အဝေး …..သူငယ်ချင်း
မင်းလေ့ရခိုင် ငါလေ့ရခိုင်
မျိုးရခိုင်လို့ ပါးဇကနီ
တစ်ဝီ၀ီနန့်
ခေါ်နိန်ခကတ်တေ ငါရို့တိလေ။
အဂုအခါမှာ..
မင်းကတစ်နိန်ရာ ငါကတစ်ခြား
နယ်မြီကခြား ရီကခြားလို့
ရောက်နိန်ကတ်တေ ငရို့တိလေ။
ရခိုင်အသံ စာရွီးမှန်ကို
မင်လည်းမကြံ ငါလည်းမဖတ်
သူကလည်းမရွီး အသီးသီးကေ
ဇာသူလာလို့ ဖတ်,ရွီး ဖို့လဲ။
ယေကေဇာခါ ယင်းစာပီမှာ
ရှေ့ကိုတိုးဖို့ မဆိုထားကေ့
မင်းနန့်ငါရို့ ရှိမှောက်မှာဝယ်
ပျောက်ကွယ်ဖို့ခါ နီးနိန်ပါဗျာလ်။
ယေကေဇာခါ နောက်လာသူရို့
ဇာမှာလဲ ငါ့ရို့စာဆိုပနာ
ရှိကလူတိကို ညံရေဆိုပနာ
အပြစ်တိဂါ မမြင်သင့်လား။
အပြစ်မမြင်စီချင် ယင်းသူရို့အထင်ကို
ငရို့မှာအဘိဓာန် မဟိကေလည်း
ငရို့လီသံ စာကြောင်းမှန်ကို
ရွီးပနာထားခ ပြသခကေ
နောက်လာနောင်သား မျိုးဆက်များရို့
သတိချေရာ ၀င်ခပါကေ
ငရို့တိအတွက် ရနံ့ကြိုင်သင်း
ဂုဏ်သတင်းကောင်း ဖြစ်လောက်တေဝေ။
နောင်လာနောက်လူ ရခိုင်သူရို့
သတ်ပုံပြောင်းပြန် စာပီသံကို
သူရို့ခံစား မြင်ဖန်များကေ
“ဒေမှာဒေဝေး ငရို့စာဒေ”လို့
ယင်းပိုင်အားမာန် မြည်ဟီးသံနန့်
ဂုဏ်ယူပနာ ပြောနိုင်လီအောင်
ငရို့ရွီးထား, ဖတ်ထား သင့်ရေ...။
..........................
(ASMAဘလော့မှ)
0 မှတ်ချက်:
Post a Comment