“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

မင်းနီရပ်သို.အလည်တစ်ခေါက်( ဆက်ရန်)

အပိုင်း(၁)

မြန်မာအဲယားဝေး လီယဉ်ချေ သည် တရွိတရွိနှင့်ရိုးမတောင်ထက်သို. တက်လာနိန်ချိန်တွင် အကျွန်နှလုံးသားများ တတုန်းတုန်းခုန်လာသည်။ ခောတ်မမှီ ဆီးရောင်တိကွာ၊ ခောတ်နောက်ကျနိန်ပြီဖြစ်သော ထိုခောတ်ကျောက်သီးအရွယ်လီယည်ပျံထက်၌
အကျွန်သည် အန္တရာယ်ကင်းဂါထာကို ကြောက်စိတ်ဖြင့် မရတစ်ခေါက် ရတစ်ခေါက် ရွက်လျက်ဟိသည်။ မားမားမတ်မတ်နှင့် ဒေနိန်.ထိ မပြိုမလဲသော စိတ်ဓာတ်ဖြင့် ဖရခိုင်ပြည်တွက် ရပ်တည်လာသော ရခိုင်ရိုးမကို ချီးကျုးလိုက်မိသည်။ နောက် မိနစ် ၃၀
လောက်ကြာပြီးသောအခါ အကျွန်မွီးရပ်မြီ၏ အငွေ.အသက်တိ အကျွန်နှခေါင်းပေါက်သို. တိုးဝင်လာသည်။ အကျွန်ကျောင်းနိန်စဉ်အခါက အိမ်သို.ပြန်လျှင် သတင်းမီးနိန်ကျဖြစ်သော ရဖြီးချပ်တောင် ကိုလီယဉ်ထက်က လှမ်းမြင်ရသည်။

"အော်..ရခိုင်ပြည်" ဟုစိတ်ထဲရွယ်ရွတ်လိုက်မိသည်။ ကကောင်းမကြာလိုက် စစ်တွေလီဆိပ်သို. အကျွန်ရို. လီယဉ်ပျံ ဆိုက်ရောက်သည်။ အဖရခိုင်ပြည်နှင့် ၈ နှစ်မျှဝီးကွာခရသော အကျွန်သည် လီယဉ်ပျံထက်ဆင်းလိုက်သည် နှင့် ကြက်သီးတိထမိသည်။ အောက်မိစိတ်ပြင်းပြစွာ နှင့်စောင့်ခရသော အကျွန်၏အချိန်တိကို အကျွန်ချက်ချင်းမိပိုက်လိုက်ပြီး အဖ ရင်ခွင်သို. အကျွန် ၀မ်းနည်း၊၀မ်းသာစိတ် ရောလျက် ခိုဝင်လိုက်မိသည်။အဖ လက်ဆောင်အဖြစ် သန်.ရှင်းကြင်လင်သောပင်လယ်လီကို အစာအိမ်အောက် ခရင်းထိ အားရဘားရ သျှုသွင်းလိုက်ပြီးနောက် အကျွန်၏ စိတ်ခန္ဒာ လွတ်လပ် ပေါ့ပါးလားသည်ကို ခံစားမိလိုက်သည်။ ရခိုင်ပြည်၏ မြို့တော်အတိုင်းအတာအရ ဒေလီယဉ်ပျံကွင်း အလွန်တစ်ရာမှသေးငယ်လှသော်လည်း ရခိုင်သားတိတွက်ဘုရားက လက်ဆောင်ပီးထားသော အရာတစ်ခုပိုင်ဖက်တွယ်ထားရသည်။ ရာသီဥတု ကြည်လင်အီးချမ်းလျက်ဟိပြီး၊ ပုစွန်ဆီ မိုးသားကောင်းကင်အောက် စိမ်းစိုလမ်းဆန်းနိန်သော အဖပြည်ဖွား အပင်တိ နှင့်လှချင်းတိုင်းလှနိန်ကတ်သည်။ အဖမြီကို ခြီချမိသည်နှင့် ရခိုင်လီသံ ပပေါက်နှင့် အား ရဘားရပြောတတ်သော အဖရခိုင်မြီဖွား သွီးရင်း၊သားရင်းတိ နှင့်အကျွန်တဖန်ပြည်လည်ဆုံတွိရသည်။

