ရခိုင်အဆိုတော်တစ်ယောက်
ဘဝခြောက်လို့ အဝဇ္ဇာနောက်မှာ
နိုင်ငံခြားချေကို အလည်ရောက်
ဘဝမိန့်ခစွာ ရခိုင်အဆိုတော်ပါ။
ရခိုင့်ယိုင်ကျေးမှုကို ချစ်မြတ်နိုးဖို့
စိတ်ထဲမှာပင် ခံစားဖူးယင့်လား။.
ဇာနိန်ရာ ဇာပင်ရောက်ရောက်
ကိုယ့်ယိုင်းကျေးမှုကို ချစ်မြတ်နိုးကေ
လူများတကာ မျက်နှာပြင်မှာ
စံတင်စရာ ဖြစ်ပါလိမေ။
ဇာဟှင့်လေး ရခိုင်အဆိုးတော်
ကိုယ်ဆိုရေ သခြင်းနောက်မှာ
အမျိုးသီလ စောင့်ထိန်းပါလတ်။
သခြင်းတစ်မျိုး လုပ်ကေတစ်ဖုံ
ပြောလာကေ ကျားဖမ်းမေ ဆင်ဖမ်းမေနန့်
ဇာမှာလေ ရခိုင်ယိုင်ကျေးမှု
အဆိုတောရင်မှာ ခံစားဖူးယင့်လား။
သခြင်းဆိုရေ အဆိုတော်လို့
တူလားတန်လား
ငါအနားမမှာ လာမပြောကေ့
ပြောရေလူရေ စံရဖွေ။
ဝေဖန်စနစ်မရှိ ငါ့ရို့ရခိုင်တိ
လူနှစ်ယောက် ပေါင်းစပ်ကေပင်
ရခိုင်အဖွဲ့ သုံးဖွဲ့ပင်
ဇာနိန်ဇာခါ ရခိုင်ညီညွန့်ဖို့လဲ
အဘာလေ ရင်လီရေ
ချစ်လီညီလီ စည်းလုံးလီလို့
ပြောရေပြိုရေ သံဖရာသီးမျိုးရာမလားရေ။
ပျားရည်ချေတစ်စက်
ရခိုင်မြီမှာ ချိုသာဖို့
ပင်ပန်းကြီးစွာ ပြုစုခပါယင့်။
နှင်းချေတစ်စက်
ရခိုင်မြီကို အီမြစီဖို့
မျှော်လင်းကြီးစွာ ပျိုးထောင်ခပါယင့်.။
ရခိုင်စစ်ပျောက် နအဖရောက်ခါ
ရခိုင်မြီမှာ ပျားရည်လည်းပျောက်
နှင်းစက်ခြောက်လို့
ကူပါကယ်ပါ တစ်အော်အော်နန့်
အော်နိန်ရစွာလည်း ကြာနိန်ယာ။
ရရာလက်နက် ဆွဲကိုင်တိုက်စွာ
အချိန်တိလည်း ဆွီးနိန်ယာ။
ရခိုင်ပြည်သူ ခံစားနိန်ရ
ဘဝမလှ ကျွန်ဘဝက
လွတ်မြောက်ရေးတွက် အသက်စွန့်လျှက်
တိုက်ထုပ်စွာလည်း ကြာနိန်ယာ။
အသိတရားမဟှိ နအဖစစ်သားတိ
မျိုးဆက်ရင်သွီး ရခိုင်ပျိုချေတိ
ရက်စက်ယုတ်မှာ စစ်ဖနပ်အောက်မှာ
ဗလက်ကာယ ပြုခံရလို့
အသက်ပီးရစွာည်း များလာယာ။
ရခိုင်အချင်းချင်း ပြောအခြင်းကြောင်း
စည်းလုံးကွယ်ပျောက် မှောင်မိုက်ရောက်လို့
နိဂုန်းချုပ်စွာလည်း မရွီတွက်နိုင်ယာ။
အော်
စစ်ဖနပ်အောက် အလင်းပျောက်လို့
ရခိုင်ပြည်သူ ဖြူစင်သူရို့
နယ်ချဲ့မိစ္ဆာ အာဏာအောက်က
အများပြည်သူ လွတ်မြောက်စီဖို့
မျိုးဆက်အားမာန် တော်လှန်အသိ
ရခိုင်ပြည်သူ ကိုယ်စီဟှိလို့
ညီညွန့် တည်ဆောက်
မျိုးမြီမပျောက်ဖို့
တိုက်ထုပ်နိုင်ဂါတ်ပါစီသား။
ဘဝမှာဆင်းရေး ဒုက္ခ အဆင်မပြေစော်တိနန့်ကြုံကြိုက်ရေအခါတိုင်းမှာ အားကိုရာကိုရှာဂတ်တေစော် လူသားတိ၏ဓမ္မာတာပင်မဟုတ်ပါလား။ ယင်းအတွက်ကြောင့် ဆင်းရေးရေလူတိ ချမ်းသာရေလူတို အာဏာသျှင်တိ စရေ စရေလူတိစော် ကိုယ့်ကံဇာတာကိုသိချင်လို့ ဗေဒင်ဆရာ နတ်ဆရာမ အစဟိရေလူတိကို ချည်းကပ်ကေတ်စော်လဲ မဆန်းပါဗျာယ်။ အဂုလေ့ဖြစ်ပုံကိုတချက်ကြည့်ဂတ်ပါဖိ…..
ကျွန်းရွာတရွာမှာ အသက်(၄၀) ဝန်းကျင်ခန့်လင်မယားနှစ်ယောက်။ မယားနာမည်က“ချမ်းသာဖြှူ”။ လင်နာမည်က“ချမ်းသာအောင်”။ နာမည်ကချမ်းသာဆိုဂေလေ့ သူရို့လင်မယားနှစ်ယောက်စော် ယင်းရွာမှာ အဆင်းရေးဆုံးဖြစ်တေ။ ဇာလောက်ဆင်းရဲးရေလဲဆိုကေ ထမင်းအိုးချေတလုံး၊ ဟင်းအိုးချေတလုံး၊ ဓားချေတချောင်း၊ ပုပ်ချေတလုံး၊ လင်မယားနှစ်ယောက်ပေါင်း ခါး/ခတောင်း(ဒယော)ချေတထည်တည်းရာဟိပါရေ။ လင်ယောက်ျားအပြင်ကိုလားဂေ မယားဖြစ်ရေသူက အိမ်ထဲမှာ ပုပ်နန့်ချုပ်လို့နိန်ရရေ။ မယားဖြစ်ရေသူက အပြင်ကိုလားဂေလေ့ လင်ဖြစ်ရေသူက အိမ်ထဲမှာ ပုပ်နန့်ချုပ်လို့နိန်ရရေ။
တရက်နိန့်ခါ ယင်းရွာကိုဗေဒင်ဆရာတယောက်ရောက်လာပါရေ။ ယင်းဗေဒင်ဆရာလေ့ ကကောင်းမှန်ရေလို့နာမည်ကျော်နိန်ရေ။ ယေခါ မယားဖြစ်ရေသူက သူ့လင်ကိုပြောရေ။
မယား… “အဖသယ်… ကကောင်းမှန်ရေလို့နာမည်ကြီးရေ ဗေဒင်ဆရာတစ်ယောက် ရွာမှာ ရောက်နိန်ရေ သတင်းကိုကြားရေမလား။”
လင်….. “အိုင်း…ကြားရေဝါ အမိသယ်။ ဇာဖြစ်လို့ပါလဲ။”
မယား….“ဇာဖြစ်ပါဖို့လဲ အဖသယ်။ ဗေဒင်ချေယက်ချေကြည့်ဂေကောင်းဖို့လားလို့။ ငါ့ရို့လင်မယားနှစ်ယောက်ဇာလောက်ဆင်းရေးရေဆိုစော် အဖသယ်အသိပါဗျာယ် မလား။ ဗေဒင်ဆရာဘားကိုလားပနာ ကံဇာတာကိုမိန်းကြည့်ဂေ ပိုမကောင်းပါလား။”
ချမ်းသာအောင်ဂါ ဗေဒင်ကိုမယုံရေလူပီပီ မယားပြောစော်ကို ချက်ချင်းမတုန်းပြန်။ မြီပန်းတူကိုသောက်ယင်းနန့် စိုင်းစားနိန်ရေ။ သူ့မယားပြောစော်ဟုတ်လည်းဟုတ်တေ။ အဝတ်တောင်မှ နှစ်ယောက်ပေါင်းမှရာ တထည်တည်းရာဟိရေဘဝ။ ယဂေလေ့ ဗေဒင်ကြည့်ဖို့ဆိုဂေ ဖေသာချေယက်ချေလိုရေ။ ဖေသာကလဲးတပြားလဲးမဟိ။ ချမ်းသာအောင်တယောက် စိုင်းစားရစော် ဂေါင်းချုပ်နိန်ရေ။ တနားစိုင်းစားပြီးရေခါ…..
လင်…..“အိုင်း…အမိသယ်။ ဗေဒင် ချေဝရှားချေ်ကြည့်ဖို့ဆိုဂေ လက်ညွန့် ခညွန့်ပီးဖို့ ဖေ့သာချေ ဒင်္ဂါးချေ လိုရေမလားယေ။”
မယား….“ယင်းချင့်ကိုမပူဂေ့ အဖသယ်။ ငါ့ရို့လင်မယားဆင်းရေးရေစော်ကို တရွာလုံးကသိရေစော်ရာမနား။ အဖသယ်လားလို့ရာကြည့်ခီ။ ဗေဒင်ဆရာကိုယှင်းပြဂေ နားလည်ဖို့စော်ရာ။”
လင်……“အုံး…ယပိုင်ဆိုဂေ လားလိုက်မေ အမိသယ်။”
လို့ပြောပြီးဂေ ချမ်းသာအောင်တယောက် ဟိရေ တထည်တည်းသောခတောင်းချေကို ဝတ်ပနာ မြီပန်းတူ တလုံးကိုဖွာယင်းနန့် ဗေဒင်ကြည့်ဖို့ အိမ်ကဆင်းလားခရေ။
အမှန်က မယားဖြစ်တေလူကလည်း ဗေဒင်ကြည့်ဖို့ သူ့လင်သယ်နန့်လိုက်လားချင်ရေ။ ယဂေလေ့ အဝတ်ချေက တထည်တည်းရာဟိရေဖြစ်လို့ အိမ်ထဲမှာဟိရေ ပုပ်ထဲကမထွက်ဝံ့။
ချမ်းသာအောင်ရေ ဗေဒင်ဆရာရောက်နိန်ရေ အိမ်ကိုရောက်ရေခါ အိမ်ရှေ့ကဗေဒင်ဆရာနန့် ဗေဒင်ကြည့်ရေလူတိထိုင်နိန်ဂတ်တေ စဆွန်မှာ အားရပါးရ ထိုင်ချပလိုက်ပါရေ။ ပြီးဂေ ဗေဒင်ဆရာကိုအကြာင်းစုံကိုယှင်းပြပါရေ။
ဗေဒင်ဆရာက “အောင်လံထူစစ်သူကြီးပွဲ”။“ဦးသာစိန်ပန်းဒန်းလှကိုရှာ” အစဟိရေအရွေ့တိကိုဆိုပနာ “ဗေဒင်အချုပ် မဟာဘုတ်ဆိုရေ” အတိုင်း မဟာဘုတ်တိုင်ထူပနာ တွက်နိန်ရေ။ တနားကြာဂေ ဟောလိုက်ပုံက…..
ဗေဒင်ဆရာ…..“ရှေးသို့ဆက်လို့ ကကောင်းဆင်းရေးဖို့သီး။” လို့ဟောလိုက်ပါရေ။
“ငါ့ရို့လင်မယားဘဝမှာ အေထက်ဆင်းရဲဖို့လည်းဟိဖို့သီးလား”လို့စိုင်းစားပြီးဂေ
ဂေါင်းငိုက်ဆိတ်ကျပနာ အိမကိုပြန်လာရေ။ မယားဖြစ်သူက သိချင်ဇောနန့် လင်လာဖို့လမ်းကိုအပေါက်ချေက ချောင်းလို့ကြည့်နိန်ရေ။ လင်သယ်အိမ်ထက်တက်လာစော်နန့် မယားသယ်က အားရပါးရနန့်မီးကြည့်လိုက်ရေ။
မယား……“ဗေဒင်ဇာပိုင်ဟောလိုကပါလဲ အဖသယ်။”
ချမ်းသာအောင်ဂါ ချက်ချင်းအဖြေမပီး။ တမှိုင်မှိုင်နန့် ငိုက်နိန်ရေ။ နောက်ထပ်ပနာ မယားသယ်ကထပ်မိန်းရေခါမှရာ….
လင်….“အိုင်း! အမိသယ်…ငါ့ရို့လင်မယားအဂုထက်ဆင်းရေးဖို့သီးလတ်။”
မယား…..“အီးယောင်လိုင်! သီယာမလားအဖသယ်။ အဂုတောင်မှ နှစ်ယောက်ပေါင်းမှ အဝတ်တထည်ရာဟိရေ။ စားဖို့စော်ဆိုဂေလေ့ ဂနိန့်ရှာ ဂနိန့်စားနန့်။ တနပ်ကတနပ်ကိုဆက်ဖို့မနည်းကြိုးစားနိန်ရရေ။”
လင်…..“အစော်တိကို ပူနိန်ရောင် အမိသယ်။ ငါ့ဂါး ဗေဒင်ကို ကောင်းကောင်းယုံရေလူမဟုတ်။အမိသယ်ကို အားနာလို့ရာ လားကြည့်ခီစော်ရာ။ ကိုယ့်ကြိုးစားဂေရရေစော်ရာ။ တခုလေ့မပူဂေ့။ ကိုယ့်ယောက်ျားတယောက်ဟိနိန်ယာမလားယေ။”
“အမိသယ်…ယင်းစော်ကိုမစိုင်းစားဂေ။့ အဂု ငါတောင်ကိုလားလိုက်မေ။ ညစာဖက်စားဖို့ ယင်းချေယက်ချေရှာဖို့။”
လို့ပြောယင်းနန့် ချမ်းသာအောင် တစ်ယောက်ဓားချေတချောင်းကိုကိုင်ပနာ
အိမ်ကထွက်လားခပါရေ။
ဓားတချောင်းကိုထမ်းလို့ ချမ်းသာအောင်တယောက် ယောင်ဖယ် ယောင်ဖယ်နန့် ပြား(ပြ)စနားမှာ ဝှေကြည့် ဒေကြည့်နန့်လားနိန်ရေ။ တနားနိန်ဂေ တပိတ်သာ လောက်ကျဖို့ ဖွတ်တကောင်မြစ်ကမ်းနားကအပင်ခေါင်းကိုဝင်လားရေစော်ကို ချမ်းသာအောင်မြင်လိုက်ပါရေ။ဖြားကလည်း ဘဘုန်းပြည့်လို့။ ချမ်းသာအောင် ရင်ထဲမှာပီတိဖြစ်ပနာ…..
