“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

“ရခိုင်ရို့ လွတ်လမ်းကို မှန်းမျှော်ကြည့်ခြင်း”

ခိုင်အောင်အောင်

အချိန်ကာလဆိုရေ အသက်သွီးနန့် လည်ပတ်ပနာအသက်ရှင်နိန်ရေ ရာစုသစ်ပင်က ပြက္ခတိန် ရွက်ဟောင်းချေတရွက်ကြွီကျလားခြင်းပဂျီကားချပ်ချေတခုကိုခင်းကျင်းပြသနိန်ရေအချိန်မှာနောက် ထပ်ရွက်နုချေတရွက်က အဆင်သင့်ဖူးသစ်ဗျာလ် ထွက်လာလတ်ဖို့  တာစူနိန်ရေ။ ရာသီ သဘာဝ က မျိုးဆက်မပြတ်လက်ဆင့်ကမ်းလားခြင်းကို တာဝန်မပျက်လုပ်ဆောင်ပီးနိန်ရေလို့ 
ပြောကတ်ရဖို့ ထင်ရေ။ ဒေပိုင် ရာစုသစ်ပင်ကရွက်နုပြန်ရေအချိန်မှာ ရခိုင်ရို့ အတွက်က သွီးမတိတ်သိမ့်ရေ သမိုင်းအနာကို ပျောက်အောင်ကုသဖို့  ဆီးရှာလို့ မတွီ့ နိုင်သိမ့်ရေ ဘ၀ကို ရောက်နိန်ကတ်ရရေ။ ဇာပင်ဖြစ်ဖြစ် လူတိဖန်တီးရေ ပြဿနာအားလုံးကို လူတိဖြေရှင်းနိုင်ရေ ဆိုရိုး စကားအတိုင်း အတိတ်ကအရှုံးကို ပြောင်းပြန်လှန်ပနာ အောင်မြင်ခြင်းအနာဂတ်သစ်ကို တည်ဆောက်လားနိုင်ဖို့  က ပစ္စက္ခမှာ ကျင့်သုံးသင့်ရေ အကောင်းဆုံးမဟာဗျူဟာနည်းဗျူဟာပင် ဖြစ်တေလို့ ထင်မြင်မိရေ။

