ကား-

ဗလံပဉ္စ၀ိဓံလောကေ၊ ပုရိသသ္မံမဟဂ္ဂတေ။

အတဗာဟုဗလံနာမ၊ စရိမံစုရုတေဗလံ

ဘောဂဗလဉ္စဒီသာဝု၊ ဒုတိယံဝုစ္စတေဗလံ။

အမစ္စဗလဉ္စဒီဃာဝု၊ တတိယံဝုစ္စတေဗလံ။

အဘိဇစ္စဗလဉ္စေစ၊ တံစတုတ္တံအသံသလံ။

ယာနိစေတာ နိသဗ္ဗာနိ အဓိဂဏှာတိပဏ္ဍိတော။

တိဗလာနံဗလံသေဌံ၊ အဂ္ဂံပညာဗလံဗလံ။

ပညာဗလေ-နပတ္တဒ္ဓေါ-အတ္တံဝိန္ဒတိ ပဏ္ဍိတော။

မဟာရာဇာ- မြတ်သောမင်းကြီး၊ ပုရိသသ္မိ- ယောက်ျားကောင်း၌၊ ပဓ၀ိစံ- ငါးပါးသော၊ ဗလံ- အားသည်၊
ဗဟုလတံ ဟူရာ၌-

၁။ ဗဟုသုတအကြား အမြင်ထုံးကောင်းသက်သီပြည့်စုံလိမ္မာသော နှလုံးအားသာလျှင်အရင်း၊ လက်ရုံးအားမူကား-
စရိယံ- ယုတ်သောအား။

၂။ မဟာရာဇာ- မြတ်သောမင်းကြီး။ ဘောဂဗလဉ္စ- ရွှေငွေစသည့်ဘဏ္ဍာထုပ် ခွန်အမှန်ကိုခံယူ၍ များစွာဟိခြင်း၊
ဒုတိယဗလံ- နှစ်ခုမြောက်သောအား။

၃။ အမစ္စဗလံ- ပညာဆန်းကြယ် နက်နဲထိုးထွင်းသော အမတ်ကောင်းဟိခြင်း၊ တတိယဖလံ သုံးခုမြောက်သော
အား။

၎။ အဘိဇစ္စဗလံ- အလွန်အမျိုးစောင့်သောအမျိုးမြတ်ခြင်း၊ တံဖလံ- ထိုအားသည် စတုတ္တဗလံ- လေးခု
မြောက်သောအား။

၅။ ပညာဗလံ- ပညာထိုးထွင်းသိနိုင်ခြင်း။

သဗ္ဗာနိ- ခပ်သိမ်းကုန်သော၊ ယာနိစေတာနိ- အကြင်ငါးပါးရို့ကို။ ပဏ္ဍိတော- ပညာဟိသောသူသာလျှင်၊
အသံသယံ- အချွတ်မယွင်း၊ အဓိဂဏှာတိ- လွှမ်းမိုး၏။ တံသ္မာ- ထို့ကြောင့်၊ ဗလာနံ- လေးပါးသော
အားရို့ထက် ပညာဗလံ- ပညာအားကိုရာလျှင်၊ သေဌဗလံ- ချီမွမ်းအပ်သောအားဟူ၍၊ အဂ္ဂဗလံ- မြတ်သော
အားဟူ၍၊ ၀ုစ္စတိ- ဆိုအပ်၏။

ထိုမှတပါးတုံလည်း မင်းကျင့်တရားဆယ်ပါးကို သုဝဏ္ဏသာမဇာတ်၌

၁။ ဓမ္မဉ္စမဟာရာဇ မာတာပီတု-သုခတ္တိယ။ ဣဓ ဓမ္မံစရိက္ခာန၊ ရာဇသဂ္ဂံဂမိဿတိ။

၂။ ပုတ္တဒါရေသု

၃။ မိတ္တာမစ္စေသု

၎။ ၀ါဟနေသုဗလေသုစ

၅။ ၀ါမေသုနိဂမေသုစ

၆။ ရဌေသုဇနပဒေသုစ

၇။ သမဏဗြဟ္မတောသုစ

၈။ မိဂပက္ခိသု

၉။ ဓမ္မောသုစိဏ္ဏော သုဓါဝတော

၁၀။ ဓမ္မဉ္စရမဟာရာဇာ ဣန္ဒာ ဒေ၀ါသဗြဟ္မကာ သုစိဏ္ဏေနဒိဝံပတ္တာ၊ မာဓမ္မံ ရာဇပမာဒ။

မဟာရာဇာ-မြတ်သောအသျှင်မင်းကြီး

၁။ မာတာပီတု- မိဘရို့၌ လည်းကောင်း

၂။ ပုတ္တဒါရေသု- သားသမီးရို့၌ လည်းကောင်း

၃။ မိတ္တာ-မစ္စေသု- ဆွီမျိုးစသောမူးမတ်ရို့၌ လည်းကောင်း

၎။ ၀ါဟနေသုဗလသုစ- ဆင်မြင်းဗိုလ်ပါရို့၌ လည်းကောင်း

၅။ ဂါမေသုနိဂမေသုစ- ရွာငယ် ရွာကြီးရို့၌ လည်းကောင်း

၆။ ရဌေသုဇနပဒေသုစ- ဇနပုဒီနိုင်ငံအစွမ်းရို့၌ လည်းကောင်း

၇။ သမဏဗြဟ္မကောသုစ- ရဟန်း၊ ပုဏ္ဏား သူတော်မြတ်ရို့၌ လည်းကောင်း

၈။ မိဂပက္ခိသု- သားငှက်သတ္တ၀ါရို့၌ လည်းကောင်း

၉။ ခတ္တိယ- ရီမြီအစိုးရသော မဟာရာဇာမြတ်သော မင်းကြီး၊ ဓမ္မံ- တရားကို စရ- ကျင့်တော်မူပါလော့။
သုခိဏ္ဏော- ကောင်းစွာကျင့်အပ်သော၊ ဓမ္မော- သူတော်ကောင်းတရားသည်၊ သုခါဝတော-
ချမ်းသာကိုဆောင်တတ်၏။ ရာဇ- မင်းမြတ်၊ ဣဓ- ဤလောက၌၊ ဓမ္မံ- တရားကို၊ စရိက္ခာန- ကျင့်၍၊ သဂ္ဂံ-
နတ်ပြည်သို့၊ ဂမိဿတိ- လားရအံ့။

၁၀။ မဟာရာဇ- မြတ်သောမင်းကြီး၊ ဓမ္မံ- တရားကို၊ စရ- ကျင့်တော်မူပါလော့၊ သဗြဟ္မကာ-ဗြဟ္မာနှင့်တကွ၊
ဣန္ဒာဒေ၀ါ- သိကြားမျိုးရို့သည်၊ သုစိဏ္ဏေန- ကောင်းစွာကျင့်သဖြင့်၊ ဒိဝံ- နတ်ပြည်သို့၊ ပတ္တာ- ရောက်ကုန်၏။
ရာဇ- မြတ်သောမင်း ဓမ္မံ-တရားကို၊ မာပမာဒ-မမေ့မလျှော့သင့်။

ယင်းသို့ကျမ်းဂန်လာသည့်အတိုင်း ပညာဟိရို့ဆိုခသော ရာဇ၀တ္တုစာဟောင်း၌ အလာမူလည်း-

ဇေယျာကြငှန်း၊ စိုးစံမြန်းသည်၊ ရွှေနန်းသျှင့်၊ ဂုဏ်ကိုးအင်မင်းရို့မှာ၊ တရားစောင့် ထီးဖြူထောင်းရို့၊
အကြောင်းကိရိယာကား၊ သတ္တ၀ါအပေါင်းရို့အား၊ အနီးအ၀ီးမရွီး၊ ပညာများကို လက်သုံးဓါးပမာ ထက်အောင်သွီး၍
ဆိုရေးဟိလတ်ရာလည်း၊ ယုတ္တာယုတ္တိညှိ၊ ဂတိမလိုက်၊ တိမ်တိုက်ချွန်လွှား၊ မိုးကြိုးလားသို့၊ စကားတည်ကြည်၊
အရှည်ထွန်းလင်းဘိအောင်၊ က၀ိလူသမာ၊ ကြားသော်နှစ်မြိုး၊ သန်းမညှိုးသည်၊ မင်းရို့လက္ခဏာတည်း။

ရတနာစုံပြည့်ဖြိုး၊ န၀ရတ်ဂုဏ်၊ ကိုးပါးဉခံသည်။ လောက်လုံမင်းကောင်းမျိုးရို့၊ ကျင့်ရိုးပြည့်အင်္ဂါ၊ အပရိဟာနိ၊
ကျေးဇူးဟိသည်၊ သတိမလွတ်သာတည်း။ ကျမ်းအမှာသင်္ဂဟ၊ မခွစီလို၊ ဗြဟ္မစိုရ်မူ၊ နှလုံးဖြူ၍၊
အယူတည့်မတ်ရာ၏။ ဗဟုသုတဆိုသည်မှာ၊ စကားနဂ္ဃိ၊ ကြားတိုင်းသိစီသား။ မီးပုစ္ဆာလာသမျှ၊ ရွရွပြီးဖြေ၊
သူ့အနေကို၊ ရိပ်ခြေသိတတ်မှတည့်၊ ဥာဏဥာဏ်မဏ္ဍိုင်၊ ဒသဆယ်ချက်၊ ယွင်းမကွက်အောင်၊
ရွှေလက်မြဲစွာကိုင်၍၊ ခရိုင်တိုင်းတပါး၊ မကားနှုတ်ဆက်၊ မိတ္တာယှက်အောင်၊ အမျက်မလွန်၊ ထုံးနည်းညွှန်လျှက်၊
မတ်မွန်စေလွှတ်ထားချင့်၊ မိုက်မှားအ၀ိဇ္ဇာ၊ မိစ္ဆာဖုံးလွှမ်း၊ မင်းကြမ်းမင်းဆိုး၊ နည်းကိုခိုး၍၊ စစ်ထိုးမပြုရာတည့်၊
လုပ်စားသီးပွင့်မျိုး၊ ဆယ်ဘို့တဘို့၊ မင်းအခွန်၊ မလွန်ခံစားရိုးက၊ တိုး၍မယူသာ၊ သူလှောင်လျှောက်ထား၊
ဂုံးစကားကြောင့်၊ အမှားမဆိုရာသည်။ မဟာဓမ္မရာဇ်၊ သျှင်စောစစ်။

နွယ်မြစ်စဉ်လာ၊ မြတ်ရာဇာရို့၊ စကြာရောက်ရာ၊ အကြောင်းမှာပေ၊ ပရမေဘုန်းသမ္ဘာ၊ မဟာဇိနီ၊ သာကီဧကရာရို့၊
ကြီးကျယ်စွာမင်းတံဆိပ်၊ ဘိသိက်တော်ခံ၊ တိုင်းနိုင်ငံကို၊ စိုးစံကွပ်ညှပ်နှိပ်၍၊ လူရို့ထိပ်မင်းစဉ်လာ၊
ဘိသိက်သွန်းရိုး၊ မော်ကွန်းထိုး၍၊ မင်းမျိုးမြတ်ကညာနှင့်၊ လက်ယာရစ်ခရုသင်း၊ မင်းရို့သုံးရ၊ ဗြဟ္မဏလည်း၊
မူလသိက္ခာရင်းနှင့်၊ မယွင်းကျမ်းအမှာ၊ ညီစွာကျင့်ရိုး၊ ဘီဘိုးဆင်းသက်၊ ဘိသိက်ဆက်မှန်ရာ၏။ ဂင်္ဂါငါးရပ်ရီ၊
စီးလီမပြန်၊ ၀တ်ဆံကြာမျိုး၊ မညှိုးပန်းသပြီနှင့်၊ ညွန့်ဝီ၀ီမြက်မြီဇာ၊ ရီသဖန်းပျဉ်၊ ယှဉ်သည်နံသင့်ရာ၌၊
ပန်းစုံစွာသစ်လေးပင်၊ တောင်မြောက်လေးရပ်၊ တင့်အပ်စိုက်ထားကျင်မူ၊ စစ်အင်္ဂါလေးပါးခင်း၊ ပုဏ္ဏားငါးရာ၊
ဖြူစွာခရုသင်းနှင့်၊ သဲတလင်းညီညွတ်ရာ၊ ဂင်္ဂါမြစ်ကမ်း၊ ပွဲလမ်းမပြတ်၊ မဏ္ဍပ်သုံးဆောင်မှာလည်း၊ ဖြူနီဝါဆင်စရိုး၊
နပျိုးကြံအုန်း၊ ပင်လုံးသီးပင်၊ ၀န်းကျင်ဆပ်သွား၊ ခရားခက်ဆိုင်၊ စကားလှိုင်၍၊ သင်းကြိုင်စီကြောင်းထားလော့၊
ဖြောင့်မမှားသည်၊ တရားလိမ္မာ၊ အမတ်သူဌီး၊ ဘိုးဘီးရိုးမှန်စွာနှင့်၊ မင်္ဂလာအခါနက္ခတ်ကောင်း၊ ပညာမြော်မြင်၊
ရီမြီ့သျှင်လည်း၊ ဂုဏ်လျှင်အသိ၊ ဂတိလေးပါး၊ တရားတည်စီကြောင်းတည်း။ ရှိထုံးဟောင်းကျမ်းအလာ၊
မညီယုတ်တက်၊ ပေါ့ပျက်မဟိသာတည်း။ ကြီးတေဇာကျွန်းလုံးမိုး၊ ဘိသိက်ခံပြီး၊ သစ္စာကြီးသည်၊
စောထီးမင်းကောင်းမျိုးရို့၊ ဆိုရိုးစဉ်လာ၊ ကိုယ်၏အသက်၊ ပရွက်ခြပုန်း၊ နှလုံးမခြားသာတည်း။ သတ္တ၀ါကို၊
မိတ္တာစုံခွီရစ်၊ ညွန့်သစ်တက်ဝီ၊ ကျက်သရီကြောင့်၊ ဖြိုးဝီလူနတ်ချစ်၏။ လေးပါးအပြစ်ချင်းချင်းကွာ၊
ပြည်သူလုပ်ခွန်၊ မလွန်စားထိုက်ရာသည်။ မဟာနွယ်မြစ်၊ ဘုန်းပွင့်သစ်။ ရဟန်းသိက္ခာ၊ မင်းမှာဘိသိက်၊
သူတော်စိတ်သည်၊ မဖိတ်ကျင့်ရိုး၊ အမြတ်မျိုး-

ယင်းသို့ ဘိသိက်ခံသောမင်းရို့ကျင့်ရာသည့် အကြောင်းထုံးဟောင်းနှင့်အညီ အဂုတ္တိုရ်ကျမ်း၌ အပရိတယနိယ
တရားခုနှစ်ပါးရို့သည်ကား-

ကတမေစလိဓ၀ံဝဓဇ္ဇံနံ၊ ၀ုဎိုယေ၀ပါဋိင်္ကခါ။ နောပရိဟာနိ။

ထိုသို့ဟူရာ၌- သတ္တခုနှစ်ပါးကုန်သော၊ အပရိယာနိယဓမ္မ- တိုင်းနိုင်ငံရို့ကို စည်ပင်စီတတ်သော
တရားခုနှစ်ပါးသည်၊ ဘိသိက်ခံသောမင်းရို့ မမိစီရအောင် စောင့်အပ်သောတရားကို ပါဠိကင်္ခါအလိုရှိအပ်၏။
ပရိဟာနိ- ဆုတ်ယုတ်သော မကောင်းကျိုးတရားကို၊ နောပါဋိကင်္ခါ- အလိုမဟိရာ။ ယင်းရို့ ခုနှစ်ပါးတရား
အဓိပ္ပါယ်သော်ကား-

၁။ ပညာဟိမူးကောင်းမတ်ကောင်းရို့နှင့် ပစ္စုပ္ပန်သံသရာ တိုင်းပြည်သာယာသော အကြောင်းများကို မပြတ်စည်ဝေး
ပြောဆိုခြင်း။

၂။ ရှိမင်းကောင်း မင်းမြတ်ရို့ထုံးဥပဒေပြုလျှက်၊ ကောင်းသောအမှု ပညတ်ထားခသည်ကို မဖောက်ပြန်ခြင်း။

၃။ သူတော်မြတ်ရို့အား၊ ဂါရ၀တရား မပြတ်ပြု၍ ကောင်းသောစကားကိုနားထောင်ခြင်း။

၎။ သွမ်းသွပ်၍ သူ့မယားရို့ကို ကျူးလွန်စွာမပြုခြင်း။

၅။ ပြည်တွင်း၊ ပြည်ပစောင့်နီကုန်သော သမ္မာဒေ၀နတ်ရို့အား၊ နတ်စာမပြတ်ပီးခြင်း။

၆။ ရဟန်း၊ သံဃာရို့၌ကောင်းသောအကျင့်ကိုကျင့်ရာသောအကြောင်း ပညတ်စောင့်ယှောက်ခြင်း။

၇။ တိုင်းတပါး၌ဟိသော သူတော်ကောင်းပညာဟိရို့အား ရောက်ပေါက်ပီးကမ်း မင်းချင်းမိတ်ဆွီဝင်ခြင်း။

ဤခုနှစ်ပါးသောတရားရို့သည် တိုင်းပြည်သာယာသောအကြောင်းလျှင်တည်း၊

ထိုမှသင်္ဂဟတရား လေးပါးဟူသည်ကား-

သဿမေဓံ၊ ပုရိသမေဓံ၊ သမ္မာပါသံ၊ ၀ါစာပေယျန္တိ။ စတ္တာရိသင်္ဂဟ၀တ္တုနိ အဟေသုံ။

၁။ သဿမေဓံ-အခွန်အထုပ်ပြည်သူရို့၌ ဆယ်ဘို့တဘို့ခံယူရာ လွန်စွာမပြုလုပ်ခြင်း

၂။ ပုရိသမေဓံ- မင်းမှုထမ်းစွဲမြဲသူရို့အား ရိက္ဇာဝတ်စား ပီးကမ်းခြင်း

၃။ သမ္မာပါသံ- ဆင်းရဲသားပြည်သူရို့အား ဥစ္စာရင်းနှီး ပီးကမ်းခြင်း

၎။ ၀ါစာပေယျံ- ဆွီကြီးမျိုးကြီး၊ သူတော်ကောင်းပညာဟိရို့အား ချစ်ဘွယ်သောစကားကို ဆိုတတ်ခြင်း။

ဣတိဣမာနိစတ္တာရိ၊ ဤလေးပါးသောတရားရို့သည်၊ သင်္ဂဟ၀တ္တုနိ- သင်္ဂဟတရားရို့သည်၊ ဟေတုံ- ဖြစ်ကုန်၏။

အမတ်ကောင်းအင်္ဂါသျှစ်ပါးရာဇနီတိကျမ်း၌လာပြန်သည်ကား-

သုတ၀ါ-သီလ၀ါသူရော၊ ၀ီရ၀ါ၊ သိဒ္ဓိကောဗလံ၊

အလုဒ္ဓေါပီယစုပေါစ၊ မန္တိနေဌင်္ဂမုစ္စတေ။

၁။ သုတ၀ါ- အကြားအမြင် ထုံးဟောင်းသက်သီနှင့်ပြည့်စုံ၍ ဥာဏ်ပညာဆန်းကြယ်ကြီးရင့်ခြင်း။

၂။ သီလ၀ါ- သီလသီတင်း စောင့်ခြင်း။

၃။ သူရော- ရဲရင့်သောသတ္တိလည်း ဟိခြင်း။

၎။ ၀ီရ၀ါ- လုံ့လ၀ီရိယနှင့် ပြည့်စုံခြင်း။

၅။ သိဒ္ဓိကော- ရန်ကိုအောင်တတ်ပြီး စီတတ်သောစွမ်းရည်နှင့်ပြည့်စုံခြင်း။

၆။ ဗလံ- စွမ်းပကားခွန်အားလည်းဟိခြင်း။

၇။ အလုဒ္ဓေါ- သူ့စည်းစိမ်ဥစ္စာကို ဖျက်ဆီးလိုသောအကြံကင်းခြင်း။

၈။ ပီယရူပေါ- ချစ်ဘွယ်သောစကားကိုလည်း ဆိုတတ်ခြင်း။

အဌင်္ဂ- ထိုအင်္ဂါသျှစ်ပါးကို၊ မန္တိနော- အမတ်ကောင်း၏အင်္ဂါဟူ၍၊ ၀ုစွတေ- ဆိုရာ၏။ စစ်သူကြီးအင်္ဂါ
ကိုးပါးမူလည်း ပညာဝါပရမဒ္ဒန္တေ၊ ဇေယျဘုမ္ဓိသုဇာနကံ။ ဗျသနေ သုပရိစ္စာဂံ၊ သမော ဒုက္ခံ သမောသုခံ၊ သမတံ
သုစိသတညံ၊ ၀ါဟနေသု အစေဒကံ။ ဂိရသူရဂုဏော ပေတံ၊ သေနာ-မောက္ခေ၀ိဓီယတေ။

၁။ ပရမဒ္ဒန္တေ- တဘက်ရန်သူကိုနှိမ်နှင်းရာ၌ ပည၀ါ- ထိုးထွင်းသော ပညာဟိခြင်း။

၂။ ဇေယျဘုမ္မိသုဇာနကံ-အောင်မြီအောင်ရပ် စစ်ထွက်စစ်ချီ ကောင်းခင်တိမ်နိမိတ် နီလား နီလာစသောအမှုရို့ကို

တတ်သိလိမ္မာခြင်း။

၃။ ဗျသနေသု- စစ်မြီမလှပျက်လတ်သောအခါ၌ အပရီစ္စာဂံ- ရဲမက်ဗိုလ်ခြီရို့ကို သိမ်းရုံးချုပ်တတ်ခြင်း။

၎။ သမောဒုက္ခံသမောသုခံ- မင်းနှင့်ဆင်းရဲချမ်းသာ ပမာတူမျှပြုတတ်ခြင်း။

၅။ သမတံ- စွမ်းပကားခွန်အားလည်း ဟိခြင်း။

၆။ သုခီ- သန့်ချင်းစင်ကြယ်သော အလေ့ဟိခြင်း။

၇။ သတညံ- သေနင်္ဂဗျူဟာစသော ကျမ်းဂန်ထုံးသက်သီတတ်ခြင်း။

၈။ ၀ါဟနေသု- ရဲမက်ဗိုလ်ခြီရို့ကို အစေဒကံ- မပင်မပန်းစီမှုပြုတတ်ခြင်း။

၉။ ၀ီရသူရဂုဏောပေတံ- လုံ့လ၀ီရိယနှင့်ပြည့်ုစုံခြင်း

ဧတံ- ဤကိုးပါးသောအင်္ဂါရို့နှင့် ပြည့်စုံသောသူကို သေနာမောက္ခေ- သေနာပတိ စစ်သူကြီးအရာ၌၊ ၀ိဓီယတေ-
ခန့်ထားအပ်၏။

ထိုမှတုံလည်း တတိုင်းတပြည်သို့စေသူ တမန်အင်္ဂါသျှစ်ပါးကို အင်္ဂုတ္တိုရ်ကျမ်း၌လာသည်ကား-

အဌဟိဘိက္ခဝေ အင်္ဂေဟိ သမန္နာဂတော ဒူတေယျံဂန္တုမရဟတိ။ ကတမေဟိ

အဌဟိ။ သောတာစ ဟောတိ။ သာဝေတာစ။ ဥဂ္ဂဟေတာစ၊ ဓါရေ တာစ၊ ၀ိညာတာစ၊

ဝိညာပေတာစ၊ ကုသလောစ၊ သဟိတာဟီတဿ။နောစ၊ ကလမာကာရကော။

မဟာရာဇာ- မြတ်သောမင်းကြီး၊ အဌဟီအင်္ဂေဟိ- သျှစ်ပါးသောအင်္ဂါရို့နှင့်၊ သမန္နာဂတော- ပြည့်စုံသော
သူသည်။ ဒူတေယျံဂန္တံ- တမန်အရာ၌ခန့်ခြင်းငှာ၊ အရဟတိ- ထိုက်၏။ ကတမေဟီ- အဌဟီ-
သျှစ်ပါးဟူသည်ကား-