“စားယာ…..ဒေဖွတ်စော်ငါ့အိုးထဲးကို ဝင်နိန်ယာ။
အဂုနက ဗေဒင်ဆရာကဟောလိုက်တရာသီး ရှိသို့ဆက်လို့ ကကောင်းဆင်းရဲးဖို့သီးဆိုရေဝေါ်။ ဇာဖြစ်လို့ဆင်းရဲးဖို့သီးလေ့ဂု။ ဒေဖွတ်ကိုရောင်းပနာ ရရေဖေသာနန့် နောက်ထပ် မယားအတွက် အဘိန်(ထဘိန်)ချေတထည်ဝယ်ပနာ ငါ့ရို့လင်မယားနှစ်ယောက်ရှာဂေ ငါ့ရို့လင်မယားဘဝ ဒထက်ချမ်းသာလာဖို့ဗျာယ်။”
လို့စိုင်းစားပနာ…ချမ်းသာအောင်တယောက် ဖွတ်ဝင်လားရေ အပင်အောက်ကိုပြီးပနာဝင်လားခရေ။ ယေပြီးဂေ ဖွတ်ဝင်လားရေ အခေါင်းကိုကြည့်လိုက်တေခါ ဖွတ်ကိုဂါခါ ယှယှင်းလလင်းမြင်နိန်ရရေ။ ယဂေလေ့ အခေါင်းက ဒူရူပေါက်။ မြစ်ဖက်ကိုကိုင်းနိန်ရေ။ ဖွတ် မြစ်ထဲကိုခုန်ဆင်းဖို့အပြင့်သား။ အောက်ဖက်က ဒုတ်နန့်ထိုးလိုက်ကေ အထက်ကထွက်ပြီးလားပြီးဂေချောင်းကို ခုန်ချလားဖို့။ အထက်ဖက်က ထိုးလိုက်ပြန်ဂေလေ့ အောက်ကထွက်ပြီးလားဖို့။
ပတ်ဝန်းကျင်မှာ အခေါင်းကိုဆို့ဖို့စော်ကရှာမရ။ နောက်ဆုံးမှာ ခါးမှာဝတ်ထားရေ ခတောင်းကိုချွတ်ပနာ အပင်ထက်ကိုတက်လို့ အထက်ဖက်ကအပေါက်ကိုဆို့ထားလိုက်တေ။ပြီးဂေ ဒုတ်ကောင်းကောင်းတချောင်းကို ခွပ်ပနာ အောက်ဖက်အပေါက်က စွတ်လို့ထိုးရေ။ သုံးလေးခေါက်ထိုးဂေ ဖွတ်ကနာအားကြီးနန့် တအားရုန်းပနာ ချမ်းသာအောင်ခတောင်းနန့်ပိတ်ထားရေ အထက်ဖက်အပေါက်က ကန့်ထွက်ပနာ ဖြား ဘဘုန်းပြည့်နိန်ရေ မြစ်ထဲကို ခုန်ဆင်းလခရေ။ ချမ်းသာအောင်လည်း ဘေးနားမှာ ထောင်ထားရေ ဓားနန့် လိုက်ပနာဖွတ်ကိုလက်ရွတ်ပစ်ချလိုက်တေ။ သူဆို့ထားရေ ခတောင်းလည်းဖွတ်ဂေါင်းမှာ ရစ်ပနာ ပါလခပြီးဂေ သူ့ဓားလည်းမြစ်ထဲးကိုကျလခရေ။
ချမ်းသာအောင်မှာ လက်ကိုပွတ်ပနာ နတ်ဝတ်တန်ဆာနန့်ကျန်လိုက်တေ။ ဖွတ်ကိုလည်းမရ၊ ဓားလည်းမရ၊ ခတောင်းလည်းမရ။
...............
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
ထွန်းသာတယောက် မိသားစုစားဝတ်နီရေးအဆင်မပြေရေအတွက်နှင့် တရက်ရှာမှ တနပ်စားရရေဘဝ။ ဝတ်ဖို့ အင်းကျီတလုံးနှင့် ဒယောတထည်ရာဟိရေဘဝ။ တမိသားလုံးကို ဒိုင်ခံပနာလုပ်ကျွေးနီရရေထွန်းသာအလုပ်က ချောင်းကိုဆင်းလို့ နိတိုင်းမျိုင်ခံရေအလုပ်။ မျှိုင်ခံရေဆိုစွာက ချောင်မှာစင်ချေတခုထိုးပနာ မျှိုင်ပိုက် (ခေါ်) ရင်းဒွန်းဖြင့် မျိုင်ချေတိကို ရီပြင်းရေနီရာက ခံထားရပါရေ။ ယင်းပိုင်လုပ်လို့ရရေ မျိုင်ချေတိကိုရောင်းပနာ တထပ်ထမင်း၊ တထပ်ဟင်း စားနီရပါရေ။
တရက်နိမှာ သူငယ်ချင်းကျော်စိန်ဆိုရေလူတယောက်နှင့် မျိုင်ခံဖို့ချောင်းကိုဆင်းရေခါ ချောင်းရီက ကကောင်းကြီးရေအတွက် မျိုင်စင်ကျိုးပနာ မျိုင်ခံလို့မရလိုက်ပျာ။ ထွန်းသာတယောက် စိတ်ကျပ်ပနာ ဇာလုပ်လို့ ဇာကိုင်ရမှန်းမသိ ဖြစ်လားခယင့်။ ယေခါ မကြံအပ်မကြံထိုက် အကြံတခု ထွန်းသာစိတ်ကူးထဲမှာပေါ်လာပျာ။ ပေါ်လာအကြံ တသိန်းတန်။ ဒေချောင်းကိုဖြတ်တေလူတိုင်းကို ဓမြတိုက်ဖို့ ဆုံးဖြတ်ချက်ပါ။ တချို့ရွာများက ခရီးလားသောခါ ရီကြောင်းအဖြစ် ယင်းချောင်းကိုဖြတ်ရသည်နှင့် ယင်းနီရာသည် အချက်ချာကျသော နီရာတခုလည်းဖြစ်သည်။
"အဝေးကျော်စိန် ထိုမှာဘုတ်တစီးလာနီစွာမြင်မလား၊ ယင်းဘုတ်ကို ဓမြတိုက်ကတ်မည်ဝေး"
ထွန်းသာကပြောလိုက်တေခါ ကျော်စိန်ကလည်း သဘောတူရေ။ ကျော်စိန်နှင့်ထွန်းသာ ဘုတ်လာရေခါ အသင့်အနီအထား ချောင်းအလယ်မှာ လောင်းချေတစီးနှင့် စောင့်နီပျာ။ အချိန်ကလည်း မိုးမသောက်ခင် ရောင်ဖြူလာစဖြစ်လို့ လူကိုမှန်းလို့မကျရေအချိန်။ ဘုတ်အပါးချေကိုကပ်စွာနှင့် လူတယောက်လိုက်ဖို့ပုံပြလို့ ဘုတ်ကိုတားလိုက်တေ။ ဘုတ်တန့်စွာနှင့်ချက်ချင်း (၂) ယောက်စလုံး ဘုတ်ထက်ကိုတက်လိုက်တေ။
“ပါစွာပီး လုံးဝမလှုပ်ကဲ့ သီဖို့ဒေ”
ယေမှာ ကံဆိုးစွာက ယင်းနယ်မှာပြိုင်ဘက်ကင်း နယ်လကျယ်ကြီးမောင်ထွန်းလှ ဘုတ်ထက်မှာပါလာရေ။ ရာဇသံပီးစွာကိုကြားစွာနှင့် မောင်ထွန်းလှက
“ဒေနယ်မှာ ဒေပိုင်လည်းမိုက်တေအကောင် ဟိသိမ့်လားဝေ၊ ဒါးပီးဝေ ဒါးပီး၊ အားလုံးကို ခွတ်ပစ်လိုက်မည်”
ဆိုခါ ထွန်းသာနှင့်ကျော်စိန် ဘုက်ထက်က ချက်ချင်းဆင်းပြီးဖို့ကျရေ။ ဆင်းပြီးခါ ထွန်းသာမှာ ဘုတ်ဦးမှာငြိမ့်လို့ ဒယောကျွတ်ကျန်ခရေ။ ရွာသို့ဝင်ခါ ထွန်းသာခါးမှာဒယောမပါ။ မိုးကလည်းလင်းလားခပျာ။ ဇာပိုင်းလုပ်ဖို့လဲဂု အင်းကျီတလုံးနှင့် ဒယောတထည်ဟိစွာမှာ ဒယောတထည်ကျန်ခပျာ။ ယေကေဖြစ်သိမ့်လာ အင်းကျီကို ဘောင်းဖီလုပ်ပနာ ဝတ်ရလီရေ။
အဆင်မပြေရေဘ၀မှာ တခါတရီ “အင်းကျီ” က ”ဘောင်းဖီ” ဖြစ်ရပါရေ။
အသျှင် (Ashun)
............
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
အပန်းဖြေစခန်းက ပြန်လာရေ ကားတစ်စီးသည် လမ်းတစ်နိန်ရာ ကျုပ်အိုင်မှာ ရပ်လားခသည်။ ကားထက်က သသားနနား ဝတ်ဆင်ထားရေ လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးကေ-
“ငါ့ကားအောက်ထဲဝင်ပြီး အသူ ဝက်အူကျပ်ပီးနိုင်ဖို့လဲ” လို့ အော်ဟစ်ပနာအကူအညီ တောင်း လိုက်သည်။
ကား၏ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နိန်လို့ ဆီတိယိုနိန်ရေအတွက်ကြောင့် ရပ်တန့်လားခခြင်းဖြစ်ပါသည်။ ဓာတ်ဆီဆိုင်နန့်လည်း စကေအလှမ်းဝီနိန်သောကြောင့် ကားပိုင်သျှင်၏စိတ်ကား အိုးဖုံးပူအထက်က ပုရွက်ဆိတ်ချေတိပိုင် လှုပ်ယှားနိန်သည်။ ကားပိုင်သျှင်ဘေးက လှလှပပပျင်ထားရေ အမျိုးသမီးတစ်ဦးက-
“ဆုငွေဟိကေ ကူရေလူ ပေါ်လာလိမ့်မည်” လို့ပြောလိုက်ပါသည်။
ယေခါကားပိုင်သျှင်သည် တန်ဖိုးကြီး ပေသာတစ်ရွက်ကို အလျှင် အမြန်ထုတ်ပြီးကေ-
“ဝက်အူကျပ်ပီးရေလူ ဒေပေသာနန့်ထိုက်တန်မည်”
လို့ ပြောလိုက်သည်။
ဝိုင်းကြည့်နိန်ရေ လူတိထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်လားခသည်။ ယကေလေ့ ဘေးလူတစ်ယောက်က
“ပေသာဟိရေလူတိစကားကို မယုံကေ့” ဆိုပြီးကေလှမ်းဆွဲလိုက်သည်။
ယင်းအချိန်မှာ အချေတယောက်က ထွက်လာပြီးကေ-
“ငါ ကူမေ” လို့ပြောလိုက်သည်။
ယင်းအချေက ကားအောက်ထဲဝင်ပြီး ဝက်အူကို ကျပ်ပီးလိုက်သည်။ တစ်မိနစ်တောင် မကြာရေအချိန်မှာ ကားအောက်က ထွက်ပြီး ကားပိုင်သျှင်ကို မျှော်လင့်ချက်မျက်လုံးနန့် ကြည့်န့်ကြည့်နိန်ခသည်။ ကားပိုင်သျှင်က ယင်းအချေကို အဂုနက ငွေကိုလှမ်းပီးဖို့လို့အလုပ်မှာ အမျိုးသမီးက -
“ဒေပေသာကိုပီးဖို့လို့လား? အကြွီတစ်ချို့ ပီးလိုက်ပါ”
လို့ ဝင်ဟန့်လိုက်ပါသည်။
ကားပိုင်သျှင်က အမျိုးသမီးဘားက ပေသာအကြွီကိုယူပနာ အချေကိုလှမ်းပီးလိုက်ပါသည်။ အခကေမယူဘဲ ဂေါင်းခါပြသည်။ ဝိုင်းကြည့်နိန်ရေ လူအုပ်ကြားက ဝေဖန်သံတစ်ချို့ထွက်လာရေခါ ကားပိုင်သျှင်က အကြွီ တစ်ချို့ ထပ်ပေါင်းပြီးကေ အချေကိုလှမ်းပီးလိုက်ပြန်သည်။ အချေက ဂေါင်းခါပြန်ရေခါ ကားပိုင်သျှင်က စိတ်ဆိုးပနာ-
“ဇာလဲ? မင်းကနည်းသိမ့်ရေလို့ထင်လား? နည်းရေထင်ကေလုံးဝမပီးယာနှ” လို့ အော်လိုက်သည်။
“နည်းရေထင်လို့မဟုတ်ပါ။ ငါ့ဆရာပြောပါရေ။ လူတိကို ကူညီခြင်းကား အကျိုးအမြတ် ရဖို့အတွက် မဟုတ်ပါ” လို့ အချေက ပြန်ပြောရေခါ-
“ယင်းပိုင်ဆိုဂေ မင်းဇာဖြစ်လို့ မလားသိမ့်စော်လဲ?” လို့ ကားပိုင်ရှင်က စိတ်ပျက်လက်ပျက် မိန်းလိုက်ပြန်သည်။
“ဘေးဘေဘားက ကျေးဇူးတင်ပါရေ-ဆိုရေ စကားတစ်ခွန်းကို ငါစောင့်နိန်စော်ပါရာ” လို့ အချေကပြန်ပြောလိုက်ပါသည်။
လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုစွာ ကကောင်းကြောက်ဖို့ကောင်းကြောင့်ဒေပုံပြင်က ပြော လားခပါသည်။ တူညီရေ အဖြစ်အပျက်တစ်ခုမှာ ကာယာကံသျှင်ဖက်က ကြည့်ကေတစ်မျိုး၊ တစ်ခြားလူဖက်က ကြည့်ရင်တစ်မျိုး စရေ အမြင်မတူစွာတိ ဟိတတ်ကြသည်။
................