ရခိုင်ပြည်စစ်တွေမြို့ သည် လွန်ခရေ ၈နှစ် နှင့်နှိင်းဆာလျှင်ဇာတစ်ခုလေ့ တိုးတက်ပြောင်းလဲမှု မတွိရသော်လည်း စစ်တွေနှင့်အဖမြီကိုချစ်သော အကျွန်အတွက် ထာဝရမရိုးသော ဘုံကမ္ဘာဖြစ်သည်။ အထူးအဆန်းတစ်ခုအဖြစ် တတ်(ခ)စီ ဟုခေါ်သော သုံးဘီးကားများက ခရီသည်တိတွက် မြို့ထဲ၊လီဆိပ် အလားအပြန် ၀န်ဆောင်မှုပီးနိန်သည်ကိုတွိရသည်။ ဥရောပအဆင့်အတန်းနှင့်အသားကျလာသောအကျွန်သည် ထို သုံဘီးကားတတုန်တုန်းနှင့် မိမိ၏တည်းခိုမည့် Palace Hotel သို. ခရီးဆက်လာချိန်တွင် ရင်တွင်း၌ ဆန်းကြယ်သောစိတ်ခံသားမှုတိဖြစ်ပေါ်နိန်သည်။

အပိုင်း(၂)

လီဆိပ်မှ လမ်းမကြီးအတိုင်း သုံးဘီးကားချေ တတုန်းတုန်းမောင်နှင်နိန်ချိန်တွင် အတိတ်ကအရပ်တိ အကျွန်စိတ်ထဲ တဖြိန်းဖြိန်းပေါ်လာသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက မြို့တစ်မြို့နှင့် အလားတူနိန်သော ဒေမြို့သည်တစ်ခြားအရပ်ဒေသကလူတိအတွက်
အထင်သေးစရာ၊လူရယ်စရာ ဖြစ်ကောင်းဖြစ်နိန်ပါလိမ့်မည်။ ယေကေလေ့ အဆင့်အတန့်မမီသော ဒေမြို့ချေသည် အကျွန့်ဘ၀ဒိုင်ယာရီတွက် မဟာဆန်သော နိရက်တိရွီးဖူးခသည်။ အကျွန့်အတွက် ဒေမြို့ချေသည်ထာဝရသုခကမ္ဘာတစ်ခု၊ အကျွန်၏ ဘ၀ အဆစ် တစ်ချို.ကို ဒေမြို့ချေနှင့် အတူအကျွန်ရင်ဆိုင်ခဖူးသည်။ ထိုသုံးဘီးကားချေ Palace Hotel ဟြီ့ရောက်ချိန်တွင် အကျွန်အတွေးတိ ပြတ်လားသည်။ ပွင့်လင့်ရိုးသားသော ရခိုင်သွီးရင်းတိက အကျွန့် အထုတ်တိကို ဟိုတယ်ထဲသို့ ကူထမ်းပီးကတ်သည်။ ဟိုတယ် ကောင်တာက စာရီးမချေက အပြုံးပန်းတိနှင့်ဆီးကြိုသည်။ ထိုကလိန်.မေချေ အသားအရီသည်ညိုပြာရောင်ဟိပြီး မဲနှက်တောက်ပြောင်နိန်သော ဆံပင်တိကို ပိုင်ဆိုင်ထားသည်။ ပုလဲသွားတန်းချေတိနန်.ရောထွေးနိန်သော ထို ပပွင့်လလင့်အပြုံးချေတိသည် အကျွန့်အား အတိတ်က ဇာတ်လမ်းတိကို ရောင်ပြန်ဟန်စီသည်။ အကျွန့်သည်အဖမြီက ပင်လယ်မချေတိနှင့်ပြန်ဆုံတွိခွင့်ရလိုက်ယာဖြစ်သည်။ အခန်းထဲတွင်တနားချေ အနားယူလိုက်ပြီ အကျွန်စာသင်ဖူးခသော ဘုန်ကြီးကျောင်းကို ဆိုက်ကားနှင့်အကျွန်ထွက်လာသည်။