၁။ သောတာစ- သူ့စကားကိုကြားလျှင် အစအဆုံးအဓိပ္ပါယ်ကို ကုန်စွာနားလည်ခြင်း။

၂။ သာဝေတာစ- ကြားသောစကားကို ဆန်းကြယ်အောင်ဆိုနိုင်တတ်ခြင်း။

၃။ ဥဂ္ဂဟေတာစ- အထူးအဖြင့် မှတ်သားသိတတ်ခြင်း။

၎။ ဓါရေတာစ- အမှတ်မြဲစွာ မမိမလျှော့ခြင်း။

၅။ ၀ိညာတာစ- လူ၏အရိပ်အခြေကို သိတတ်ခြင်း။

၆။ ၀ိညာပေတာစ- လူ၏အရိပ်အခြေ အရည်အချင်းကို သူတပါးအား ပြောဆိုလေ့ဟိခြင်း။

၇။ သဟီတာဟီတဿ- စီးပွားရေး၌ သန့်သောဥစ္စာနှင့်၊ ကုသလောစ- လိမ္မာသော အသက်မွီးမှုဟိခြင်း။

၈။ နောစကလဟကာရကော- တတိုင်းတပြည်သို့စေရာ၌ မျက်လိုကျူးလွန်စွာ ရန်ရှက်တင်မှု မဟိခြင်း။

က္ကုမေအဌ- ဤသျှစ်ပါးရို့သည် တမန်စေရာ အမတ်ရို့အင်္ဂါမည်၏။

ထိုမှတပါး ပြည့်သျှင်မင်းရို့၌ယုံအပ်သောကျွန်ကောင်းအင်္ဂါငါးပါး ရာဇနီတီကျမ်း၌ လာသည်ကား-

ပါပါစတျံနီဝါရေယျ၊ ဟီတေယောဇယျဂုံဟဏံ။ ဂုဟေယျစ ဂုဏံကရေ အာပဒေစ၊

နဇဟတေ။ ဒဒေယျကာ လေသုမိတ္တ၊ လက္ခဏံ ပဏ္ဍိတာအာဟု။

ဆိုရာ၌ သုမိတ္တာကျွန်ကောင်းသည်-

၁။ စတျံ- အသျှင်မင်းအား၊ ပါပါ- မကောင်းမှုမှ၊ နီဝါရေယျ- မဖြစ်စီရာ။

၂။ ဟီတေ- သံသရာအကျိုးစီးပွားရို့၌ ယောဇေယျ- ထွန်းလင်းစိမ့်သောငှာ၊ ဂုဟဏံ- အသျှင်မင်းအား၊
ဂုဟေယျ- ပြောဆိုတတ်ခြင်း။

၃။ ဂုဏံ- အသျှင်ကျေးဇူးဟိသောအမှုကို၊ ကရေ- ပြုရာ၏။

၎။ အာပဒေစ- အမှုကြီးငယ်ဟိသောအခါ၌၊ ဏဇဟတေ- အသျှင်မင်းကို မစွန့်စောင့်ယှောက်ရာ၏။

၅။ ကာလေ- သင့်သောအခါ၌၊ ဒဒေယျ- အသျှင်မင်းအားပီးရာ၏။

ဣဒံ- ဤငါးပါးသောအင်္ဂါနှင့် ပြည့်စုံစွာ-သုမိတ္တလက္ခဏံ- ကောင်းသော လက္ခဏာဟိသောသူကို၊ သုဒါသံ-
ကျွန်ကောင်းဟူ၍၊ ပဏ္ဍိတာ- ပညာဟိရို့သည်၊ အာဟု- သိကုန်ရာ၏။

မဟာရာဇ- မြတ်သောမင်းကြီး ရှိပညာဟိသူမြတ်ရို့ ပညတ်လျှက်ထားခသော မင်းရို့ကိရိယာ (၁၅) ပါး

ဟူသည်ကား-

၁။ ဆင်ယာဉ် မြင်းယာဉ်ရို့၌ အိပ်စက်မလားအပ်။

၂။ ယစ်မျိုးငါးပါးကို မသောက်မစားအပ်။

၃။ သင့်သောအရပ်ကိုလွှတ်၍ တခြားအရပ်၌ အိပ်စက်မနီအပ်။

၎။ စားသောအစာ အာမှထွက်၍ မကျအပ်။

၅။ ခါးဝတ်ပုဆိုးကို ဥက္ခောင်းတော်သို့ မတင်အပ်။

၆။ ရာသီရောက်သောမိမ္မ၊ မီးယပ်နီသောမိမ္မရို့အား မနှီးနှောအပ်။

၇။ စကားထွက်ဝင်မဆိုအပ်။

၈။ အပျော်အရွှင်သဘင် လွန်စွာမပြုအပ်။

၉။ ရှိမင်းကောင်းရို့ထုံးကို မဖျက်အပ်။

၁၀။ မင်းကျိုးပြည်ရောင် ထွန်းအောင်ဆောင်သောသူအား အပြစ်မပြုအပ်။

၁၁။ မြီကိုနင်း၍ မလားအပ်။

၁၂။ သူတပါးချက်ပြုတ်၍ ဆက်သောအစာကို မစားအပ်။

၁၃။ အခင်းကြီးငယ်ဟိ၍ လားလာရာ၌ ရီမချိုးမဆီးမူလျှက် မနီအပ်။

၁၄။ ပြီးလွှားခုန်ပေါက် မလားအပ်။

၁၅။ အဆိပ်ဟိသောသတ္တ၀ါကို၎င်းင်း၊ ဦးဂြိုဟိသောသတ္တ၀ါကို၎င်းင်း အရောမ၀င်အပ်။

ဤတဆယ့်ငါးပါးသော မင်းကိရိယာကို ပျက်လွန်ကျင့်လတ်သော် မင်းသက်တို၍ ပြည့်ညှိုးငယ်စွာ ဟိလီရာသည်။
ယင်းသို့ ကျမ်းဂန်ထုံးဟောင်း သက်သီညွှန်ဆိုလျှက် အမတ်ကြီးလျှောက်လတ်သော် ပြည့်သျှင်မင်းကြီး
ကြိုက်တော်မူ၍ မင်းစီးဖောင်မှာသာထည့်သော မင်းဆောင်တန်ဆာပေါင်းဖြူကို အမတ်ကြီးသို့ဆုပီးတော်မူသည်။

မင်းဖလောင်းကြီးသည် ဘုရင်မင်းမြတ်ရို့ကျင့်သုံးအပ်သော ရာဇဓမ္မဆယ်ပါး၊ သင်္ဂဟတရားလေးပါး၊ နာယက
ဂုဏ်ခြောက်ပါး၊ ရာဇဂုဏ်သျှစ်ပါးစသော တရားအစုစုကောင်းမှု အဖြာဖြာရို့ကို လွန်စွာအားထုတ်တော်မူလျှက်
နန်းစံ (၂၂) နှစ်၊ သက်တော် (၅၉) နှစ်၊ သက္ကရာဇ် (၉၅၅) ခု၊ ၀ါဆိုလဆန်း (၆) ရက် တလင်္ဂနီနိတွင်
နတ်ရွာစံတော်မူသည်။

လျှောက်ထုံးအမှတ် (၅၉)

မင်းရာဇာလက်ထက် တောင်ငူကို စစ်ကူသင့်မကူသင့်လျှောက်ထုံး။

မင်းဖလောင်းကြီးလွန်သော် သားတော်အိမ်ရှိမင်း သတိုးဓမ္မရာဇာသည် မြောက်သားတော် ၀ိဇလာနှင့် သက္ကရာဇ်
(၉၅၅) ခုဝါဆိုလဆန်း (၆) ရက်နိတွင် ထီးနန်းဆက်ခံ စိုးစံတော်မူသည်။ မင်းရာဇာဟူသော ရှိဘီးတော်၏
အမည်ကို ခံယူတော်မူသည်။ ညီတော်မင်းစောလှကို စစ်တကောင်းမြို့စားပီးတော်မူသည်။ နှစ်နှစ်ဟိလျှင်
ညီတော်မင်းစောလှသည် ကုလားဘင်္ဂါတဆယ့်နှစ်မြို့။ သက်မင်းကောင်လှဖြူ၊ မြုံလင်ကဲရို့နှင့်ပေါင်း၍
သောင်းကျန်းသည်။ သို့ကြောင့် သက္ကရာဇ် (၉၅၇) တွင် မင်းရာဇာကြီးသည် ကိုယ်တော်တိုင်ချီတက်တော်မူသည်။
ညီတော်မင်းစောလှ စစ်မပြိုင်ဝံ့၍အညံ့ခံလျှက် ကျိုးနွံစွာဝင်ရောက်လာပေသည်။ စစ်တကောင်းမြို့က ချီလားလီ၍
ဒါဂါမြို့သို့ရောက်သောကာလ သင်းရို့မြို့ရွာသည် အကြိမ်များစွာဆိုးသွမ်းသူဖြစ်သည်။ ကုလားအကြီး
ဒေးဝန်နပတ်ကို သစ္စာမစောင့်သောကြောင့် မျက်တော်ဝင်၍ ဒေးဝန်းနပတ်ဌာနာ လူပေါင်းတရာကို
တန်ဆာသိမ်းပြီးမှ မော်လိပ်အစို့မှာ ဖြည့်တော်မူသည်။

စစ်တကောင်းမြို့ကို ခမည်းတော်နည်း အမတ်ကြီးမဟာပညာကျော်သို့ ပီးမြဲပီးတော်မူသည်။ မဟာပညာကျော်သား
ကျီးညိုကို ရောင်ဖြူမြို့စားပီးတော်မူပြီး သားတော်ဒီဃကို မောက်သူဇာတွင်အုပ်ချုပ်စီ၍ ကုလား (၁၂) မြို့ကို
အပ်တော်မူသည်။ ထိုသို့ အသီးသီးခန့်အပ်တော်မူပြီးလျှင် သက္ကရာဇ် (၉၅၇) တပို့တွဲလတွင် ပြန်တော်မူသည်။

သက္ကရာဇ် (၉၅၉) ခုတွင် ကျော်ထင်ရာဇာညီတော်မင်းခေါင်၏သား မင်းရဲကျော်ထင်အမည်ဟိသော တောင်ငူမင်း
သီဟသူသည် ဘကြီးတော်ကျော်ထင်နော်ရထာ၏သား ငါးဆူဒါယကာနန္ဒဘုရင် ဟံသာဝတီပဲခူးမင်းကို

လုပ်ကြံလို၍ မင်းရာဇာကြီးထံစစ်ကူတောင်းလာသည်။ ကြည်းတောင်စားနှင့် ကသာစားနှစ်ယောက်ကို
အထူးထူးသော လက်ဆောင်ပဏ္ဍာများနှင့်အတူ ရွှေပီလွှာစီပို့ရန် တမန်လွှတ်သည်။ တမန်နှစ်ယောက်
ရောက်လာရာ စာတွင်ပါသည်ကား- ပဲခူးမြို့ကိုကူညီတိုက်ယူ၍ပီးတော်မူပါ၊ ပဲခူးကိုရလျှင် သမီးကညာ
ဆင်ဖြူရတနာကိုဆက်ပါမည်။ ယင်းသို့ စာတွင်ပါလာသည်ကိုကြားသိတော်မူလျှင် ပြည့်သျှင်မင်းကချီတော်မူမည်။
အနောက်မျက်မှာ ဘင်္ဂါတဆယ့်နှစ်မြို့ သက်မင်းကောင်းလှဖြူ၊ လင်းကဲ၊ မြုံ၊ မြို့စားရွာစား ကျေးစားရို့ကို
လက်နက်ရဲမက်အစုံနှင့် ပင်လယ်ကြောင်းမှာ ကုလားတဆယ့်နှစ်မြို့ သင်္ဘောနှင့်အသင့်ရောက်စီ။

သက်ဉမံလင်းကဲရို့မှာလည်း ကြည်းကြောင်း မျိုးရိက္ခာ လက်နက်အစုံနှင့် မြို့စားရို့က ကြီးကြပ်ခန့်ထား၍ရောက်စီ။
မြို့မှာလည်း တတ်သိလိမ္မာသူရို့ကို အစောင့်အနီထားခစီ။ အသီးသီးအမိန့်တော်ဆင့်ဆို၍ ချီတော်မူမည်။
စနည်းနာသော်- အဉ္စနနဒီ လေးမြို့ချောင်းတွင် သူငယ်ရို့ လှီလှော်လျှက်နှင့်ဆိုကြသော တြင်းသံမှာ-

ဆင်ဖြူပေါင်ကျိုး၊ ထီးဖြူညှိုး၍၊ ပဲခူးဘုရင်၊ ရို့အသျှင်ထံ ၀င်လိမ့်မည်။

ထိုသူငယ်ရို့အချင်း တြင်းသံအလိုကို အမတ်မဟာပညာကျော်လျှောက်ထားသည်မှာ အသျှင်မင်းမြတ်။
ကျမ်းဂန်တွင်လည်း မိတ်ဆွီဝင်သောမင်းရို့၌ အရေးအကြောင်းဆိုက်ရောက်သော် ကူညီသင့်ကြောင်း ထုံးဟောင်း
ဟိပါသည်။ ယခုအကြည်တော် တောင်ငူမင်းပီးလိုက်သော ရွှေပီတွင်လည်း အရှည်ထွန်းလင်းရာသော
အကြောင်းဖြစ်ပါသည်။

သူငယ်ရို့ တြင်းဆိုသည့်အလိုမူ အမှုလွယ်ကာပြီးကုန်ပါမည်။ လျှောက်လတ်သော် ချီတော်မူမည့် တပ်စဉ်အစီအရင်
ခန့်ရပ်တော်မူသည်ကား-

လက်ဝဲကိုယ်ရံတော်နှစ်သောင်းမှာ အမတ်ကုလားတန်စားစောနူ တဗိုလ်။

အမတ်မြို့ချောင်းစား ရဲအောင်နိုင်တဗိုလ်။

လက်ယာသင်းကိုယ်ရံတော်နှစ်သောင်းမှာ အမတ်တရွေးစားဂါမနိ တဗိုလ်။

အမတ်မြို့ချောင်းစားတဗိုလ်။

ကမံလေးကိုင် သူရဲတထောင်မှာ တောင်ကုတ်စား ရန်မျိုးအောင် တဗိုလ်။

ဒါးကိုင်လေးစွဲသူရဲကောင်း တထောင်မှာ အမတ်သံတောင်စား တုံးညိုတဗိုလ်။

ကာစွဲဓါးကိုင် သူရဲတထောင်မှာ အမတ်အမ်းစား တုရင်သူ တဗိုလ်။ သူရဲသုံးသောင်းမှာ သက်မင်းကောင်းလှဖြူ
မူးမတ်နှင့် သက်မင်းကို အစုစု သူရဲတသိန်းရို့ကို အမတ်တော်ကိုယ်ရံကြီး ဓမ္မာသောက အချုပ်တပ်ဦးချီရသည်။

မောက်သူဇာ- ဘင်္ဂါကုလားသူရဲငါးထောင်မှာ- အမတ်တော်ဆင်ကဲကြီး မနူဟာအချုပ်။ သင်္ဘောသုံးရာနှင့်
ပသျှူးကျွန်း မော်တင်ဝက အမတ်ကြီးချရပ်၍ ကျွန်းတိုင်း မြစ်ပေါက်တိုင်း စောင့်နီရသည်။

ပြည့်သျှင်မင်းကြီးတပ်တော်မှာ လက်ဝဲသင်းကိုယ်တော်ရံသုံးသောင်း။ လက်ယာသင်းကိုယ်တော်ရံသုံးသောင်း။
ဒိုင်းနက်သူရဲကောင်း၊ သက်သူရဲတသောင်း။ ထီးလောင်းကာ၊ မီးပေါက်ပြောင်း၊ ဒိုင်းလွှားစွဲသူရဲနှစ်သောင်း၊
ရဲမက်တသိန်း တပ်မတော်တွင်ပါသည်။ ကမ်းရံသူရဲသုံးသောင်း၊ ကုလားထီးလောင်းကာ၊ မီးပေါက်ပြောင်း
ဒိုင်းလွှားသူရဲနှစ်သောင်း။ သူရဲပေါင်းငါးသောင်းနှင့် သားတော်အိမ်ရှိမင်းခမောင်းကို စိန်တင်စားဥဂ္ဂါပျံနှင့်
မော်တင်ချောင်းသံလျှင်မြို့သို့ ချီစီသည်။ ပြည့်သျှင်မင်းလည်း သက္ကရာဇ် (၉၆၀) တန်ဆောင်ဘုန်းလဆန်း (၁၁)
ရက်နိ ချီတော်မူသည်။

အမတ်ကိုယ်ရံကြီးတပ် မုတ္တမသို့ဆိုက်ရောက်လီရာ မုတ္တမမြို့ အရှိကျွန်းကြီးမြို့တွင် လက်ဝဲသင်းကိုယ်တော်ရံ
သူရဲကောင်းတသောင်းနှင့် ကုလားတန်စားစောနူကို တပ်နှင့်ထားသည်။ ချုံးချုံးကျမှာ လက်ယာသင်းကိုယ်တော်ရံ
သူရဲတသောင်းနှင့် တရွေးစားကို တပ်နှင့်ထားသည်။ လက်ယာသင်းကိုယ်တော်ရံသူရဲတသောင်းနှင့် မြို့သစ်စား
ဗလတင်ကို အလံတင်ချောင်းတွင် တပ်နှင့်ထားသည်။ တောင်ထိပ်တွင် သူရဲတသောင်းနှင့် သံတောင်စားထုံးညိုကို
တပ်နှင့်ထားသည်။ မုတ္တမမြို့အရှိမြောက် ဟောင်းသရောမြစ်ညာလမ်း၊ မြရာဝတီမြို့ကသည် ကမော်ကလိုတောင်ထိ

သက်မင်းကောင်းလှဖြူကို သူရဲသုံးသောင်းနှင့် အခိုင်ထားသည်။ သားတော်အိမ်ရှိမင်းလည်း သံလျှင်မြို့ကို

လုပ်ကြံ၍ရလီလျှင် သံလျှင်တွင် စွဲရပ်နီသည်။ ပြည့်သျှင်မင်းရာဇာကြီးလည်းချီလားလီ၍ ပဲခူးအနောက်ဘက်
ဟင်္သာဇိုင်းကနိုင်းတွင်တပ်ချ၍ ပဲခူးကိုဝိုင်းရံထားသည်။ ယိုးဒယားရို့လည်း အစာရိက္ခာယှားပါးသောကြောင့်
တောင်ငူကခွာသည်။ ထိုခွာလာသော ယိုးဒယားတပ်ကို သက်မင်းကာင်းလှဖြူကျုံး၍တိုက်သည်။
ယိုးဒယားမင်း၏ညီဗျသမွန်ကို သက်မင်းကောင်းလှဖြူလက်ရောက်ရလီ၍ ရခိုင်မင်းရာဇာသို့ ဆက်လှာသည်။
ပင်လယ်ကြောင်းချီလာသော ယိုးဒယားတပ်ကိုလည်း ဖိစီးတိုက်လီရာ ပျက်စီး၍ လက်နက်လူသူများစွာရသည်။

ရခိုင်မင်းရာဇာကြီးသည် ယိုးဒယားမင်းညီဗျသမွန်ကို ကောင်းစွာပြုစုထားဟိပြီး ယိုးဒယားမင်းထံမှ လက်နက်ပစ္စည်း
ဘဏ္ဍာများကိုတောင်းခံသည်။ ယိုးဒယားမင်းလည်း ညီတော်ကိုရလိုသည်ဖြစ်၍ ရခိုင်မင်းသို့ လိုက်လျှောရသည်။
ယိုးဒယားမင်းက ပြောင်းမီးပေါက်သုံးထောင်။ နားဖဖောက်သောပြောင်းကြီး။ ဗျရွတ္တသီ- ဟူသော
ပြောင်းလက်နက်များကိုဆက်သရသည်။ ယိုးဒယားမင်းညီတော်ကိုလည်း ပြန်ပီးတော်မူလိုက်သည်။

တောင်ငူမင်းကလည်း ဟံသာဝတီသို့ ဘကြီးတော်ကျော်ထင်နော်ရထာလက်ထက် ယူဆောင်ခသော ယိုးဒယားမင်း
ဗြသာဓီရာဇာအရုပ်၊ မိဖုရားကြီးအရုပ်၊ ယိုးဒယားမင်းဆရာအရုပ်၊ ဧရာဝဏ်ဆင်ရုပ်၊ ယိုးဒယားရို့ ကိုးကွယ်သော
ရာမရုပ်၊ ဟနူမာမျောက်ရုပ်၊ အလမ္ပါယ်မြွီသမားအရုပ် အစဟိသော ကြီးရုပ်များနှင့် ရွှေငွေဘဏ္ဍာ များစွာရို့နှင့်
တကွ အထူးထူးသောပုဆိုးကောင်း၊ ခါသာကောင်းမှိုင်းလုံးရွှေဖျင်၊ စားဘွယ်မုံ့သနပ်မျိုးစုံရို့ကို လူသုံးထောင်စိ
ကိုင်ဆောင်စီပြီး မင်းညီမင်းသားမူးမတ်များ ကြပ်မတ်စီလျှက် ပို့ဆက်တော်မူရသည်။

ထို့နောက်မှ ဆင်ဖြူတော်တစီးနှင့် ဟံသာဝတီသျှင်ဘုရင်သမီးတော်ခင်မနှောင်းကို မိဖုရားကြီးရို့
အဆောင်အယောင်နှင့်တကွ အထိန်းအချီကတော်လေးယောက် ကိုယ်လုပ်တော်သုံးကျိပ်ပီးတော်မူ၍
မှူးမတ်အပေါင်းခြံရံစီလျှက် ဝေါနှင့်ထမ်းဆောင်ပြီး ရခိုင်ဘုရင်မင်းရာဇာကြီးသို့ ဆက်သတော်မူသည်။

မင်းရာဇာကြီးလည်း ယိုးဒယားမင်း၊ တောင်ငူမင်းရို့ဆက်သသော လက်ဆောင်ပဏ္ဍာများနှင့်တကွ
ဟံသာဝတီမြို့ဟိ ယိုးဒယားအိမ်ထောင်စုသုံးထောင်၊ တလိုင်းအိမ်ထောင်စုသုံးသောင်း၊
လူပေါင်းသုံးသောင်းသုံးထောင်ကို သိမ်းခေါ်ပြီးလျှင် သက္ကရာဇ် (၉၆၁) ခုတွင် ပြန်တော်မူသည်။

လမ်းခရီးအကြား မော်တင်သို့ရောက်သောအခါ အမတ်ကြီးမဟာပညာကျော်သီလွန်သည်။ ပြည့်သျှင်မင်းလည်း
အမတ်ကြီးအသုဘကို ကြီးကျယ်ခမ်းနားစွာ ဂုဏ်ပြုသဂြိုဟ်တော်မူသည်။ အမတ်ကြီးအားသဂြိုဟ်သော
သင်္ချိုင်းမြီနီရာပေါ်တွင် ဘုရားစေတီတည်ထားခသည်။ ထိုစေတီကြီးကို ယခုတိုင် မော်တင်စေတီကြီးဟုခေါ်လျှက်
ထင်ရှားစွာဟိသည်။

ပြည်တော်သို့ရောက်လျှင် ယိုးဒယားရို့ကို အတီးအကစကျောအစို့၊ ၎င်းင်းပြင် ကျွေတဲတပ်၊ ကျွေမသီတပ်၊
ရာဇဂြိုဟ်တပ်၊ တောင်ဘက်တပ်၊ မြို့သစ်တပ်၊ မှိုင်းတပ်၊ တောင်ငူတပ်၊ ကျွန်ကောင်းတပ်၊ သျှစ်တပ်အစု
ဖွဲ့တော်မူ၍ ကစ္ဆပနဒီအရှိဘက် ဆွဲထားကျွန်း၊ တောင်ရင်းကျွန်း၊ မြစ်အနောက်ဖက် ပီကျွန်း၊ ဦးရစ်တောင်ကျွန်း၊
မရိုးကျွန်း၊ ရမောင်းကျွန်းများမှာချတော်မူသည်။