(မှတ်ချက်။ ။ကိုယ်တိုင်ရွီးထားစော်မဟုတ်ပါ။ သူငယ်ချင်းတယောက်ဘားက Forward လုပ်စော်ကိုကြိုက်လို့ ရခိုင်ဘာသာသို့ပြန်ပြီကေ တင်လိုက်ခြင်းဖြစ်ပါသည်။)
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
ဒေဟင့်က အကျွန်တော် (၂၀၀၁) နှစ် ဧပြီလက ရန်ကုန်သို့လာဖို့ခါ အဘောင်သျှင်မှာလိုက်တေ စကားတခွန်းပါ။ အကျွန်တော် ရန်ကုန်သို့လားဖို့အတွက် ရွာကနီပနာ စစ်တွေသို့ မထွက်ခင် မိုးထက်ဘက်မှာ အဘောင်သျှင်က ကျွန်တော့ကိုခေါ်ပြီးကေ ငါ့မြီးချေ ငါ့မြီးချေအတွက် အဘောင်သျှင် လူကြီးသူမတိ လက်ဆင့်ကမ်းခရေ စကားတခွန်းကို မှာလိုက်ချင်ရေဆိုပနာ ဒေစကားကိုပြောလိုက်စွာပါ။ အဘောင်သျှင်က ဇာပြောလဲဆိုကေ “လူတိုင်းလူပြည်မှာ ဘ၀ကြီးပွါးရေးအတွက် လားရောက်နီထိုင်ရကေလည်းသော့ လူမျိုးခြားကို လက်ငါးချောင်း မပီးလီကဲ့” လို့ အဘောင်သျှင်က ပြောပါရေ။
ကျွန်တော်လည်း အဘောင်သျှင်ပြောစွာကို နားမလည်လို့ လက်ငါးချောင်းကို မပီးလီကဲ့ဆိုစွာ ဇာအဓိပ္ပါယ်ပါလဲလို့ ပြန်မီးကြည့်လိုက်တေ။ ယေခါ အဘောင်သျှင်က ကွမ်းတစ်ယာယာပနာ အကျွန်တော့ကို ယှင်းပြပါရေ။ ငါ့မြီးချေ လူ့ဘ၀မှာ တိုးတက်အောင်မြင်ဖို့အတွက် အရိုအသေပီးသင့်ရေလူကို အရိုအသေပီးရဖို့။ ယင်းပိုင် အရိုအသေပီးရေခါ ငါ့မြီးချေ လက်ဆယ်ချောင်းကို အသုံးပြုလို့ အရိုအသေပီးလီ။ ငါ့မြီးချေ တိုးတက်အောင်မြင်လိမ့်မေ။
လူတယောက်မှာ လက်ချောင်းချေ ဆယ်ခုစီပါရေမလား၊ လူကြီးသူမတိကို အရိုအသေပြုရေခါ ဆယ်ချောင်းလုံးကို အသုံးပြုရရေ။ လူ့သဘာအရ အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ယာသားပြုရေခါ သမက်တက်ပွဲမှာ ယောက်ျားဘက်က လက်ငါးချောင်းနန့် မမဘက်က လက်ငါးချောင်းကို ပေါင်းစပ်ပီးကတ်တေ။ ယင်းချင့်ကို အိမ်ထောင်ပြုရေလို့ ခေါ်ရေ။ ယင်းပိုင် အိမ်ထောင်ပြုရေခါ ငါ့မြီးချေရေ ရခိုင်မဟုတ်တေ လူမျိုးခြားနန့် အိမ်ထောင်မပြုလီကဲ့လို့ အဘောင်သျှင်က ပြောချင်စွာ။
လူမျိုးခြားကို လက်ငါးချောင်းပီးလိုက်ကေ ကိုယ့်ဘ၀နစ်နာရေ။ ကိုယ့်လူမျိုး၊ ကိုယ့်ယိုင်ကျေးမှု၊ ကိုယ့်အစိုင်အလာတိ ဆုံးယှုံးတက်တေ။ ငါ့မြီးချေကို အဘောင်သျှင်ရို့ ထိန်းသိမ်းခရေ အမွီအနှစ်တိကို ဆက်လက်ထိမ်းသိမ်းစီချင်ရေ။ အဘောင်သျှင်က ယင်းပိုင်ပြောပနာ အဆုံးသတ်လိုက်ပါရေ။ အကျွန်တော်လည်း အဘောင်သျှင်နားမှာ တနားထိုင်ပျာ ရှိသုံးကြိမ်ခိုးပနာ ပြန်ထပါလတ်တေ။
အကျွန်တော့် အဘောင်သျှင်စကားကို ရခိုင်သူ၊ ရခိုင်သားရို့အားလုံး စောင့်ထိန်းနိုင်ပါစီ။
(ရန်နိုင်စိုး)
...............
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
အခန်း(၁)
ကျင်အဓိပ္ပါယ်
“ကျင်” ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရွီးဖွဲ့ကတ်သည်ကို တွိရပါသည်။ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌ “လောကီဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး၊ ရှုမငြီးအောင်” ဟူ၍ူ ရွီးဖွဲ့ထားသည်။
ဆယ့်နှစ်လရာသီလင်္ကာတပိုဒ်တွင် “မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျွန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည်၊ ပန်းမဉ္စူကို၊ နီပူထိုးကေ၊ ညှိုးလတ်တေလည်း” ဟူ၍ူ ဖွဲ့ဆိုထားပြန်သည်။
လမုချောင်းဆရာကျော်မဲရွီးဖွဲ့သော မဟာဝိဟိံကရာဇဝင်လင်္ကာ (အပိုဒ်-၁၁၃) ၌ “ကခြေများဖြင့်၊ တီးကာရစ်မြည်၊ စည်ငါးမည်တည်း၊ သံရှည်ဟစ်ကြွေး၊ စုရုံးဝေးလျှက်၊ လက်ပွဲကျယင်၊ လုံးထွီးကျင်၍” ဟူ၍လည်းကောင်း
မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီးဦးကျော်ရင်သည် ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်း (၁၉၅၈-၅၉)၊ လုပ်သားပြည်သူ့နိစဉ်သတင်းစာ (၂၄-၈-၆၄) တွင် ကျင်နှင့်ပတ်သက် ဆောင်းပါးများကိုရွီးသားခရာ-
“ကျင်ဟူသည်မှာ ကျားနှင့်ယင် ဝေါဟာရနှစ်လုံးပေါင်းစပ်ဖြစ်ပေါ်လာရကြောင်း၊ “ကျားယင်၊ ယင်-ကျား” ကစပ်နည်းကိုအခြီခံ၍ ကျင်ဖြစ်ပေါ်လာရကြောင်းဆိုထားသည်။ “ကျားယင်” ကစပ်နည်း၊ ကျားကယင်ကို အုပ်ဖမ်းလိုက်၊ ယင်က ယှောင်ပြီးလိုက်နှင့် ယင်အကောင်နှစ်ဆယ်ကို ကျားနှစ်ကောင်က အနိုင်လိုက်ဖမ်းရန်အကွက် ရွှိကစပ်နည်းကိုအခြီမှီပြီး ကျင်သန်နှစ်ဦး ဖမ်းလိုက်၊ ခံလိုက်၊ ပစ်ချလိုက်နှင့် မြီသို့ကျအောင် ကစပ်ရသော နည်းအတတ်ပညာ” ဟူ၍ ယှင်းပြထားသည်။
တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများ (ရခိုင်) (၁၉၇၆) စာအုပ်၌ကား “ကျင်ဟူသည်မှာ ကျားလျှင်မှ ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ ကျားသည် သားကောင်ကိုဖမ်းသည့်အခါ လျှင်မြန်သည့်အဟုန်ဖြင့် ဖမ်းအောင်းရသကဲ့သို့ ဖြတ်လတ်လျှင်မြန်ရသည့်အတွက် “ကျားလျှင်” ဟုခေါ်ရာမှ ကျင်ဖြစ်လာသည်” ဟုဆိုထားသည်။
သဇင်နွယ် (မန္တလေးတက်ကသိုလ်) ၏ လက်နှိပ်စက်မူ ကျင်စာတမ်းငယ်၌ “ကျားကဲ့သို့ ခွန်အားဗလနှင့် ပညာကိုအသုံးချကိုင်ရသည့် အားကစပ်နည်းဖြစ်သည့် “ကျားအင်” လို့ခေါ်ရာမှ “ကျင်” ဖြစ်လာကြောင်းဆိုထားပြန်သည်။
ရမ္မာဝတီပညာစာရနှင့် လှအောင်ရွှေရို့ရွီးသားသည့် “ရမ္မာဝတီတေးကဗျာများစာအုပ်” (၁၉၉၀) တွင်းလည်း ရမ်းဗြဲဒေသိယသဘာဝတေးကဗျာတချို့ကို တွိရပြီး ထိုကဗျာများထဲတွင် ကျင်ဝေါဟာရနှင့်ပတ်သက်၍ “ကျအယင်၊ ကျီးယင်၊ ကျယင်၊ ကျအားယင်” စသည်ဖြင့် အမျိုးမျိုးအသံထွက်ကာ ဖွဲ့ဆိုရွီးသားထားသည်ကို တွိရသည်။ ကဗျာတပိုဒ်ကိုထောက်ပြရလျှင် -
“ရွာဘုံကေရာ သောင်းလဲ၊ များဘုံဆင်ကေ၊ ရွာတွင်လူများ၊ ကျအင်တိုက်တေ ထိုပွဲလယ်မှာ၊
မျှောကာကြည့်ကေ၊ ဝမ်းနည်းနည်းနှင့်” ဟူ၍ ဒေသိယလီသံဖြင့် ဖွဲ့ဆိုထားသည်ကို တွိရပါသည်။ မြောက်ဦးခေတ်တွင် ဓမ္မရာ (ထမရာ၊ အမရာ) မင်းသား ကျင်အတတ်ပညာသင်ယူပုံနှင့် ပတ်သက်၍ “ထမရာဖွဲ့” ၌ -
“ကျောက်တလင်းတွင်၊ ပျော်ပွဲရွှင်သောင်းသဲ၊ ကတူပွဲနှင့်၊ ပျော်ပွဲသဘင်၊ ကျင်ခြင်းသင်၍၊ ကာကောင်းခြင်းနှင့်၊ သိုင်းခြင်းသုံးဆယ်၊ သင်လတ်တေလေး။ ဒိုင်းခြင်းသုံးဆယ် သင်လတ်တေလေး။ စစ်ဆုတ်စစ်တက်၊ သင်လတ်တေလေး” ဟူ၍ တွိရသည်။
မဇ္ဈိမဒေသအရေးတော်ပုံကျမ်းနိဒါန်းရှည် (စာ-ငဲ) တွင်လည်း -
“ရခိုင်သားရို့သည် ဗဒုံမင်း၏ခိုင်းစေခြင်းအမျိုးမျိုးကို လုပ်ဆောင်ကတ်ရသည်။ ၎င်းရို့မှာ အမရပူရနီပြည်တော်တွင်ကျင်းပသော ပွဲလမ်းသဘင်များတွင် အတီးအမှုတ်၊ အကအခုန်၊ ကျယင်စသော ဖြေဖျော်မှုများ လားရောက်ဆောင်ရွက်ရ၏။” ရခိုင်ရာဇဝင်သစ်ကျမ်း (ဒုတွဲ)(စာ ၂၉၆) (ရခိုင်သားကြီးစာပီထုတ်) တွင်လည်း -
“ဒါးပိုင်ကြီးကျော်ပုံလည်း လေးတောင်စားလျှောက်ထားသည်ကိုသိလီလျှင် လျှောက်ထားရာသလောဟု အချက်ဝင်၍ လက်ဝှေ့ကျေးယင်ပွဲဆင်၍ သဘင်ပြုကြရာတွင် အကျူးအလွန်ပြုသည်ဟု လေးတောင်စားခေါ်မဲလွယ်ရို့ ညီအစ်ကိုသုံးယောက်ကို ဖမ်းယူလျှက် ဒါးပိုင်ကြီးကျော်ပုံသည် သတ်လီ၏။” ဟူ၍လည်းတွိရသည်။
ကျင်နှင့်ပတ်သက်၍ စကားပုံ၊ ဥပမာတချို့လည်းဟိသည်။ “အဘကျင်သန်၊ သားအင်တန်” “ကျင်သန်အို ကြက်နှင်မရ” “ကစပ်ကြီးကေ ကျင်ဖြစ်တေ” စသည်ဖြင့်ဖြစ်သည်။
မြန်မာ့အဘိဓာန်ကျမ်း (ပတွဲ) (၁၉၉၁) ၌ ကား -
ကျင် (ကြိ) ။ မြီကြီးနှင့်ရောနီသော ရွှေမှုန့်၊ ငွေမှုန့်များကို ကျင်ခွက်တွင်ထည့်ကာ ရီတွင်သဲ့ယူသည်။
ကျင် (ကြိ) ။ တတ်မြောက်လိမ်မာသည်။ “လူ့ပြည်နတ်ပြည်၊ ဘုံသုံးထပ်တွင်၊ နိုင်အံ့မထင်၊ ပညာကျင်သည်၊ ထွတ်တင်မော်ကွန်းထား၏တည်း”
ကျင်ကိုင် (ကြိ)(ရခိုင်) ။ တဦးနှင့်တဦး၊ အနိုင်အယှုံးလုံးသတ်သည်။ တောင်ကျော်ကိုင်သည်၊ နပန်းလုံးသည် - ဟူ၍ဖြစ်သည်။
သို့ဖြစ်၍ ကျင်ဝေါဟာရအဓိပ္ပါယ်ကို နိဂုံးကောက်ချက်ချပါက ကျင်ဆိုသည်မှာ ကျင်ပင်ဖြစ်သည်ဟု၍ ဆိုရပေမည်။ ကျွမ်းကျင်သည်။ ကျင်လည်သည်။ ကျင်ပစ်ချသည်ဆိုသည့် အဓိပ္ပါယ်ပင်မဟုတ်ပါလား။
အခန်း (၂)
ကျင်သမိုင်းကြောင်း
ကျင်သမိုင်းကြောင်းနှင့်ပတ်သက်၍ တောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်းအပါအဝင် ရခိုင်ရာဇဝင်ကျမ်းတချို့၏အလိုအရ လက်ပန်းသည်ရို့ လက်ပန်းသတ်ကြသည်ကို ၀ါသုဒေဝ၊ ဗလဒေဝခေတ် (ဘီစီ ၆၀၀ ကျော်လောက်က) ရှိဦးစွာ ဒွါရာတီခေတ်ကပင်ဟိကြောင်း ဖော်ပြထားသည်။ ဝါသုဒေဝ၊ ဗလဒေဝရို့ မင်းညီနောင်တကျိပ်သည် ဦးရီးတော်ကံသမင်းကြီး ထောင်ချောက်ဆင်ကျင်းပသည့် လက်ပန်းသတ်ပွဲ၌ စာရုယလက်ပန်းသည် မုဠိအလက်ပန်းသည်ရို့နှင့် လုံးသတ်အနိုင်ရပြီးနောက် ပြည်သိမ်းပုံများကို ရွီးဖွဲ့ထားသည်။ ဦးရာဇ်တောင်ဘုရားသမိုင်းလင်္ကာ “ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး ရှုမငြီးအောင်” ဟူ၍ရွီးဖွဲ့ထားသည့်အတွက် ကျင်ကိုလက်ပန်းလုံးပွဲဟုလည်းခေါ်သည်။