ကမ္ဘာ့လူ့ သမိုင်းမှာ အရပ် ၅ ပေ ရာဟိရေ ကျွန်သားချေတယောက်က ဥရောပတိုက်ကြီးတခုလုံး ကို သိမ်းပနာ ပြင်သစ်အင်ပါယာကို ထူထောင်နိုင်ခရေ။ ယင်း ကျွန်သားချေ နပိုလီယံ ဘိုနာဘတ် (Napoleon Bonaparte) ၏ စိတ်ကူးအိမ်မက်က တခုတည်းရာဟိရေ ဥရောပကို ဖွဲ့  စည်းတည် ဆောက်ရေးပင် ဖြစ်တေ။ ဒုတိယကမ္ဘာစစ်အလွန်မှာ ဖြစ်တည်လာရေ ဒေနိန့် ကာလ ဥရောပ သမဂ္ဂရေ နပိုလီယံ မက်ခရေ အိမ်မက်အပိုင်းအစကောက်ကြောင်းတိကို ချဉ်းကပ်မှုပုံစံသစ်နန့်  ဆက်စပ်ထားခြင်းပင် ဖြစ်တေလို့  ပြောကေလွန်လီဖို့ မထင်မိပါ။ နပိုလီယံက “တော်လှန်ရေးကို တည်ဆောက်လို့ မရရေပိုင် ရပ်ထားလို့ လေ့မရနိုင်ပါ။ အနိုင်ရဟိခြင်းလုံ့  လစွမ်းအားတိနန့်  လမ်းညွှန်ပြခြင်းကို မျိုးဆက်သစ်အချေတိပါးကို လက်ဆင့်ကမ်းပနာ ပီးခြင်း တခုတည်းကရာ တော်လှန်ရေးကို အောင်မြင်နိုင်စီရေ” လို့ ပြောခဖူးပါရေ။ တထပ်စာ အတွေးအခေါ်နန့် ရေရှည်ကို မကြည့်ပဲ တော်လှန်ရေး တော်လှန်ရေးလို့ ထိုင်အော်နိန်ခြင်းက တော်လှန်ရေး၏အောင်မြင်မှု ပန်းတိုင်ပန်းဖူးကို မဆွတ်ခူးနိုင်လို့ ပြောခြင်းပင် ဖြစ်တေ။ နောက်ပြီးကေ သူပြောခရေ စကားချေ တခွန်းက “ခေါင်းဆောင်ဆိုစွာ မျှော်လင့်ချက်တိကို မျှဝီပီးရေ လူတယောက်ဖြစ်တေ” လို့  ဆိုပါရေ။ သေချာနိန်စွာတခုက အနာဂတ်အတွက်လားရာအမြင် (vision for future) တခုမဟိပဲ ခေါင်းဆောင်မဖြစ်လာနိုင်လို့ ပြောကတ်ရဖို့ ထင်ရေ။
နောက်ထပ် အရပ် ၅ ပေ နန့်  ၂ လက်မရာဟိရေ လူတယောက်က လူဦးရေသန်းပေါင်းနှစ်ရာ ကျော်လောက်ကို ဆင်းရဲမွဲတေခြင်းနွံထဲက ဆွဲထုတ်ပီးနိုင်ခရေလို့ ပြောကေယုံကတ်ဖို့ လား။ သူ့  ၏ရေရှည်အမြင်ဖြစ်တေ ဖွံ့ ဖြိုးတိုးတက်ရေးနန့် ခေတ်မှီခြင်းအတွက် တန်းခါးဖွင့်ပေါ်လစီက အဂေါင်ဂေါင့် နှစ်ပေါင်း ၃၀ အတွင်းမှာ သန်းပေါင်းရာချီရေ ဆင်းရဲသားနင်းပြားတိ ဘ၀ကို ပြောင်းလဲစီပနာ စီးပွါးရေးဖွံ့ ဖြိုးတိုးတက်တေ ဒေနိန့် ကာလတရုတ်ပြည် ဖြစ်လာအောင် လမ်းညွှန်ပြပီး ခရေ။ သူ့ နာမေက တိန့် ရှောင်ဖိန့်  (Deng Xiaoping)။ သူက “ကြောင်တကောင် မဲခြင်းဖြူခြင်းထက် ကြွက်ဖမ်းတတ်ကေ ယင်းကြောင်ရေ ကြောင်ကောင်းဖြစ်တေ” လို့ ပြောခဖူးရေ။ တရုတ်ကွန်မြူနစ်ပါတီက အုပ်ချူပ်ထားကေလေ့ ဆိုရှယ်လစ်တန်းခါးပိတ် စီးပွါးရေး စနစ်တခု တည်းကို တရားသီဆုပ်ကိုင်မကျင့်သုံးပဲ ပြင်ပကမ္ဘာနန့် ဆက်သွယ်ပနာ ဈီးကွက် စီးပွါးရေးစနစ်နန့်  တိုင်းပြည်က