ထို့ပြင် တလိုင်းသုံးထောင်ကို ဆင်အောင်းမသင်းများမှာ ဖြည့်တော်မူ၍ ငစင်ရိုင်းကျွန်းတွင် ချတော်မူသည်။
ယိုးဒယားသဘင်အက လေးစို့သားရို့ကို အမတ်သူငယ်တော်သွီးသောက်သို့ အပ်တော်မူသည်။

စစ်တကောင်းမြို့စား အမတ်ကြီးမဟာပညာကျော်သားကျီးညိုကိုလည်း အဘနည်းတူ သူကောင်းပြုတော်မူသည်။
စစ်တကောင်းမြို့ကို မြို့စားပီးပြီး ပညာဝံသအမည်ကိုပါ ပီးတော်မူသည်။

လျှောက်ထုံးအမှတ် (၆၀)

မင်းရာဇာကြီးမှ သားတော်မင်းခမောင်းအား အပြစ်ပီးမည်ဟိရာ အမတ်ကြီးပညာပညာဝံသလျှောက်ထုံး။

သက္ကရာဇ် (၉၆၇) ခုရောက်သောအခါ သားတော်အိမ်ရှိမင်း၊ မင်းခမေါင်းသည် ဘီးတော်ကောင်းမှု ဆံတော်၊

အံတော်၊ နံတော်ဘုရားသုံးဆူကို အဖူးမြော်လားလိုကြောင်း ခမည်းတော်ထံ လျှောက်ထားသည်။ ခမည်းတော်
ခွင့်ပီးတော်မူ၍ သံတွဲသို့လားသည်။ သံတွဲမြို့သို့ ရောက်သောကာလ ဘုရားသင်္ချီ တလိုင်းခေါင်းဆောင်းတော်ကျွန်၊
ကုလားခေါင်းဆောင်းအင်ရှာ၊ မတူလာ၊ နောပံ၊ ကင်္ခါ၊ ထိုငါးယောက်က ခမည်းတော်လည်း ကြီးရင့်လှပြီ။
သားတော်သမီးတော်များစွာရှိသည်။ ခမည်းတော်ထင်ရှားဟိစဉ် ထီးနန်းတက်၍ ခမည်းတော်ကို
သင်္ကန်းဝတ်နှင့်ထားရလျှင် ပစ္စုပ္ပန်သံသရာအကျိုးနှစ်ပါးပင် များလှမည်ဖြစ်သည်။ လှည့်ဖျား၍လျှောက်လတ်သော်
မင်းခမောင်းလည်းမှောက်မှား၍ ခမည်းတော်ကို နန်းချမည်အကြံနှင့် သင်းပင်းစုဆောင်း ဖွဲ့စည်းသည်။

ဘုရားသင်္ချီငါးထောင်အား သူရဲအစို့ဖွဲ့သည်။ ထိုတပ်ကိုတပ်ဦးပြု၍ မြောက်ဦးမြို့သို့ချီတက်သည်။ ထိုအကြောင်းကို
ခမည်းတော်ကြားသိလီရာ ကြည်းတပ်ရီတပ်များ၌ သူရဲလက်နက်အပြည့်အစုံဖြင့် ငါးစင်ရိုင်းကျွန်းဘားမြို့က
ဆီးဆို့တိုက်ခိုက်သည်။ သားတော်မင်းခမောင်းကို လက်ရဖမ်းဆီးမိသည်။ လူလက်နက်လည်းများစွာရသည်။

သင်္ချီအကြီးခေါင်းဆောင်နှင့် လူပေါင်းသုံးထောင်ရို့သော်ကား သက္ကရာဇ် (၉၆၇) တွင်
သားမယားရို့ကိုပါဆောင်ယူ၍ု သဒေးချောင်းဖျားက အရှိပြည်သို့ထွက်ပြီးလီသည်။ ကျန်ကုလားငါးရာ၊
တလိုင်းငါးရာရို့ကို သံတွဲတွင်မထားတော့ဘဲ သိမ်းယူခေါ်ဆောင်ခပြီး ရတနာပုံဘုရားမှာ ငါးရာ၊ မဟာမုနိ
ဘုရားမှာငါးရာ လှူတော်မူသည်။ သားတော်မင်းခမောင်းကိုအပြစ်ပီးမည်ဟိရာ အမတ်ပညာဝံသ
လျှောက်ထုံးသော်ကား-

အသျှင်မင်းမြတ်။ ရှိသောအခါ ဘုရားလောင်းဆင်မင်းသည် အရံတထောင်သောဆင်ရို့နှင့် သစ္စာပြုလျှက်
နီတော်မူသည်။ အဂေါလဟတ္တိဆင်လည်း ဆင်ပေါက်တကောင်နှင့်နီသည်။ ဘုရားလောင်းဆင်မင်း၌
အမိန္နကဟူသော ညီတော်ဟိသည်။ ထိုညီတော်အမိန္နကဆင်ကို အဂေါလဆင်က လှည့်ပတ်ဖျားယောင်းသည်။
အဂေါလဆင်က အဆွီတော်မိန္နကဆင်အား- အဆွီတော်မိန္နက အရွယ်ကောင်းစွာ သန်မာသောကာလ၌
မင်းပြုရမှသာ ကျေးဇူးထွန်းဟိနိုင်မည်။ အိုသောအခါ ပဇာအကျိုးဟိအံ့နည်း။ နောင်တော်ဆင်မင်းကို ပြစ်မှားစီရန်
ဤသို့ဆိုသည်။ ညီတော်မိန္နကဆင်သည် အဂေါလဆင်မှရသော ဆင်ရံငါးရာကို သင်းပင်းပြုလျှက်
နောင်တော်ကိုတိုက်ခိုက်ရန်လာသည်။

ထိုအခါ ဘုရားလောင်းဆင်မင်းသည် မိမိ၏သင်းပင်းဆင်အပေါင်းရို့အား တိုက်ခိုက်ခြင်းမပြုစီဘဲ ငြိမ်းအီးစွာ
နီစီသည်။ ဘုရားလောင်းဆင်မင်းသာ ကိုယ်တိုင်ထွက်၍ ညီတော်ဆင်ငါးရာရို့ကို တိုက်သည်။
ညီတော်ဆင်ငါးရာရို့သည် ဘုရားလောင်းဆင်မင်းကိုမခံဝံ့၊ ကြောက်လန့်သဖြင့်ထွက်ပြီးကြရသည်။
ဘုရားလောင်းဆင်မင်းသည် ညီတော်မိန္နကဆင်ကိုရသည်။ ညီတော်အားမြှောက်ပင့်ညီသော
အဂေါလဆင်မင်းလည်း ကြောက်လန့်ခြင်းဖြစ်၍ ထွက်ပြီးသည်။ ထိုအဂေါလဆင်၏ထက်ဝက်သော
သင်းပင်းဆင်ရို့သည် ဘုရားလောင်းဆင်မင်းထံ လာရောက်နီထိုင်ကြသည်။ ထိုတောထိုတောင်၌ နီကြကုန်သော
အခြားသောဆင်ရို့သည်လည်း ဘုရားလောင်းဆင်မင်းထံ လာရောက်နီထိုင်ကြပြန်သည်။ ဘုရားလောင်း
ဆင်မင်းသည်ကား များစွာသောဆင်အပေါင်းရို့ဖြင့်စည်ကားလီသဖြင့် ဘုန်းဟိန်တန်ခိုးကြီးလီသည်။

ထိုသောအခါ ညီတော်အား ဘုရားလောင်းဆင်မင်းမိန့်တော်မူသည်မှာ- ငြိမ်စွာနီသောကာလ ငါ့ဘုန်းလက်ရုံးကို
အများဆင်ရို့မသိ၍ မကြောက်မလန့်ဟိကြသည်။ ငါ့ညီတော်မိန္နကပြု၍သာ နောင်တော်၏ခွန်အားဗလကြီးကြောင်း
အများသိအောင်ပြခွင့်ဖြစ်ရပေသည်။ သို့ကြောင့် ဆင်အပေါင်းရို့ဝင်ရောက်လာကြသည်မှာ ညီတော်မိန္နက
ကျေးဇူးပင်ဖြစ်သည်။ ဤသို့ ညီတော်အား ဆင်မင်းချီမွမ်းကြောင်း ဇာတ်ထုံးဟောင်းသက်သီဟိပါသည်။

ယခုလည်း သားတော်အိမ်ရှိမင်းသည် အယုဇ္ဈပူရတိုင်း ဒွါရာဝတီမြို့က သူရဲလက်နက် ဆင်လုံးမြင်းရံနှင့်ချီလာ၍
ခမည်းတော်ဘုရား ဘုန်းလက်ရုံးတော်ကို ထင်ရှားပြသည့်အမှုမှာ ပြည်ထောင်ချင်းမင်းတကာရို့ တိုး၍ခန့်ငြား
ကြောက်လန့်ရာသောအကြောင်းသာဖြစ်သည်။ ယင်းသို့လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးတဖန်
အမိန့်တော်ဟိပြန်သည်ကား-

ပဲခူးမင်းရာဇဓိရာဇ်သည် သားတော်ဗောလောကြမ်းတောအား အဘအာဏာပြစ်မှားမှုလည်း ဆင်အစွယ်ကို
ချွန်သည့်အမှုနှင့်စီရင်ကြောင်း ထုံးဟောင်းသက်သီနှင့်ထင်ရှားထွက်ဟိသည်။ ထိုသို့အမိန့်တော်ဟိပြန်သည်။
ထိုအခါအမတ်ကြီးလျှောက်ပြန်သည်ကား-

အသျှင်မင်းမြတ်။ မြင့်မြတ်သောတရားကိုရာ အနွယ်တော်မင်းဆက်စောင့်ထိန်းတော်မူပါသည်။
လက်ရုံးအားကိုးပြုသောမင်းများကို ဘုရားစသောသူတော်ကောင်းရို့ကြိုက်တော်မမူပါ။ ကမ္ဘာအစ၊ မဟာသမ္မတ၊
ဝံသစဉ်လာ၊ သာကီအနွယ်ဝင်မင်းရို့မှာ အမျိုးစောင့်သောတရားကိုဖျက်မြဲမဟုတ်ပါ။ သာကီဝင်မင်းဖြစ်လျှင်၊
သာကီဝင်မင်းမျိုးမဟုတ်သောမိမ္မနှင့်စုံဖက်လီရာ ဖွားမြင်သောသားသမီးသော်လည်းကောင်း၊ လက်ရုံးအားကိုး
မင်းမျိုးခြားမင်းမူသော်လည်းကောင်း၊ တရားမစောင့်၊ မဖြောင့်မမှန်၊ ဖောက်ပြန်ဆိုးသွမ်းတတ်ကြောင်း
ထုံးဟောင်းကျမ်းဂန်ဟိပါသည်။

မုတ္တမမြို့ကိုသမုတ်၍ အစတည်လာသူ မကတူးလည်း ဇင်္ဂလမျိုး၊ ထိုသူရို့အကြောင်းပြု၍ ပဲခူးမင်းရာဇဓိရာဇ်
တိုင်အောင်ဆိုခသော ထုံးရာဇ၀င်ရို့သည် ဘုရားစသောသူတော်ကောင်းရို့ချီမွမ်းဖွယ်ရာမပါ။ ရာဇဓိရာဇ်ကဲ့သို့
အယုဇ္ဈဗျာပါဒလွန်ကျူး၍ သူတထူးကိုတိုက်ခိုက်ဖျက်ဆီးသတ်ဖြတ်သောမင်းသုညရို့သည် ကိုယ့်အသက်
စည်းစိမ်ကိုရာစုံမက်၍ သူတပါးအားသနားခြင်းကင်းလျှက် ရက်စက်စွာပြုကျင့်သောထုံးဆိုးဖြစ်ပါသည်။

ယင်းသို့ ထုံးကောင်းမဟုတ်၊ ထုံးဆိုးထုံးသွမ်းသည် သာသနာတော်မှအပဖြစ်သော မင်းသုညရို့၏ထုံးဖြစ်၍
မင်းကောင်းမင်းမွန်ရို့ မလိုက်ပါအပ်ကြောင်းနှင့် အမတ်ပညာဝံသလျှောက်လတ်သော် အမျက်ပြေ၍ သားတော်ကို
အမတ်ကြီးသို့အပ်တော်မူသည်။ မင်းခမောင်းလည်း အမတ်ကြီးကြောင့်ချမ်းသာရာရပြီး နောင်အခါ
မင်းကောင်းတပါးဖြစ်လာသည်။

သက္ကရာဇ် (၉၇၄) ခုရောက်သောအခါ မင်းရာဇာကြီးလွန်တော်မူသည်။ ခမည်းတော်လွန်တော်မူလျှင်
သားတော်အိမ်ရှိမင်း မင်းခမောင်းသည် မြောက်သားတော်ဓမ္မာဒေ၀ီနှင့် ထိုသက္ကရာဇ် (၉၇၄) ၀ါဆိုလဆန်း (၁၀)
ရက်နိတွင် ပြည်စည်းစိမ်ကို ဆက်ခံစိုးစံတော်မူသည်။

လျှောက်ထုံးအမှတ် (၆၁)

မင်းခမောင်းသားတော် သီရိသုဓမ္ဇရာဇာလက်ထက် သူငယ်ရို့ဆိုသောစကားကို အမတ်ငလက်ရုံးလျှောက်ထုံး။

မင်းခမောင်းလွန်ပြီးနောက် သားတော်အိမ်ရှိမင်းမင်းဟရီသည် မိဖုရားနတ်သျှင်မယ်နှင့် သက္ကရာဇ် (၉၈၄) ခု၊
နယုန်လဆန်း (၁၀) ရက်နိတွင် ပြည်ထီးနန်းကို သိမ်းမြန်းစိုးစံတော်မူသည်။ နန်းတက်သောအခါ သီရိသုဓမ္မရာဇာ
အမည်ကို ခံတော်မူသည်။ ထိုမင်းလက်ထက်တွင် အမတ်ပညာဝံသသား လေးမြို့စားငလက်ရုံးလည်းတယောက်၊
လောင်းကြက်မြို့စားငကုသလလည်းတယောက်ဟိသည်။ လောင်းကြက်မြို့စားအမတ်ငကုသလနှင့် မိဖုရား
နတ်သျှင်မယ်ရို့ ချစ်ကြိုက်ကြသည်။ ငကုသလသည် ယတြာအတတ်၌ အလွန်ပင်ကျွမ်းကျင်သည်။ ထိုအတတ်ဖြင့်
ပြည့်သျှင်မင်းကိုကြံ၏။ အင်းအိုင်မန္ဓာန်ယတြာများစီရင်ပြီး နှံနှိမ်ခြင်းပြုသည်။ ထိုသို့ပြုပြီး မင်းကြီးထံ
လျှောက်ထားသည်ကား- အသျှင်မင်းကြီးဆင်ဖြူတော်ရောက်ပါလိမ့်မည်။ ဆင်စာစပါးဟိန်းစွကို ရီကန်တူး၍
ချထားရပါမည်။ ဤသို့လျှောက်ထားပြီး ဆင်စာစပါးဟိန်းစွကို ရီကန်တွင်ချထားစီပြီး သူငယ်ရို့ကို ငကုသလသင်၍
ဆိုစီသည်ကား-

“ညောင်ပင်ကြီးရင်း၊ ဟိန်းစွခင်း၊ မင်းထီးရို့သျှင်၊ ဘုရင်နန်းရဖြစ်လိမ့်မည်။” ယင်းသို့သူငယ်ရို့ဆိုသောစကားကို
ပညာဟိငလက်ရုံးကြားလျှင် ပြည့်သျှင်မင်း သီရိဓမ္မရာဇာထံလျှောက်ထားသည်ကား-

အသျှင်မင်းမြတ်။ ဟိန်းစွသည်အင်္ဂါနံ၊ ဟီန္နဟူသောအမှုသည် ယုတ်သောစကား။ အသျှင်မင်းကြီးလည်း
နံတော်အင်္ဂါသား၊ နံကိုဆင်စီးနင်းသည်။ ဗုဒ္ဓူးသားအမတ် လောင်းကြက်စားငကုသလဖြစ်ပါသည်။ ဆင်ကား
ရောက်မည်မဟုတ်ပါ။ ဆင်နံဗုဒ္ဓူးသား မင်းဖြစ်လိုသောကြောင့်တပေါင်ကို ငကုသလလုပ်ထား၍
အသျှင်မင်းကြီးကိုယ်တော်၌ ယခုဝေဒနာ ကပ်ရောက်လျှက်ဟိပါသည်။ ခုနှစ်လနှင့် အသျှင်မင်းကြီး
နတ်ရွာလွန်တော်မူမည် အမှန်ဖြစ်သည်။ လျှောက်လတ်သော် ပြည့်သျှင်မင်းကြီးမယုံ၍ ငါ့ကို ထင်မြင်အောင်
ပြရဦးမည် အမိန့်တော်ဟိလတ်သည်။

သို့ကြောင့် အမတ်ငလက်ရုံးသည် လူတယောက်ကို မြို့တွင်းမြို့ပြင်တြင်းနာချေပြော၍ စေလွှတ်သည်။
တြင်းနာရာကြားခသောတြင်းသံသော်ကား- “မင်းဟရီမှောက်မှား အလားလား၊ ဟရီလည်းသီ၊ ပြည်လည်းကြီ”

ဟူသော ပထမတြင်း။

“ကျွန်နှင့်မတန်၊ မင်းဖြစ်ကြံသည်၊ အမှန်တန့်တန့်၊ ခုနှစ်လတွင် မင်းဖြစ်အံ့” ဟူသော ဒုတိယတြင်း။

“ဖွတ်ကမီးကျောင်းဖြစ်လျှင်၊ ချောင်းမြစ်မခံသာ၊ ကျွန်ကသူကောင်းဖြစ်လျှင် တိုင်းပြည်မစည်ရာ” တတိယတြင်း။

ယင်းသို့ တြင်းသုံးရပ်အလိုကို အမတ်ပညာဟိငလက်ရုံးလျှောက်သည်ကား-

အသျှင်မင်းမြတ်။ ငယ်မည်သော်ကား မင်းဟရီဖြစ်ပါသည်။ အသျှင်မင်းလည်းသီ၊ တိုင်းပြည်လည်းကြီပါမည်။
ကျွန်ကသူကောင်းဖြစ်မည်မှာ ငကုသလ၊ ဆင်နံမင်းဖြစ်မည့်အကြောင်းဖြစ်ပါသည်။ ငကုသလလက်ထက်
နိုင်ငံပြည်သူသတ္တ၀ါရို့ မီးကဲ့သို့ပူပါလိမ့်မည်။ လျှောက်ထားရာ အရေးမပြုနီသည်။ သီရီသုဓမ္မရာဇာ မင်းကြီးကို
မိဖုရားနတ်သျှင်မယ်က လှည့်ပတ်ဖျားယောင်း လျှောက်ထားသောကြောင့် ယုံကြည်တော်မမူဟိလတ်သည်။
ငကုသလအမတ်ကို မည်သို့မျှအပြစ်မပြု၊ အရာမပျက်ချမ်းသာစွာထားသည်။ ထို့ကြောင့် အမတ်ငလက်ရုံးသည်
စိုးရိမ်ခြင်းများစွာဖြစ်လတ်သည်။ ပညာနည်းသောဤမင်းထံ ဆည်းကပ်၍နီချေသော် နောင်အပြစ်ကြီးစွာ
ဖြစ်ရာသည်ဟူ၍ မင်းထံခွင့်တောင်းပြီး ရဟန်းပြု၍နီသည်။ ခုနှစ်လစိသောကာလ ဝေဒနာပြင်းထန်စွာ တိုးလတ်၍
မင်းကြီးလွန်တော်မူသည်။

လျှောက်ထုံးအမှတ် (၆၂)

နရပတိမင်းကြီးမှ ဘုရားတည်ရန်အကြောင်း မီးလျှောက်သည်ကို ဆရာတော်တကျိပ်နှစ်ပါးရို့ မင်းထံ
ပြန်ဆိုသောထုံး။

အမတ်လောင်းကြက်စားငကုသလသည် နရပတိကြီးအမည်ခံ၍ သက္ကရာဇ် (၁၀၀၀) ပြည့်တွင်
နန်းတက်တော်မူသည်။ မင်းဖြစ်အံ့ဟူသော နောက်အနာဂါတ်ကို သိမြင်သည့်အတိုင်း၊ မင်းအဖြစ်သို့ငါရောက်ပြီ။
နောင်အရှည်ထွန်းအောင်၊ မြင်တော်မူဘုရား၊ ထင်တော်မူဘုရား၊ ဘုရားနှစ်ဆူတည်တော်မူသည်။ ရှိဘစောသီရိ
မင်းဘာကြီးတည်ခသော ရင်ရိုးတော်ဓါတ်စေတီ။ နံရိုးတော်စေတီ။ ဤစေတီနှစ်ဆူနီရာသည် လူရို့နီအိမ်နှင့်
အနီးစပ်အရိပ်မဇ္ဈ မလွတ်ဟိလတ်သည်။ ထိုဓါတ်တော်နှစ်ဆူကိုပင့်ယူ၍ လျှောက်ပတ်ရာအရပ်၌ ကောင်းမွန်စွာ
တည်လိုကြောင်းနှင့် သာသနာပိုင်ဝိနည်းဓိုရ်ဖြစ်တော်မူသော-

၁။ စန္ဒာရာမဆရာတော်

၂။ သကျမဉ္ဇူဆရာတော်

၃။ ဇိနမာန်အောင်ဆရာတော်

၎။ လောကမာန်အောင်ဆရာတော်

၅။ ရတနာစံဦးဆရာတော်

၆။ မနိသူရာမဆရာတော်

၇။ ရတနာစံရွေးဆရာတော်

၈။ ရတနာမÍ္ဇူဆရာတော်

၉။ မဟာဗောဓိဆရာတော်

၁၀။ မဏိသကျဆရာတော်

၁၁။ ရတနာမှန်ကင်းဆရာတော်

၁၂။ စန္ဒရာရာမဆရာတော်

ပေါင်းတကျိပ်နှစ်ပါးကို နန်းတော်သို့ပင့်ခေါ်၍ နရပတီမင်းကြီးကိုယ်တိုင်မီးလျှောက်တော်မူသည်။ ဆရာတော်
တကျိပ်နှစ်ပါးကို ပြည့်သျှင်မင်းထံပြန်ဆိုသောထုံးကား-

သာသနဒါယကာဖြစ်တော်မူသော တကာတော်မင်းမြတ်။ သစ္စာလေးပါးတရားကို အလင်းမြင်တော်မူသော
မြတ်စွာဘုရားသျှင်သည် ရှိဦးစွာ သူတော်ကောင်းကိုအကြောင်းပြုလျှက် သုံးဆယ့်သျှစ်ဖြာမင်္ဂလာတရားတော်ကို
ဟောကြားတော်မူရာ၌

၁။ ပတိရူပဒေသ၀ါသောစ- တင့်အပ်လျှောက်ပတ်သောအရပ်၌နီရခြင်း မင်္ဂလာတပါး။

၂။ ပုဗ္ဗေစကတပုညတာ- ရှိဘ၀၌ပြုအပ်ခပြီးသော ကောင်းမှုဟိသူဖြစ်ခြင်း မင်္ဂလာတပါး။

၃။ အတ္တသမာပဏီတိ- မိမိကိုယ်ကို ကောင်းစွာစောင့်ယှောက်ဆောက်တည်ခြင်းဖြင့် ကျင့်ခြင်း မင်္ဂလာတပါး။

၎။ သပ္ပုရိသုပနိဿယ- ပညာဟိသူတော်ကောင်းရို့ကို ပေါင်းဖော်မှီဝဲ ဆည်းကပ်ခြင်းပြုသည့် မင်္ဂလာတပါး။