ဘုရားကြီးနှင့် အေးစေတီကို ဆိုက်ကားထက်က အကျွန်လှမ်းကြည့်လိုက်မိသည်။ ဘုရားကြီးထဲသို့ဝင်၍ ဘုရားဝင်ဖူးမည်ဟုစိတ်ကူးမိသော်လည်း အ၀င်ဝ၌ မြန်မာစစ်သားများ သနတ်တိကိုင်၍စောင့်နိန်ခြင်းကြောင့်အကျွန်မ၀င်ဖြစ်ခပါ။ စိတ်ပျက်ပျက်နှင့် ဆိုက်ကားဆရာအား ဘုန်ကြီးကျောင်းကိုတိုက်ရိုက်နှင်း ရန်ပြောလိုက်ပြီး ဘုရားဖူးချင်သောစိတ်ကိုမျိုချလိုက်မိသည်။ အကျွန်ခိုလူံဖူးခသောထိုဘုန်းကြီးကျောင်းသည် လွန်ခရေ ၈နှစ်နှင့်နှိုင်းဆာလျှင်ပြောင်းလဲမှုတစ်စုံတစ်ရာမတွိရပါ။ ကျောင်းထက်သို.ခြီလှမ်းတိ ဦတည်လိုက်ချိန်သည် ဆရာတော်ပြောခဖူးသောစကားတိအကျွန့်နားထဲပြန်ကြားယောင်လာမိသည်။ "အဝေး ... ဒေကျောင်းနန်.ငါစွာ သစ်ငုတ်၊ မင်းရို.တိက ဗျိုင်းတိရာ၊လာကတ်တေ ပျံလခကတ်တေ။ ငါ စွာသစ်ငုတ် ဝေ..ငါစွာသစ်ငုတ်" ။ ဆရာတော်ကြီးသည် တပည့်တိ အပေါ်အပြောအဆို ကြမ်းတမ်းသော်လည်း တပည့်တိအပေါ် သံယောဇဉ်အလွန်ကြီးမားသည်။ အတောင်စုံလို့ ကျောင်းတော်ကြီးကို စွန့်ခွာချိန်တွင် ၀မ်းနည်းဝမ်းသာဖြင့် ဘ၀တွက်အဖို.မဖြတ်နိုင်သော သြ၀ါဒတိ မိန်.ကြားတတ်သည်။ ဘ၀တွင်အောင်မြင် လားသော တပည့်တိဘားက လက်ဆောင်တိ၊စာတိ ရောက်လာလျှင် ကျောင်းရှိတကာ၊တကာမတိကို အဘောင်ရရင်းနှင့် မညောင်းတန်းပြောပြတတ်သည်။ ကျောင်းခန်းထဲဝင်လိုက်ချိန်တွင် အကျွန့်ပါးပြင်တွင် မျက်ရည်ပေါက်တိစီးကျလာသည်။ထိုကျေးဇူးသျှင် ဆရာတော်ကြီးကို အကျွန်ဖူးခွင့်မရလိုက်ပါ။ ဆရာတော်မပျံလွန်မီက အကျွန့်ဘားကို ရွီးထားခသောစာတစ်စောင်ကို သူအခန်းထဲတွင်တွိ၍ တပည့်တိက အကျွန်.ဘားကို ထည့်ပီးဖူးသည်။ အကျွန်သည် ကျောင်းထိုင်ဆရာတော်အသစ်နှင့်စကားစမြည်ပြောပြီး ကုန်တန်းဘက် ကိုထွက်လာသည်။ အမှတ်(၂)က ကျောင်းနိန်ဘက်သူငယ်ချင်းတိနှင့် အကျွန်ပြန်ဆုံခွင့်ရသည်။ ကုန်တန်းရပ်ကွက်လူနိန်မူစနစ်သည် ဇာတစ်ခုလေ့ တိုးတက်ပြောင်းလဲမူမဟိ၊ ရပ်ကွက်သားများ၏ ပင်ကိုယ်ရိုးသာမူတိလည်းအယင်အတိုင်းပင်။ ပြောင်းလဲ
မှုတိကိုပြောရလျှင် အကျွန်ရို.သူငယ်ချင်းတိဖြစ်သည်။ တစ်ချို.က အစိုးရ၀န်ထမ်း၊ တစ်ချို. အိမ်ထောင်ကျ၊ တစ်ချို. စီးပွားရေးလုပ် ယင်းပိုင် ဘ၀ကို ကြုံရေပိုင်ရုန်းကန်နိန်ကတ်သည်။ အမျိုး၊သူငယ်ချင်း၊အသိမိတ်ဆွေတိနှင့် တွိပြီးနောက် တည်းခိုခန်းသို.
အကျွန်တစ်ယေက်တည်းလမ်းလျောက်ပြန်လာသည်။ ဟိုတည်တရောက် လမ်းများမှောင်မိုက်လျက်ဟိပြီး လမ်းဘဲတွင်ရခိုင်လူငယ်ချေတိ မြန်မာတေးခြင်းဆို၊ဂီတတီးလျက် စစ်တွေမြို့၏မှောင်မှောက်သောည အရသာကို လူငယ်သဘာဝ ကျော်ဖြတ်လျက်ဟိသည်။

အကျွန်ဟိုတယ်သို့အရောက်တွင် ၀န်ထမ်းချေတစ်ယောက်က ဖယောင်းတိုင်တိနှင့်ဆီးကြိုသည်။ ၂၁ ရာစုခောတ်ရခိုင်ပြည်တိုးတက်မူတိကို နဖူးတွိ ဒူးတွိ အကျွန် ခံစားမိလိုက်သည်။ ဖယောင်းတိုင်ပီးလာသော ထိုကလေချေကို ကျေးဇူတင်လျက်အကျွန် သည် တစ်ညတာတွက်
အိပ်စအနားယူလိုက်သည်။