ပါမောက္ခချုပ်ဦးကျော်ရင်၏ “ရခိုင်ရိုးရာအတတ် ကိုယ်ပိုင်ပညာကျင်ပွဲ” (ရခိုင်တန်ဆောင် ၁၉၅၈) ဆောင်ပါးတွင် -
“ရှိရခိုင်မင်းဆက်များလက်ထက်တွင် ဘီလူးကို အသီသတ်ခသော ကျင်သမားဟုဟိသည်။ ထိုနည်းတူ မွန်မင်းများလက်ထက်တွင်လည်း အသားမင်းသားမှာ ခုနစ်တောင်မြင့်သော ကုလားလန်ဘားနှင့် နပန်းလုံးသတ်ခသည်။ မြန်မာရာဇဝင်တွင်လည်း ရန်မန်ထွေးသည် မိကျောင်း၊ ကျား၊ ဆင်ရို့နှင့်နပန်းလုံးကာ သတ်ပုတ်အောင်မြင်၍ အနန္ဒသူရိယဘွဲ့ကိုပင် ရဟိခသည်။ အသားမင်းသား ကုလားလန်ဘားနှင့် နပန်းသတ်သည်မှာ ရာဇဝင်အရ နှစ်ပေါင်းထောင်ကျော်ဟိလတ်ပြီ။ ကမ္ဘာပေါ်တွင်လည်း နပန်းလုံးအတတ်ပေါ်ပေါက် ခေတ်စားသည်မှာ နှစ်ပေါင်းထောင့်ငါးရာကျော်လတ်ပြီ။ ဤအကြောင်းနှစ်ရပ်ကိုထောက်၍် ရခိုင်ပြည်တွင်လည်း ကျင်အတတ်ပေါ်ပေါက်ခသည်မှာ နှစ်ပေါင်းတထောင်ထက်မလျော့နိုင်ဟု တွေးမိသည်။” ဟူ၍ သုံးသပ်ပြထားသည်။
ဝေသာလီခေတ် စူဠစန္ဒြားမင်းလက်ထက်၌ အမတ်ကြီးဓမ္မဇေယျသည် “ဗျည်း-၃၃ လုံးလှီလှော်သံ” ကိုစပ်ဆိုခသည်။ ယင်းလှီလှော်သံကို ကျင်သန်ကြီးများက ပြိုင်တူရွတ်ဆို၍ စည်ကြီးဗြိန်းစောင်းတီးကာ ပြိုင်လောင်းကြီးများကိုလှော်၍ ရခိုင်ရီတပ်မကြီးဖြင့် စစ်ချီထွက်ကြောင်းဆိုထားသည်။ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း (ပဉ္စမတွဲ) (ယဉ်ကျေးမှုကဏ္ဍ) စာ-၁၈၈ ၌ -
“ရှိခေတ်ရီတပ်မတော်များတွင် စစ်ချီထွက်သောခါ သန်မာထွားကျိုင်းသူကျင်သန်ကြီးများက လှီကိုလှော်ခတ်ရသည်။” ဟူ၍ ရွီးထားသည်။ ၎င်းလှီလှော်သံကိုအကြောင်းပြုလျှက် ပြိုင်လောင်းသံကျပ်များ စပ်ဆိုခသည်။
“ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တိရာတက်ပျာစီးလို့၊ မဟာလောင်းကြီးထွက်လို့လာ” (ရခိုင်ညွန်ဖူး၊ ၁၉၆၈--စာ-၈၃) “ကိုးဆယ့်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တပြီး၊ စည်တတီး” စသည်ဖြင့်ဖြစ်သည်။ မြောက်ဦးခေတ် “ထမရာဖွဲ့” ၌လည်း ကျင်ခြင်း၊ ကာခြင်း၊ သိုင်းခြင်း၊ ဒိုင်းခြင်းအတတ်ပညာများ သင်ယူပုံကိုဖွဲ့ဆိုထားဟိပြီးဖြစ်သည်။ အမရပူရနေပြည်တော်၌ ကျင်ဖြေဖျော်မှုပြုလုပ်ပုံကိုလည်း “မဇ္ဈိမဒေသအရေးတော်ပုံကျမ်း” ၌ တွိရသည်။ ရုပ်ဝတ္ထုသက်သီအဖြစ် သျှစ်သောင်းဘုရားလှိုဏ်ဂူပတ်တွင်း၌ ကျင်းအားကစပ်နည်းဆိုင်ရာ ရုပ်လုံးရုပ်ကြွများ ထွင်းထုထားသည်ကို ကနိထိ တွိမြင်နိုင်သည်။
ဤအကြောင်းအချက်များကိုဆက်စပ်၍ ကျင်အားကစပ်နည်းအတတ်ပညာသည် ရှိခေတ်အဆက်ဆက် ရခိုင်မင်းများလက်ထက်ကပင် ဆင်းသက်လာသည့် နည်းပညာရပ်ဖြစ်သည်ကို တိတိကျကျပြောနိုင်သည်။ ရှိရခိုင်မင်းများလက်ထက်ကပင် ရခိုင်ရိုးရာကျင်ပွဲများကို မင်းညီလာခံနန်းတွင်းသဘင်များ၌ ကျင်းပလာမြဲဖြစ်သည်။
တိုင်းပြည်အဝှမ်း မြို့ပြကျွန်းရွာဒေသများ၌ စည်စည်ကားကား ထူးထူးခြားခြားကျင်းပသည်။ ကျင်ပွဲ၊ ပြိုင်လောင်းပွဲများသည် ရခိုင်ရို့၏တိုက်ရေး၊ ခိုက်ရေး၊ စစ်ရေးအတွက်လည်းကောင်း၊ စည်းလုံးညီညွတ်မှု၊ အားမာန်တက်ကြွမှု၊ ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုများအတွက်လည်းကောင်း၊ နန်းတွင်းနန်းပြင်၊ မြို့ပြကျွန်းရွာမကျန် စည်ကားမြိုင်ဆိုင်စွာကျင်းပသည့် ပညာတရပ်ဖြစ်သည်။ ကျွန်းပွဲ၊ ရွာပွဲ၊ ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဈာပနပွဲ၊ မယ်တော်ပျံပွဲ၊ သင်္ကြန်ပွဲ၊ ပြိုင်လောင်းပွဲ၊ ရထားပွဲစသည့် ပွဲတော်တိုင်း၌ ကျင်ပွဲမပါလျှင်မပြီးဆိုလောက်သည်။
ရခိုင်ရိုးရာအက “ကျင်ယိမ်း” ၌ -
“ကျယင် ကျင်၊ ဖမ်းလူခံလူ၊ တူတူလုံး၊ ဒုန်းဒုန်းလည်းချ၊ အကျလည်း ယင်၊ ကျယင် ကျင်၊ ရခိုင်သားရို့ကြိုက်တေ ရခိုင်ကျင်၊ ခေါ်တွင်လာကတ်၊ အားကစပ်၊ ပွဲတိုင်းမလွတ် သူပါဝင်” ဟူ၍ စပ်ဆိုထားသည်။
ကျင်ခေတ်ဦးက တပွဲလုံး၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ဘုရင်၊ မိဖုရားရို့ကိုယ်တိုင် “ပန်းစည်းဆု” ချီးမြှင့်ကြောင်းသိရသည်။ ထိုသို့ ဆုချီးမြှင့်ပုံစနစ်သည် ရှိဂရိပြည် အိုလံပစ်ပွဲ၌ “လောရယ်” (ခေါ်) သစ်ခွပန်းစည်းဆု ချီးမြှင့်ပုံနှင့်တူကြောင်း သဇင်နွယ်၏စာတမ်းငယ်၌ ရွီးသားထားသည်။ ယခုထိကျင်သန်များအား “ပန်းဆု”ဟူ၍ူ ချီးမြှင့်သည်ကို တချို့နီရာများ၌ တွိရသိမ့်သည်။
ရှိက ကျင်ပွဲကိ ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူ၍ ခွဲခြားကျင်းပသည်။ ပထမတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ရွှေမောင်ဆု၊ ဒုတိယတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ငွေမောင်းဆုများချီးမြှင့်သည်။ ရွှေမောင်း၊ ငွေမောင်းများမှာ တစ်ကျပ်၊ တစ်ကျပ်ခွဲထိ အလီးဟိပြီး တံဆိပ်ခပ်နှိပ်ကာ ပိုးကြိုး၊ သိုးမွှီးကြိုးကျစ်၍ လိုင်ဖင်း၌စွပ်၍ ချီးမြှင့်သည်။ အင်္ဂလိပ်စာလက်ထက်က အင်္ဂလိပ် “မယ်လ်ဒေးလ်” တံဆိပ်မျိုးခပ်နှိပ်ကာ ရွှေတံဆိပ်၊ ငွေတံဆိပ်များကို ချီးမြှင့်ခကတ်သည်ဟုဆိုသည်။ ကနိခေတ်ထိ ရွှေမောင်း၊ ငွေမောင်းဆုများကို ရှိမူမပျက်ချီးမြှင့်ကျင်းပမြဲဖြစ်သည်။ ကျင်တခေတ်ဆန်းသစ်လာသော ကနိကာလ၌ ကားကျင်ပွဲများကို ခေတ်နှင့်အညီ ဆန်းသစ်တီထွင်ကာ ရွှေမောင်းဆုများကျည်း ချီးမြှင့်ကျင်းပလာလတ်သည်။
ရခိုင်တော်ဝင်ဂန္ဓဝင်မြောက် ရခိုင့်ကျင်ကို မပျောက်မပျက်၊ တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ရန်မှာ မျက်မှောက်ခေတ် ရခိုင်သားတိုင်း၏တာဝန်ဖြစ်သည်။
အခန်း(၃)
ကျင်ပညာ၏နက်နဲပုံ၊ စနစ်ကျပုံနှင့် အကျိုးသက်ရောက်ပုံ
(က) နက်နဲပုံ၊ စနစ်ကျပုံ
(၁) ကျင်ပညာသည် ပြင်းပြင်းထန်ထန် ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဖက်အား အနာတရဖြစ်အောင် ဒေါမာန်ဖြင့်ကြံဆတိုက်ခိုက်သည့် နည်းပညာမဟုတ်။ (ဦးက္ခောင်း၊ ဒူး၊ တန်းတောင်၊ ခြီဖနာင့်၊ ခြီစောင်း၊ ခြီဖဝါး၊ လက်စောင်း၊ လက်ဝါး၊ လက်ညှိုး၊ လက်သီးစသည်များကိုသုံးပြီး (ထိုး၊ ရိုက်၊ ကျောက်၊ ကန်) သတ်ပုတ်ခြင်းမျိုး လုံးဝမပါဝင်ချေ။
(၂) ကျင်ပညာ အဖမ်းသားအနီဖြင့် လက်နှင့်ခြီကို အသုံးချသည့်အခါ (ထိုး၊ ရိုက်၊ ကျောက်၊ ကန်၊ သတ်ပုတ်) တိုက်ခိုက်ရန်အတွက်မဟုတ်ပဲ (ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ်) ရန်အတွက်သာလျှင် အသုံးချရသည်။
(၃) အခံကျင်သန်သည်လည်း အဖမ်းကျင်သန်က (ဆွဲ၊ ငင်၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်) လာသည့်အခါ စည်းကမ်းနည်းလမ်းတကျ (ယှောင်၊ ထွက်၊ ချွတ်၊ ထုတ်၊ ခါ၊ ပစ်၊ ပြန်ပစ်) ရန်အတွက်သာ မိမိ၏လက်နှင့်ခြီကို အသုံးချရသည်။ နာကြင်ကျိုးပဲ့အောင် ကြံစည်တုံ့ပြန်ခွင့်လုံးဝမဟိ။
(၄) အဖမ်းသားအခွင့်အရေးအနီဖြင့် အခံသားလက်ကိုဆွဲနည်း၊ မောင်းသတ်၊ မောင်းလိမ်၊ မောင်းကျပ်၊ မောင်းဖွင့်၊ မောင်းပြန်၊ မောင်းလွှဲနည်း၊ ခြီပေါက်နည်း၊ ချိတ်နည်း၊ ကော်နည်း၊ လိမ်နည်း၊ ကျစ်နည်း၊ ပစ်နည်း စသည်ဖြင့် လက်၊ ခြီများကို ကိုင်ပုံ၊ ပေါက်ပုံ၊ ကျစ်ပုံ စနစ်တကျဟိသည်။
(၅) အခံသားအခွင့်အရေးအနီဖြင့် ထိမ်းကိုင်၊ ဆီးကိုင်နည်း၊ ရုန်းယှောင်ထွက်နည်း၊ ခြီချွတ်လက်ချွတ်နည်း၊ ခါနည်း၊ ပစ်နည်း၊ ပြန်ပစ်နည်း၊ အပြန်ပစ်နည်းများသီးခြားစီ အပြန်အလှန်စနစ်တကျဟိသည်။
(၆) အဖမ်းသားကျင်သန်ကို အခွင့်အရေးပိုပီးထားပြီး ယင်းအခွင့်အရေးကို အခြင်း၊ အကွက်ဖြင့် စနစ်တကျ ကျင်ပညာအသုံးချကိုင်ကာ အခံကျင်သန်အားအနိုင်ရအောင် ပစ်ချရန်ဖြစ်သည်။ အခံသားကျင်သန်သည်လည်း အဖမ်းသားကျင်သန် ထိုကဲ့သို့ လုံးဖမ်းကိုင်တွယ်သမျှ ငုံ့ခံနီရုံမဟုတ်ပဲ အခံကျင်သန်၏ခုခံခွင့်အတတ်ပညာကိုပါ တီထွင်ဖန်တီးထားသည်။ အဖမ်းသား၏လုံးဖမ်းကိုင်တွယ်ခွင့်နှင့် အခံသား၏ခုခံကာကွယ်ခွင့် ပညာနှစ်ရပ်ကို သူတလှည့်ကိုယ်တလှည့်၊ သူတပြန်ကိုယ်တပြန် ကိုင်ခွင့်ပြုလျှက် ပညာစွမ်းပြရသည့် အားကစပ်နည်းပညာရပ်ဖြစ်သည်။
(၇) ကျင်ကွင်းနည်းအမျိုးမျိုး ပုံစံတကျဟိသည်။
(၈) ကျင်ခြင်း၊ ကျင်ကွက်၊ ကျင်ဖမ်းနည်း၊ ကျင်ခံနည်းများ စနစ်တကျ ကျယ်ကျယ်ဝန်းဝန်း ဟိသည်။
(ခ) ကျင်ပညာ၏အကျိုးသက်ရောက်ပုံ
(၁) ကျင်ပညာသည် လူငယ်ရို့၏ တကိုယ်ရည်စွမ်းရည်ပြည့်ဝမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အရေးပါသည့် နည်းပညာရပ်ဖြစ်သည်။