ထိန်းချူပ်မောင်းနှင်ရေအရင်းရှင်စနစ် (State Capitalism) ကို အကောင်အထည် ဖော်ဗျာလ် ခေတ်မှီဖွံ့ ဖြိုးတိုးတက်ရေးကို ချီတက်လားကတ်ဖို့  ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ သစ်ကို ချမှတ်ခရေ တိန့် ရှောင်ဖိန့် ၏ စီးပွါးရေးတန်းခါးဖွင့်မူဝါဒသစ်က တရုတ်ပြည်ကို ခေတ်သစ်တခုပါးကိုရောက်လားအောင်ပို့ ပီးလိုက်တေလို့  ဆိုကေမှားလီဖို့ မထင်မိပါ။
လူ့ အဖွဲ့ အစည်းနိုင်ငံတခုပြောင်းဖို့  လားရာအမြင်သစ် (new vision) ကို စိုင်းစားတွေးခေါ် ဦးဆောင်ချမှတ်နိုင်စွမ်းဟိရေ ခေါင်းဆောင်တိလိုရေပိုင် ထိုချမှတ်လိုက်တေ မဟာဗျူဟာတိကလေ့ လူတိ၏အခြေခံဘ၀နန့် သဟဇာတဖြစ်ပနာထပ်တူကျဖို့ တော့ လိုရေလို့ ထင်မိရေ။ ဖြစ်နိုင်ခြေ (possibility) ကို အရင်းတည်ထားရေ လမ်းညွှန်မှုကရာ ဖြစ်နိုင်ခွင့် (opportunity) ကို သယ် ဆောင် ယူလာပီးနိုင်ဖို့ စွာက ကျိန်းသီနိန်ရေ။ ဟားဗတ်တက္ကသိုလ်ပါမောက္ခ ဂျိုးဇက်ညီး (Joseph Nye) ၏ ခေါင်းဆောင်ဖို့ ပါဝါတိ (Powers to lead) ဆိုရေ စာအုပ်မှာ ပါဝါမာ (Hard power)နန့်  ပါဝါပျော့(Soft power) ပေါင်းထားရေ လိမ္မာပါးနပ်တေပါဝါ (Smart power) ကရာ သတင်း နည်းပညာခေတ်နန့် ရက်ပြတ်ပြောင်းလဲနိန်ရေ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနယ်ပယ်မှာ အခရာ ကျအဓိကဖြစ်တေ ခေါင်းဆောင်နိုင်မှုအရည်အချင်းတခုဖြစ်လာဖို့ လို့  လေ့လာသုံးသပ် ထောက်ပြ ထားရေ။
အနှစ်ချူပ်ပြောရဖို့ ဆိုကေ ရခိုင်ရို့ လွတ်လမ်းက ခေါင်းဆောင်နိုင်စွမ်းဟိရေ နိုင်ငံရေးမျိုးဆက်သစ် တိလက်ထဲမှာရာ ဟိနိန်ရေလို့ ပြောကတ်ရပါဖို့ ။ ဒေနိန့် ကာလ နိုင်ငံရေးမျိုးဆက်ဖြစ်ချင်နိန် ကတ်တေ ရခိုင်တိ အနာဂတ်ကို ဇာလောက်ထိအ၀ီးကြီး ကြည့်နိုင် မြင်နိုင်စွမ်းဟိလေ ဆိုရေ လားရာအမြင်မှာ အခြေတည်ပနာ နိုင်ငံရေးအခင်းအကျင်းသစ်က ဖြစ်ပေါ်လာနိုင်ရေ။ အနာဂတ်စွာ ပစ္စက္ခက မွီးထုတ်ပီးလိုက်တေ ရလဒ်ကိုခင်းကျင်းပြသခြင်းရာ ဖြစ်လို့  လက်ဟိအခြေအနေမှာ ဇာလောက်ထိပြင်ဆင်ထားကတ်ဗျာလ်လေ ဇာပိုင်နိုင်ငံရေးအမြင် နန့် နှစ်ပေါင်းရာချီနိန်ရေ ရခိုင်ရို့  လူ့ ဘောင်အဖျက်ခံနိန်ရခြင်းကို ပြုပြင်တည်ဆောက်လားကတ်ဖို့  လဲ ဆိုရေ မိန်းခွန်းကို အဖြေရှာ နိုင်ကေ ရခိုင်ရို့ ၏ခေတ်ဆန်းချိန်ကို ပိုင်ဆိုင်လာကတ်ရဖို့ စွာက မလွဲပါ။ ။ ။ 

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။