မိုးထစစော ၆ နာရီတိအချိန်တွင် စစ်တွေဆောင်း၏ နှင်းငွေမြူမုန်ချေတိနှင့်အတူ အကျွန်နိုးထလာသည်။ ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်သောအခါ စစ်တွေ တစ်မြို့လုံး မြူတိနှင့်အုံဆိုင်နိန်သည်ကိုတွိရသည်။ စစ်တွေဆောင်းနှင့်ဝီးကွာခရသောအကျွန်သည် မျက်နှာ ပရုန်းနရုန်း သစ်ပြီးကင်မရာကိုင်လျက် ဟိုတယ်ထက်ကဆင်းလာသည်။ ဟိုတယ်ရှိ သရက်ပင်တွင် သရက်တန်ချေတိ ထိုးနိန်သည်ကို အကျွန်မော်ကြည့်လျက် ကြည်နှုးနိန်မိသည်။

အပိုင်း(၃)

ဟုတ်ပါသည်။ ရခိုင်ပြည်က အကျွန်အလွမ်းရဆုံးအပင်တိထဲတွင် သရက်ပင်နှင့် နပျိုပင်တိထိပ်ဆုံးက ပါဝင်ပါသည်။ နှင့်မှုန်ချေတိနှင့် ၀င်းဝါ လှပနီသောထိုသရက်တံချေတိကို အကျွန်ဓာတ်ပုံ နှစ်ပုံခန်. ရိုက်ယူလိုက်ပြီး ညင်နီသောဝမ်းကို ဖြည့်ရန် လမ်းမကြီး
လဖက်ရည် ဆိုင်တန်းသို. လှမ်းလျှေက်ထွက်လာသည်။ အချိန်ကား ၆နာရီ မိနစ်၃၀ ခန်. ဖြစ်မည်။ မြူ ချေတိ အုံဆိုင်းနီတုန်းဖြစ်သည်။ အရှီဘက်က နီမင်းကား သူ.ရွှေရောင်ကောဇောကြီးကို စစ်တွေမြို့သည် ဖြာချရန် အားယူနီသည်။ အကျွန်သည် ၁၅ မိနစ်
ခန့်လမ်းလျောက်ပြီးနောက် ဆိုင်တစ်ဆိုင်ဟြီ့(ရှိ) လမ်းမ ပလက်ဖောင်းထက်တွင်ဝင်ထိုင်လိုက်သည်။ ထိုဆိုင်အပြင်အဆင်ကား ခောတ်နောက်ကျလွန်းသည်။ ဆိုင်ထဲသို. မျက်စိတစ်ချက်လှမ်းကြည့်လိုက်သောအခါ အသက်မပြည့်သိမ့်သော အဖအသျှေတစ်ဝက်ခနှ်.
အလုပ်လုပ်နီသည်ကိုတွိရပါသည်။ အသက် ၁၂ နှစ်အရွယ်ခန့်ရှိ အသျှေတစ်ယောက် အကျွန်နားတိုးကပ်လာပြီး ချစ်စဖွယ်ပြုံးပြသည်။ အပြစ်ကင်းစင်၊ ချစ်ဖို.ကောင်းသော ဒေအသျှေအ၀တ်အစားများသည် အလွန်ပင်ဟောင်းနွမ်းလျက်ဟိပြီး သူစီထားသောဖိနပ်မှာ
အရောင်တိမှေးမိန်လျက်ဟိသည်။ ထိုအသျှေ၏ မျက်နှာပြင်သည် အရွယ်နှင့်မလိုက်အောင်ရင့်ကျက်ဟန်ဟိပြီးလောကကြီးကို ဒေါင်ကျကျ ပြားကျကျ ရင်ဆိုင်လာဟန်ပုံပေါက်သည်။ ထိုအသျှေအားဓာတ်ပုံရိုက်ယူလျင် ဥရောပနိုင်ငံများမှ ပထမကမ္ဘာစစ် အတွင်းက
စစ်ပြီးဒုက္ခသည် အသျှေတိဓာတ်ပုံ ပုံစံထွက်နိုင်ပါသည်။ထိုအသျှေ၏ "အကို ဇာမှာဘာဖို.လေ့မသိမ့်" ဟုယဉ်ကျေးစွာပြောသောစကားသံက အကျွန်အတွေးစ ကို ပြတ်လားစီသည်။ ထိုအသျှေ၏ ဘ၀ဇာတ်ကြောင့်ကို မီးကြည့်ချင်သည်။ သို.သော်လည်းအကျွန် မမီးဖြစ် ခပါ။ ပဇာကြောင့်ဆိုသော် ထိုအသျှေကို အကျွန် သုံးသပ်ကြည့်ခြင်းအားဖြင့် ပြောပြရန်မလိုသော အဖြေများ အကျွန်နှလုံးသားထဲတွင် ဟိနီယာဖြစ်သည်။ ၈ နှစ်မျှလွမ်းဆွတ်တမ်းတခရသော ရခိုင်လက်ဖက်ရည်နှင့် ရခိုင်မနက်စာ ကို အကျွန်စိတ်ကြိုက်စား လိုက်ပြီး ထိုအသျှေကို ကျေးဇူတင်လျက် ရှုးခင်သာလမ်းဘက်သို. အကျွန်ထွက်လာသည်။ ရွီးပြရန် ခက်ခဲသော အဖ၏ သွီးရင်း သားရင်း ဂစ္စပနဒီ၏ မြစ်၏ သဘာဝဂီတ လှိုင်းခတ်သံချေတိကို အကျွန်နားထောင်ချင်သည်။ အဖ၏ ထာဝရလက်ဆောင်ဖြစ်သော ဂစ္စပနဒီ အရှိဘက် ရဖီရှပ်တောင်စွယ်ထက်က ဦးမောလာမည့် နီမင်းကို အကျွန်အလည်ရောက်ကြောင့်အသိပီးပြောပြချင်သည်။ ရှုးခင်းသာလမ်းထရောင်ချိန်တွင်အကျွန်စိတ်တိ လမ်းဆန်းတတ်ကြွလာသည်။ အဖ၏လက်ဆောင်ဖြစ်သောပင်လယ်လီကိုတ၀ရှုလိုက် ပြီးပလက်ဖောင်းပေါ်တွင် ရဖီချပ်တောင်ဘက်မျက်နှာမှုလျက် အကျွန်ထိုင်လိုက်သည်နှင့် အတိတ်ကအရိပ်တိအကျွန်စိတ်တွင်ထင်ဟပ်လာသည်။ အကျွန်သည် စစ်တွေမြို့သားမဟုတ်ပါ။ ယေဘင်ယေကေလေ့သင့် အကျွန်.ကျောင်းနီစဉ်တွင်းစစ်တွေမြို့က အကျွန်.ကို သူစိမ်းတစ်ယောက်ပိုင်မဆက်ဆံဖူးပါ။ အကျွန်၏ ဘ၀ ကြမ်းတမ်းခတ်ထမ်မှုတိကို ဒေမြို့ချေက အကျွန်နှင့်အတူကျော်ဖြတ်ဖူးသည်။