ဤလေးပါးသော မင်္ဂလာတရားနှင့်ပြည့်စုံခြင်းကို သမ္ပတိစက်လေးပါးဖြင့် ပြည့်စုံခြင်းဟူ၍ဆိုသည်။
ထိုလေးပါးရို့တွင် ရှိဘ၀၌ပြုအပ်ခပြီးသော ပုဗ္ဗေစကတပုညတာဟူသော သမ္ပတ္တိစက်တပါးသည် ပတိရူပ
ဒေသ၀ါသသမ္ပ တိစက်၊ သပ္ပုရိသုပနိဿယ သမ္ပတ္တိစက် အတ္တသမာပဏိဓိသမ္ပတ္တိစက်သုံးပါးကို ပြီးစီနိုင်သည်။
ယင်းသို့ပြီးစီနိုင်သောကြောင့် ရှိဘ၀၌ပြုအပ်ခပြီးသောကောင်းမှုဟိသည်ဖြစ်၍ တင့်အပ်လျှောက်ပတ်သော
ပတိရူပအရပ်၌ဖြစ်တော်မူကြကုန်သော အသျှင်စိုးမင်းမှူးမတ်သူဌီးသူကြွယ်ရို့သည် သပ္ပုသုပနိဿယဟု
ဆိုအပ်သောသူတော်ကောင်းရို့ကို ပေါင်းဖော်မှီဝဲဆည်းကပ်မီးမြန်းလျှက် ပတိရူပ တင့်အပ်လျှောက်ပတ်သော
အရပ်၌ ပြုလုပ်ခြင်းသည် အတ္တဟိတ၊ ပရဟိတ၊ လောကသံသရာနှစ်ဖြာသောအကျိုး ပွားတိုးထွန်းလင်းရန်
ဟိသည်။

ပညာဟိရို့ကိုနှီးနှောမီးမြန်းခြင်းမဟိ၊ မိမိအလိုဟိရာမတင့်အပ်၊ မလျှောက်ပတ်သူရို့၏နီရာအရပ်ကို
ဖျက်ဆီး၍သော်လည်းကောင်း၊ ရွာသူရို့၏အိမ်အနီးအစပ် အရိပ်မလွတ်ရာ၌သော်လည်းကောင်း၊ ဓါတ်တော်မွီတော်၊
ရုပ်ပွားတော်၊ ဆင်းတုတော်၊ ဂူလိုဏ်၊ တန်ဆောင်း၊ သိမ်၊ ကျောင်းဇရပ်၊ မဏ္ဍပ်စသော
အဆောက်အဦးရို့ကိုလည်းကောင်း၊ ရဟန်းသံဃာရို့၏အသုံးအဆောင် သင်္ကန်း၊ သပိတ်၊ ပရိက္ခရာစသည်ရို့ကို
လည်းကောင်း တည်ထားပြုလုပ်သည်ဟိသော် ထိုလူရို့၏နီအိမ်နှင့် နီးစပ်လီသောကြောင့် ရောနှောရောက်ပေါက်
အိမ်အောက်အိမ်ပါး အလားအနီမသင့်ဟိလီလျှင်၊ ဆူးပေါ်ဖက်ကျပမာ ပတိရူပအရပ်မဟုတ်၊ မတင့်မတယ်သော
အရပ်၌ပြုမိလီသောကြောင့် ထိုကုသိုလ်သျှင်ရို့သည် အသက်မရှည်။ စည်းစိမ်မတည်။ ပျက်စီးခြင်းသို့
ရောက်လီရာသည်။

ပညာဟိရို့ကိုပေါင်းဖော်မှီဝဲဆည်းကပ်မီးမြန်းလျှက် ပတိရူပတင့်အပ်လျှောက်ပတ်သောအရပ်၌ ကုသိုလ်ကောင်းမှုကို
ပြုသည်ဟိသော်ကား လောကီလောကုတ္တရာချမ်းသာစီးပွားများပြားတိုးတက်၊ အသက်ခန္ဓာမြင့်ကြာဓွန့်
ရှည်တည်ပေအံ့သောအကြောင်းဖြစ်ရာသည်။ ရီမြီသနင်းမင်းရို့မူလည်း အနီအလားအစားအအိပ်မှစ၍ ပတိရူပ
တင့်အပ်သောအရပ်၌ရာ နီရာ၊ လားရာ၊ စားရာ၊ အိပ်ရာချေသည်။ မတင့်အပ်သောအမှုကိုပြုမိလတ်သော်
ကျက်သရေမင်္ဂလာဆုတ်ယုတ်၍ စည်းစိမ်အသက်တိုလီရာသည်။

ရီမြီသနင်းမင်းရို့သည် ဓါတ်တော်မွီတော်၊ ရုပ်ထုတော်များကို ဖီးဥပါဒ်အန္တရာယ် ဖြစ်အံ့သည်ကို၎င်းင်း၊
မတင့်အပ်မလျှောက်ပတ်သောအရပ်၌ ကျရောက်နီတော်မူသည်ကို၎င်းင်း၊ မြင်လျှင်ဖီးအန္တရာယ်လွတ်အောင်၎င်းင်း၊
တင့်အပ်လျှောက်ပတ်သောအရပ်သို့ရွှိပြောင်း၍ ထားတော်မူကြဘူးသည်မှာ- မြတ်စွာဘုရားပရိနိဗ္ဗာန်
စံတော်မူသည့်နောက် တနှစ်ကျော်မြောက်ဟိသည့်အခါ အသျှင်မဟာကဿပရဟန္တာအသျှင်မြတ်သည်
ဓါတ်တော်ရို့ကို တိတ္တိရို့ကြောင့် ဖီးအန္တရာယ်ဖြစ်တော်မူအံ့သည်ကိုမြင်တော်မူ၍ ရာမရွာ၌ဟိသော
ဓါတ်နှစ်ပြည်မှတပါး။ ကုသိန္နာရုံ၊ ကပိလ၀တ်၊ ဝေသာလီ၊ ပါဝါ၊ ဝေဌဒီပ၊ အလ္လကပ္ပ၊ ရာဇဂြိုဟ်ပြည်ရို့၌
စေတီတော်ရို့မှ ၀ီစုဓါတ်တော်တဆယ့်လေးပြည်ရို့ကိုပင့်ဆောင်ပြီးမူ အဇာတသတ်မင်းထံအပ်၍ ရာဇဂြိုဟ်ဟ်ပြည်၏
အရှိတောင်ထောင့် တင့်အပ်လျှောက်ပတ်သောအရပ်၌ အတောင်သျှစ်ဆယ်ဥမင်တူး၍ အထူးထူးသော
ရွှေငွေရတနာ နံ့သာကရက်မက်ဝကတ်စေတီရို့၌ သွတ်သွင်း၍ ဌာပနာထားခကြောင်းကို သုတ်မဟာဝါ အဌကထာ၊
မဟာပရိနိဗ္ဗာနသုတ်အဖွင့်၌ လာတော်မူပါသည်။

မြတ်စွာဘုရားပရိနိဗ္ဗာန်စံယူတော်မူပြီးသည့်နောက် သာသနာသက္ကရာဇ် (၂၂၂) ခုနှစ်တိုင်ရောက်သည့်အခါ
သီရိဓမ္မာသောကမင်းကြီးသည် အဇာတသတ်မင်းဌာပနာသွင်းထားတော်မူခသော ဓါတ်တော်တဆယ့်လေးပြည်ရို့ကို
ထုတ်ဖော်ယူဆောင်လျှက် ဇမ္ဗူဒီပါကျွန်းတွင် သျှစ်သောင်းလေးထောင်သောမြို့ကြီးရို့၌ တင့်အပ်လျှောက်ပတ်သော
ပတိရူပအရပ်ဝယ် ဓါတ်တော်များကိုဌာပနာ၍ စေတီတော်များတည်ထားတော်မူခကြောင်းကို ပါရာဇီကဏ်
အဌကထာရို့၌လာပါသည်။

ဒသရာဇာမင်းကြီးသည်လည်း ဘီးလောင်းတော်မဟာစန္ဒသူရိယ မင်းမြတ်တည်ထားတော်မူခသော
သီရိဂုတ်တောင်တွင်ဟိ မဟာမုနိရုပ်သျှင်တော်ကို လက်ယာမင်းနန်းအား နန်းတင်လာသောပြူတလိုင်းရို့သည်

ဖိုကျင်းထိုး၍ ကြောသားနှင့်ပေါင်တော်ကိုယူလီရာ ပလ္လင်တော်မှကျ၍ မလျှောက်ပတ်သောချောက်ထဲတွင်
မြီမှုံ့များဖုံးလျှက်ဟိသည်ကို ဓည၀တီမြို့၏မြောက်ဘက်အနီး၊ လျှောက်ပတ်သောကတညုတတောင်သို့
ရွှိပြောင်းပင့်ဆောင်တော်မူ၍ ခဆပဉ္စာကိန်းကိုဖြိုပြီးနောက် သက္ကရာဇ် (၅၀၀) ပြည့်လောက်က
သိမ်တော်ဆောက်လျှက် ကိုးကွယ်တော်မူဘူးပါသည်။

မြောက်ဦးမြို့တည်စ သက္ကရာဇ် (၇၉၄) ခုနှစ်တွင်၊ ဘီးတော်မင်းစောမွန်လည်း မျက်မှောင်တော်ဓါတ်ကို
မလျှောက်ပတ်သောအရပ်၊ လူရို့နီအိမ်အနီးအစပ် ဆည်ဝတန်းခါးအတွင်း၌ စေတီတည်ထားခလတ်သော်
မင်းဗာကြီးလက်ထက်ရောက်တော်မူသောကာလမှ မလျှောက်ပတ်သောလူရို့နီအိမ်၊ အရိပ်မလွတ်ဖြစ်သည်။
ပြောင်းပြီးမှ ဓါတ်တော်ကိုပင့်တော်မူလီ၍ သက္ကရာဇ် (၈၉၄) ခုတွင် ပတိရူပတင့်အပ်လျှောက်ပတ်သောအရပ်
ဝသဲတောင်ထိပ်တွင် ထိုဘုရားမျက်မှောင်တော်ဓါတ်ကိုဌာပနာသွင်း၍ ကောင်းမွန်စွာတည်ထားခကြောင်းနှင့်
သမိုင်းရာဇ၀င် ထင်ရှားထွက်ဟိပါသည်။

ယခုလည်း မြို့တောင်ဘက် လက်ဆီးကန် လူရို့နီအိမ်အနီးအပါး၌ ဘစောသီရိမင်းပါပြီးတည်ထားခသော
ဓါတ်တော်ပါစေတီနှစ်ဆူကို ပြောင်းပင့်၍ ပတိရူပတင့်အပ်လျှောက်ပတ်သောအရပ်၌ ကောင်းမွန်စွာတည်လုပ်
ကိုးကွယ်တော်မူလျှင် ပစ္စုပ္ပန်သံသရာနှစ်ဖြာစည်ကားထွန်းလင်းလျှက် ပညာဟိသူတော်ကောင်းရို့ အချီအမွှမ်းကို
ခံရမည့်အကြောင်းသာဖြစ်ပါသည် ဒါယကာတော်မင်းမြတ်။

ဤသို့ဆရာတော်မိန့်ကြားတော်မူလတ်သော် ပြည့်သျှင်မင်းလည်းအလွန်ကြိုက်တော်မူသည်။ သို့ကြောင့်
လက်ဆီးကန်နား၌ဟိသော ဘစောသီရိမင်းပါကြီးကောင်းမှု ရင်ရိုးတော်ဓါတ်၊ နံရိုးတော်ဓါတ်စေတီနှစ်ဆူကို
ပြောင်းရွှိပြီး ဓါတ်တော်ကို ရတနာပန်းတောင်းဖြင့်ပင့်ဆောင်တော်မူသည်။ သက္ကရာဇ် (၁၀၀၃) ခုတွင် ပတိရူပ
တင့်အပ်လျှောက်ပတ်သောတောင်ထိပ်အရပ်၌ ဓါတ်တော်ရို့ကိုဌာပနာသွင်းပြီး တည်ထားတော်မူသည်။
ရင်ရိုးတော်ဓါတ်ကို မြင်တော်မူစေတီ။ နံရိုးတော်ဓါတ်ကို ထင်တော်မူစေတီသမုဒ်သည်။ စေတီတော်တဆူတွင်
ဒုံးကုလားတရာစီလှူလျှက် ကမ္ဗည်းကျောက်စာထိုးတော်မူသည်။

လျှောက်ထုံးအမှတ် (၆၃)

မင်းမိဖုရား၊ သားတော်သမီးတော်ရို့ကို မှူးမတ်ပြည်သူရို့ အိမ်ထောင်ဖက် ပြုကောင်းမပြုကောင်း
ဆရာတော်တကျိပ်နှစ်ပါး မိန့်ဆိုသည့်ထုံး။

တရံသောအခါ၌ အထက်သာကီဝင်မင်း၊ သီရိသုဓမ္မရာဇာ၏ ရွှေရေးဆောင်မိဖုရားကို နရပတိကြီးမင်းအမတ်
သံတောင်စားငတုံးညို သင့်မြတ်နီကြောင်း ပြည့်သျှင်မင်း နရပတိကြီးသိတော်မူသည်။ ပြည့်သျှင်မင်းကြီးသည်
ထိုအကြောင်း သင့်မသင့်မီးလျှောက်လိုရကား ဆရားတော်တကျိပ်နှစ်ပါးရို့ကို နန်းတော်သို့ ပင့်ဖိတ်တော်မူသည်။
ဆရာတော်တကျိပ်နှစ်ပါးရို့ ကြွရောက်တော်မူပြီးသောအခါ မင်းကြီးကိုယ်တိုင် မီးလျှောက်တော်မူသည်ကား-

ထီးဖြူဆောင်းရာဇပလ္လင်ထိုင် ဘိသိက်ခံသောမင်းဧကရာဇ် မိဖုရားသားသမီးရို့ကို မှူးမတ်ပြည်သူရို့
အိမ်ထောင်ဖက်ပြုကောင်းပါအံ့လော။ ရှိထုံးဟောင်းကျမ်းဂန်အလာနှင့် မိန့်ကြားတော်မူပါမည့်အကြောင်း
ရှိခိုးလျှောက်ထားလတ်သော် ဆရာတော်တကျိပ်နှစ်ပါးရို့ မိန့်ဆိုတော်မူကြသည့်ထုံးသော်ကား-

သာသနဒါယကာဖြစ်တော်မူသောတရားမင်းမြတ် လူနတ်ရို့၏ဆရာ သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရား
ဟောကြားတော်မူသော မင်္ဂလာတရားတော်၌ ဂါရဝေါစ- ရိုသေထိုက်သောသူရို့အား ရိုသေရခြင်းသည်
လည်းကောင်း၊ နိဝါတောစ- မာန်မာနကို နှိမ့်ချထိုက်သောသူရို့၌ နှိမ့်ချခြင်းသည်လည်းကောင်း၊ ကတညုတာ-
သူ့ကျေးဇူးကို သိတတ်သောသူ၏အဖြစ်သည်လည်းကောင်း၊ မင်္ဂလာတရားမည်၏ဟူ၍ ဟောကြားတော်
မူသောကြောင့် လောကုတ္တရာမှုဖြစ်လျှင် သတ္တ၀ါအပေါင်းရို့အား မဟာဂရုနာတော်ဖြင့် လွန်စွာသနားတော်မူ၍
သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ထုတ်ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည် ကျေးဇူးအထူး
ကြီးမြတ်တော်မူပါသည်။

လောကီမှုတွင် မိဘဆရာသမားရို့သည် သားသမီးတပည့်တပန်းရို့အား ပစ္စုပ္ပန်သံသရာချမ်းသာစီးပွား

များပြားစီကြောင်း ကောင်းမြတ်သောအလေ့အကျင့်ဖြင့်ဆုံးမပဲ့ပြင်တတ်သောကြောင့် ကျေးဇူးအထူးကြီးပါသည်။
ရီမြီ့သခင်ဘုရင်မင်းမြတ်ရို့သည်လည်း တိုင်းနိုင်ငံသူသျှင်လူရဟန်းရို့အား ရင်တော်၌ဖြစ်သောသားကဲ့သို့
အုပ်ထိန်းစောင့်ယှောက် ထောက်မပြုစု သိမ်းမြန်းကြည့်ရှုနီတော်မူသောကြောင့် ကျေးဇူးသျှင် အစစ်အမှန်
ဖြစ်ပါသည်။

မင်းကျင့်တရားဆယ်ပါးနှင့် ဖြောင့်သားညီညွတ်သော ဧကရာဇ်မင်းရို့သည် ပူဇနေယျာနံ- ပူဇော်ထိုက်သော
မင်းမှန်ချေသည်။ ယင်းသို့တရားမပျက် ရှိအထက်ကအဆက်ဆက်သော မင်းကောင်းရို့၏ထုံးနည်းကိုမလွန၊
အခွန်ဘဏ္ဍာကို ဆယ်ဘို့တဘို့ ခံယူသုံးဆောင်လျှက်၊ ဘုန်းကျက်သရေနှင့်ပြည့်စုံ၍ သာဓုနရတရားလေးပါး၊
သင်္ဂဟတရားလေးပါး၊ နာယကဂုဏ်ခြောက်ပါး၊ အပရိဟာနိယတရားခုနှစ်ပါး၊ မင်းရို့ ပြကတေ့တရားခုနှစ်ပါး၊
မင်းရို့ကျေးဇူးသျှစ်ပါး၊ ရာဇဂုဏ်ကိုးပါးရို့ကိုဖြည့်ကျင့်တော်မူလျှက် ဘိသိက်ခံတော်မူသော မင်းဧကရာဇ်ရို့၏မိဖုရား
သားတော်သမီးတော်ဆွီမျိုးရို့၌ ပြစ်မှားလွန်ကျူးသောသူသည် ကတညုတ- တရားမဟိ၊ သူယုတ်မာ၏အလေ့
ဖြစ်ချေသည်။

ထိုသူအား ဘုရားစသောသူတော်ကောင်းရို့ ချီမွမ်းတော်မမူ။ ဒါးသွားဖျား၌တင်ထားသော ပျားသကာကိုသာမြင်၍
ဒါးသွား၏ဂုဏ်အပြစ်ဥပါဒ်ဖြစ်အံ့သည်ကိုမသိ၊ အာဟာရ၌တပ်မက်၍လျှက် မှားသောသူမိုက်နှင့်တူပါသည်။
အထိုက်အလျှောက် အပြစ်ရောက်သင့်ရာသည်။

တကြောင်းမူလည်း ယောရာဇာ- အကြင်မင်းသည်၊ ဘိသေကသစ္စံ- မင်းရို့ခံမြဲဟိသော၊ ဘိသိက်သစ္စာကို
မခံဝံ့သော်၊ ရာဇညသုညံ- ထိုမင်းသည်၊ အဇေယျံ- မအောင်သင့်သောအမှုရို့ကို၊ ဇေယျံ-
အောင်တတ်ခြင်းလည်းကောင်း၊ ၀ိလုပ္ပန္နံ- လုယက်ဆိုးသွမ်းကြမ်းတမ်းခြင်းလည်းကောင်း၊ မဇ္ဇပါနာ-
သီရည်သောက်စား သားငါးလိုက်တတ်ခြင်းလည်းကောင်း၊ အဗြဟ္မစရိယာ- မမြတ်သောအကျင့်ကို
ကျင့်တတ်ခြင်းလည်းကောင်း၊ ယော- အကြင်မင်းကို၊ နရာဇာ- မင်းမဟူရာ၊ အမစ္စော- အမတ်ရို့၌လည်း၊ အဌ-

သျှစ်ပါးသောအင်္ဂါနှင့် အညီမကျင့်သော်၊ နအမစ္စော- အမတ်မမည်ရာ၊ ရှိပညာဟိရို့ စကားဟောင်း
အလာမူလည်း ရီမဟိသောကန်၊ ဆန်မဟိသောစပါး၊ တရားမရှိသောမင်း၊ အခိုးမဟိသောမီးပမာ
တွိရာလောင်တတ်ခြင်း၊ တထာ- ထို့အတူ တရားမဟိသောမင်းရို့သည် အနိမ့်အမြင့်၊ အယုတ်အမြတ်၊ ပဋိရူပ-
တင့်အပ်နီခြင်းကိုမပြု၊ အသေ၀နာစ ဗာလာနံ- သူမိုက်ရို့အလေ့အလာကိုရာ အားမူလျှက်နီသော
မင်းမျိုးအစိုးရသောတိုင်းပြည်နိုင်ငံ၌ သတ္တ၀ါအပေါင်းချမ်းသာခြင်းမဟိ။ ထိုမင်းမျိုးအား ဘုရားစသော
သူတော်ကောင်းရို့မချီမွမ်း။ အပြစ်များစွာကဲ့ရဲ့ဘွယ်သာဖြစ်သည်။ ကျေးဇူးမထွန်းပင်ပန်းလီသောကြောင့်
ပြည်သူပြည်သားရို့သည် ဒေါသစွန်းလျှက်ဟိလီရာသည်။ ထိုသို့ဆိုးသွမ်းရုန့်ကြမ်းသောမင်း၏မိဖုရား၊
သားသမီးဖြစ်ချေက ကတညုတာစ- ကျေးဇူးတရား ထောက်ထားတင်ရန်မပေါ်။ ယုတ်မာသောမသူတော်မင်းရို့နှင့်
ကင်းကွာရခြင်းသည်ပင်၊ သာဓု- ကောင်းသည်သာတည်း။

ထိုသို့ ပညာဟိစကားတရားလမ်းကြောင်း အထင်အရှားဟိခြင်းကြောင့် ထိုမင်းပိုင်သော သားသမီးမယား၊ အခြွီအရံ
မောင်းမဖြစ်ချေသော် ကျေးဇူးဂုဏ်အရည်မထောက် ထိုသူပျောက်လီလျှင် နောက်ကိုယဉ်ပါးသောသူအား
အပြစ်မဟိပါ တကာတော်မင်းမြတ်။

ထိုသို့ ဆရာတော်တကျိပ်နှစ်ပါး မိန့်ဆိုတော်မူကြလတ်သော် ပြည့်သျှင်မင်းနရပတိကြီး အမိန့်တော်ဟိသည်ကား-

ကျေးဇူးသျှင်သီရီသုဓမ္မရာဇာသည် သာကီဝင်မင်းမျိုးစဉ်လာဘိသိက်ခံသော မင်းကောင်းမင်းမြတ်။
ပြည်သူရို့အားလည်းတရားသဖြင့် စောင့်ထိန်းတော်မူသောမင်းဖြစ်ချေသည်။ ထိုမင်းမိဖုရားမောင်းမအား
အခြားသူမနီသင့်။ သံတောင်စားငတုံးညိုသည် ကျေးဇူးမသိသောသူယုတ်မျိုးဖြစ်သည်။ စားကျေးကိုနှုတ်၍
စီရီရီခတ်အစို့မှာဖြည့်တော်မူသည်။ ရွှေရေးဆောင်မိဖုရားလည်း သိက္ခာပျက်သောရဟန်းနှင့်တူသည်။
ပြည့်တန်ဆာမဖြစ်စီ- မိန့်တော်မူ၍ ယောက်ျားမိမ္မနှစ်ယောက်ကို ယုတ်သောအစို့၌ ဖြည့်တော်မူသည်။

လျှောက်ထုံးအမှတ် (၆၄)

ထီးနန်းတိုင်းပြည်ကို မည်သို့သောသူမျိုးအားအပ်သင့်ကြောင်း ဆရာတော်တကျိပ်နှစ်ပါးရို့မိန့်သောထုံး။

နရပတိမင်းကြီးသည် သက္ကရာဇ် (၁၀၀၇) ခု၊ နန်းစံ (၇) နှစ်၊ သက်တော် (၆၃) နှစ် ဟိလတ်သောအခါ
သည်းထန်စွာ နာကိန်းဖြစ်တော်မူသည်။ ထိုမင်းကြီး၌ သားတော်ကြီးညိုရောင်ဖြူနှင့် သားတော်လတ်မြို့သစ်စား
အောင်ကျော်စံဟူ၍ နှစ်ယောက်ဟိသည်။ ထိုနှစ်ယောက်တွင် သားတော်ကြီးညိုရောင်ဖြူသည် ပညာဟိရို့နှင့်
မနှီးနှော၊ ပညာဟိစကားကိုမနာယူ၊ သွမ်းသွပ်ပိန်ဖျင်းသော ကျေးကျွန်ရို့နှင့်ရာ အပေါင်းအဖက်ပြုပြီးနီစည်။