(၂) ဇွဲ၊ သက္တိကိုခိုင်မာစီသည်။ အခက်အခဲကို တဦးတည်း ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ်ကျော်ရဲသည့်ုစိတ်ကို ရဟိစီသည်။
(၃) တက်ကြွမှုအားမာန်ကို ရစီသည်။
(၄) ယုံကြည်ချက်ပြည့်ဝစီပြီး ပြတ်သားခိုင်မာစီသည်။
(၅) ယုတ်ညံ့သိမ်ဖျင်းစိတ်၊ အားငယ်ကြောက်ရွံ့စိတ်များကို ကင်းပျောက်စီသည်။
(၆) မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ် မြင့်မားစီသည်။
(၇) ဆုံးဖြတ်ချက်တရပ်ကို မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာချမှတ်လုပ်ကိုင်ဆောင်ရွက်လိုစိတ်ခိုင်မြဲစီသည်။
(၈) ကျန်းမာကြံ့ခိုင်သန်စွမ်းမှု၊ လျှင်မြန်ဖျတ်လတ်မှုဖြစ်စီသည်။
(၉) လူ့ဘောင်ဝန်းကျင်နှင့် ပေါင်သင်းဆက်ဆံရေးကိုတိုးတက်စီသည်။
(၁၀) အများအကျိုး၊ ဦးဆောင်ဦးရွက်ပြု ပါဝင်ဆောင်ရွက်နိုင်ရန် ကာယ၊ ဉာဏ်စွမ်းရည်များကိုပြည့်ဝစီသည်။
သို့ဖြစ်၍ ဤအမျိုးသားရေးလက္ခဏာ၊ အမျိုးဂုဏ်ပေါ်လွင်စီသည့် အမျိုးသားယဉ်ကျေးမှု
အစစ်အမှန်ဖြစ်သည့် ကျင်အားကစပ်နည်းပညာရပ်ကို ရခိုင်လူငယ်တိုင်း နားလည်ကျွမ်းကျင်တတ်မြောက်အောင်ကြိုးစားပြီး လက်ဆင့်ကမ်းထိန်းသိမ်းရမည်။ သို့မှသာ ကျင်ပညာ၏ဂုဏ်ရည်၊ အမျိုးသားဂုဏ်ရည် ပိုမိုတိုးတက်တောက်ပြောင်လာမည်ဖြစ်သည်။
အခန်း(၄)
ကျင်သန်များနှင့် ကျင်အတန်းအစားခွဲခြားပုံ
(က) ကျင်သန်အတန်းအစားခွဲခြားပုံ
(၁) ကျင်သန်။ ။ ကျင်အတတ်ပညာတတ်ကျွမ်းပြီး ခန္ဓာကိုယ် သန်မာထွားကျိုင်းသူအားလုံးကိုပေါင်းရုံး၍ ကျင်သန်ဟုခေါ်သည်။
(၂) ကျင်သန်ချေ။ ။ ကျင်ပညာသင်စ၊ ကျင်ကိုင်စ၊ အသက်အရွယ်ငယ်နုသော သူလူငယ်များ၊ ငွေမောင်းတန်း (အငယ်တန်း) ၌ ဝင်ကိုင်စလူငယ်များကို ကျင်သန်ချေ (ကျင်သန်ငယ်) ဟုခေါ်သည်။
(၃) ကျင်သန်ကြီး။ ။ ကျင်ပညာရည်ပြည့်ဝပြီး ကျင်ပွဲများစွာကိုင်ဖူးပြီး ပွဲအတွိအကြုံရင့်ကျက်သည့် အားခွန်ဗလပြည့်စုံသည့် ကျင်သန်၊ ရွှေမောင်း၊ ငွေမောင်း အကြိမ်ကြိမ်ရဖူးသည့်ကျင်သန်မျိုးကို ကျင်သန်ကြီးဟု ခေါ်သည်။ အထူးသဖြင့် ရွှေမောင်းတန်း (အကြီးတန်း) မှ ရွှေမောင်းရကျင်သန်ကြီးများကို ခေါ်သည်။
(၄) ပြည်ကျင်သန်ကြီး။ ။ ပြည်ကျင်သန်ကြီးဆိုသည်မှာ ကျင်လောက၏ အထွတ်အထိတ်ဂုဏ်ပုဒ်ပင်ဖြစ်သည်။ ရခိုင်ပြည်ဒေသအနှံ့က ပွဲတိုင်းလိုလို၌ ရွှေမောင်းမြောက်များစွာရဟိထားပြီး၊ ပရိသတ်ကြိုက်နှစ်သက်သော ကျင်သန်ကြီး၊ အင်အားနှင့်ပညာရပ်၌ အံ့မခန်းလောက်အောင် ထူးချွန်ပြည့်စုံပြီး လေးစားချီးကျူးထိုက်သော ပုဂ္ဂိုလ်မျိုးကို ပြည်ကျင်သန်ကြီးအဖြစ် ပြည်သူရို့နှုတ်ဖျားမှ ကင်းပွန်းတပ်ပီးသည့် ဘွဲ့ဖြစ်သည်။ အဆင့်မြင့်ဆုံး ပြိုင်စံယှား ကျင်ပညာသျှင်များဖြစ်သည်။
(ခ) ကျင်အတန်းအစားခွဲခြားပုံ
(၁) ရှိအစဉ်အလာ ကျင်အတန်းအစားခွဲခြားပုံ
ရှိအစဉ်အလာအရ ကျင်ပွဲကို ရွှေမောင်းတန်း၊ ငွေမောင်းတန်း အတန်းနှစ်မျိုးခွဲခြားကျင်းပသည်။ ရွှေမောင်းတန်းမှာ ရွှေမောင်းဆု၊ ငွေမောင်းတန်းမှာ ငွေမောင်းဆု ချီးမြှင့်သည်။ ရွှေမောင်းတန်း၌ နိုင်မောင်း (ပထမဆု)၊ ကျမောင်း (ဒုတိယ) ပီးသကဲ့သို့ ငွေမောင်းတန်း၌ ထိုသို့ချီးမြှင့်သည်။ ငွေမောင်းတန်း၌ ပွဲမြောက်များစွာကိုင်ဖူးပြီး ငွေမောင်း (ပထမဆု) အကြိမ်ကြိမ်ရဖူးကာ ကျင်အတွိအကြုံရင့်ကျက်သူ၊ အားအင်လည်းပြည့်စုံသူကို ရွှေမောင်းကျင်သန်အဖြစ် တန်းတင်၍တိုက်တတ်သည်။ ရွှေမောင်းတန်းကျင်သန်မှာ ငွေမောင်းတန်း၌ဆင်းကိုင်ခွင့်မဟိ။ ငွေမောင်းတန်း၌ တက်ရောက်ယှဉ်ပြိုင်ကိုင်နိုင်ခွင့်ဟိသည်။
(၂) ခေတ်သစ်ကျင်အတန်းအစား ခွဲခြားပုံ
ကနိ ရခိုင်ပြည်၏ အထင်ကရကျင်ပွဲကြီးတချို့ ၌ ကျင်ကိုခေတ်နှင့်အညီတိုးတက်အောင် တီထွင်ကြံဆကျင်းပလာပြီးဖြစ်သည်။ မိမိအသက်အရွယ်အလိုက် ကြီးငယ်မရွီး ကျင်သန်တိုင်း ကျင်ကိုင်ခွင့်ရစီရန်စီစဉ်ပြီး ကျင်အတန်းအစားများကို အောက်ပါအတိုင်း ခွဲခြားကျင်းပလာသည်။
(က) သက်ကြီးတန်း (ကျင်အိုတန်း)
(ခ) အကြီးတန်း (ပထမတန်း)
(ဂ) အလတ်တန်း (ဒုတိယတန်း)
(ဃ) အငယ်တန်း (တတိယတန်း)
(င) တန်းသစ်
မမျှော်လင့်ပဲ မတန်တတန် ယှုံးနိမ့်လားရသည့်ကျင်သန်များ၊ မပြတ်သားအယှုံးပီးလားရသည့် ကျင်သန်များ၊ ပရိသတ်အကြိုက် (သို့မဟုတ်) ကျင်ကော်မတီများအကြိုက် ကျန်သန်များကိုလည်း (မောင်းမရပဲ ယှုံးလားရသည့်ကျင်သန်ထဲမှ) ရွီးထုတ်ပြီး တိုက်ပီးသည့် စိန်ခေါ်မောင်း (စိန်ခေါ်ပွဲ) သို့မဟုတ် (ကြည့်ချင်ပွဲ) ဟူ၍လည်း စီစဉ်ကျင်းပပီးတတ်သည်။
အန်း(၅)
ကျင်ကိုင်ပုံ
အခြီခံသဘောမိတ်ဆက်
(က) ကျင်ကိုင်ပုံ ယျေဘုယသဘော
ကျင်ကိုင်သည်ကို ကျင်လုံးသည်ဟုလည်းဆိုသည်။ ကျင်ကိုင်၊ ကျင်လုံးရန်အတွက် ကျင်သန်နှစ်ဦး ဟိရမည်။ ကျင်သန်နှစ်ဦး ကျင်ကိုင်သည်ကို ကျင်တပူး (သို့) ကျင်တည်းတတည်း (သို့) ကျင်တွဲတတွဲအဖြစ် သတ်မှတ်သည်။ ကျင်တည်း ကျင်ကိုင်ရန်အတွက် (အဖမ်း) နှင့် (အခံ) ကို ရွီးချယ်ပီးရသည်။ ကျင်သန်တဦးကဖမ်းပြီး ကျန်တဦးက ခံပီးရသည်။ ကျင်ဖမ်းသူကို အဖမ်းသား (သို့) အဖမ်းကျင်သန်(သို့) အဖမ်းလူဟုခေါ်ပြီး ကျင်ခံပီးသည့်သူကို အခံသား(သို့) အခံကျင်သန် (သို့) အဖမ်းလူဟုခေါ်သည်။ ဖမ်းလှည့်ကိုရသော ကျင်သန်က လက်မောင်းနှစ်ဖက်ကိုမြှောက်ကားကာ စဖမ်းရပြီး၊ အခံလှည့်ကျသည့်ကျင်သန်က လက်မောင်းနှစ်ဖက်ကို နံဘေးမှာကပ်၍ လက်ဖျားပိုင်းကို ရှိသို့တောင့်တောင့်ပီးထားကာ ကိုယ်ကိုကိုင်းညွတ်ဦးတည့်ပြီး သတိဖြင့်ခံပီးရသည်။
အခံသားခြီနှစ်ဖက်ကိုလည်း ပြိုင်မရပ်ဘဲ ရှိနောက်ဟန်ချက်ညီညီ ထားပြီးခံရသည်။ အဖမ်းသားကစပြီး လှန်၊ ဖက်၊ ဆွဲ၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်နိုင်သည်။ ကျင်ခြင်း၊ ကျင်ကွက်ဖြင့်ပစ်ချနိုင်သည်။ ထိုသို့ အဖမ်းသားက ဆွဲ၊ ဖမ်း၊ လှန်၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်ရန် ကြိုးစားလာသည့်အခါ ပစ်ချလာသည့်အခါ တချိန်တည်းတပြိုင်တည်းမှာ အခံကျင်သန်ကလည်း ဖြုတ်၊ ဆီး၊ ကာ၊ ချွတ်၊ တိုး၊ ကန်၊ ရုန်း၊ ထွက်၊ ကာခွင့်ဟိသည်။ ပြန်လည်ပစ်ချခွင့်ဟိသည်။
(ခ) ကျင်တည်းပုံ၊ ကျင်တိုက်ပုံ ယျေဘုယျသဘော
ကျင်သန်နှစ်ဦး ကျင်တတည်းစီးတွဲပြီးနောက် “ကျင်တလင်း” (သို့) “ကျင်ကွင်း” ထဲ၌
ကျင်တိုက်ရသည်။ “ကျင်တည်း” များကို “ကျင်တည်းအဖွဲ့” (ကျင်စာရင်းထိန်းကော်မတီ) ကတည်းပီးပြီး၊ ၎င်းကျင်တည်းများကို ကျင်ကွင်းထဲသို့ ကျင်ကိုင်ဖို့လာရောက်ပါရန် “ပြန်ကြားရေးကော်မတီ” ကဖိတ်ခေါ်ပီးရသည်။ ကျင်သန်နှစ်ဦးစလုံးရောက်ဟိက ၎င်းကျင်တည်းကို “ကျင်ဒိုင်အဖွဲ့” ထဲမှ ကျင်ဒိုင်နှစ်ဦးတာဝန်ယူကြီးကြပ်ပြီး ကျင်တိုက်ရသည်။
တာဝန်ယူကြီးကြပ်မည့် ကျင်ဒိုင်နှစ်ဦးစီကို ကျင်တွဲနှင့်တွဲဖက်၍ “ကျင်တည်းအဖွဲ့က” နာမည်ကြော်ငြာပီးရသည်။ ကျင်တလင်းအကျယ်အဝန်း၊ ကြီးကြပ်ကျင်ဒိုင် အရွီအတွက်အပေါ်မူတည်၍ ကျင်တည်းများကို တတည်းကနီ၊ လေး၊ ငါးတည်းထိ တပြိုင်တည်းတိုက်နိုင်သည်။ ကျင်တလင်း၌ ကျင်ဒိုင်အဖွဲ့က ကြီးကြပ်သည်။ တချို့ပွဲ၌ “ကျင်ဒိုင်ချုပ်” ဟူ၍ သီးသန့်ထားပီးသည်။ သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကျင်တည်းကို အဖမ်းအခံသတ်မှတ်ပီးရသည်။ ကျင်တတည်း၏အယှုံးအနိုင်ကို ကြီးကြပ်ကွင်း ကျင်ဒိုင်များ၏အဆုံးအဖြတ်ဖြင့်မကြေနပ်ပါက “ကျင်ခုံသမာဓိအဖွဲ့” (ကျင်အကဲဖြတ်လူကြီးအဖွဲ့) ထံ စောဒကဝင်တင်ပြနိုင်သည်။ ကျင်ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်သည် နောက်ဆုံးအပြီးအပြတ်အတည်ဖြစ်သည်။
(ဂ) ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်
ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်ကို အနှစ်ချုပ်သာဖော်ပြပါမည်။ အဖမ်းသားက အခံသားကို ခြီတကြိမ် ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်၍ အခံသားမကျပဲ ရုန်းလွတ်လားပါက အဖမ်းတခေါက်ပြီးလားပြီးနောက် တကြိမ်ထပ်ဖမ်းရသည်။ နောက်တကြိမ်လည်း အဖမ်းသားက ခြီတင်၊ ပေါက်ချိတ်၊ လိမ်ကျစ်ပစ်၍ အခံသားမြီပေါ်မကျပဲ လွတ်လားပါက အဖမ်းနှစ်ခေါက် ပြီးလားပြီဖြစ်သည်။ နှစ်ခေါက်ရာ ခြီတင်ပစ်ခွင့်ဟိပြီး အခံသားက ပြန်ဖမ်းရမည်ဖြစ်သည်။ ကျင်တည်းတတည်း၏အယှုံးအနိုင်သတ်မှတ်ပုံကို အောက်တွင် ဇယားဖြင်ဖော်ပြထားသည်။
ဥပမာ။
စဉ်....... မောင်ဖြူ........... မောင်နီ............ ကျသူ................... အနိုင်ရသူ
(က)
…….....အဖမ်း ...............အခံ ................မောင်နီကျ............. မောင်ဖြူနိုင်
..........အခံ ..................အဖမ်း .............မောင်နီကျ..............