ဘုန်းကြီးကျောင်းတွင်နီ၍စာတစ်ဘက်၊အလုပ်တစ်ဘက်နှင့်ရုန်းကန်ရသောအကျွန့်ကို
လုံးဝအရှုံမပီးဖို. စစ်တွေမြို့က အားပီဖူးသည်။ အကျွန်သည် စစ်တွေတွင်အနှိမ်ခံဖှုးသည်။အကျွန်သည် စစ်တွေမြို့တွင် ချီမြောက်ခံဖှုးသည်။ စစ်တွေတွင်အကျွန်အစွပ်အစွဲခံဖူးပါသည်။စစ်တွေတွင်အကျွန်အကာကွယ်ပီးခံရဖူးပါသည်။
စစ်တွေတွင်အကျွန် ချစ်ဖူးပါသည်။စစ်တွေတွင်အကျွန်အသဲကွဲဖူးပါသည်။စစ်တွေတွင် အကျွန်ငိုဖူးပါသည်။စစ်တွေတွင်အကျွန်ပျော်ဖူးပါသည်။ စစ်တွေတွင်အကျွန်အမုန်းခံဖှုးပါသည်။စစ်တွေတွင်အကျွန်အချစ်ခံဖှုးပါသည်။
ထိုသို.သောလောကဒဏ်တရားပေါင်း မြောင်မြားစွာကို စစ်တွေမြို့နှင့်အတူအကျွန်ခံဖူးပါသည်။ ဒေရှုးခင်းသာလမ်းထတွင်ထိုင်နီချိန်တွင်သတိအရဆုံးအချိန်သည် သူငယ်ချင်းတိနှင့် လက်ဖတ်သုတ်စားလျက် လပြည့်ညတွင်ဂီတာတီးခကတ်တေအချိန်တိဖြစ် ပါသည်။ ငွေကတီပါ အရောင်ခတ်နီသော ဒေဂစ္စပနဒီကြေးမုံပြင်တွင်အပြစ်ကင်းသောအကျွန်ရို.လူငယ်ချေတိဘ၀ကို ဂန္တ၀င်မြောက်စွာကုန်ဆုံးဖူးသည်။ နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးစသော မြောက်မြားစွာသော ကိစ္စရပ်တိကိုသိနားမလည်သော
ယင်းပိုင်အပြစ်ကင်းရေလူငယ်ချေတိဘ၀ကို အကျွန်ပြန်ပြီးပိုင်ဆိုင်လိုက်ချင်သည်။ လပြည့်ညတွင် အသံကုန်အော်လျက်ဂစ္စပနဒီမြစ်ကြီးကို နတ်ပိုက်၊သွန်းပိုက်၊ကစပ်ပိုက်ချင်သည်။ ယင်းပိုင်အတွေးပေါင်းသောင်းခြောက်ထောင်နှင့်ကျင်ကိုင်လျက်နီချိန်တွင်ဝမ်းကဆန္ဒပြလာသဖြင့် ၁၂ နာရီတီးအချိန်တွင် ဆိုက်ကားငှားလျက်ဘုန်းကြီးကျောင်းတွင်ထမင်းစားရန်အကျွန်ထွက်လာမိသည်။

