“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်။” စာပီမြင့်မှ လူမျိုးမြင့်ရေ။ စာပီပျောက်ကေ လူမျိုးပျေက်တေ။ ရခိုင်လူမျိုးလွတ်လပ်ချင်ကေ ရခိုင်စာကို အယင်သင်ကတ်။
ကျွန်တော်ရို့၏ “အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်”ဘလော့သည် အိန်တာနက်ထက်မှာ တက်လာသမျှ ရခိုင်ဘာသာနန့် ဆောင်းပါး၊ကဗျာ စသည်တိကို ရှာဖွီတင်ဆက်ဖို့အတွက် စမ်းသပ်ပြုလုပ်နိန်ပါသည်။ လိုအပ်ချက်တိဟိပါက c'box မှာအမှာစာရေးထားခကတ်ပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနိန်ပါသည်။ ဆက်သွယ်ချင်ပါက alrevelation@gmail.com ကိုဆက်သွယ်နိုင်ပါရေ။

အန်ထုတ်ခြင်း

လွပ်လပ်ရေးအကြို ပျော်ပွဲဆိုပြီး
ဘောလုံးတိပြိုင် အပြီးပြိုင်လို့
ပျော်ပွဲရွှင်ပွဲ ငွီကြေးကုန်ပြီး
ဗွီဒီယိုပွဲ ခြိမ့်ခြိမ့်သဲလို့
ဗမာအလံ တလူလူရွှင့်ထူ
“မိုက်” “ဆောင်းဘော့(စ်)”နန့် ခွီးပိုင်အူ
အရက်သောက်လို့ သူရို့ဆူ။

“လွတ်လပ်ရေးအကြို၊ လွပ်လပ်ရေးအကြို-
လွပ်လပ်ရေးအကြို” တကြိုကြိုနန့်
ဇ,လေးဝကို တဝမသိ
ဝ,မဟိဘဲ ဝိ,လည်းလုပ်လို့
ပပိန်မသားတိ သူရို့ပြောကေ
သမိုင်းကြောင်းတိ။

မြန်မာတိက လွပ်လပ်ရေးရ
ရခိုင်တိက အရက်သောက်လို့“က”
ရခိုင်တိမှာ ကျွန်ဘဝ။

သမိုင်းကြောင်းကို သူရို့မသိ
“ဟိရိ,သြတ္တပ္ပ”မဟိ
ကိုယ့်လူမျိုး ကိုယ့်ယည်ကျေးမှု
ကိုယ့်စာပီကို သူရို့မသိ
ခွိးထက်မိုက်တေ အကောင်တိ။

တခုလည်းမသိဘဲ ကဝိလည်းလုပ်
ထော…ရခိုင်ကဝိ ပညာဟိလုပ်ပုံ
“လွပ်းလပ်ရေးကို ဂုဏ်ပြုသောအားဖြင့်
လွပ်လပ်ရေးကို ဂုဏ်ပြုသောအားဖြင့်
လွပ်လပ်ရေးကို ဂုဏ်ပြုသောအားဖြင့်” လို့
လျှောင်ချိတ်ထဲက ရခိုင်သားတိ
သွီးစုပ်ကောင် မိစ္ဆာမထွီးကို
အားပီးနိန်ကတ်ဗျာယ်မနား။
-------------

-------------

အထူးမှတ်ချက်။ ။

၅၆ နှစ်မြောက်လွပ်လပ်ရေးနိန့်ကို ဂုဏ်ပြုသော ရခိုင်ယုတ် ရခိုင်စုပ်တိ၏ အရှက်မဟိ ကြွီးကြော်သံကို ကြားရမြင်ရလို့ ရင်ထဲကဖြစ်လာရေ ဆန္ဒတိကို အန်ချထားခြင်းဖြစ်ပါရေ။

0 မှတ်ချက်:

“အမှောင်ကိုခွင်း၊ အလင်းကိုဆောင်၊ ရခိုင်အလင်းရောင်” ဘလော့ကို တမင်တကာလာကတ်တေဖြစ်စီ၊ လမ်းမှားလို့ရောက်လာကတ်တေဖြစ်စီ ကျွန်တော်ရို့ “ရခိုင်အလင်းရောင်” မိသားစုမှ အထူးပင်ကျေးဇူးတင်ပါရေ။ နောက်ထပ်လည်း လာလည်ကတ်ပါလို့ ဖိတ်ခေါ်ပါရေ။