(ခ)
.….... အဖမ်း ..............အခံ ...............မောင်ဖြူကျ............. မောင်နီနိုင်
..........အခံ .................အဖမ်း .............မောင်ဖြူကျ
(ဂ)
.…....အဖမ်း ..............အခံ................ မောင်နီကျ................. မောင်ဖြူနိုင်
........အခံ................ အဖမ်း................ မောင်နီဖမ်းမရ
(ဃ)
……....အဖမ်း ............အခံ ..................မောင်နီကျ
..........အခံ ...............အဖမ်း ................မောင်ဖြူကျ
..........အဖမ်း ............အခံ ...................မောင်ဖြူကျ
.........အခံ ................အဖမ်း ................မောင်နီကျ
.........အဖမ်း .............အခံ ...................မောင်ဖြူဖမ်းမရ
..........အခံ ...............အဖမ်း .................မောင်နီဖမ်းမရ
အဖမ်းတခေါက်၊ အခံတခေါက်စီ သူတလှည့်ကျနီပြီး အယှုံးအနိုင်မရဖြစ်နီပါက “အဖမ်း၊ အခံ” ကိုပြန်၍ “အသစ်တဖန် မျောက်ပန်းလှန်ပီး၍ ဖမ်းသူမှာ ခြီတခေါက်ရာ ပေါက်ချိတ်၊ လိမ်ဖမ်းခွင့်ပြုရပါသည်။ ကျသူကို အယှုံးပီးရသည်။ လုံးဝအယှုံး၊ အနိုင်မရပါက အယှုံးအနိုင်ကို မျောက်ပန်းလှန်၍ ဖြစ်စီ၊ မဲဖြင့်ဖြစ်စီ ဆုံဖြတ်နိုင်သည်။
အခန်း(၆)
ကျင်ပွဲကျင်းပရေးကော်မတီများ
ကျင်ပွဲကျင်းပရေးကော်မတီအသီးသီးသည် မိမိရို့၏လုပ်ငန်းတာဝန်ဝတ္တရားများကို ဆုံးဖြတ်လုပ်ပိုင်ခွင့်ဘောင်အတွင်းမှနီ၍ ပြည့်ပြည့်ဝဝကြိုးပမ်းဆောင်ရွက်ရသည်။ ကျင်ပွဲ၌ ဖွဲ့စည်းရမည့် လုပ်ငန်းကောမတီများမှာ --
(က) ကျင်ခုံသမာဓိအဖွဲ့ (ကျင်အကဲဖြတ်လူကြီးအဖွဲ့)
(ခ) ကျင်ဒိုင်အဖွဲ့
(ဂ) ကျင်တည်းအဖွဲ့ (ကျင်စာရင်းထိန်းအဖွဲ့)
(ဃ) ပြန်ကြားရေးအဖွဲ့
(င) ကျင်ဇေပြား ရောင်းချရေးအဖွဲ့
(စ) ကျင်ဇေပြားကို (ဆုငွေ) ပြန်ပီးရောင်းချရေးအဖွဲ့
(ဆ) ကြိုဆိုနီရာချထားရေးးအဖွဲ့
(ဇ) ကျင်တလင်း၊ ကျင်မဏ္ဍပ်ပျင်ဆင်ရေးအဖွဲ့
(ဈ) ကျင်ပွဲအခမ်းအနားပျင်ဆင်ရေးအဖွဲ့
(ည) ကျင်သန်များဆုခံစဉ် လိုက်ပါကူညီရေးအဖွဲ့
(ဋ) လျှပ်စစ်မီးတပ်ဆင်ရေးအဖွဲ့
(ဋ္ဌ) စာရင်းထိန်း၊ စာရင်းစစ်အဖွဲ့….စသည်ဖြင့်ဖြစ်သည်။
ကျင်ပွဲ၌ အဓိကကဏ္ဍမှပါဝင်ရသည့် “ကျင်ဒိုင်အဖွဲ့” ၏ တာဝန်နှင့် ကျင့်ဝတ္တရားများကို ဆက်လက်ဖော်ပြပါမည်။
(ခ) ကျင်ဒိုင်အဖွဲ့၏တာဝန်နှင့် ကျင့်ဝတ္တရားများ
(၁) တာဝန်များ
(၁) ကျင်ဒိုင်များသည် မိမိနှင့်သက်ဆိုင်ရာကျင်တည်းများကို ကျင်တလင်းသို့ ခေါ်ယူပြီး ခါးစည်းကြိုးကို မှန်ကန်စနစ်တကျနှောင်စီးရမည်။ ဘောင်းဘီဖြင့်ကျင်ကိုင်းခြင်းကို တားမြစ်ရမည်။
(၂) အန္တရာယ်ဖြစ်စီနိုင်သည့် လက်ဝတ်ထည်များကို ဝတ်ဆင်ထားသည့်ကျင်သန်ကို ယင်းလက်ဝတ်ထည်အား ချွတ်ထားဖို့ပြောရမည်။ လက်သည်းရှည်ကျင်သန်များကို ချက်ချင်းလှီးဖြတ်စီရမည်။
(၃) ကျင်သန်နှစ်ဦးအတူ ပရိသတ်ကို ရှိခိုးအရိုအသေပြုပြီးမှ ကျင်ကွင်းထဲသို့ဝင်စီရမည်။
(၄) ကျင်သန်နှစ်ဦးကို ဒေါသမပါဘဲ၊ ချစ်ကြည်ရင်းနှီးစွာဖြင့် လက်ဆွဲနှုတ်ဆက်ပြီးမှ စည်းကမ်းနှင့်အညီ ကျင်ကိုင်စီရမည်။
(၅) ကျင်သန်နှစ်ဦး ဖမ်းလှည့်၊ ခံလှည့်ကို စည်းကမ်းအတိုင်း စီစည်ဆုံးဖြတ်ပီးရမည်။
(၆) ကြီးကြပ်ကျင်ကိုင်ဒိုင်နှစ်ဦးသည် မိမိရို့နှင့်သက်ဆိုင်ရာကျင်တည်းကို မျက်ခြီမပြတ် စိစပ်သေချာစောင့်ကြည့်နီရမည်။ ထိုင်မနီရ။ တနီရာတည်း၌ ရပ်မနီရ။ ကျင်းတည်းနှင့်အတူ လိုက်ပါလှုပ်လျှားနီရသည်။
(၇) ကျင်သန်နှစ်ဦး အဖမ်းအခံကို အငြင်းပွားပါက သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ဆုံးဖြတ်ပီးရမည်၊ တွန်းပစ်ချမှုမျိုးမဖြစ်ရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်သည်။
(၈) ကျင်သန်နှစ်ဦး သတ်မှတ်ကျင်တလင်းနီရာ၌သာ ကျင်ကိုင်နိုင်စီရန်နှင့် လူထုထဲ (သို့) စည်းအပြင်သို့ တွန်းချမှုမျိုးမဖြစ်စီရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်ရမည်။
(၉) ကျင်တလင်းသည် စည်းအပြင်ဘက် လူထုထဲသို့ပစ်ချခြင်း။ ကြိုးဝိုင်းစည်းပေါ်၌ ပစ်ချခြင်းမျိုးကြောင့် ကျင်သန်တဦးကျလဲလားပါက အယှုံး၊ အနိုင်၊ မပီးပဲ ပြန်ကိုင်စီရမည်။
(၁၀) ကျင်သန်တဦးဦး ကျင်ကိုင်၍ တကြိမ်ပြီးသဖြင့် အနားယူခွင့်တောင်းပါက ပီးသင့်က ပီးရမည်။ တကြိမ်မှာ (၁၅) မနစ်ထက် ပိုအနားယူခွင့်မပီးရ။
(၁၁) ကျင်သန်တဦးဦး ကျင်ကိုင်နီစဉ် စည်းကမ်းဖောက်ဖျက်မှုဟိပါက သတိပီးတားမြစ်ရမည်၊ ထုတ်ပယ်သင့်သည်ထင်မြင်က ကျင်သမာဓိထံ တင်ပြအတည်ပြုချက်ယူရမည်။
(၁၂) ကျင်ဒိုင်သည် ကျင်တတည်းတိုက်ပြီးတိုင်း အယှုံးအနိုင်ကို ကျင်တည်းအဖွဲ့သို့ ပြန်လည်တင်ပြပီးရမည်။
(၁၃) ကျင်တွဲများကို ကျင်ကွင်းအနီအထားကိုကြည့်ပြီး ထုတ်တိုက်ရမည်။ ကျင်တည်းမများစီရ။
(၁၄) ကျင်ကွင်း၌ ကျင်တည်းမပြတ်စီရန်လည်း ဂရုစိုက်ရမည်။
(၁၅) ကျင်သန်များ ကျင်ကွင်းပြလိုက စီစဉ်ပီးရမည်။
(၁၆) ကျင်သန်များသည် ကျင်ပွဲမစမီကပင် ကျင်တလင်း၌ အဆင်သင့်ဟိနီရမည်။
၂။ ကျင်ဝတ္တရားများ
(၁) ကျင်ဒိုင်များသည် ကျင်တည်းတတည်း၏အယှုံးအနိုင်ကို ချက်ချင်းမှန်ကန်တိကျ ပြတ်သားစွာ ဆုံးဖြတ်ပီးနိုင်ရမည်။ ကျင်ဒိုင်နှစ်ဦးစလုံး ဆုံဖြတ်ချက်မှန်ရပါမည်။
(၂) ကျင်သန်များ ကျင်ကိုင်နီစဉ်ဖြစ်စီ။ အနားယူနီစဉ်ဖြစ်စီ တဦးတဖက်ကိုမျှ အားပီးအမြှောက်ပြောခြင်း၊ အကြံပီးခြင်း လုံးဝမလုပ်သင့်။
(၃) ကျင်သန်တဦးဦး ကျင်နိုင်သည့်အခါ ဝမ်းသာအားရလက်ခုပ်တီးခြင်း၊ ထပြီးကျင်ကွင်းခြင်းများ လုံးဝမလုပ်သင့်။
(၄) အဖမ်းကျင်သန်က အခံကျင်သန်၏ခါးကို ကိုင်ဖက်ထမ်းထားလျှင် အဖမ်းသားကို လွှဲပစ်မချစီရန် ချက်ချင်းတားပြီး အခံသားကိုအကျပီးရမည်။ အခံသားအကျမခံလိုက ပစ်ချခွင့်ပြုရမည်။
(၅) ကျင်ဒိုင်များသည် ကျင်ကိုင်နည်းပညာ၊ ကျင်ကိုင်းခြင်းစုံစုံလင်လင်ကို နှံ့စပ်အောင်သိထားရမည်။
(၆) ကျင်ဒိုင်အတွိအကြုံရင့်ကျက်အောင် ကြိုးစားရမည်။
(၇) ကျင်စည်းကမ်းများကို ပြည့်ပြည့်စုံစုံသိထားရမည်။
(၈) ဘက်လိုက်မှု လုံးဝကင်းယှင်းပြီး သမာသမတ်ကျရမည်။
(၉) ကျင်သန်များနှင့် ကျင်ပွဲကာလ၌ ရောရောနှောနှောမနီသင့်။
(၁၀) လာဘ်ပီးလာဘ်ယူ လုံးဝကင်းယှင်းရမည်။
(၁၁) ကျင်ဒိုင်များ ဆီးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း လုံးဝယှောင်ကြည်ရမည်။
(၁၂) ကျင်ဒိုင်များ သက်လုံကောင်စီရန် လေ့ကျင့်ခန်းများလုပ်သင့်သည်။
(၁၃) ကျင်သန်းများအပေါ်၌ ကြောသားရင်သားမခွဲခြားဘဲ စိတ်ထားစေတနာမှန်ရမည်။
(၁၄) ကျင်တိုက်နီချိန် ကျင်ဒိုင်အချင်းချင်းဖြစ်စီ၊ တခြားသူများနှင့်ဖြစ်စီ စကားပြောမနီသင့်။
(၁၅) ကျင်ဒိုင်ဝတ်စုံစနစ်တကျ၍ ဝတ်ဆင်ကြီးကြပ်သင့်သည်။
အခန်း(၇)
ကျင်ပွဲကျင်းပခြင်း
ကျင်ပွဲကို ကွင်းအဖွင့်ရတုဆို၍ မင်္ဂလာစည်တော်များတီးခတ်ကာဖွင့်လှစ်သည်။ ကျင်းကွင်းကို နံ့သာရည်များပက်ဖြန်းရသည်။ ကျင်တည်း (ကျင်တွဲ) များကို စမတင်မှီ မင်္ဂလာကျင်တည်းများကို စ၍တိုက်လေ့ဟိသည်။ ကျင်တိုက်ရာ၌ ကျင်စည်တီးပီးရသည်။ ကျင်စမတိုက်မှီ စာရင်းဝင်ကျင်သန်များ ကျင်ကွင်းထဲ၌ ကျင်ကွင်းပြရသည်။ ကျင်ကိုင်၍ ကျင်တတည်းနိုင်သူကို “နှစ်ခေါက်နိုင်” ဟု သတ်မှတ်သည်။ နှစ်တည်းနိုင်ပါက လေးခေါက်နိုင်။ သုံတည်းနိုင်ပါက ခြောက်ခေါက်နိုင်စသည်ဖြင့် မောင်းလုပွဲ၊ ဗိုလ်လုပွဲရောက်အောင်ထိ ဆက်နိုင်လားရသည်။
ကျင်တတည်း အယှုံးအနိုင်ပြီးတိုင်း ပရိသတ်ထံ ယှုံးသူရော၊ နိုင်သူပါ ဆုခံယူရသည်။ ခုံသမာဓိလူကြီးအဖွဲ့က စတင်ပြီး “ပန်းဆုငွေ” ချီးမြှင့်ပီးရသည်။ ကျင်ပွဲကျင်းပပြီးခါနီး၌ ကျင်ဒိုင်အချင်းချင်း ချစ်ကြည်ရေးကျင်ကိုင်ရသည်။ ကျင်သန်များကျင်နိုင်သည့်အခါ ကျင်ကွင်းပြရသည်။ ကျင်သန်များ နောက်ဆုံးဗိုလ်ဆွဲမောင်းရသည့်အခါလည်း ကွင်းထဲပတ်၍ ကျင်ကွင်းပြ၍ ကျင်ပွဲကြည့်ပရိသတ်များသည် ကျင်ဇေပြားများဝယ်ယူပြီး ကျင်သန်များဆုခံစဉ် ကျင်းကွင်းပြစဉ်၌ ဆုချီးမြှင့်ပီးရသည်။ ငွေသားလည်း ဆုချီးမြှင့်ပီးနိုင်သည်။ ကျင်သန်များက မဏ္ဍပ်တွင်းပရိသတ်ထံမှ ဆုချီးမြှင့်မှုခံယူပြီး ရလာသည့်ကျင်ဇေပြားများကို ကျင်ဇေပြားဖိုး ဆုငွေပြန်ပီးချေရေးအဖွဲ့ထံ၌ ဇေပြားနှင့်ငွေ ဖလှယ်ယူရသည်။ “ကျင်ခုံသမာဓိအဖွဲ့” က ကျင်ဒိုင်များထံမှတင်ပြလာသည့် ကျင်သန်များနှင့်ပတ်သက်သည့် တင်ပြချက်များကို ဆုံးဖြတ်ပီးရသည်။