သားတော်အလတ် မြို့သစ်စားအောင်ကျော်စံသော်ကား ပညာဟိသူတော်ကောင်းရို့နှင့်ပေါင်းသင်းပြီး
မီးမြန်းနှီးနှောကာ ပညာရှာမှီးလျှက်နီသည်။ ရှိထုံးဟောင်းကျမ်းဂန်များကိုလေ့လာသည်။ ကောင်းသောအကြံနှင့်
ဟီရီသြတပ္ပတရားကိုစောင့်သည်။ ပညာဟိအင်္ဂါလက္ခဏာနှင့်အညီဖြစ်သည်။ နရပတိကြီးမင်းသည်
ထိုသားတော်နှစ်ယောက်တွင် ထီးနန်းတိုင်းပြည်ကို မည်သူသို့ အပ်သင့်ကြောင်းနှင့် ဆရာတော်တကျိပ်နှစ်ပါးရို့အား
နန်းတော်သို့ပင့်ပြီး မီးမြန်းလျှောက်ထားသည်။ ထိုအခါ ဆရာတော်တကျိပ်နှစ်ပါးရို့ မိန့်ဆိုသောထုံးသော်ကား-

သာသနာဒါယကာဖြစ်သော တကာတော်မင်းမြတ်။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသျှင်
ဟောကြားတော်မူအပ်သော မင်္ဂလာတရားတော်၌ ဗာလာနံ-

သူမိုက်ရို့အား၊ ယာအသေ၀နာစ- အကြင်မမှီဝဲမဆည်းကပ်ရခြင်းသည်လည်းကောင်း၊ ပဏ္ဍိတာနံ-
ပညာဟိသောသူရို့အား၊ ယာသေ၀နာစ-အကြင်မှီဝဲ ဆည်းကပ်ရခြင်းသည်လည်းကောင်း။ ပူဇနေယျာနံ-
ပူဇော်ထိုက်သောသူရို့အား၊ ယာပူဇာစ- အကြင်ပူဇော်ရခြင်းသည်လည်းကောင်း၊ အတိ- ဟိ၏။ ဧတံ-
ဤသုံးပါးသော တရားသည်လျှင်၊ ဥတ္တမံ- မြတ်သော၊ မင်္ဂလံ- မင်္ဂလာတရားတည်းဟူ၍၊ တွံ- သင်သည်၊
ဂနှာဟိ- မှတ်ယူလော့။ ယင်းသို့ ဆုံးမညွှန်ပြတော်မူသည်။

တကြောင်းတုံလည်း ပါပါ- မကောင်းမှုမှ၊ အာရတီ- ၀ီးစွာ၊ ၀ီရတီ- ဖဲကြဉ်ယှောင်ယှားရခြင်းသည်
လည်းကောင်း၊ မဇ္ဇပါနာ- ဘိန်းဘင်းသီရည်သီရက်သောက်စား၊ သားငါးထိုးသတ်ခြင်းမှ သံယမောစ- ဖဲကြဉ်
ယှောင်ယှားရခြင်းသည်လည်းကောင်း၊ ဓမ္မေသု- ဆယ်ပါးသောကုသိုလ်ကောင်းမှုတရားရို့ကို၊ ယောအပ္ပမာဒေါစ-
မမိမလျှော့ကောင်းစွာအားထုတ် ဆောက်တည်ရခြင်းသည်လည်းကောင်း၊ အတ္တိ- ဟိ၏။ ဧတံ-
ဤလေးပါးသောတရားသည်၊ ဥတ္တမံ- မြတ်သော၊ မင်္ဂလံ- မင်္ဂလာတရားတည်းဟူ၍၊ တွံ- သင်သည်၊ ဂနှာဟိ-
မှတ်ယူလော့။ ထိုသို့ မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်း၊ ပူဇော်ထိုက်သောတရား ထိုသူ၌ဟိချေမှလည်း
ပြည်သူရို့ပူဇော်သည်ကိုခံယူ၍ လုပ်စားအခွန်ဘဏ္ဍာခံယူစားပိုင်ရာသည်။

တကြောင်းမူလည်း၊ သဗ္ဘီရေ၀- သူတော်ကောင်းရို့နှင့်သာလျှင်၊ သမာသေထပေါင်းဖော်မှီဝဲ ယှဉ်တွဲကုန်ရာ၏။
သဗ္ဘီသူတော်ကောင်းရို့နှင့်၊ သန္တ၀ံ- မိတ်ဆွီပြု၍ ပေါင်းဖော်ခြင်းကို၊ ကုဗ္ဗေထ-ပြုကုန်ရာ၏။ သတံ-
ဘုရားအစဟိသော သူတော်ကောင်းရို့၏၊ သဒ္ဓမ္မံ- ငါးပါးသီလ၊ သျှစ်ပါးသီလ၊ ဆယ်ပါးသီလ၊
လေးပါးသောသတိပဌာန်အစဟိသော သူတော်ကောင်းရို့၏တရားကို၊ အညာမယ- သိ၍၊ သေယျော-
ပွားစီးသဖြင့် မြင့်မြတ်ခြင်းသည်၊ ဟောတိ- ဖြစ်၏။ ပါပိယော- ယုတ်မာသောသူရို့အောက်ယုတ်မာခြင်းသည်
ကုဒါစနံ- တရံတဆစ်မျှ၊ နဟောတိ- မဖြစ်စီကောင်း၊ ဤသို့လည်း ဓမ္မပဒစသောကျမ်းဂန်ရို့၌ လာပါသည်။

တကြောင်းမှာလည်း ပူဇော်ထိုက်ရာသောတရားမဟိမူ၊ ဗာလာနံ- သူမိုက်ရို့အလေ့အလာကိုရာ
ကြိုက်တတ်သောမင်း၌ ပြည်သူရို့သည် ယာသေ၀နာစ- ဆည်းကပ်မိလီအံ့၊ ထိုပြည်သူအပေါင်းရို့မူလည်း
မာနထောင်လွှား ရက်စက်ကြမ်းတမ်းလျှက် ကိုယ်နှင့်ရင်းနှီးသူမှတပါးသနားခြင်းမဟိ ပြုကျင့်ဆိုးသွမ်း
ကြလီသောကြောင့် သတ္တ၀ါရို့ ညှိုးနွမ်းပျက်စီးသီဆုံးများစွာဟိလတ်ရာသည်။ ထိုမင်းကိုမူလည်း ဘုရားစသော
သူတော်ကောင်းပညာဟိရို့ ချီမွမ်းဘွယ်မဟိခြင်းကြောင့် အသက်စည်းစိမ်တိုလီရာသည်။ ထိုပြည်ရို့၌လည်း
ဘုရားမြတ်စွာဆုံးမတော်မူသော သာသနာတော်တရား၌မတည်လီ၍ ရန်သူငါးပါးရောနှောဆက်ဆံလျှက်
နိုင်ငံချောက်ချားပျက်စီးတတ်ကြောင်း ထုံးဟောင်းကျမ်းဂန်အလာမှာဝေသာလီမင်းရို့သည် အချင်းချင်းမညီမညွတ်၊
အပရီဟာနိယတရားကင်းလွတ်အောင် ၀ဿကာရပုဏ္ဏားလှည့်ဖျားဂုံးတိုက်ပြုလီရာ၊ ပညာအဆင်အခြင်မဟိ
နီမှားကြသည့်အတွက် ပျက်စီးဆုံးရလီကြောင်း ထုံးဟောင်းထင်ရှားဟိပါသည်။

ဇာတ်နိပါတ်တော်အလာ သံဝရမင်းသားသည် တရာ့တယောက်သောသားရို့တွင် အငယ်ဆုံးဖြစ်ပါလျှက်၊
ပညာဟိအမတ်ကောင်းနှင့် ပေါင်းဖော်မှီဝဲ၊ ယှဉ်တွဲနှီးနှောခြင်းပြုလီသောကြောင့် ခမည်းတော်မင်း၏အရိုက်အရာ

ထီးနန်းတိုင်းပြည်ကို အပ်နှင်းခြင်းခံရကြောင်းကို သံဝရဇာတ်တွင်လာဟိတော်မူပါသည် ဒါယကာတော်မင်းမြတ်ဟု
ဆရာတော်ရို့မိန့်တော်မူလတ်သော် ပြည့်သျှင်မင်းလည်းကြိုက်တော်မူသည်။ သို့ကြောင့် သားတော်အကြီး
ညိုရောင်ဖြူကိုထီးနန်းမအပ်။ သားတော်အလတ် မြို့သစ်စားအောင်ကျော်စံကိုရာ ထီးနန်းတိုင်းပြည်
အပ်တော်မူသည်။

နရပတိကြီးမင်းသည် သည်းထန်သောဝေဒနာဖြင့် ထတော်မမူလီဘဲ သက္ကရာဇ် (၁၀၀၇) ခု၊ နတ်တော်လတွင်
လွန်တော်မူသည်။

လျှောက်ထုံးအမှတ် (၆၅)

အင်းဝကိုမတိုက်သင့်ကြောင်းလျှောက်ထုံး။

သက္ကရာဇ် (၁၀၉၉) ခုေ၇ာက်သောအခါ စန္ဒ၀ီဇယမင်း၏ညီတော် အိမ်ရှိမင်းသည် မိဖုရားရွှေရည်နှင့်ဘိသိက်ခံ၍
ရွှေနန်းတက်တော်မူသည်။ မင်းကိုမှူးမတ်ပြည်သူရို့သည် ချစ်ခင်မြတ်နိုးဟိလတ်သောကြောင့် မိတ္တာရစ်ရာဇာ
ဟူသောအမည်ကို မှည့်ခေါ်ကြသည်။ သူငယ်တော်သူကြီးကို လက်ယာမြန်အရာပီးတော်မူသည်။
ပိုက်သည်ပိုင်အမတ်ကို သံတောင်စားအရာပီးတော်မူသည်။ ကိုယ်ရံကြီးအမတ်ကားရဲအောင်ဖြစ်သည်။
ရဲအောင်သည် အမတ်ကြီးမဟာပညာကျော်အနွယ်ဖြစ်သည်။

ထိုမင်းလက်ထက် သက္ကရာဇ် (၁၁၀၄) ခုတွင် အရှိပြည်က ငစံဦး၊ ငရွှေလှော်၊ ငပုညိုရို့သုံးယောက်သည်
ယောက်ျားမိမ္မ လူပေါင်းတထောင်နှင့်ဝင်ရောက်လာ၍ မိတ္တာရစ်မင်းထံလျှောက်ထားသည်ကား-

အသျှင်မင်းမြတ်။ အင်းဝမြို့မင်းသည် အကျင့်ပျက်၍ မှူးကောင်းမတ်ကောင်းရို့စကားကို မနာယူ၊ သွမ်းသွပ်သော
အလေ့အလာကိုရာကြိုက်လီ၍ တိုင်းပြည်မငြိမ်မသက်ဖြစ်လျှက် ဆူပူသောင်းကျန်းများပါသည်။ ပြည်သူ
ညှိုးငယ်ဟိပါသည်။ ချီသိမ်းတော်မူလျှင် လွယ်ကာနှင့်ရပါမည်ဆို၍ လက်ဆောင်ပစ္စည်းပိုးထည်ငါးဆယ်နှင့်
မြင်းကောင်းငါးစီးဆက်သသည်။ ယင်းသောအခါ ပညာဟိအမတ်မျိုးကိုယ်ရံကြီးအမတ်ရဲအောင်
လျှောက်ထုံးသော်ကား-

အသျှင်မင်းမြတ်။ ငရွှေလှော်၊ ငစံဦး၊ ငပုညိုရို့လျှောက်သောစကားအတိုင်း အကယ်၍မှန်စီကာမူ၊
ဥပမာထုံးသော်ကား ပျားရို့သည် အပေါင်းအစည်းပြု၍ ပျားအများအုံဖွဲ့၍နီကြသောအခါ သဘာဝအလျှောက်
ရောက်ရာပျံလား နီတတ်ကြသည်။

ထိုပျားအုံကို လူတွိ၍ ဖွတ်သောအခါ မိမိရို့သားမြီးဟိရာ သင်းပင်းစုလျှက် မကွဲမလားစုပေါင်း ညီညာကြလျှက်
တတ်နိုင်သမျှ ကိုက်ခဲတုတ်ခတ်တိုက်ခိုက်ကြပါသည်။ ထိုပျားနှင့်စာမူ လူသော်ကားဆိုဘွယ်မဟိ။ မိမိရို့
တိုင်းသားချင်းတွင် အချင်းချင်းနိုင်နင်းပြုလျှက်ဟိစီကာမူ မညီမညွတ်မဆိုနိုင်ရာ။ တိုင်းတပါးကဖျက်ဆီးမည်
ရောက်လတ်လျှင် ကိုယ်စီအရေးနှင့်ချည်းဖြစ်သည်။ သားမယား၊ မိဘဆွီမျိုးကျေးကျွန်၊ ပစ္စည်းဥစ္စာ၊ အိုးအိမ်ရို့၌
ခင်တွယ်လျှက်နှင့်ချည်းဖြစ်သည်။ အသီးသီးအချင်းချင်းသည်ပေါင်းစည်းကြပြီး ရန်မူခုခံတိုက်ခိုက်ကြမည်
အမှန်ဖြစ်ပါသည်။

လူသတ္တ၀ါရို့ဓလေ့ မနိုင်သောအခါမှ လွတ်ရာလွတ်ကြောင်း တောတောင်ကြီးရာခိုမှီး ထွက်လားလီရာသည်။
ယင်းရို့မခံ ခုခံတိုက်ခိုက်ချေကလည်း ကိုယ့်လူအများသီဆုံးပျက်စီးမှ သူ့လူကိုရပါမည်။ သူ့လူလည်းအများပင်
သီကြီပျက်စီးခြင်းသို့ရောက်ရာသည်။ ရှိသူဟောင်းစကား၌လည်း-

တယောက်ချမ်းသာ၊ ကိုယ့်ဘို့ရှာ၍၊ သတ္တ၀ါပေါင်း၊ ဆုံးကြောင်းပျက်ရ၊ အဓမ္မမှု၊ သူပြုသူ့ဝန်၊ သုခံခေတ္တ၊
ရီပွတ်မျှကို၊ နိစ္စထင်မှား၊ တောသားမုဆိုး၊ အားကြိုးမာန်တက်၊ လက်နက်စွဲကိုင်၊ ထိုမြိုင်ထိုတောင်၊
ကုန်အောင်လှည့်ပတ်၊ သားငါးသတ်သို့၊ မတတ်စရာ၊ ပမာထိုတူ၊ အယူမှောက်လှန်၊ ကျေးကျွန်ကိုယ့်သား၊
သူတပါးကို၊ မုန်းထားရန်စစ်၊ လောဘမြစ်ကို၊ နှုတ်ပစ်လီပြီး၊ မင်းထီးစောထွတ်၊ နွယ်တော်မြတ်ရို့။

- ဟူ၍ ရှိထုံးအဆိုဟိပါသည်။

ကျမ်းဂန်အလာ၌လည်း-

ဟောရာဇာ-အကြင်မင်းသည်၊ အဇေယျံ- မအောင်အပ်သောအမှုရို့ကို၊ ဇေယ- အောင်ခြင်း၊ အောင်စီတတ်သော၊
သောရာဇာ- ထိုမင်းသည်၊ နရာဇာ- မင်းမမည်ရာ၊ အသေ၀နာစ- သူမိုက်အလယ်၌၊ ပဏ္ဍိတောပညာဟိသည်၊
ဓမ္မံ- တရားကို၊ နဘနန္တီ- မပြောမဆိုရာ။ အသေ၀နာစဗာလာနံ- သူမိုက်အလယ်၌၊ ဓမ္မံ- တရားကို
ဆိုလေ့ဟိသောသူမူလည်း၊ နသန္တော- သူတော်ကောင်းမဟုတ်ရာ။

ယင်းသို့ ထုံးသက်သီနှင့်လျှောက်လီလျှင် မင်းကြီးကြိုက်တော်မူသည်။ ငရွှေလှော်၊ ငစံဦး၊ ငပုညိုရို့နှင့်
ပါသောသူရို့ကို ပီချောင်းတွင်ချထားတော်မူသည်။ ထိုလူရို့ဖြင့် လေးကြော့အစို့ဖွဲ့တော်မူသည်။ ငပုညိုကိုလည်း
လေးခက်တောင်းစားအရာခန့်တော်မူသည်။ အမတ်ပညာဟိ ကိုယ်ရံကြီးရဲအောင်၏သားအကြီးမြကျော်ဦးကိုလည်း
သမီးတော်မြတ်ဘုန်းကြွယ်နှင့်ပီးမြားတော်မူ၍ လသောင်းသွေးကျေးစား၊ ကောင်းကျော်ထင်ကျေးစား၊
သူငယ်သွေးကျေးစား၊ ဤသို့ကျေးစားအရာ သုံးထပ်ပီးတော်မူပြီးမှ အမိန့်တော်ဟိသည်ကား-

အမတ်တော်ကိုယ်ရံကြီးရို့အမျိုးသည် ပတ္တမြားကျောက်ကောင်းနှင့်တူသည်။ ထီးနန်းမင်းဆက် အရှည်ဆက်ကာ
မင်းတိုင်ပင်အမတ်ချည်း ထွန်းလျှက်လာသည်။ မင်းအားလည်းပြစ်မှားသည်မဟိ။ မင်းမမှားစီရ။ လျှောက်ထား၍
လာခသည့်အမျိုး။ ပညာအရာ အင်္ဂါပြည့်စုံစွာနှင့် ရာဇ၀င်သမိုင်းထွက်ဟိသည်။ အရသာသြဇာဟိသောအပင်
အသီးရို့ကို မျိုးစိမပျောက်စီရ။ ကောင်းမွန်စွာပျိုးရသကဲ့သို့ အမတ်ကြီးသားအငယ်ရွှေသဲကိုလည်း သားအမှတ်
ငါမွီးတော်မူမည်။ နို့ထိန်းအချီအယအစုံပီးတော်မူပြီးသော် မိဖုရားကြီးသို့အပ်တော်မူ၍ နန်းမှာထားတော်မူသည်။
မိတ္တာရစ်မင်းသည် နန်းစံငါးနှစ်၊ သက္ကရာဇ် (၁၁၀၄) ခုနှစ်တွင် နာမကျန်းဖြစ်ပြီးလွန်တော်မူသည်။

လျှောက်ထုံးအမှတ် (၆၆)

ရခိုင်မင်းထံ အင်းဝအမတ် မင်းကြီးနန္ဒကျော်ထင်၏အင်းဝမြို့အကြောင်း လျှောက်ထုံး။

မိတ္တာရစ်မင်းလွန်တော်မူလီလျှင် ရမ်းဗြဲမြို့စားအမတ်သည် မိဖုရားစောသန္တာဝေနှင့် ဘိသိက်ခံ၍ သက္ကရာဇ် (၁၁၀၄)
ခု၊ တပို့တွဲလဆန်း (၁၀) ရက်နိတွင် ပြည်၏စည်းစိမ်ကို အုပ်စိုးတော်မူသည်။ အမျိုးလေးပါး၊ ပြည်သူရို့အား
ဖီးရန်မဟိစီသည်ကို အကြောင်းပြု၍ “နရအဘယရာဇာ” ဟူသောအမည်ကို ခံတော်မူသည်။ ခေတ်ပြိုင်အားဖြင့်
မြန်မာပြည်အင်းဝ၌ မဟာဓမ္မရာဇာဓိပတိမင်းစိုးစံသည်။ ဟံသာဝတီပဲခူးမြို့၌ မွန်ဘုရင်ဗညားဒလ
စိုးစံလျှက်ဟိသည်။ ထိုစဉ် အင်းဝသည် များစွာအားနည်းလျှက်ဟိသည်။ မဏိပူရကသည်းရို့သည်
အင်းဝနယ်အနီးအပါး မြို့ရွာများကို လာရောက်တိုက်ဖျက်လုယူသည်။ ကသည်းရို့သည် အင်းဝနှင့်မျက်နှာချင်းဆိုင်
တဘက်ကမ်း စစ်ကိုင်းသို့တိုင် လုယူဖျက်ဆီးပြုကြသည်။ အင်းဝမြောက်ဘက် များစွာမကွာဝီးလှသော
မတ္တရာအုတ်ဖိုမှ ကွေ့သျှမ်းရို့ကလည်း သြဇာမခံ ထောင်ထားခြားနားပြုကြသည်။ အစားဆန်ရိက္ခာများလည်း
ယှားပါးလျှက်ရှိရာ ခိုးသားဓါးပြများလည်းများစွာသောင်းကျန်းလျှက်ဟိသည်။

ထိုသို့အခြေအနီများလျှော့ပါးနီရာတွင် ဟံသာဝတီမှ ဗညားဒလနှင့်ဥပရာဇာရို့ ကွပ်ကဲဦးဆောင်သော
မွန်တပ်များသည် ကြည်းကြောင်းရီကြောင်းချီတက်လာပြီး အင်းဝမြို့တော်ကို ၀န်းရံလုပ်ကြံကြသည်။
အင်းဝသားရို့ခုခံကြသော်လည်း မွန်ရို့ကို နိုင်အောင်မတားနိုင်။ မွန်ရို့သည် အင်းဝမြို့ကိုရသည်။ မွန်စစ်သူကြီး
တလပန်းကို အင်းဝတွင်အစောင့်အနီချထားပြီး အင်းဝမင်းမဟာဓမ္မရာဇာဓိပတိနှင့် မိဖုရားမင်းဆွီမင်းမျိုး
သူဌီးသူကြွယ် ပစ္စည်းဘဏ္ဍာတော်အများအပြားကိုဆောင်ယူလျှက် မွန်ရို့ ဟံသာဝတီသို့ပြန်ကြသည်။

အင်းဝပြည်ဤသို့ပျက်စီးလီလျှင် မင်းမှုထမ်းမှူးမတ်အချို့နှင့်ပြည်သူရို့သည် အားကိုးမှီခိုရာရှာလျှက်
ထွက်ပြီးကြသည်။ ဤသို့ထွက်လာကြသူများအနက် သက္ကရာဇ် (၁၁၁၅) ခုတွင် အင်းဝမင်းအမတ်
မင်းကြီးနန္ဒကျော်ထင်ညီ၊ တိုင်တားစားရွှေဆင်၊ လယ်ကိုင်းမြို့စားရာသီ အမတ်သုံးယောက်သည်
နောက်ပါယောက်ျားမိမ္မလူပေါင်းနှစ်ရာနှင့် ရခိုင်မင်းထံရောက်ဟိခိုလှုံနီထိုင်သည်။ ရခိုင်မင်းလည်း

ရောက်ဟိလာသောသူရို့ကို သနားသဖြင့် ကောင်းစွာလက်ခံပြီး ပြုစုစောင့်ယှောက်ထားသည်။

တနိသောအခါ ပြည့်သျှင်မင်းကြီးသည် အင်းဝမြို့အကြောင်းသိလိုသည်ဖြစ်၍ အမတ်မင်းကြီး နန္ဒကျော်ထင်အား
မီးတော်မူသည်။ ထိုအခါ အမတ်မင်းကြီးနန္ဒကျော်ထင်လျှောက်သည့်ထုံးသော်ကား-

အသျှင်မင်းမြတ်။ ဘီးဘိုးစဉ်လာ ဟံသာဝတီပဲခူးမြို့မင်းဆက်များစွာ မှူးကြီးမတ်ကြီးအရာနှင့် တိုင်းပြည်ကို
အုပ်ထိမ်းလာခသော အမျိုးဖြစ်ပါသည်။ ပဲခူးမြို့သည် သတ္တ၀ါရို့ကပ်ဥပါဒ်အလျှောက်ပျက်သုဉ်း၍ အင်းဝမြို့၌
ဆင်ဖြူသျှင်မင်းတရားသားတော် ညောင်ရမ်းမင်းလက်ထက်တော်တွင်လည်း ခမည်းတော်ဆင်ဖြူမင်း
တရားမြှောက်မြှင့်သည့်နည်း၊ သားမြီးဆက်ကာ အမတ်ကြီးနီရာနှင့်ချည်း တိုင်းမှုပြည်မှုများကို သုတ်သင်စီရင်
ရပါသည်။ စနီမင်းသားတော် တလင်္ဂနီမင်းလက်ထက်၊ အဘသတိုးမင်းကြီးကျော်ခေါင်မှာ သားတော်ယောက်ျား
သုံးယောက်ဟိသည့်အနက် သားအကြီးကို ရမည်းသင်းစား၊ မိဖုရားမင်္ဂလာသီရိတွင် ဖွားမြင်တော်မူသည့်
သမီးတော်မင်းမြဦးနှင့် စုံဖက်တော်မူ၍ ကူးခမ်းကြီးမြို့ကို ပီးတော်မူသည်။ သားအလတ်မှာ သားတော်အိမ်ရှိမင်းထံ
သူငယ်တော်ခံ၍နီရပါသည်။ ညီအငယ်မှာ မိဘနှင့်အတူမကွဲ ငယ်ရွယ်သူဖြစ်၍ နီရသည်နှင့် ထိုမင်းလွန်တော်မူရာ
သားတော်တလင်္ဂနီမင်း ဆင်ဖြူသျှင်နန်းတက်၍ တနှစ်ဟိသောအခါ အဘသတိုးမင်းကြီးကျော်ခေါင်သီလွန်လျှင်
အကိုကူးခမ်းစား အဘအရာဆက်ခံရပါသည်။