အပိုင်း(၄)
............
ဘ၀တွင် မရိုးနိုင်သော ထမင်း၊ဟင်းတိကို အားရဘားရ စားသောက်ပြီနောက် ဆရာတော်နှင့် စကားစမြည်ပြောအပြီး ဟိုတယ်သို.အကျွန်လမ်းလျှောက်ပြန်လာသည်။ ဆောင်းရာသီဘင်ဖြစ်ကေလေ့စစ်တွေ နီသည် အကျွန်အတွက် ကကောင်းပူပြင်းလှသည်။ ဒေနိ ကျွန်းက ဘာဘာနှင့် နှမချေရို. အကျွန့်ကို ဘုတ်နှင့်လာအခေါ်ကို စောင့်နီမိသည်။ အခန်းထဲတွင် တနားချေ လဲလျောင်းနီစဉ် ဟိုတယ်ဝန်ထမ်း ကလေချေ အခန်းတန်းခါးလာခေါက်သည်။ ဘာဘာ အောက်ခန်းတွင်စောင့်နီကြောင့်ပြောသည်။ အကျွန်. ကိုမြင်လျင်မြင်ချင်း အဘာသည် "အဝေး" ဟုဆိုကာ အကျွန့်လက်ကို ဆုပ်ကိုင်ထားသည်။ ၈နှစ်မျှဝီးကွာခရသော သားတစ်ယောက်ကို အဘာ အောက်မိစိတ်ပြင်းပြ နီခပါလိမ့်မည်။ သူ၏တင်းကျပ်သောဆုပ်ကိုင်မူမှတဆင့်အကျွန်ခံစားမိသည်။ဥရောပ ယဉ်ကျေးမှုအရဆိုလျှင် အဘာက အကျွန်.ကို အကြာကြီးဖက်ထား
မည်မှာသေချာပါသည်။ အကျွန်ရို.သားအဖ၊မောင်နှမ ချစ်ခင်မှုများသည် ထိုကဲ့သို. အပြူမှုတိလုပ်စရာမလိုဘဲ ရင်ထဲချင်း၊ အသဲနှလုံးချင်း၊အသွီးသားချင်း ဆက်သွယ်မူတိက အခြေခံပါသည်။ ထိုအကြောင်း၊ဒေအကြောင်း စကား စမြည်ပြောလျက် အကျွန်ရို.
သားအဖ တစ်စု ဆန်ဆိပ်(ဘုတ်ဆိပ်) ကိုဆင်းလာသည်။ ဖောင်တော်ဘင် အကောင်းမဟိသော ရခိုင်ပြည်၏ မြို့တော်သည် အကျွန်ကိုမျက်နှာအငယ်ချေနှင့်ပြုံး ပြသည်။ သန်.ရပ်မှုမဟိသော အရောင်ဆိုင်တန်းများသည် ယင်းအတိုင်းဘင်ဖြစ်သည်။
အ၀ီးကလာသောအကျွန်ကို ဘာဘာနှင့် သံဗ္ဗန်ခတ်သမားတိက အားနာနီပိုင် ဟိသည်။ အကျွန် ကျုပ်ကိုမနှင်းမိအောင် အဘာက သံဗ္ဗန် ခတ်သမားကို သံဗ္ဗန်ကို ကမ်းနားအရောက်တိုးခိုင်သည်။အကျွန်က ပြုံပြပြီးသံဗ္ဗန်ထက်တွင်တတ်ထိုင်မိသည်။
ဘုတ်ကိုအလားသံဗ္ဗန်ခတ်သမားကိုကြည့်လျက်အကျွန်အတွေးတိနယ်ချဲနီမိသည်။

ချွဲပပြစ်ကျနိန်သောသံဗ္ဗန်ခတ်သမားကိုကြည့်၍အကျွန် သနားစိတ်တိဖြစ်ပေါနီသည်။ သမုဒ္ဒရာ ၀မ်းတစ်ထွာတွက် ဒေပိုင်ရုန်းကန်လှုပ်သျှားရသော အဖသားတိတွက်ရင်နာ မိသည်။ သူများတိုင်းပြည်မှာဆိုလျင် စစ်တွေမြို့ သည်ကမ္ဘာအလှဆုံးဆိပ်ကမ်းမြို့တော်ဖြစ်နီပါလိမ့်မည်။ စစ်တွေမြို့သည်ဂစ္စပနဒီ မြစ်ကြီးနှင့် အလှချင်းပြိုင်နီပေလိမ့်မည်။ အဖကလက်ဆောင်ပီးထားသော သဘာဝတရားကြီးသည် စစ်တွေမြို့ကို အလှဆင်ခွင့်
မရ။ စစ်တွေမြို့သူ၊မြို့သားတိနှင့်အတူ ဒေမြို့ချေသည် လောကဒဏ်တရားတိကို မလွန်ဆန်နိုင်။