ကျင်းပွဲကျင်းပရာ အငယ်တန်း၊ အလတ်တန်းစသည့် အောင်တန်းမှ ကျင်သန်များကို စတင်တိုက်ရပြီး ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်များကို ပွဲတော်နောက်ဆုံးရက်များ၌ရာ တိုက်လေ့ဟိသည်။ ကျင်တည်းများကို ယှုံးဖြုတ်စနစ်ဖြင့် ကျင်းပသော်လည်း ယခုအခါ တချို့ပွဲများ၌ ကျင်သန်ဦးရေနည်းသော ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်ကြီးများကို ပရိသတ်က အားရပါးရကြည့်ရှုနိုင်စီရန် ပတ်လည်စနစ်ဖြင့် ကျင်းပသည်လည်းဟိသည်။
အခန်း (၈)
ကျင်ကွင်းနည်းများ
ကျင်သန်များသည် ကျင်းကွင်းထဲ ကျင်ကွင်းပြရာတွင် ကျင်ပွဲအသီးသီးမှ မိမိရဟိထားသော ရွှေ၊ ငွေ ဆုတံဆိပ်များကို လိုင်တွင်ဆွဲ၍ ကျင်ကွင်းပြရသည်။ ရှိဦးစွာ မိမိ၏ကျင်ကွင်းနည်းပြဆရာများကို ကန်တော့ရသည်။ ကျင်ခုံသမာဓိ လူကြီးအဖွဲ့ကို ဂါရဝပြုရသည်။ နောက်ပရိသတ်ဘက်သို့လှည့်၍ ဂါရဝပြုရသည်။ ပြီးမှ ကွင်းတပတ်လှည့်၍ ကျင်ကွင်းပြရသည်။ ကျင်ကွင်းနည်းအမျိုးမျိုးဟိသည်။ အောင်တွင်ဖော်ပြထားသည်။
(က) ဝံ့လက်သဲ (သို့) ၀ံလက်သစ်ကွင်းနည်း
ကျင်သန်သည် မားမားမတ်မတ်ရပ်လိုက်သည်။ တည်ကြည်သောမျက်နှာထားဖြင့် မိမိလက်နှစ်ဖက်ကို လက်အုပ်ချီးပူးကပ်ထားလိုက်သည်။ နဖူးပေါ်တွင်ကပ်၍ တဖြည်းတဖြည်း ဝဲယာသို့ဆန့်တန်းထားသည်။ လက်နှစ်ချောင်းအနီအထားမှာ ငှက်တောင်များ ဖြန့်သကဲ့သို့ဖြစ်သည်။
လက်နှစ်ချောင်းကို အပေါ်သို့ ဆတ်ခနန်း မြှောက်ချီလိုက်သည်။ ပြီးနောက် တနီရာသို့ လွှားကနန်း ခုန်လိုက်သည်။ နောက်တနီရာသို့ရောက်သည်နှင့် ဘယ်-ညာလက်ဝါးနှစ်ဖက်ဖြင့် ဘယ်-ညာပေါင်ပေါ်ရိုက်ခတ်လိုက်သည်။ ထို့သို့ ရိုက်ခတ်ပြီးနောက် ငှက်ဝံလက်ပျံသကဲ့သို့ လက်များကို ဘယ်-ညာဆန့်တန်းဝှေ့ယမ်းသည်။
သို့ဖြင့် တနီရာမှတနီရာသို့ လှည့်လည်ပြီး ကွင်းတပတ်ပြည့်အောင် ကျင်ကွင်းပြသည်။
(ခ) ကျီကန်းရီချိုး ကွင်းနည်း
ကျင်သန်သည် ကိုယ်ကိုမားမားမတ်မတ်ရပ်လိုက်သည်။ ကိုယ်ဟန်အနီထားဖြင့် ကြံ့ခိုင်မှုကို ပြထားသည်။ လက်နှစ်ချောင်းကိုပူးကာ နဖူးပေါ်တွင်ကပ်၍ တဖြည်းဖြည်း ဝဲ-ယာသို့ ဆန့်တန်းထားလိုက်သည်။ ဒူးကို ကုပ်နီဟန်ထားခန္ဓာကိုယ်ကို ထက်အောက်သို့ နှိမ့်ချီမြင့်ချီ ပြုလုပ်ပြသည်။ ကျီးကန်းရီချိုးသကဲ့သို့ မြင်ရသည်။ သို့ဖြစ်၍ တနီရာမှ တနီရာသို့ပြောင်းရွှိပြီး လှည့်လည်ကျင်ကွင်းပြသည်။
(ဂ) ဥဒေါင်းဝဲ ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ ခြီထောက်ကိုစုံရပ်၍ ကိုယ်ကိုမားမားမတ်မတ်ရပ်၍ ဂါရဝပြုလိုက်သည်။ လက်နှစ်ဖက်ကို လက်ဦးချီ၍ နဖူးပေါ်တင်ကာ တဖြည်းဖြည်း ဝဲ-ယာသို့ ဆန့်တန်းလာသည်။ ခြီထောက်တချောင်းကို မ,မြှင့်၍ ဘယ်-ညာများကို ဦးက္ခောင်းပေါ်တွင် ဝဲကာနွဲ့ကာ ကွင်းပြသည်။ တနီမှ တနီရာသို့ပြောင်းရွှိ၍ ကွင်းတပတ်လည်အောင် ကွင်းပြသည်။
(ဃ) လင်းကွက် ကွင်းနည်း
ကျင်သန်သည် ခုံသမာဓိအဖွဲ့၊ ပွဲကြည့်ပရိသတ်ရို့အား ဂါရဝပြုလိုက်သည်။ ပြီးနောက် လက်ဝါးနှစ်ဖက်နှင့် ပေါင်ကို တချက်စီရိုက်ခတ်လိုက်သည်။ ကိုယ်ဟန်အနီအထားကို နွဲ့နှောင်းထားကာ လက်များကိုကွေ့ဝိုက်၍ လင်းကွက်ငှက်ပျံသည့်အလား ဝှေ့ယမ်းကာ ကွင်းပြသည်။
(င) လက်ခမောင်းခတ် ကွင်းးနည်း
ကျင်သန်သည် ခုံသမာဓိအဖွဲ့နှင့် ပရိသတ်အား ဂါရဝပြုသည်။ ခုံသမာဓိ အဖွဲ့ရှိရပ်ပြီး ဘယ်လက်ဝါးကို ညာဘက်ချိုင်းအောက်သို့ သွင်းလိုက်သည်။ ညာဘက်လက်မောင်းကို နံဘေးနှင့် “ဖြောင်းဖြောင်း” မြည်အောင်ရိုက်ခတ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ၉၀ံ ခန့် ကွေး၍ တဖြည်းဖြည်းဆန့်တန်းလာသည်။ လက်နှစ်ဖက်ကို အပေါ်သို့ ဆတ်ကနန်းမြှင့်တင်ပြီး တနီရာသို့ပြီးလွှားကာ နီရာပြောင်းရွှိလိုက်သည်။ ယင်းမှ တနီရာသို့ပြီးလွှား၍ တပတ်ပြည့်အောင် ကွင်းပြသည်။
(စ) ကင်းမြီးကောက် ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်ကို ဂါရဝပြုသည်။ ထို့နောက် လက်နှစ်ဘက်ကို မြီတွင်ထောက်၍ ကင်းမြီးကောက်ထောင်လိုက်သည်။ ကင်းမြီးကောက်ထောင်၍ ဆယ်လှမ်းခန့်လားပြီး ဂျွန်းပြန်ကာ ရပ်စောက်ရပ်လိုက်သည်။ လက်များကိုပူး၍ ရင်ဘတ်နားတွင်ထားကာ တဖြည်းဖြည်း ဝဲ-ယာသို့ဆန့်တန်းလာသည်။ ထို့နောက် နီရာပြောင်းလိုက်ပြီး ကင်းမြီးကောက်ထောင်ပြန်၍ ဆယ်လှမ်းခန့် ဆက်လားပြန်သည်။ ပြီးမှ ဂျွမ်းပြန်ကာ ရပ်စောက်ရပ်သည်။ ထိုသို့ကွင်းတပတ် ကွင်းပြသည်။
(ဆ) နောက်ဂျွမ်းပစ် ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်များကို ဂါရဝပြုသည်။ ပြီးနောက် ကျားကဲ့သို့ နောက်ဂျွမ်းပစ်ချလိုက်သည်။ နောက်ဂျွမ်းတချက်ပစ်လိုက်၊ လက်များကို ကွေးကာကွေးကာ ဝဲ-ယာ၊ ရှိ-နောက် ခန္ဓာကိုယ်ကို လှည့်လည်ကွင်းပြသည်။ ဤသို့ဖြင့် တနီရာမှ တနီရာသို့လှည့်လည်၍ ကွင်းပြသောအခါ နောက်ဂျွမ်းတချက်မှ ငါးချက်ထိ ဆက်တိုက်ဆက်တိုက်ပစ်ပြီး နီရာပြောင်းသည်။ ပွဲကြည့်ပရိသတ်က “ကျားလာရေ-ကျားလာရေ” ဟူ၍ ကြွေးကြော်ချီးမြှင့်သည်။
(ဇ) ရှိဂျွမ်းပစ် ကွင်းနည်း
ကျင်သန်သည် ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်ကို ရှိဦးစွာဂါရဝပြုပြီး ကျားကဲ့သို့ လျှင်မြန်စွာ ရှိဂျွမ်းပစ်လိုက်သည်။ ဂျွမ်းပစ်ပြီး လျှင်မြန်စွာ လက်နှစ်ဖက်ကိုဆန့်တန်းကာ စွန်များပျံဝဲသကဲ့သို့ ဝဲယာရှိနောက်လှည့်လည်၍ ကွင်းပြသည်။ ပြီးနောက် ရှိဂျွမ်းသုံးပြန်ပစ်၍ နီရာပြောင်းသည်။ ယင်းသို့ ကွင်းတပတ်ပြည့် ကွင်းပြသည်။
(ဈ) သိန်းငှက် ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ မားမားမတ်မတ်ရပ်နီရာမှ ဂါရဝပြုလိုက်သည်။ ပြီးနောက် ဝဲ-ယာ လက်နှစ်ဖက်ကို ကွေးဝိုက်ပြီး ဆန့်လိုက်သည်။ ပြီးနောက် ကိုယ်ကို နွဲ့နွဲ့ညွတ်၍ ပေါင်နှစ်ဖက်ကို ရိုက်ခတ်လိုက်ကာ လက်နှစ်ဖက်ကို သိန်းငှက်ဝဲပျံသကဲ့သို့ မာန်ဖြင့်ကွေးဝိုက်ကာ နောက်တနီရာသို့ အဟုန်ဖြင့် ရွှိပြောင်းလှည့်ပတ်ကာ ပြန်ရပ်ပြီး ပေါင်ကို လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ခတ်လိုက်သည်။ ပြီးနောက် ခြီတချောင်းကို အနည်းငယ်ကွေးမြှောက်ကာ သိန်းငှက်တောင်ဖံဝဲပျံနီပုံ လက်နှစ်ဖက်ကိုကွေးဖြန့်ဝိုက်ပြီး ကွင်းပြသည်။ ထိုသို့ ကွင်းတပတ်လှည့်ပတ် ကွင်းပြသည်။
(ည) ကြိုးကြာပျံ ကွင်းနည်း
ကျင်သန်သည် မားမားမတ်ရပ်ပြီး ကျင်ခုံသမာဓိလူကြီးများ၊ ပရိသတ်များကို ဦးညွတ်ဂါရဝပြုလိုက်သည်။ ပြီးနောက် ခြီကိုစုံရပ်၍ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ကို အထက်အောက် မြင့်ချီနိမ့်ချီပြုပြီး ခန္ဓာကိုယ်ကိုလှည့်ကာ နီရာပြောင်း ကွင်းပြသည်။ လက်နှစ်ဖက်ကွင်းဟန်မှာ ကြိုးကြာငှက်ပျံနီစဉ် တောင်ဖံနိမ့်ချီမြင့်ချီဖြစ်နီဟန် မြင်ရသည်။ ထို့သို့ ကွင်းတပတ်ပြည့်အောင် ကွင်းပြသည်။
ရခိုင်ကျင်အားကစပ်အတတ် တိုးတက်မြင့်မားပါစီ။
(လေးဝတီ ခိုင်ကျော်)
ရခိုင်စာပီနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) မှ စီစဉ်သည့် ရခိုင်ယဉ်ကျေးမှုနှင့် ရိုးရာအားကစားပွဲတော် (ဒုတိယအကြိမ်)
အောင်ဆန်းအားကစားပြိုင်ကွင်း၊ မင်္ဂလာတောင်ညွန်မြို့နယ်၊ ရန်ကုန်။
(18/12/2004) မှ (20/12/2004) ထိ ရခိုင်ရိုးရာကျင်ပွဲတော်အတွက် ရခိုင်သားကြီးစာပီမှ အခမဲ့ဖြန့်ချီသည်။
နောက်ဆက်တွဲ
စုစည်းတင်ပြသူ့၏လေ့လာသုံးသပ်ချက်
ရခိုင်တပြည်လုံးတွင် ကျင်ပွဲများကို နှစ်စဉ်ကျင်းပသည်။ အထူးသဖြင့် ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ မြောက်ဦး၊ မြေပုံမြို့နယ်များသည် အထင်ကရကျင်သန်ထွက်ရာ ဒေသများဖြစ်သည်။ ယင်းမြို့နယ်များတွင် အခြားမြို့နယ်များထက် ကျင်ပွဲများပြီးလျှင် ကျင်သန်များစွာထွက်သည်။ ကျင်စည်းကမ်းနှင့်ပတ်သက်၍ ဒေသအလိုက် ခြားနားချက်ဟိသည်။ တချို့ကျင်သန်များသည် တမြို့နယ်မှ တမြို့နယ်သို့ ကျင်လားကိုင်သောအခါ၊ မထင်မှတ်မှုများနှင့် ကြုံတွိနိုင်သည်။ အကြောင်းကား ယင်းမြို့နယ်ဒေသ၏ကျင်စည်းကမ်းကို နားမလည်သောကြောင့်ဖြစ်သည်။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မင်းပြားမြို့နယ်များ၌ ကျင်စည်းကမ်းမှာ -
မောင်နီ က (ခံ)
မောင်ဖြူက (ဖမ်း) သောအခါ အခံသား “မောင်နီ” မကျပဲ၊ အဖမ်းသား “မောင်ဖြူ” ကျသည်။