ကျွန်တော်မှာသော်ကား မင်းကြီးနန္ဒကျော်ထင်အမည်နှင့် ထိုမင်း၏မိဖုရား တောင်သာမြို့စားတွင်
ဖွားမြင်တော်မူသော သမီးတော်မင်းရွှေကုံးနှင့်ပီးမြား၍ အင်းဝမြို့ဝန်ခန့်တော်မူပြီးလျှင် မိတ္တီလာမြို့ကိုစားရပါသည်။
ညီရွှေဆင်မှာ သားတော်အိမ်ရှိမင်းထံ သူငယ်တော်ခံ၍နီရပါသည်။ ထိုမင်းလွန်တော်မူသော် သားတော်
ကြာသပတီးမင်းနန်းတက်လီရာ အထက်ကနည်း မြှောက်မြှင့်တော်မူလျှက် ညီရွှေဆင်ကို တိုက်ထားမြို့စား
ပီးတော်မူပါသည်။ သက္ကရာဇ် (၁၀၉၅) ခုတွင် ကြာသပတီးမင်းနန်းတက်၍ သက္ကရာဇ် (၁၁၀၅) ခုတိုင်အောင်
တိုင်းပြည်သာယာပါသိမ့်သည်။

နောက်သော်ကား- ယစ်မျိုးသောက်စား၊ သားငါးသတ်ညှစ်၊ ကျင့်ကြံကြလျှက် အထိန်းတော်သား
ငဖြူနှင့်ပေါင်းဖက်၍ မင်းကျင့်ပျက်လီရာ အကိုအမတ်ကြီးပါ လေးယောက်သောအမတ်ကြီးရို့ကို စီရင်ရသည်။
ယင်းသို့နောက်သော်ကား ပြည်သူရို့ငြိုငြင်သဖြင့် အသီးသီးအလိုလို သောင်းကျန်းဆိုးသွမ်းပြုလီရာ ထိုမင်းအမတ်
ပဲခူးမြို့ကနီ၍ ခြားနားချီတက်တိုက်ဖျက်လာလျှင် သက္ကရာဇ် (၁၁၁၃) ခုတွင် အင်းဝမြို့ပျက်၍
ကြာသပတီးမင်းလည်း ပဲခူးသို့ပါလားသည်။ အကြေအညာမြို့ရွာများကိုလည်း မွန်ရို့တိုက်ဖျက်၍
သီကြီများပြားသောကြောင့် လွတ်ရာလွတ်ကြောင်း တောင်ငူရာဇာနှင့်မင်းတုံးမြို့တွင်နီကြရာ
တောင်ငူရာဇာသီလွန်လျှင် ပဲခူးကမွန်ရို့ လာရောက်တိုက်ခိုက်လာပြန်မူ။ မခံမရပ်နိုင်အောင်ဟိသည်က တချက်။
ဥတုရာသီမဖြောင့်၍ အစားယှားပါးငတ်မွတ်ဟိသည်လည်း တခု၊ ထိုသို့အကြောင်းဆိုက်လတ်သော်
ဘုန်းတော်မြတ်ကိုခိုလှုံလို၍ သားမယားကျေးကျွန်တစုနှင့် ၀င်ရောက်လာကြောင်းတင်လျှောက်လီလျှင်
အဘယရာဇာမင်းလည်း မင်းကြီးနန္ဒကျော်ထင် အမျိုးနှင့်အရည်ကိုကြိုက်တော်မူသဖြင့် ဆင်ကဲကြီးအမတ်
ခန့်တော်မူသည်။ ညီရွှေဆင်ကို ကျွေတဲစား။ ရာသီကို ကျွေးမသွေးစားအရာ ပီးတော်မူ၍ထားသည်။
နောက်ပါလူရို့ကိုလည်း ပြိုင်းချောင်းတွင်ရွာတည်၍ချထားတော်မူသည်။ အချို့ကို တောင်စဉ်ခုနှစ်ခရိုင်ရွာရို့တွင်
ချထားနီစီတော်မူသည်။

သက္ကရာဇ် (၁၁၂၃) ခုတွင် အမတ်ဆင်ကဲကြီးနန္ဒကျော်ထင်သမီးသျှင်စိုးမင်းကို ကောက်ယူတော်မူ၍
မြောက်မိဖုရားထားတော်မူသည်။ မြောက်မိဖုရားညီမ မိပန်းရံကိုလည်း ရှိပညာဟိအမတ်ကြီးသား ရွှေသဲနှင့်
ပီးမြားတော်မူပြီးလျှင် ရွှေတိုက်ငွေတိုက် လက်နက်တိုက်များကိုအပ်တော်မူ၍ စားကျေးရိုးကျွန်းနှင့် စိန်တင်
(စိုင်းတင်) ကို ပီးတော်မူသည်။

သက္ကရာဇ် (၁၁၂၃) ခု၊ တန်ဆောင်ဘုန်းလတွင် အဘယရာဇာမင်းလွန်တော်မူသည်။

လျှောက်ထုံးအမှတ် (၆၇)

စန္ဒပရမရာဇာမင်း၏သားတော် ဥဘော်ဝေအတွက် နို့ထိန်းရွီးရန်လျှောက်ထုံး။

အဘယရာဇာမင်းလွန်ပြီးသော် သားတော်ဒါးပိုင်ကြီးသည် မိဖုရားအောင်ကြော့စံနှင့် သက္ကရာဇ် (၁၁၂၃) ခုတွင်
ရွှေနန်းတက်တော်မူသည်။ စန္ဒပရမရာဇာ ဟူသောအမည်ကို ခံယူတော်မူသည်။ ထိုမင်း၏တောင်နန်းမိဖုရားတွင်
သားတော်ဥဘော်ဝေကို ဖွားမြင်တော်မူသည်။ သားတော်ကိုနို့ထိန်း နို့တိုက်ပြုရန် နို့ထိန်းရွီးချယ်ရေးအတွက်
စန္ဒပရမရာဇာမင်း မိန့်တော်မူသည်ကား-

မဟာသမတမင်းကစဉ်လာ သာကီဝင်မင်းမျိုးရို့၌ သားတော်ယောက်ျားသော်လည်းကောင်း၊ သမီးမိမ္မသော်
လည်းကောင်း တောင်ညာထားတွင် ဖွားမြင်လီသော်၊ မင်းဆွီမင်းမျိုး၊ မှူးရိုးမတ်ရိုးမမှန်သောမိမ္မအား နို့ထိန်းနို့တိုက်
ထည့်မြဲထုံးတမ်းဟောင်းမဟိ၊ ငါ့သားတော်ဥဘော်ဝေကိုလည်း နို့ထိန်းနို့တိုက်ထားရန် ရှိထုံးတမ်းနှင့်လျှောက်ရမည်
မိန့်တော်ဟိသောအခါ ရှိပညာဟိအမတ်၊ မျိုးရိုးစဉ်လာဖြစ်သော စိန်တင် (စိုင်းတင်) စားအမတ် ရွှေသဲလျှောက်ထုံး
သော်ကား-

အသျှင်မင်းမြတ်။ လောကဒီပ၀င်ကျမ်းအလာမူကား ရာဇဂြိုဟ်ပြည့်သျှင် ဗိမ္ဗိသာရမင်းသည် ငယ်တော်မူစဉ်
လက်ပန်းသည် တဦးကျောက်ကုန်း၌ စီးတော်မူခသောအကြောင်းဖြင့် မင်းဖြစ်တော်မူသောအခါ
သ၀ရဟူသောအမည်နှင့် ကနီစာမြို့ကိုစားကျေးပီးလီ၍ ထိုမင်းတွင် အဇာတသတ်သားတော်ကိုဖွားမြင်လီမူ၊
သ၀ရမယားဆီန္ဒပ္ပန္ဒကို အဇာတသတ်အား နို့ထိန်းပီးသည်။ ဆီန္ဒပ္ပန္ဒလည်း သုတမရှိ၊ သ၀ရလည်း ပညာမဲ့။
ထုံးဟောင်းစာဟောင်းမတတ်၊ လက်ပန်းသည်ရင်း ဆီန္ဒပ္ပန္ဒအမျိုး မှူးမတ်သမီး အရိုးအစဉ်မဟုတ်၍ နို့ထိန်းအင်္ဂါကို
မသိ။ ခက်ထန်သောအလေ့နှင့်နီသောသူအား နို့ကိုစို့မိလီ၍ အဇာတသတ်အရွယ်ရောက်လတ်မူ အဘဗိမ္ဗိသာရ
မင်းအားပြစ်မှားသည်။

အသိတဉ္စနပြည်သျှင်မင်း နှမတော်ဒေ၀ဂဗ္ဘသားတော် ၀ါသုဒေ၀၊ ဗလဒေ၀ ညီနောင်တကျိပ်ရို့အား
အန္ဒ၀ိန္ဒကဟူသော စစ်မှူးအမတ်မယား သာမန္ဒနိဂုံးရွာသူ နန္ဒီဂေါပါလကို နို့ထိန်းအပ်လီ၏။ ထိုမိမ္မသော်ကား
တရားမဟိ၊ လောဘကပ်သောမိမ္မနှင့်ထားသဖြင့် ထိုမင်းသားညီနောင်တကျိပ် အရွယ်သို့ရောက်သောအခါ
ဦးရီးတော်ကံသမင်းကို ပြစ်မှားသည်။

ဥတ္တရမဒူပြည့်သျှင် သာရဆီန္ဒမင်းကို သင်္ဘောသူကြီးသန်မြင့်စွာက ထူးဆန်းသောရထားတခုဆက်လီရာ သဒ္ဓါကြီး၍
မကရူပီတိုင်းကို စားကျေးပီးတော်မူသည်။ ထိုမင်း၌ မိဖုရားကြီးတွင် သမီးတော်သုဝဏ္ဏကုမ္မာကိုဖွားလီလျှင်
သန်မြင့်စွာ မယားအနဘက္ခိသဘင်သည်မကို နို့ထိန်းပီးလတ်သော် ထိုမိမ္မ၌ အကျင့်မဟိ၊ သွမ်းသွပ်သော
အမူအယာကိုရာလေ့လာ၍ မင်းသမီးသုဝဏ္ဏကုမ္မာအရွယ်ရောက်လတ်ရာ စောင်းသည်နှင့်မှားဘူးသည်။

ဗာရာဏသိပြည်သျှင် ဥလ္လကာမင်း၌ သီန္ဓ၀စဟူသောမြင်းကို ငယ်စဉ်က လူကုန်းတယောက်အပ်၍ထိန်းစီရာ
ထိန်းသူအလိုက် မြင်းတော်သိန္ဓ၀လည်း ကုန်း၍လားလီလျှင်၊ လူစန့်ကိုတဖန် အပ်ပြန်သည်တွင် မြင်းတော်သီန္ဓဝ
ဖြောင့်ကြောင်း ထုံးဟောင်းထွက်ဟိပါသည်။ အသက်မဟိသော အ၀ိညာဏကဝေသာလီပြည်သျှင် စူလစန္တရားမင်း
စားတော်သရက်ချိုပင်အပါး၌ ဥယျာဉ်မှူးက မဲဒါးပင်ကိုစိုက်ပျိုးလီရာ သရက်ချိုခါးသောအရသာဟိလတ်မူ
အမတ်လိမ္မာတယောက်ကို မင်းစေလွှတ်ကြည့်စီသည်တွင် သရက်ချိုပင်အနီး၌ မဲဒါးပင်ကိုမြင်လီ၍ ထိုအပင်ကို
ကုန်စင်အောင်နှုတ်ပစ်ပြီးမှ အမြစ်ရို့ကိုလည်း တူးဆွယူစီသည်။ ယင်းသို့ပြီးမှ ပျားတင်လဲသကာရို့ကို
အရည်ဖျော်လျှက် သရက်ချိုပင်ပတ်လည်၌ မပြတ်သွန်လောင်းစီရာ ခါးသောအရသာကွယ်၍ ရှိအတူ
ချိုသောအရသာ ရောက်မြဲရောက်ကြောင်း ထုံးဟောင်းထွက်ဟိပါသည်။

အသျှင်မင်းမြတ်။ မင်းသားမင်းသမီးစသဖြင့်သော သ၀ိညာဏက၊ အ၀ိညာဏကရို့၌အာဒီအာစ- ထိန်းသူမူလ၊
သ၀ိညာဏကရို့မှာလည်း မိဘထိန်းသူရို့ မလိမ္မာ၊ လက်ရုံးမာန ကြမ်းတမ်းခက်ထန် ထောင်လွှားဆိုးသွမ်းချေက
ထို့အတူ သားသမီးဆိုးသွမ်းလီရာ၊ တထာဂတော- လာခြင်းကောင်းသော အတိဇာကသားဖြစ်မှ သာထိုးထွင်း၍
သိမြင်သောသတ္တိကြောင့်၊ အတိဇာတသားလည်း အလွန်ယှားကြောင်း ကျန်းဂန်ပြဆိုပါသည်။ အ၀ိညာဏက
ဥယျာဉ် လယ်ယာရို့မှာလည်း ထိန်းသူမကောင်းက ပျက်စီးခြင်းသို့ရောက်လီရာသည် အသျှင်မင်းမြတ်။

ထိုမှတပါးတုံလည်း အသားဖြူသောမိမ္မ၌ နို့ရည်သည် ချိုသောအရသာဟိသည်။ ထိုနို့ကိုစို့သောသူအား
လီဝေဒနာမြဲ၏။ အသားညိုသော မိမ္မ၌နို့ရည်သည် ဖန်သော အရသာဟိသည်။ ထိုနို့ကိုစို့သောသူအား ဥက္ခောင်း၌
ဝေဒနာမြဲ၏။ အသားပြာသောမိမ္မ၌နို့ရည်သည် ချဉ်သောအရသာဟိသည်။ ထိုနို့ကိုစို့သောသူအား ဒွါရရို့၌

ဝေဒနာမြဲ၏။ အသားရွှေရောင်ဟိသော မိမ္မနို့ရည်သည် ဆိမ့်သောအရသာဟိသည်။ ထိုနို့ကိုစို့သောသူအား
မြတ်သောနှလုံးမြဲ၏။ အသားမဲသောမိမ္မနို့ရည်သည် ခါးသောအရသာဟိသည်။ ထိုနို့ရည်ကို စို့သောသူအား
ခြီလက်ဦးရို့၌ ဝေဒနာမြဲ၏။ အသားနီသော မိမ္မနို့ရည်သည် စပ်သောအရသာဟိသည်။ ထိုနို့ရည်ကို စို့သောသူအား
ရင်၌ ဝေဒနာမြဲသည်။

ယင်းသို့ထုံးဟောင်းသက်သီနှင့် ပညာဟိအမတ်လျှောက်လတ်သော် ပြည့်သျှင်မင်းအမိန့်တော်ဟိပြန်သည်ကား-

စိန်တင်စားရို့အမျိုးသည် ဓည၀တီ၊ ဒုတိယမြို့တည် ကံရာဇာကြီးမင်းကဆင်းသက်၍ မှူးရိုးမတ်စဉ်သားမြီးစဉ်ဆက်
ပညာဟိတွင်လျှက် မင်းဆက်အများနှစ်ပေါင်းအရှည် စိန်တင်စားရို့ အမျိုးမတိမ်း လရောင်ပမာချမ်းအီးစွာ
မင်းထံခစားကြောင်း ထုံးဟောင်းထွက်ဟိသည်။ စိန်တင်စားမယားအမိလည်း အင်းဝမင်းသမီးတော်၊
အဘမင်းကြီးနန္ဒကျော်ထင်၊ ဘီဘီးလည်း ပဲခူးမင်းကျော်ထင်နော်ရထာသားမြီးဆက်ကာ အင်းဝမင်းလက်ထက်
ဆင်ကဲကြီး၊ အမတ်ရို့အမျိုး မှူးရိုးမတ်ရိုးမပျက်။ အင်းဝမြို့သည် ကာလ၀ိပ္ပတ္တိအလျှောက်ပျက်ခ၍ ရက္ဓပူရတိုင်း
မြောက်ဦးမြို့သို့ရောက်လာပြန်လျှင် အမျိုးစောင့်သောတရားမလွတ်။ မှူးမတ်အင်္ဂါနှင့်ပြည့်စုံသူဖြစ်၍
ခမည်းတော်အဘယမင်းက ဆင်ကဲကြီးအရာကိုပီးတော်မူသည်။ ဆင်ကဲကြီးသမီးမိပန်းရံသည်လည်း
မှူးရိုးမတ်ရိုးသမီးမှန်သည်။ သတ္တိပညာဆင်းအင်္ဂါလက္ဓဏာနှင့်ပြည့်စုံသည်။ ငါ့သားတော်ဥတော်ဝေကို
တတ်လိမ္မာအောင် စိန်တင်စားထိန်းသိမ်းပြသဆုံးမသွန်သင်စီ။ စိန်တင်စားမယားမိပန်းရံ နို့တိုက်စီ အပ်တော်မူလီရာ
ထိန်းသိမ်းတိုက်ကျွေးပြုရသည်။

လျှောက်ထုံးအမှတ် (၆၈)

အဘယမဟာရာဇာလက်ထက် အမတ်ခန့်ထားရန်လျှောက်ထုံး။

သက္ကရာဇ် (၁၁၂၆) ခုရောက်သောအခါ စန္ဒပရမရာဇာမင်းကို ယောက်ဖတော်ရမ်းဗြဲသံတောင်စား
လက်ဝဲမြန်အမတ်ပုန်ကန်ခြားနားသည်။ ထိုသက္ကရာဇ် ကဆုန်လဆန်းတရက်နိတွင် လက်ဝဲမြန်အမတ်သည်
ယောက်ဖတော်စန္ဒပရမရာဇာမင်းကိုရလီပြီး မိဖုရားစောရွှေကြာနှင့်နန်းတက်တော်မူသည်။ နန်းတက်တော်
မူသောအခါ အဘယမဟာရာဇာဟူသောအမည်ကိုခံတော်မူသည်။ ထိုမင်းသည် ယောက်ဖတော်စန္ဒပရမရာဇာကို
ရဟန်းပြု၍ထားသည်။ စိတ်မချလီသောကြောင့် ယောက်ဖတော်နန်းကျမင်းကို ရဟန်းပြုထားရာမှယူစီပြီး
မြီငူကျွန်းသို့ပို့စီတော်မူသည်။ အပို့စေသူစက်ကန်ကျင်ရို့သည် ထိုနန်းကျမင်းကို မြီငူကျွန်းသို့ယူဆောင်လားကြရာ
ဆင်တုံးမော်အရပ်သို့ရောက်သောကာလ ထိုသက္ကရာဇ် နယုန်လဆန်းတရက်နိတွင် ၀မ်းကျရောဂါဖြင့် သီဆုံးသည်။

လက်ဝဲမြန်အမတ်သည် အဘယမဟာရာဇာအမည်ဖြင့်နန်းတက်၍ မင်းဖြစ်ပြီးသောအခါ ငယ်ကျွန်ဖြစ်သော
သက်လူမျိုး ငသောက်ကြာနှင့် ငသောက်ကြယ် ညီအကိုနှစ်ယောက်ကို သဒ္ဓါတော်မူ၍
အမတ်ကြီးခန့်တော်မူမည်ဟိလီရာ ရှိပညာဟိအမျိုး၊ အတွင်းတော်မှူး စိန်တင် (စိုင်းတင်) စားအမတ်
ရွှေသဲလျှောက်ထုံးသော်ကား-

အသျှင်မင်းမြတ်။ ရှိပညာဟိရို့ဆိုခသော ရာဇာမင်းရို့လက်သုံး ထုံးဟောင်းစာတမ်းအလာထွက်ဟိသည်မှာ-

ရီမြီသနင်း၊ မင်းရို့ကျင့်သုံး၊ ရှိထုံးမသုံဉ်၊ ရာဇဂုဏ်မြတ်၊ န၀ရတ်ကိုးခိုင်၊ မဏ္ဍိုင်မပျက်၊ မင်းလက်နက်တည့်။
ေ၀၀က်စိတ်ဖြာ၊ မလိမ္မာငြား၊ သူမိုက်သားကို၊ မှား၍ပြည့်သျှင်၊ သူကောင်းတင်လျှင်၊ တိုင်းခွင်ခရိုင်၊ အပိုင်ရပ်ကြီး၊
မင်းခွင့်ပီး၍၊ မှူးရီးမတ်ရာ၊ နှင်းအပ်ပါမူ၊ ပဇာကျိုးဟိ၊ နွမ်းရိသတ္တ၀ါ၊ မြို့ရွာတုန်လှုပ်၊ မင်းကျိုးယုတ်၏။
စက်ဆုန်သဖွယ်၊ ပျက်ရယ်တန္တု၊ ပြည်မှုရှုတ်ထွီး၊ တိုင်းဝီးတပါး၊ စကားမတည်၊ အရှည်မကောင်း၊ ဗူးတောင်းပမာ၊
မိစ္ဆာငှက်ဆိုး၊ လင်ကောင်ပိုးသို့၊ ဆိုရိုးတချက်၊ ကြွက်နှင့်မြွီတူ၊ သူ့မူမဖျောက်၊ မျောက်မှင့်မြီခွီး၊ ဆိုရေးတသီး၊
ကျီးနှင့်ဝက်တူ၊ အမှုယုတ်သွမ်း၊ သူကန်းအကြံ၊ လောဘလျှံသည်၊ မင်းထိန်းစပ်၊ မသုံးအပ်။

ထိုသို့ဆိုသော ပညာဟိစကားအရကျမ်းဂန်တွင်လည်း-

ဒေ၀ပုတ္တ- နတ်သား၊ ဗာလာနံ- သူမိုက်ရို့အား၊ အသေ၀နာစ- မမှီဝဲမဆည်းကပ်၊ မပေါင်းဖော်ရခြင်းသည်

လည်းကောင်း၊ ပဏ္ဍိတာနံ- ပညာဟိသောသူနှင့်၊ သေ၀နာစ- မှီဝဲဆည်းကပ် ပေါင်းဖော်ရခြင်းသည်
လည်းကောင်း၊ ပူဇနေယျာနံ- ပူဇော်ထိုက်သောသူရို့အား၊ ပူဇာစ- ပူဇော်ရခြင်းသည်လည်းကောင်း၊ အတ္တိ-
ဟိ၏။ ဧတံ- ဤလေးပါးသောတရားသည်၊ ဥတ္တမံ- မြတ်သော၊ မင်္ဂလံ- မင်္ဂလာတရားတည်းဟူ၍၊ တွံ-
သင်သည်၊ ဂဏှာဟိ- မှတ်ယူလီလော့။