တအင့်အကြာတွင်သံဗ္ဗန် ဘုတ်နားကိုကပ်လာသည်။ ဘုတ်ထတွင်ရွာကလူတစ်ချို.နှင့် ပိန္နဲချောင်းကျွန်းကလူတစ်ချို.တွိရသည်။ အကျွန်ကိုမြင်လျင် ပပွင့်လလင့်လာနှုတ်ဆက်ကတ်သည်။ထိုအကြောင့်ပြော၊ဒေအကြောင့်ပြောဖြင့် ဂစ္စပနဒီမြစ်အလယ်ကောင်
တတည့်အရောက်တွင်အကျွန်သတိဝင်လာသည်။ လူတိကို နှုတ်ဆက်လျက် ဘုတ်ပဲ့ဘက်ကို အကျွန်လျောက်လာသည်။လှချင်းတိုင်းလှနီသော ဒေမြစ်ကြီးအရသာကို တ၀ခံစားနိမိသည်။ ဘုတ်လားလမ်းတစ်လျောက်တွင် ပစ်သမားတိ ငါးဖမ်းနီကတ်စွာတိ သဘာဝ ပန်ချီကားတစ်ချပ်ပိုင်။ဂစ္စပနဒီ မြစ်အစွန်းပိုင်တွင်တည်ဟိနီသောရဖြီချပ် တောင်သည်လည်း မပြိုမလဲ ဘဲမားမားမတ်မတ် ရပ်တည်နီသိမ့်သည်။ အကျွန်အချေခါ အဘာ နှင့်စစ်တွေသို့လာလျှင် ဒေတောင်ကိုစကားပြောနီကျဖြစ်သည်။ အကျွန်သည်ပြောင်းလဲလားပါသည်။ ယေကေလေ့ ဒေတောင်သည်မပြောင်းမလဲဘဲထာဝရတည်နီသည်။ ယင်းပိုင် အဖသဘာဝ အလှတိကို တ၀ကြီးခံစားယင်းအကျွန်သည် စိတ်ထဲတွင်ရခိုင်ပြည်ကြီးကို သူများတိုင်းပြည်တိပိုင်တိုးတက်ဇီချင်သည်။ စစ်တွေနှင့် ရဖီချပ်တောင်ကို မြေအောက်ရထားလမ်းဖောက်
ကြည့်မိသည်။ ပေါက်တောမြို့မှစစ်တွေသို့ ဒေဂစ္စပနဒီမြစ်ကြီးကိုဖြတ်လျက်တန်းထ(တံတား)ထိုးမိသည်။ အကျွန်ရို.ပိန္နဲချောင်းကျွန်းက ကျွန်သားတိကို ကိုယ်ပိုင်ကားမောင်လျက်ဂစ္စပနဒီမြစ်ကြီးကိုဖြတ်၍စစ်တွေတွင် ချော်ပိန်(shopping) ထွက်ဇီချင်မိသည်။
တောင်ရင်းကျွန်းတွင် စက်ရုံ၊အလုပ်ရုံတိ ဆောက်ကြည့်မိသည်။ တောင်းဖူးမြစ်တွင် စပိဘုတ်တိ နှင့် ထိုကျောက်၊ဒေကျောက်တိကို လာကြည့်မိသည်။ တောင်ညိုတောင်တွင် ရခိုင်ဗိသုကာဆိုင်ရာ ပြတိုက်(အခွဲ)တစ်ခုဆောက်ကြည့်မိသည်။ဖားဒူကြီးရွာနားတွင်
ကမ္ဘာလှည့်ခရီသည်တိအတွက် ကမ်းခြီအိမ်ချေတိ ဆောက်ကြည့်မိသည်။ သဲခုံတွင် ရခိုင်ရီလုပ်ငန်းဆိုင်ရာ သုသေတန သင်းတန်းပီးကြည့်မိသည်။ ယင်းကဲ့သို. အတွေးပေါင်း သောင်းခြောက်ထောင်နှင့်ကျင်ကိုင်နီခိုက် ဘုတ်စက်သံလျော့လားသည်။

