ထို..ရှေးအခါက
သာဂီနွယ်ဖွား ရက္ခိုင်သားစွာ
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနန့်
ကိုယ့်မင်းအုပ်ချုပ် ဘုရင်လုပ်ခါ
စားသောက်ပြည့်စုံ ကုံလုံပြည့်ဝ
ချမ်းသာခပြီး
သာယာစည်ပွား နတ်ပြည်လားသို့
ရက္ခိုင်သတင်း ကျော်ဇောခြင်းကား
ကမ္ဘာသို့တိုင် သင်းပျံ့လှိုင်ခ။
“ဥသြရီသောက်” သက္ကရာဇ်ရောက်မှာ
လှပသာယာပြည်ရက္ခာကား
စည်တော်လည်းပျောက် ထီးနန်းပျောက်ပြီး
ဗမာအောက်သား မိစ္ဆာများရို့
နန်းတော်စီရီ မွီသရီနန့်
ကျောင်းကန်ဘုရား ဇာတီများပါ
မြီလှန်မီးတိုက် ဖျက်ဆီးပစ်တေ။
ထိုချိန်ကစ ပြည်ရက္ခမှာ
အမျိုးဘာသာ သာသနာနန့်
စာပီယည်ကျေးမှု အစုစုရို့
ပျောက်လုမှိန်မှိန် ဖြစ်ရရေ။
အဂုတချက်ကြည့် အတိတ်သမိုင်းမှာ
ခန်းနားကြီးကျယ် ရက္ခိုင်ပြည်ကား
သူများလက်အောက် ကျွန်သဘောက်နန့်
သေးငယ်ရပ်ထု ပြည်နယ်တခုဖြစ်
မိ,ဖ မဲ့သား ပမာလားသို့
ဂျောင်မှာထိုးထား ခံထားရစွာ
နှစ်ပေါင်းနှစ်ရာကျော် ကြာလခဗျာယ်။
အိုး...
ငါ့ရို့သွီးသား ရက္ခိုင်များရို့....
ငါ့ရို့အဖ ပြည်ရက္ခကို
ကျွန်ဘဝက လွတ်မြောက်ရအောင်
ဇာသူခွဲခွဲ သွီးမခွဲဘဲ
လုံးဝစစ်မှန် Arakan ဟု
Liberation Day ရဖို့ရေးကို
ငါ့ရို့လုံးလ အားထုတ်သင့်ဗျာယ်။
................
၂၀-၁၁-၂၀၀၅
0 မှတ်ချက်:
Post a Comment