ယင်းသို့ မြတ်စွာဘုရားဟောတော်မူသော မင်္ဂလာတရားဟိပါသည်။ အသျှင်မင်းမြတ်။ တတိုင်းတပြည်
အစိုးရသောမင်းရို့သည် သူမိုက်ကိုမယှောင် ပေါင်းဖော်ပြုလီငြားအံ့။ ထိုသူမိုက်ကြောင့် တိုင်းပြည်ငြိုငြင်လျှက်နှင့်
မင်းလည်းပျက်လီရာသည်။ တတိုင်းတပြည် မိတ်ပြုရာ၌လည်း ထိုပြည်၏အကြောင်းကိုစုံစမ်းပြီးမှ ၀ံသူတော်ကဲ့သို့
ကျင့်သောမင်းကိုရာ ဆည်းကပ်မိတ်ဝင်ရမူ အကျိုးထွန်းလင်းနိုင်ရာသည်။ ကြောင်သူတော်နှင့်တူသော
မင်းဖြစ်ချေက ထိုမင်းဖျက်၍ ကိုယ့်ပြည်ပျက်လီရာသည်။ သူမတော်ကျင့်တတ်သော် လူအများက ကမ္ဘာရှည်သမျှ
ကောင်းကျိုးမကောင်းကျိုးကိုသော်လည်း အကျိုးအပြစ်မဟိပါ။ ပညာဟိတယောက် အချီအမွမ်းကိုရာ
ကြိုက်တော်မူ၍ ကဲ့ရဲ့ချေသော် ကြောက်တတ်ရှက်တတ်ရပါသည်။ ထိုသို့ပညာဟိအမတ် ရွှေသဲလျှောက်လီရာ
အမတ်တော်သို့ စားကျေးထပ်၍ မြို့သစ်ကို ပီးတော်မူသည်။ အမတ်ပညာဟိ မြို့သစ်စားမယား မိပန်းရံကိုလည်း
ရှိမင်းများနည်း အသုံးအဆောင်ကိုပီးတော်မူ၍ နန်းတွင်း၌ မိဖုရားမောင်းမရို့ကို နားလည်အောင် ရှိအသုံးအဆောင်

အလားအနီ မင်းခမ်းမင်းနားစသော အမှုများကိုပြသဆုံးမ ထိန်းသိမ်းရမည် အပ်တော်မူသည်။

ထိုမင်း ကျွန်နှစ်ယောက်နှင့်စပ်သောစကားကို နာတော်မမူ။ အစ်ကိုဖြစ်သူငသောက်ကြယ်ကို လက်ယာမြန်အမတ်၊
ညီဖြစ်သူငသောက်ကြာကို ဓါးပိုင်ကြီးအမတ်ခန့်တော်မူသည်။

လျှောက်ထုံးအမှတ် (၆၉)

ကျွန်ရို့ကို လက်နက်အင်အားအပ်ရန် သင်မသင့်လျှောက်ထုံး။

တရံသောအခါ ပြည့်သျှင်မင်းအဘယမဟာရာဇာသည် အုန်းကျွန်းနီ လယ်တော်လုပ်လမိုင်းသား မင်းတရား
ကျွန်ရို့ကို သူရဲအမတ်ပြု၍ ဓါးလှံကာ၊ ဒိုင်းလွှားလက်နက်အပ်၍ တပ်တော်ဖွဲ့မည်ဟိရာ အမတ်ပညာဟိမြို့သစ်စား
ရွှေသဲလျှောက်ထားသောထုံးသော်ကား-

အသျှင်မင်းမြတ်။ မင်းတရားကျွန် လမိုင်းအစုသားရို့သို့ လက်နက်အပ်တော်မူချေသော် မျောက်ကိုချူဆွဲသည်နှင့်
တူပါသည်။ မျောက်ကိုသနား၍ချူဆွဲလီမူ အငြိမ်မနီခုန်ပေါက်ပြီးလွှားလျှက်နှင့် ဟိလီရာသည်။ ထို့အတူ
သူမိုက်အလေ့ ကိုယ့်ဘို့သာလုံးပမ်းရှာ၍ သူ့ကိုသော်ကား သနားခြင်းမဟိ။ သားငါးပစ်ခတ် ထိုးသတ်သောက်စား၊
အတ္တနောမတိ၊ ကျင့်ကြံလျှက်နီလေ့ဟိသောအမျိုးသားရို့၌ လက်နက်ရောက်လတ်သော် အများသတ္တ၀ါသည်
ပဇာချမ်းသာရပါအံ့နည်း။ ၀ိလုပ္ပန္န- ရက်စက်ကြမ်းတမ်းတမြို့တရွာကို ဖျက်ဆီးလုယူ နိုင်ထက်စီးနင်း
အမျိုးသားချင်း၌လည်း ခင်မင်သောစာရိတ္တမမြဲ၊ ဖောက်လွဲဖောက်ပြန်၊ မမှန်သောအသိဖြင့် လောဘဒေါသ မောဟ
လွန်လီရာသည်။ ထို့ကြောင့် ရှိပညာဟိစကား၌-

သူမိုက်ရို့မှာ၊ အင်္ဂါလေးမည်၊ စည်စည်ကားကား၊ ရမက်များသည်။ ယင်းသို့အဆိုသော်ကား-

လေးပါးဟူသည်မှာ-

အိပ်ခြင်း၊ စားခြင်း၊ မေထုန်မှီဝဲခြင်း၊ ဥစ္စာရှာမှီးခြင်း၊ သူမိုက်မိစ္ဆာ၊ အင်္ဂါဟူလျှက် ရှိသူမြတ်ရို့ဆိုဟိပါသည်။
မင်းတရားကျွန်လမိုင်းရို့သို လက်နက်အပ်ရန်မသင့်ပါ။ နောင်သောအခါ လူဆိုးလူကောင်းရောနှောလျှက်
စီရင်ရပါလိမ့်မည်။ လျှောက်လတ်သော် ပြည့်သျှင်မင်းမနာမယူ။ မင်းတရားကျွန်လမိုင်းရို့ကို လက်နက်အပ်၍
တပ်တော်ဖွဲ့လီသည်။ တနှစ်ခန့်ဟိလီသောအခါ ရမ်းဗြဲမြစ်စသည်ရို့၌ အလားအလာမျှမပြုဝံ့ကြ။ မင်းတရားကျွန်
လမိုင်းတပ်သားရို့ ဓါးမြတိုက်လုယက်လီကြရာ ပြည့်သျှင်မင်းအမျက်တော်ဝင်၍ လူပေါင်းငါးရာကျော်ကို
အကုန်အစင်သတ်လီပြီးမှ လက်နက်များကို ပြန်လည်သိမ်းတော်မူရသည်။

လျှောက်ထုံးအမှတ် (၇၀)

ဓါးပိုင်ကြီးငသောက်ကြာသည် စစ်တွေကျွန်းနီကျွန်ရို့ကိုဆုလာဘ်ပီးပြီး အင်အားစုနီကြောင်းလျှောက်ထုံး။

အဘယမဟာရာဇာမင်းလက်ထက် တရံသောအခါ ဓါးပိုင်ကြီးငသောက်ကြာသည် စစ်တွေကျွန်းနီကျွန်ရို့ကိုခေါ်ပြီး
ဆုလာဘ်များပီး၍ ဘက်တော်သားအင်အားစုနီသည်။ ဤသို့အင်အားစုဆောင်းနီကြောင်းကို အမတ်ကြီးရွှေသဲ
သိလတ်၍ ပြည့်သျှင်မင်းထံလျှောက်ထားသည်။ ပြည့်သျှင်မင်းလည်း ငယ်ကျွန်တော်ဖြစ်သည်။ မိမိပင်
ချီမြှောက်သူကောင်းပြုထားသည်ဟု ယုံတော်မမူဟိသည်။ ပြည့်သျှင်မင်းယုံတော်မမူ အရေးမယူ
ဟိလတ်သောကြောင့် အမတ်ကြီးသည် ရှိရေးကိုမြင်တွေးလီရကား ရင်လီးလျှက်နှင့်ပင် သည်အရေးကို
တဖန်ထပ်မံ၍ လျှောက်ထားပြန်သည်။ လျှောက်ထုံးသော်ကား-

အသျှင်မင်းမြတ်။ ရှိဘားမဲသိုက်၊ ဘားပုသိုက်အတွက်မူလည်း-

ထောင်ရာဝိသ၊ ဆတိုင်ကလျှင်၊ ပေတပင်ကို၊ ရီလျှင်သွန်းကြ၊ မိုးကိုးလ -

ယင်းသို့အဆိုကို ယတြာပြန်၊ အမှုပြုရန်မှာ-

နန်းစံတော်မူလျှင် ဘားဘူတောင်တွင် နံတော်ကို န၀ကိန်ဓါတ်၊ ပါပဓါတ်၊ ရုပ်- စုတ်လပ်ပြု၍ ယတြာထားတော်
မူရမည်။ ထိုကိန်းဓါတ်အလို နန်းစံ ကိုးနှစ်ကိုးလထွက်ပါသည်။ အသျှင်မင်းနောက်ကို သောက်ကြာသားမင်းဖြစ်ရန်
သိုက်ဟိပြန်သည်မှာ ကြွက်ကိုချောင်းသည့် ဗူးတောင်းမောင်သောကြာ- ဆိုလီသောကြောင့် ဓါးပိုင်ကြီး
သောက်ကြာသားဖြစ်ပါသည်။

အသျှင်မင်းမြတ်။ ရှိပညာဟိတို့ထားခသော မြောက်ဦးမြို့ဓါတ်သိုက် အလိုတွင်လည်း-

ရလုရလု၊ ကိုးရလု၊ ရလုကိုးမည်၊ မြောက်ဦးပြည်သာ၊ စည်တသောသော၊ ရလုလည်းကုန်၊ ပျက်ကိန်းကြုံ၊
လူပုံညာကြီမြော။

ထိုသို့ထွက်ဟိသောသိုက်တချက်။ မြို့တည်တြင်းသျှစ်ရပ်၊ ဂြိုဟ်သက်စန်းလက်နှင်ကိန်းထားသောမြို့သက်
သုံးရာသုံးဆယ့်သုံးခုနှစ် ရဟိပါသည်။ သို့ရာတွင် ကိုယ်ကျင့်တရားသာ မူလမှန်သည်။

အသျှင်မင်းမြတ်။ သူမိုက်ရို့သည် ပိဋကတ်ဗေဒင်ကို သင်ကြား၍တတ်စီကာမူ အလဂ္ဂဓူပမာသာ ပညာဟိ
သူတော်ကောင်းစသော အမြင့်အနိမ့် အယုတ်အမြတ် မူလအနာဂါတ်ကိုဆုံးဖြတ်သိနိုင်သည် မတတ်ခြင်းကြောင့်
ယှုံးနစ်လီရာသည်။ ပညာသည် နီရောင်လရောင်နှင့်သော်လည်းကောင်း ကေသရာဇာခြင်္သေ့မင်းအဆီနှင့်သော်
လည်းကောင်း တူပါသည်။ နီလရို့သည်မူလည်း အခန့်သင့်သော်မှ ဖန်မှန်၌လျှင် မီးရီစွဲရောက်ပါသည်။
ကေသရာဇာခြင်္သေ့မင်း အဆီတုံသော်လည်း ဇမ္ဗူရစ်ရွှေခွက်၌ရာ တည်နိုင်ရာသည်။ ထိုအတူ
ပညာဟိတယောက်စကားကို ပညာဟိတယောက်မှရာသိနိုင်ပါသည်။ ရှိသူဟောင်းအမှာတွင် ဟုတ်မှန်သော
စကားကိုဆိုလျှက် ခံသူမကြိုက်က အပြစ်ရောက်ရာသည်။ မဟုတ်မမှန်သောစကားကို ဆိုလီမူလည်း ခံသူကြိုက်မူ
အကျိုးဖြစ်ရာသည်-

ထိုသို့ထုံးသက်သီနှင့် ပညာဟိရို့ထုံးတမ်း မင်း၌အပြစ်ကိုမြင်လျှင်လျှောက်တင်မြဲ ရှိထုံးဟောင်းနှင့်အညီ
လျှောက်လတ်သော်လည်း ထိုမင်းကုသိုလ်အလျှောက် မသူတော်ကိုယုံသောသတ္တိစွဲသဖြင့် မည်သို့မဆိုနီတော်မူ၍
အမတ်ပညာဟိမြို့သစ်စားရွှေသဲသို့ ကောင်းကျော်ထင်ဟူသော မင်းတရားကျွန် လမိုင်းတရွာကိုစားစီရန်သာ
ဆုပီးသနားတော်မူသည်။ ဓါးပိုင်ကြီးငသောက်ကြာကိုကား မည်သို့မပြု ထားမြဲထားသည်။

အဘယမဟာရာဇာမင်းသည် ငသောက်ကြယ်၊ ငသောက်ကြာ ညီအစ်ကိုနှစ်ယောက်လုံးကို ငယ်ကျွန်တော်များ
ဖြစ်သည့်အားလျှော်စွာ ယုံကြည်အားထားသဖြင့် အစ်ကိုဖြစ်သူငသောက်ကြယ်ကို လက်ယာမြန်အမတ်
အဖြစ်လည်းကောင်း၊ ညီဖြစ်သူငသောက်ကြာကို ဓါးပိုင်ကြီးအမတ်အဖြစ်လည်းကောင်း၊ သူကောင်းပြု
ခန့်ထားတော်မူခြင်းဖြစ်သည်။ ထိုသူရို့သည် မိမိအပေါ်၌ မကောင်းမှုမပြုကျင့်တန်ရာဟူ၍ ယုံကြည်ရင်းဟိသည်။
သို့ကြောင့် ဓါးပိုင်ကြီးအမတ်ငသောက်ကြာနှင့်ပတ်သက်ပြီး အမတ်ပညာဟိရွှေသဲ အကြိမ်ကြိမ်
လျှောက်တင်ခသော်လည်း စိတ်ကွက်ခြင်းဖြစ်တော်မမူ။ ထားမြဲသာထားခသည်။ ထိုမင်းသည် ကုသိုလ်ကောင်းမှုကို

များစွာပြုစုတော်မူသည်။ သီလသီတင်းနှင့်လည်း ပြည့်စုံသည်။ အမျိုးလေးပါးကိုလည်း သနားကြင်နာစွာပြုသည်။
ပီးကမ်းစွန့်ကြဲခြင်းဟိသည်။ ရဟန်းသံဃာရို့အားလည်း အလှူအတန်းပြုသည်။၂၁၆

ထိုမင်း၏သားတော် အိမ်ရှိမင်းရဲဘော်သည်ကား မကောင်းမှုဒုစရိုက် အကျင့်ဟိသည်။ ရဟန်းသံဃာရို့အား
ပုတ်ခတ်ဟီန္နပြုသည်။ ပြည်သူရို့အားလည်း အလွန်နှိပ်စက်သည်ဟူ၏။ ထိုအိမ်ရှိမင်းရဲဘော်သည်
အခန့်မသင့်စိတ်ဖြစ်၍ ခမည်းတော်ခန့််ထားသော လက်ယာမြန်အမတ်ငသောက်ကြယ်ကိုခေါ်လီ၍ သက္ကရာဇ်
(၁၁၃၅) ခုတွင် သတ်ပစ်သည်။ အစ်ကိုဖြစ်သူ ထိုကဲ့သိုအသတ်ခံရသောအခါ ညီဖြစ်သူ ဓါးပိုင်ကြီး
အမတ်ငသောက်ကြာသည် မူလကပင် ကြံရွယ်ရင်းဟိနီသောကြောင့် မြို့တော်မှထွက်လတ်ပြီး မိမိလာဘ်ပီး
စည်းရုံးစုဆည်းထားသော စစ်တွေကျွန်းနီ ကျွန်ရို့ကိုခေါ်ယူပြီး ဦးရစ်တောင်တွင် တပ်ချစုရုံးထားသည်။ ဓါးပိုင်ကြီး
ငသောက်ကြာသည် ဦးရာဇ်တောင်မှ တိုက်စည်တိုက်မောင်းတီးလျှက်သောင်းကျန်းသည်။

ထိုသတင်းကို အဘယမဟာရာဇာမင်းကြားသိတော်မူလျှင် တမန်တော်များစေလွှတ်၍ ကျီအီးစီရန်
ဆောင်ရွက်တော်မူသည်။ မအောင်မြင်ဘဲဟိသည်။ သို့ကြောင့် ညီဖြစ်သူ ရမ်းဗြဲမြို့စားချစ်သူကိုခေါ်၍
ထပ်မံစေလွှတ်သည်။ ဓါးပိုင်ကြီးဟိရာ ရမ်းဗြဲစားချစ်သူရောက်ဟိသောအခါ ဓါးပိုင်ကြီးက ရွှေနန်းသျှင်မင်းတရားကို
မလုပ်ကြံပါ။ သားတော်အိမ်ရှိမင်း ရဲဘော်ကိုရာ လုပ်ကြံလိုခြင်းဖြစ်ပေသည်ဟုဆို၍နီသည်။

ဓါးပိုင်ကြီးသောက်ကြာသည် သက္ကရာဇ် (၁၁၃၅) ခု၊ တပို့တွဲလတွင် များစွာသောရဲမက်အပေါင်းနှင့်
ချီတက်လာပြီးတိုက်ခိုက်သည်။ မြို့တော်နှင့်ထီးနန်းကိုရသည်။ အဘယမဟာရာဇာမင်းသည်
ဓါးပိုင်ကြီးငသောက်ကြာ မထောက်မထားပြုသဖြင့် လွန်တော်မူသည်။

ဓါးပိုင်ကြီးငသောက်ကြာသည် အဘယမဟာရာဇာမင်းကိုသတ်ပြီး၊ ထိုသက္ကရာဇ် (၁၁၃၅) ခု၊ တပို့တွဲလတွင်
ပန်းသူဇာကိုမိဖုရားပြုပြီး နန်းတက်တော်မူသည်။ စန္ဒသုမနရာဇာအမည်ကို ခံတော်မူသည်။ ထိုစန္ဒသုမနမင်းသည်
အလွန်ဆိုးသွမ်းသော မင်းကြမ်းမင်းယုတ်ဖြစ်သည်။ အကျင့်မဟိ၊ အမျိုးမစောင့်၊ ပညာဟိကိုမသုံး၊ ရှိပညာဟိ
မှူးကောင်းမတ်ကောင်းများကို ညှင်းပန်းနှိပ်စက်ပြုသည်။ အချို့ကိုသတ်ပစ်သည်။ သို့ကြောင့် မှူးမတ်ပညာဟိများ
လွတ်ရာလွတ်ကြောင်းထွက်ပြီးကြရသည်။ အများလူရို့သည် ကံသာမြို့သို့ချည်းရောက်သည်။

စန္ဒသုမနမင်းသည် အမတ်ကြီးရွှေသဲကိုမူကား ရန်ငြိုးထားသည်။ အဘယမဟာရာဇာမင်းထံ မိမိအား
အမတ်မခန့်သင့်ကြောင်း လျှောက်ထားသည်တချက်။ စစ်တွေအုန်းကျွန်းနီကျွန်ရို့ကို ဆုလာဘ်ပီးပြီး
အင်အားပြုသည်ကို လျှောက်ထားသည်တချက်။ ဤအချက်ရို့ဖြင့်အငြိုးရန်ထားပြီး အမတ်ကြီးရွှေသဲကို
သတ်ပစ်သည်။

ပညာဟိအမတ်ကြီးရွှေသဲ သီလွန်သောအခါ မယားမိပန်းရံနှင့် သားငယ်ကျော်စံကျန်ရစ်ခသည်။၂၁၈

လျှောက်ထုံးအမှတ် (၇၁)

စန္ဒ၀ိမလမင်းလက်ထက် နိမိတ်များအကြောင်း လျှောက်ထုံး။

အထက်စန္ဒသုမနမင်းသည် တိုင်းပြည်အလုံး မခံချိအောင်အလွန်ပင်ဆိုးသွမ်းကြမ်းတမ်းသည်။ ထို့ကြောင့်
မူးမတ်အမှုထမ်းများစွာရို့သည် ပြည်သူရို့နှင့်ပေါင်းဖက်ညီညွတ်ကြပြီး တော်လှန်ပုန်ကန်ကြသည်မှာ တိုင်းပြည်အနှံ့
အများအပြားပင်ဖြစ်သည်။ ထိုသို့တော်လှန်ပုန်ကန်ကြသည်ကို သမက်တော်လက်ဝဲမြန်အမတ်
အနန္တသီရိကျော်ထင်ကို တိုက်ခိုက်ယှင်းလင်းစီသည်။ သက္ကရာဇ် (၁၁၃၉) ခု၊ ကဆုန်လတွင်
ကံသာရီကျော်အရပ်သို့ လက်ဝဲမြန်အမတ်သည် သူပုန်ပြုသူများကို တိုက်ခိုက်နှိမ်နှင်းရန်ရောက်လာသည်။

ထိုသတင်းကို စာဘတ်တတ်ဒိုးဝေရို့အုပ်စုကြားသိလတ်၍ လက်ဝဲမြန်ရို့ကို လာရောက်တိုက်ခိုက်သည်။
ဒိုးဝေရို့ဖက်မှ ထိုးလိုက်သောဝါးချွန်တခုသည် လက်ဝဲမြန်အမတ်ကိုထိပါးစူးချသည်။ အနာရလီသောကြောင့်
မြို့တော်မြောက်ဦးသို့ပြန်ပြီးလာသည်။ ရောက်၍လေးရက်ကြာသောအခါ ၀ါးချွန်စူးသောဒဏ်ရာဖြင့်
လက်ဝဲမြန်သီဆုံးသည်။

စန္ဒသုမနမင်းသည် သမက်တော်လက်ဝဲမြန်သီဆုံးခလျှင် ရန်စစ်ကိုနှိမ်နှင်းတိုက်ခိုက်ရန် အားထားရမည့်သူမဟိ
ဖြစ်လတ်သည်။ အမှုထမ်းအများရို့လည်း မိမိကိုမလိုဆန့်ကျင်ပြီး၊ ပြည်သူရို့နှင့်ပူပေါင်း၍သာ ခြားနားပုန်ကန်သည်။
ထို့ကြောင့် စန္ဒသုမနမင်းသည် အလွန်ကြောက်လန့်မှုဖြစ်ကာ သက္ကရာဇ် (၁၁၃၉) ခု၊ ကဆုန်လဆုတ် (၂)
ရက်နိတွင် နန်းမှဆင်း၍ ပြီးလီတော့သည်။၂၁၉

စန္ဒသုမနမင်းနန်းမှ ဆင်းပြီးကြောင်းကို စာဘတ်တတ်ဒိုးဝေ၊ ကွမ်းပုံစားသာမ၊ တုံးကျော်ဝေရို့ကြားသိလီလျှင်
အချင်းချင်းညီညွတ်ပြီး၊ ကိုယ်ရံတော်အမတ်ပိုးရွှေကို မိဖုရားဒါဖြူနှင့် သက္ကရာဇ် (၁၁၃၉) ခု၊ ကဆုန်လဆုတ် (၃)
ရက်နိတွင် နန်းတင်ကြသည်။ စန္ဒ၀ိမလရာဇာဟူသောအမည်ကိုခံတော်မူသည်။ နန်းမှဆင်းပြီးသော စန္ဒ၀ိမလမင်းကို
ပြည်သူရို့ဖမ်း၍ပို့လာကြသည်။ ထိုမင်းကို ရဟန်းပြုပြီး သျှစ်သောင်းကျောင်းတိုက်တွင်ထားသည်။
ထိုစန္ဒသုမနမင်းသည် ဘုန်းကြီးဝတ်ဖြင့်နီရသော်လည်း သီရမည်ကိုစိတ်မချဖြစ်လျှက်ဟိသည်။ သို့ကြောင့်
ဓါးပိုင်ကြီးဖြစ်သော စာဘတ်တတ်ဒိုးဝေအား သမီးတော်ယက်သဲ့မယ်ကိုပီးသည်။

ထိုအခါတွင် ကွမ်းပုံတောင်စားသာမနှင့် တုံးကျော်ဝေရို့သည် မကျေမနပ်ဖြစ်ကြသည်။ ငါရို့ကိုတော့
သမီးတော်မပီး၊ ဓါးပိုင်ကြီးစာဘတ်တတ်ဒိုးဝေကိုရာ ပီးရာသလောဟုဒေါသဖြစ်ကြသည်။ ထို့ကြောင့်
ကွမ်းပုံတောင်စားသာမနှင့် တုံးကျော်ဝေရို့သည် ရဟန်းပြုထား၍ တဆယ့်ငါးရက်မြောက်သောနိတွင်
ကျောင်းကယူ၍ စန္ဒသုမနမင်းကို မင်းထွတ်ဆည်ဝတွင်သတ်ပစ်ကြသည်။ အလောင်းကောင်သည်
ရီတက်ရီကျမျောနီသည်။ သုံးရက်ကြာမှ ဘုရားပေါ်ဘုန်းတော်ကြီးက စန္ဒ၀ိမလမင်းအားမိတ္တာရပ်ခံပြီး၊
ပတိန်းကျွန်းတွင်သဂြိုဟ်သည်။