ဒေချင့်သည် မညုင်းကိုင်းချောင်းနှင့်ပါးလာယာဟုသော အမှတ်အသားဖြစ်သည်။ ဘုတ်သည်ချောင်းသိုးကွေ.၀င်လိုက်စဉ်တွင် ရင်အုံတော်ဘုရားကိုလှမ်းမြင်ရသည်။ အကျွန်အသျှေခါက ဒေတောင်အောက်က ဘုန်ကြီးကျောင်းကို အဘောင်သျှင်နှင့်ဝပုဒ်(ဦးပုပ်) စောင့်ရန်လိုက် ဖူးသည်။ တောင်ခြီရင်းတွင် သူငယ်ချင်းတိနှင့် အင်ဂရားပန်း၊စံကားပန်း၊ကံ့ကော်ပန်းစသည်ဖြင့် ပန်းမျိုးစုံကောက်ဖူးသည်။ ပန်းချေတိ ကိုမက္ကလာမှာထည့်လျက်မောင်နှမတိနှင့် အတူတူသီပြီးဘုရားတွင်လှူဖူးပါသည်။
ရင်အုံတော်တောင်ထက်က မျောက်တိကိုထမင်းခဲ့တိနှင့် စဖူး၊နှောက်ဖူးပါသည်။ ဒေတောင်ထက်ယာခင်းတိက အသီးမျိုးစုံခိုးဖူးပါသည်။ သရက်သီးပေါ်ချိန်ရောက်လျှင် ယာခင်းထဲက သရက်သီးခိုးယင်း သရက်ပင်တိအောက်တွင်ထိုင်လျက် သူငယ်ချင်းတိနှင့် ငပိဆားရည် တီးဖူးသည်။

ယင်းပိုင် ဆီဆောက်ကရောက်တွေးတောနီချိန်တွင် ဘုတ်စက်သံရပ်လားပါသည်။ ဘုတ်ဆိပ်တွင်အရောင်စုံလူတိ စောင့်နီကတ်သည်ကိုတွိရပါသည်။ လူတစ်ဝက်လောက်ကို အကျွန်မှတ်မရပါ။ မျိုးဆက်သစ်တစ်ခုသည် နှစ် ၁၀ အတွင်းအပြောင်းလဲကြီး
ပြောင်းလဲဇီပါသည်။အကျွန်အိမ်ကထွက်ခွာစဉ်အခါက စကားအလှပလှမပြောတတ်သော အကျွန့်ညီ အငယ်ဆုံးကောင်သည် ရှင်ပြူဖို.အရွယ်တန်နီယာဖြစ်သည်။ အကျွန်.နှမချေတိလည်းအပျိုဘောင်ဝင်နီကတ်ယာဖြစ်သည်။သူရို.တိက အကိုကြီးဟုခေါ်ကာ
လာနှုတ်ဆက်သဖြင့်အကျွန်မျက်နှာတိကို တန်းမှတ်မိသည်။ အကျွန်ရို.ရွာလမ်းတစ်လျောက်တစ်စုံတစ်ခုမှ ပြောင်လဲလားခြင်းမဟိပါ။ တလင်းသိမ်းစချိန်ဖြစ်၍ ၀င်းဝါနီသောလယ်ဇွတ်များ နီဝင်ဆည်းဆာအချိန်နှင့်လှချင်တိုင်းလှနီကတ်သည်။ ရွာလမ်းတစ်ချောက်
စံပယ်ပင်ကြီးတိ အနည်းငယ်ကြီးထွားလာဟန်ဟိပြီးရွာလမ်းတစ်ချောက်ကိုဇကုန်အလှဆင်ထားကတ်သည်။အကျွန်ရွာကို စ၀င်လိုက်သည်နှင့်အကျွန်ရွာသားတိတရုန်းရုန်းနှင့်ထွက်နှတ်ဆက်ကတ်သည်။ ရခိုင်စကားပပေါက်ပြောသောအကျွန်ကို အင်္ဂလိပ်
စကားပြောအေးမောင် စသည်ဖြင့် နတ်ကတ်၊သွမ်းကတ်သည်။ အကျွန်ဇာတိကျွန်းရွာက အကျွန်ရို.လူမျိုးတိ၏ ချစ်ဖို.ကောင်းသောအရိုးခံဖော်ရွှေမှုတိအပေါ်အကျွန်ဂုဏ်ယူမဆုံးပါ။ အဂုပိုင်ပြန်ဆုံတွိရချိန်တွင် ၀မ်းသာလုံးဆို.လျက် စကားမပြောနိုင်ဘဲ
အကျွန်မျက်ရည်တိတောင်ဝဲမိပါသည်။ အကျွန်အိမ်ဟြိ့အရောက်တွင် အကျွန်ပိုပြီးဝမ်းနည်းလာပါသည်။ လူကြားထဲကရုန်းထွက်ချင်စိတ်ပေါက်လာပြီး အကျွန် ရွာမြောက်ဘက် သောက်ရီကန်ဘက်သို.ခြီလှမ်းလှည့်မိသည်။

အပိုင်း(၅) ကို စောင့်ဖတ်ကတ်ပါ။
အေးမောင်(ရင်အုံတော်ဓာတ်)


(ဘုရင်မာရယုဘလော့မှ)

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။