“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

အချိန်တိုင် လွမ်းမိပါရေ ချစ်သူ

သတိတရနန့်
အမှတ်ရဖြစ်နီခရေ ဓါတ်ပုံတိကို
အခါခါကြည့်ယင်း
ငါ၏စိတ်ကူးပုံရိပ်တိကလည်း
အယင်တစ်ချိန် သူနှင့်အတူဟိခဖူးရေ အချိန်တိကိုရာ
တမ်းတနီမိရေ.. ။

ဟောင်းနွမ်းလားရေ
ပြက္ခဒိန်ပေါ်က နိန့်ရက်တိကလည်း
ငါ့ကို
ဟားတိုက် ရီမောနီကတ်တေ ချစ်သူ..။

အခုတော့
ငါ့မျက်ရည်တိ ဝေ၊
သံယောဇဉ်အိပ်မက်တိနန့်
နှစ်သိမ့်ပီးဖို့
စကားသံချေ တစ်ချက်တောင် မကြားရဘဲ
နီးလျှက်နှင့် ၀ီးနီရစာ အဖြစ်လား ချစ်သူ… ။

ငါရောက်ဖူးခရေ နိန်ရာတိုင်းက
အတူတူ ခြီချ
လျောက်ဖူးခရေ နိန်ရာတိရာလေ..။

အဂုကျကေ
အရာရာတိုင်းက
အရိပ်တိပိုင် ကျန်နီခကတ်ယာလား
ချစ်သူ..။

ကမ္ဘာကြီး၏ ပြောင်းလဲမှုတိထဲမှာ
တည်မြဲနီရေ လောကကြီးအကြောင်းကို
အမြဲရှာဖွီနိန်တုန်းရာ။

ရည်ရွယ်ရာမဟိရေ
လူတိကြားမှာ နီထိုင်ယင်း
ဘ၀ကို ဖြစ်ပိုင် နီပစ်ချင်ရေ။

ကံတရား၏ အချိုးအကွေ့ထဲမှာ
တစ်ခါတစ်ရံတော့ သာယာမှုချေတိနန့်
တအောင့်ချေလောက်တော့
လူတိုင်ခံစားချင်ကတ်ဖို့ရာ.. ။

မပြောင်းလဲရေ သံယောစိုင်တိကို
ရင်ထဲမှာထာဝရ သိမ်းထားယင်း
ငါက...
မေတ္တာငတ်တေ လူတစ်ယောက်
ဖြစ်လားယာလား ချစ်သူ..။

ငါသိပါရေ..
ငါမပျော်ပိုင် သူလည်းပျော်နီဖို့ဆိုစာ
မဟုတ်မှန်းကို.. ။

ယေကေလည်း
ဟန်ဆောင် မျက်နှဖုံးတပ်ပြီးကေ
နီတတ်တေ သူ့အဖို့
အရာရာတိုင်းက ပုံမှန်ပိုင် ဟိဖို့မှန်း
ငါသိနိုင်ပါရေ..။

ပီးခဖူးရေ အမှတ်တရလို့
ထူးဆန်းခမ်းနာပနာ မဟိခကေလည်း
အတူဟိခရေ အချိန်တိုင်းကို
ငါမြင်ယောင်တမ်းတတိုင်း
တိုက်ဆိုင်မှုဆိုစာထက်
အချိန်တိုင်း လွမ်းမိပါရေ ချစ်သူ.။

---------------
(ကျောက်ဖြူသူချေ ဘလော့မှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။