စန္ဒ၀ိမလမင်းသော်ကား၊ ရှိမှူးကောင်းမတ်ဟောင်းများကိုစိစစ်၍ ပညာအရည်အချင်းအလိုက် တန်ရာပီး၍
မြှောက်မြှင့်ထားသည်။ ပညာဟိအမတ် မြို့သစ်စားရွှေသဲ၏မယားမိပန်းရံကို စားကျေးရိုးကျွန်းနှင့် စိန်တင်
(စိုင်းတင်) ကို ပီးတော်မူပြီးမှ ရှိမင်းရို့နည်း နန်းသူမိဖုရားမောင်းမများကို ရှိထုံးမှန်အောင်ပြသရမည်
မိန့်တော်မူလျှက် အပ်တော်မူသည်။

ထိုမင်းနန်းတက်၍ နှစ်ဆယ့်သျှစ်ရက်ဟိသောအခါ နန်းတော်မှာဖွတ်တက်လာသည်။ ကျားမြို့တွင်းသို့ဝင်ပြီး
မြူးခုန်ပြီးလွှားပြုသည်။ အသံပြင်းစွာဟုန်မြည်သည်။ ပြီးမှ တောသို့ပြန်ထွက်လားသည်။ နွီကာလဖြစ်လျှက်
မိုးကြီးရွာ၍ နန်းတော်ထောင့်စွန်းကို မိုးကြိုးပစ်သည်။ ယင်းသို့ထူးခြားသော အကြောင်းများဖြင့်
အတိတ်နိမိတ်များဖြစ်လာသည်ကို ပြည့်သျှင်မင်းက မြို့သစ်စားမယားမိပန်းရံကို အမိန့်တော်ဟိသည်ကား-

မြို့သစ်စားလည်း ပညာဟိအမတ်မျိုး ရှိရိုးသာကီဝင်မင်းဆက်အရှည်မင်းတိုင်ပင်ခံ ပညာဟိအမတ်ခံလျှက်
ဆက်ကာလာခသူ။ သားမြီးစဉ်ဆက်ပြတ်သည်မဟိခ။ သုမနသည် ဇာဂမဟိ။ ပြည်တန်သောပတ္တမြားကို
စပါးတခွက်နှင့် ရောင်းသောသူနှင့်တူသည်။ ဆိုးကောင်းမသိပြုခသည်။ မြို့သစ်စားကဲ့သို့ အသိအမြင်တူသောသူ
မှူးမတ်မဟိပြီ။ ယခုဖြစ်သော နိမိတ်အကြောင်းကို ရဟန်းပုဏ္ဏားစသောမှူးမတ်ရို့လျှောက်ခကြသော်လည်း
ငါအယုံမဟိ။ မြို့သစ်စားမယားလည်း ပညာဟိနှင့်ပေါင်းဖက်သူဖြစ်သည်။ မြို့သစ်စားမသီမှီိ တိုင်းပြည်
အကြောင်းအရာများကို မည်သို့ပြောဆိုဘူးသည်။.မှတ်သားသိသမျှ လျှောက်ရမည်- အမိန့်တော်ဟိလတ်သည်။

ထိုအခါ မြို့သစ်စားမယားမိပန်းရံ စကားပလ္လင်ခံသည်ကား ပညာဟိနှင့်ပေါင်းဖက်မိသည့်ကျေးဇူးဖြင့် မင်းတိုင်ပင်
ခံရကြောင်း ထုံးဟောင်းဟိပါသည်။ ဤသို့ပြီး ဆက်လက်လျှောက်ထားလီသောလျှောက်ထုံးသော်ကား-

အသျှင်မင်းမြတ်။ အမတ်မြို့သစ်စားပြောဆိုသော စကားမှတ်သားမိသည်မှာ ဓါတ်ကိန်းခန်းအလို မြောက်ဦးမြို့ကို
သက္ကရာဇ်ကောဇာ (၇၉၂) ခုတွင် မင်းစောမွန် နံတော်ကြာသပတီးသားတည်တော်မူသောအခါ၊ တြင်းအလို
စာဟောင်းဆိုသည်မှာ မြောက်ဦးမြို့ဟူသောအရာသည် ရှိကမျောက်နှင့်ဒေါင်းမ အိမ်ထောင်ဖက်ပေါင်း၍ ဤမြို့ရွာ၌
နီကြလတ်သော် ဒေါင်းဥကို မျောက်ယူ၍ ဘုရားသျှင်သို့လှူကြောင်း စာဟောင်းအရ၊ မျောက်မှာယာယီ၊ ဒေါင်းမူလ
ကြာသပတီးသားအစပြုသည်။ စနီသားလက်ထက်မှ မြို့တန်ခိုးပေါ်သည်။ မြို့ချာတိုင်စိုက်သောတွင်းက ကြွက်ဖြူ
တဆယ့်ကိုးကောင်ထွက်လီရာ ဆယ်ကောင်ကြွက်ကိုကျီးချီယူသည့်အလို မင်းဆယ်ဆက် ကုလားပိုင်လီရာသည်။

ဤမြို့တွင်လည်း သာကီနွယ်ဝင်ဆယ့်ခြောက်ဆက်သာ ဖြစ်လီရာသည်။ မြို့တည်တြင်း၌ မျောက်၊ ဒေါင်း၊ ကြွက်၊
ပုစွန်၊ ကျီးကန်း၊ ဖား၊ တောက်တဲ့၊ ကြောင် ထိုနိမိတ်သျှစ်ရပ်ကို ဂြိုဟ်သက်ထား၍ မြို့တော်စန်းလက်နှောမူ

နှစ်ခုစွန်းသည်ကိုဓါတ်ကိန်းပြုလျှက် မြှောက်လတ်သော် သုံးရာ့သုံးဆယ့်သုံးခု မြို့သက်ထွက်ပါသည်။
မြို့တည်ကောဇာ (၇၉၂) ခုတွင် လောင်းသော်သက္ကရာဇ် (၁၁၂၅) ခုတွင်သာ ဤမြို့၌ မင်းဆက်ဟိသည်။ (၁၁၂၅)
ခုတွင် မြို့ပြောင်းကိန်းရောက်သော်လည်း မင်းနှင့်အမတ်ရို့ ကိုယ်ကျင့်သာမူလဖြစ်ကြောင်း အဘယမဟာရာဇာ
မင်းကြီးကိုလျှောက်သောထုံး၊ ပိဋကတ်ဗေဒင်၊ လောကုတ္တရာ၊ လောကီမှုများကို ပြသခပါသည်။

မှတ်လောသျှင်လူ၊ ခပ်သိမ်းသူရို့၊ စွဲယူသင့်ကြောင်း၊ နိမိတ်ပေါင်းကို၊ သူဟောင်းစကား၊ ကျားသားသတ္တ၀ါ၊
မြို့ရွာသို့ရောက်၊ လန့်ကြောက်၍သာ၊ ပြီးလာခမူ၊ ပြစ္ဆာမဟိ၊ မိမိအလျှောက်၊ ၀င်ရောက်မြူးခုန်၊ ပြုတုံသောထွေ၊
နီလာပေက၊ မြို့နေအကြီး၊ အပြီးစိုးနှောင်း၊ ခန္ဓာပြောင်းလိမ့်၊ အကြောင်းအမှာ၊ သတ္တ၀ါပင်၊ ပြင်းစွာအသံ၊
မြည်တုံပြန်က၊ မချွတ်မြို့ရွာ၊ ပျက်တတ်စွာတည့်၊ မြွီဖားဖွတ်မျောက်၊ အိမ်သို့ရောက်သော်၊ နောက်ကိုမနီ၊
စွန့်ပစ်လီချင့်၊ လင်းမြွီငန်းကျား၊ တက်လာမှားအံ့၊ အလားသင့်ဝင်၊ အိမ်သျှင်နွမ်းရိ၊ ဟိသူမှန်စီ၊ ဖြားရီကဲ့သို့၊
တက်ဖို့စီးပွား၊ ချမ်းသာများလိမ့်၊ ကြီးမားဂုဏ်သျှင်၊ ဖြစ်ခလျှင်လည်း၊ ကုန်စင်နိမ့်ကျ၊ ပျက်ရမချွတ်၊ အမှတ်ရှိလာ၊
စာကျီးဆက်ရက်၊ သုံးရပ်ငှက်မ၊ နားသမျှမှာ၊ ယတြာပေ၊ ပြုလေခေါင်းဆီး၊ ခါပီးသင့်လှ၊ ထိုမှတခြား၊
တည်ပျားအိမ်တွင်၊ ၀င်၍ခေတ္တ၊ နိမိတ်ပြသော်၊ ကြီမွထွားညက်၊ အသက်ကိုမျှ၊ အရကြိုးလီ၊ အနီသင့်စွ၊
ကာလအရှည်၊ အုံနှင့်တည်၍၊ ပျံသည့်အခါ၊ အရသာကြည်၊ သူ့အရည်ကို၊ ယူပေဆောင်ငြား၊ ထိုပျားလားရာ၊
ယတြာဖြင့်၊ နံ့သာမွှီးပျောင်း၊ ဖယောင်းဆီမီး၊ သစ်သီးပန်းမျိုး၊ ရီပြည့်အိုးတွင်၊ မညှိုးသပြီ၊ မြီဇာစံကား၊
စိုက်ထားစီလျှင်း၊ သဲကိုခင်းလျှက်၊ နိချင်းတွင်ပင်၊ လင်နှင့်မယား၊ နှစ်ပါးစုံစွာ၊ ခေါင်းဆီးရာ၏။ ရသာစုံပေ၊
ထိုပျားရည်ကို၊ အနီမပျက်၊ ထားလျှက်ပျံသော်၊ ကောင်းချီကျော်၍၊ လိုတော်ဟိကုန်၊ ပြီးပြည့်စုံချင့်၊ လူ့ဘုံထင်ရှား၊
အကျိုးများလိမ့်၊ မှတ်သားစွဲသုံး၊ ရှိထုံးက၀ိ၊ ပညာဟိရို့၊ အသိလိမ္မာ၊ အက္ခရာစည်း၊ ကမ္ဗည်းအတွက်၊
မိုးကြိုးစက်လည်း၊ လူ့ထက်တွင်သာ၊ ကျပြန်လာမူ၊ ထိုသူကိုယ်၌၊ မခိုက်မထိ၊ ပကတိလျှင်၊ ဟိသည်ဖြစ်သော်၊
တန်ခိုးကျော်၍၊ ထင်ပေါ်စရိုး၊ ဘုန်းတံခိုးကြီး၊ ပုတီးကျောင်းသိမ်၊ အချိန်သင့်ချင်၊ သစ်ပင်တောတောင်၊
တောက်လောင်ပစ်ချိုး၊ နတ်ဆိုးမိစ္ဆာ၊ ခိုဝင်ရာသည်၊ အိမ်မှာကျလတ်၊ ဥပါဒ်အဖြီ၊ အနီစွန့်ပစ်၊ အိမ်သစ်ဆောက်မှ၊
ချမ်းသာရသည်။ လောကမှတ်သုံး၊ ရှိကျင့်ထုံး-

ထိုသို့ ရှိပညာဟိမယား လောကီထုံးဟောင်းနှင့်လျှောက်လတ်သော် စန္ဒ၀ိမလမင်းသည် အလွန်ကြိုက်တော်မူ၍
မိပန်းယံကို၊ သီရီမလ္လာဟူသောအမည်ကို ပီးအပ်တော်မူသည်။

လျှောက်ထုံးအမှတ် (၇၂)

စန္ဒ၀ိမလမင်းလက်ထက် စနည်းသုံးရပ်အကြောင်းလျှောက်ထုံး။

ထိုစန္ဒ၀ိမလမင်းနန်းတက်ပြီး၍ မကြာမြင့်မီကာလ၊ တောင်စဉ်သားရို့ချီလာကြောင်းကြားသိရလတ်သည်။
စနည်းနာစီရာ စံကားတောင်တန်းခါးဝတွင် မိမ္မတယောက်က-

အိမ်တွင်မွီးထားသည့်ကြွက် ညောင်ခေါင်းကကောင်းသည်နှင့်၊ ကြောင်ဆိုးလာလျှင် သီမည်စိုးလှသည်။
ကျောင်းသို့ပို့ထားရမည်။

ထို့နောက် ဒုတိယ စနည်းသော်ကား-

ပတ်ကျိနှစ်ကောင် အိမ်မိုးခေါင်သို့ တက်လာရာ၊ ဥဗျိုင်းအဖျားနား၍ အိမ်မိုးပျက်သည်။

ထို့နောက်တတိယစနည်းမှာ-

ဈီးချောင်းနားတွင် လူတယောက်ဆိုနီသည်ကား- ကြွက်စားသည့်ခွီးကြောင့် အိမ်ပုတ်သည်။ မြုံလာလျှင်
ပီးလိုက်ရမည်-

ယင်းသို့စနည်းသုံးရပ် တြင်းအလိုကို ဓါးပိုင်ကြီးအမတ်ရို့ လျှောက်လီသောထုံးမူကား-

အသျှင်မင်းမြတ်။ ပထမစနည်းမှာ- အိမ်ဟူသည်ကား- ဤမြောက်ဦးမြို့တော်၊ ကြွက်ဟူမူကား

အသျှင်မင်းမြတ်နံတော်၊ ကြောင်ဆိုးလာလျှင်သီမည် စိုးလှသည်မှာ- ယခုလာသော တောင်စဉ်သားရို့သည်
ကြောင်သူခိုးနှင့်တူပါသည်။ အသျှင်မင်းမြတ် စစ်ပြိုင်၍ နိုင်မည့်အကြောင်းမဟုတ်။ ကျောင်းသို့လား၍
ရဟန်းပြုတော်မူရမည်ဟု ဆိုလိုသည်။

ဒုတိယစနည်းအရသော်ကား ပတ်ကျိနှစ်ကောင် အိမ်မိုးခေါင်သို့တက်သည်ဆိုသည်မှာ ကမ်းယံဘလဲမျိုးရို့သည်
ပတ်ကျိကိုစားသည့်လူမျိုး၊ ဤမြို့တော်မှာ ကမ်းယံဘလဲမျိုး ပက်ကျိစားနှစ်ဆက်မင်းဖြစ်မည်ဟု ဆိုသည်။

ဗျိုင်းနား၍ အိမ်မိုးပျက်သည်ကား- ဗျိုင်းနံသည် မြန်မာကိုလည်းရပါသည်။ ရှိဓာတ်ကိန်းထားခသော
မြောက်ဦးနတ်သမီးသိုက်အဆိုမူလည်း-

ကုလားအဖိ၊ ပြူကအိ၊ မချိမြန်မာ၊ ဖီးမလွတ်ရာကိုခို။

သဟဿပေါ်၊ ရာကျော်စတု၊ ဆပသျှူတွင်၊ မြောက်ဦးမြို့ကြီး၊ သမထီး၊ ဒိုင်းကျီဘုရားပေါ်၊ လှီတော်မယှား၊
စည်ကားတန်းထားခင်းလိမ့်မည်၊ ထီးစည်အဟိ၊ ၀ါလလိ၊ ကောဋိအဌ၊ သဟဿ၊ ဆသို့ရောက်ခါ၊ တရုတ်ကမိုး၊
ပြူကငြိုး၊ ပဂိုးအထောင်၊ သျှမ်းကမျှောင်၊ တထောင်ကုလား၊ မီးပွားစစ်ကြီးဖြစ်လိမ့်မည်။ ယင်းသောအခါ၊
မရမာရို့၊ ချမ်းသာစီကြောင်း၊ မရိပ်ချောင်းသို့ခို - ဆိုသော သိုက်လည်းဟိပါသည်။

တတိယစနည်းအလို ကြွက်စားသည့်ခွီးကြောင့် အိမ်ပုတ်သည်၊ မြုံလာလျှင်ပီးလိုက်မည်၊ အလိုသော်ကား-
အသျှင်မင်းမြတ်ကိုဖျက်ဆီးရန် ယခုလာသူသည် တလင်္လာသားဖြစ်ပါသည်။ အသျှင်မင်းလည်းပျက်ပါမည်။
ထိုသူရို့လည်း မြုံလာမည်ဟူသောစကားအရ မြုံနံသည် ပြူကိုရသည်။ ပြူရို့ကို ဖျက်ဆီးခေါ်ယူလီရာသော
အကြောင်းဟု ဆိုလိုသည်။

တကြောင်းတုံလည်း အသျှင်မင်းမြတ်မင်းရို့ အထွတ်အထိပ်ရောက်သောအခါ၌ ထိုမင်းသည် နန်းသက်မည်မျှ
နီရအံ့သောအကြောင်းကို နိမိတ်တြင်းထင်မြင်မြဲ၊ ရှိပညာဟိရို့ဆိုခသောထုံးဟောင်းနှင့်အညီ အသျှင်မင်းမြတ်
နန်းသိမ်းတက်တော်မူသောအခါ ကျွန်တော်နှလုံးသွင်း၍ကြည့်သော် ကျွန်တော်ယပ်ချ၍ထားရာအောက်၌
ကြွက်တကောင်ဝင်လာသည်။ ထို့နောက် ကြိုးကြာငှက်မြည်သံကြားပါသည်။ ထို့နောက်
နန်းတက်မီးပေါက်ဖောက်ရာ နှစ်ချက်အသံထွက်၍ ထို့ပြင်ဖောက်သော မီးပေါက်မှာသှူပါသည်။

ယင်းသို့နိမိတ်အလို ယပ်အောက်ကိုကြွက်ဝင်သည်မှာ ကြွက်သော်ကား အသျှင်မင်းနံတော်။ ယပ်မှာ
လေးခုရပါသည်။ နန်းသက်လေးရက်၊ ထိုကလွန်သော် ရက်ပေါင်းလေးဆယ်၊ ထိုကလွန်သော်လေးနှစ်၊
ဤသုံးချက်အလွန်ပြီး ယပ်သည်ရဟန်းနံ၊ အသျှင်မင်းမြတ်လည်း ရဟန်းပြုတော်မူရအံ့ယူပါသည်။ ထို့နောက်
ကြိုးကြာငှက်အသံကြားပြန်သည်မှာ နောက်တလင်္လာသားမင်းဖြစ်အံ့ယူပါသည်။ မီးပေါက်နှစ်ချက်ရာ
အသံထွက်သည့်အလိုသော်ကား ဤမြို့တော်တွင် နောက်ကိုမင်းနှစ်ဆက်ရာဟိတော့သည်။

အသျှင်မင်းမြတ်။ ရှိပညာဟိရွှေသဲဆိုခသော စကားဓါတ်ကိန်းခန်းကို မယားသီရိပလ္လာမိပန်းရံ
တင်လျှောက်သောအကြောင်းလည်း စာဟောင်းထွက်မှန်ပါသည်။ ထိုသို့ဓါးပိုင်ကြီးရို့တင်လျှောက်လတ်သော်
စန္ဒ၀ိမလမင်း အမိန့်တော်ဟိသည်ကား-

သတ္တ၀ါရို့ ကပ်ဥပါဒ်အလျှောက် ဆိုက်ရောက်လာသောအကြောင်း တောင်စဉ်သားဘလဲလည်း မင်းဖြစ်အံ့သော
နိမိတ်တြင်းပြလာသည်။ ရှိအကျိုးပီးရာကံကုသိုလ်မြောက် တယောက်ပေါ်မှ ဟိရင်းလူက လုံ့လ၀ီရိယ
ထုတ်သော်လည်း ကံအကျိုးပီးကုန်ခြင်းကြောင့်ပျောက်ရသည်သာ ဓမ္မတာဖြစ်ချေသည်။ ပြည်သားပြည်သူ
ပင်ပန်းသီကြီအောင် ငါစစ်မထိုးပြီမိန့်တော်မူပြီးမှ နန်းတက်၍ အရက် (၄၀) ပြည့်သောနိတွင် ရဟန်းပြု၍
သျှစ်သောင်းသိမ်တွင်နီတော်မူသည်။

ထိုမင်းနောက် တောင်စဉ်ရမ်းဗြဲသား ဗိုလ်မင်းအောင်စန်သည်၊ နန်းတက် မိဖုရားစိန်ခိုင်နှင့် သက္ကရာဇ် (၁၁၃၉) ခု၊
နယုန်လပြည့်ကျော် (၁၃) နိတွင် ထီးနန်းတက်၍ မင်းပြုသည်။ ဓမ္မရာဇ်ရာဇာအမည်ကိုခံသည်။

ထိုမင်းလွန်ပြီးနောက် တူတော်လက်ဝဲမြန်သတိုးအောင်သည် မိဖုရားစောမယ်ပုံနှင့် သက္ကရာဇ် (၁၁၄၄) ခု၊

တန်းဆောင်ဘုန်း လပြည့်ကျော် (၁၄) ရက်နိတွင် မဟာသမ္မတမင်းအမည်ဖြင့် ထီးနန်းစိုးစံတော်မူသည်။ သက္ကရာဇ်
(၁၁၄၆) ခု၊ ပြာသိုလပြည့်ကျော် (၁၅) ရက် လကွယ်နိတွင် ဘိုးတော်ဘုရား၏သားတော်
အိမ်ရှိမင်းဥပရာဇာလက်သို့ ရောက်သည်။

ရခိုင်ပြည်သည် ထိုအချိန်မှစ၍ ထီးနန်းမင်းဆက်ပြတ်သည်။ စန္ဒ၀ိမလမင်းနန်းတက်သောအခါ မီးပေါက်သေနတ်
ပစ်ဖောက်ရာ နှစ်ချက်သာအသံထွက်ပြီး၊ နောက်ပစ်ဖောက်သော မီးပေါက်သေနတ်များ အသံမထွက်ဟိခသည်ကို
ဓါးပိုင်ကြီးအမတ်ရို့က နောက်ကို ဤမြောက်ဦးမြို့တော်၌ မင်းနှစ်ဆက်စိုးစံရန်ဟိတော့ကြောင်း
မင်းထံလျှောက်ထားခသည်မှာ မှန်လီတော့သည်။

နန္ဒာထွန်း
(28/12/97)

ကျမ်းကိုးစာရင်း
--------------
၁။ ဓည၀တီအရေးတော်ပုံ အသျှင်က၀ီသာရမထေရ်၊ သံတွဲမြို့
၂။ မဟာပညာကျော်လျှောက်ထုံး အသျှင်ကတိသာရမထေရ်၊ သံတွဲမြို့။
၃။ ရခိုင်ရာဇ၀င်သစ်ကျမ်း ဦးစန္ဒာမာလာမင်္ကာရ၊ ရမ်းဗြဲမြို့တောင်။
၎။ ဓည၀တီရာဇ၀င်သစ်ကျမ်း အထက်ကျောင်းတော်ဆရာတော် ဦးဥာဏ (ပထမတွဲ) ရသေ့တောင်မြို့။
၅။ ငမည်ရာဇ၀င် ပီမှဆင့်ကူးမူ။
၆။ မင်းရာဇာကြီးအရေးတော်ပုံ။
၇။ မဟာရာဇ၀င်တော်ကြီး (ဦးသာထွန်းအောင်)။
၈။ ၀ိမလလျှောက်ထုံးများပီမူ (စာရွီးသူထံဟိ)။
၉။ ဦးဦးသာထွန်း၏မှတ်စုများ လက်ရွီးမူ။
၁၀။ ဖားပြုတ်ကေရာဇ၀င် ပီမူ၊ ဦးပညာစာရ။
၁၁။ ငစည်ရာဇ၀င် မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်း၊ စစ်တွေ။
၁၂။ ရခိုင်ကျမ်းနတ်ဓမ္မသတ်၊ ဦးပညာစာရ၊ မဟာမုနိဗုဒ္ဓ၀ိဟာရ။
၁၃။ သစ္စနိဒါန်းကျမ်းပီမူ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်။
၁၄။ ဒိုးဝေရာဇ၀င်ပီမူ၊ မြို့မကျောင်းတိုက်၊ တောင်ကုတ်။
၁၅။ မောင်ပုံရာဇ၀င်ပီမူ။
၁၇။ ကျောက်ရိုးရာဇ၀င်လက်ရွီးမူ၊ စာရွီးသူထံဟိ။


(ရက္ခိတရို့ဆုံရပ်မြီဘလော့မှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။