နောက်တလှည့်မှာ -
မောင်နီဖမ်း၍ “မောင်ဖြူ” ခံသောခါ “မောင်နီ” က “မောင်ဖြူ” ကိုဖမ်း၍မရသောကြောင့် ပထမအကြိမ်ကျထားသော “မောင်ဖြူ” သည် နောက်တခေါက်ပြန် ထပ်ဖမ်းခွင့်ဟိသည်။ ယင်းကျင်စည်းကမ်းစနစ်သည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်များ၌ မဟိပါ။ ကျသူကျ၊ နိုင်သူနိုင်၊ တယောက်တလှည့်စနစ်ကိုရာ ကျင့်သုံးသည်။
အရာတခု ထူးခြားချက်မှာ -
မြောက်ပိုင်းတခွင် အခံသားသည် အဖမ်းသားဘားက ထွက်ပြီးရေအခါ၊ အဖမ်းသားအတင်းလိုက်ကေလည်း အခံသားစွာ လက်ကာ၍ရာ ငြင်းပယ်ခွင့်ဟိသည်။ ယေခါ ဒိုင်လူကြီးက ကျင်စည်းကမ်းးဘောင်ကနီပြီး အဖမ်းသားကိုတားမြစ်ရသည်။ ယင်းစည်းကမ်းကို တောင်ပိုင်းတခွင်၌လည်း ကျင့်သုံးသည်။ ယေကေလည်းသော့ ခြားနားချက်မှာ ကျင်ခံသားထွက်ပြီးရေအခါ ကျင်ဖမ်းသားက ကောင်းကောင်းသတိထားရသည်။ အကြောင်းကား လိုက်လာရေကျင်ဖမ်းသားကို ကျင်ခံသားက ခုခံသည်အားဖြင့် လက်ကာရုံသာမက ပြန်ပစ်ခွင့်ဟိ၍ဖြစ်သည်။
ဥပမာ--
ကျင်အခံသား “မောင်ဖြူ” က ကျင်အဖမ်းသား “မောင်နီ” လိုက်တေအခါ ကျင်ခံသားမောင်ဖြူက ကျင်ဖမ်းသားမောင်ဖြူကို ခါးစောင်းတင်ပြန်၍ ခုခံဝေးပစ်နိုင်သည့်အတွက် ကျင်ဖမ်းသားမောင်နီကျလားရေအခါ ယင်းစွာကို အသင့်ဟုယူဆသည်။ သို့သော် မြောက်ပိုင်းတခွင်၌ ယင်းစွာကို အပြန်ဟုသတ်မှတ်သည်။ ဤကား တောင်ပိုင်းမြောက်ပိုင်း ကျင်စည်းကမ်းခြားနားချက်ဖြစ်သည်။
(မှားယွင်းချက်များဟိပါက အကြောင်းကြားပီးပါ။ ပြန်စစ်ဆီးကြည့်ပါမည်။)
နားထောင်ရန်-ကျင်ပွဲ Click
..............
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
ခိုင်နိုင်လင်း
ဂေါတမဗုဒ္ဓ သက်တော်ထင်ရှားဟိစဉ် စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ အယုံအကြည်ဟိသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ရခိုင်လူမျိုးရို့သမိုင်း မှတ်တမ်းအားလုံး၏ ကိုးကားချက်ဖြစ်သည်။ ထိုသမိုင်းမှတ်တမ်းများသည် ထေရ၀ါဒဗုဒ္ဓဘာသာဟိခပြီးနောက် မျက်မှောက်ထုံးတမ်းစဉ်များကို ထည့်သွင်းထားသည်။ သီရိလင်္ကာ၏ ပါဠိစာပီမှ ကျယ်ကျယ်ပြန့်ပြန့် ဆင်းသက်ကြီးထွားလာမှုဟိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒအဆင့်ဆင့်ထိ ကျယ်ပြန့်လာပါသည်။
စန္ဒသူရိယ ဘုရင်မင်းမြတ် ရခိုင်ပြည်ကို အုပ်ချုပ်ခသည်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်ကို သွန်းလုပ်သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားကြသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဗုဒ္ဓ၏ ဟောကြားပြသမှုရို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟု အဆိုဟိလီသည်။ အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနီထိုင်တော်မူသော ဂေါတမဗုဒ္ဓသည် ထိုအကြောင်းအရာကို သိလာသောကြောင့် ဗုဒ္ဓက သူ၏သာဝက အာနန္ဒာအား ပြောပြလီသည်မှာ “ကြောက်မက်ဖွယ်ကောင်းသော ရီနဂါးများ အုပ်ချုပ်ထားသော ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာကို ဖြတ်ကျော်လားရမည်ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ဟိလိမ့်မည်။ ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမဗုဒ္ဓသည် ကောင်းကင်ခရီးဖြင့် ကြွရောက်လာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းဟိမောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခလီသည်။ ဤတွင် ဗုဒ္ဓ၏ ရှိရှိဘ၀ပေါင်းများစွာက ကျင်လည်တော်မူခသောနီရာရို့တွင် ဗုဒ္ဓ၏ ဓါတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာရို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပီးလီသည်။ဤကဲ့သို့ဗုဒ္ဓ၏ ဗျာဒိတ်ပီးချိန်တွင် မဟာပထ၀ီမြီကြီးသည် တုန်လှုပ်ပြီး ပင်လယ်သမုဒ္ဒရာရို့သည် ရီနွီးအိုးဆူသကဲ့သို့ ဆူပွက်လီသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်ရို့အား မီးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လီသည်။ ဂေါတမဗုဒ္ဓ ရခိုင်ပြည်ကို ရောက်လာသည့်အကြောင်းကို ဘုရင်မင်းမြတ်သိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေအရံရို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှုးမတ် တိုင်းသူပြည်သားရို့နှင့်အတူ မောရပဗ္ဗတတောင်ထက်သို့ လားရောက်ကြလီသည်။ ဘုရင်မင်းမြတ်သည် ဂေါတမဗုဒ္ဓအား အရိုအသေပီးပြီးနောက် ဗုဒ္ဓက သူ့အား ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော်ကို ဟောကြားသင်ပြခလီသည်။ ယင်းပြီးနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနီထိုင်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခံလီသည်။ မြို့တော်မှ ဗုဒ္ဓမထွက်ခွာမှီ ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀)တိုင်တိုင် ကြည်ညိုရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓါတ်နှင့် ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခမည်ဟု ဗုဒ္ဓသဘောတူလက်ခံလီသည်။
နန်းတော်ရာ၏ အရှိမြောက်ဘက် သီရိဂုတ္တတောင်ကုန်းထက်တွင် အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်ကို ကောင်းကင်ဘုံ ဗိသုကာပညာသျှင် နတ်များ၏ဘုရင် သိကြားမင်းနှင့်အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င် တိုင်းသူပြည်သားရို့က တည်ထားကိုးကွယ်ကြလီသည်။ ရုပ်ထုတော်အတွင်းပိုင်သို့ ဂေါတမဗုဒ္ဓ၏ ရင်ငွိ့တော်ဓါတ်ထည့်လိုက်သောအခါ ဂေါတမဗုဒ္ဓနှစ်ဆူပေါ်လာသကဲ့သို့ ဖြစ်ပေါ်လာလီသည်။ အံ့သြကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလီသည်။ မဟာပထ၀ီမြီကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ဟိသကဲ့သို့ သူ၏ နောင်တော် ဂေါတမဗုဒ္ဓအား ကြိုဆိုသည့်အနီအထားနှင့် မတ်တပ် ထ,ရပ်လီသည်။ ထို့နောက် ဂေါတမဗုဒ္ဓသည် သူ၏သာဝက ဗုဒ္ဓရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွလားလီသည်။ ယင်းအချိန်အတွင်း ဘုရင် စန္ဒသူရိယမင်းမြတ်သည် သူ၏ မူးမတ်သေနာပတိရို့နှင့်အတူ အကြောင်းကိစ္စရို့ကို တိုင်ပင်ပြီးနောက် ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပလီသည်။ ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ခြောက်သွယ် ထွက်လာလီသည်။ ရိုသေကိုင်းယှိုင်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ပြီး အယုံအကြည်မဟိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်လားလေ့ဟိသည်ဟု အဆိုဟိလီသည်။ ရုပ်ထုတော်တည်ဟိသော နီရာ၏ပတ်ဝန်းကျင် အရပ်လေးမျက်နှာရို့တွင် အစောင့်အယှောက်အဖြစ် ကျောက်ရုပ်ထုများထားပြီး မကောင်းသော အကြံအစည်ရည်ရွယ်ချက်ရို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးသို့ လာရောက်သူရို့အား အ၀ီးသို့ ယှောင်ယှားလားစီသည်။
ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခုတည်ဆောက်ပြီး သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ မှတ်တမ်းတင်ထားခြင်း မဟိခပါ။ ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည် မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်လီသည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်ထုတော်အားကိုးကွယ်ဆည်းကပ်ရန် ရောက်လာခကြသည်။ ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိ သိမ်တော်ကြီးအတွင်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့် ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက်လာခကြသည်ဟု အဆိုဟိလီသည်။ သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှ အောင်မြင်မှု မဟိခပါ။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိက၀တ်ပြုကြလီသည်။ (၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော် ပျောက်ဆုံးလီသည်။ သို့သော်လည်း လေးမြို့ခေတ်မှ ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့် သိမ်တော်ကြီးတို့ကို ပြန်လည်ရှာဖွီတွိဟိပြီး သိမ်တော်အား ပြန်လည်တောက်ဆောက်ခကြသည်။
မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့ လမ်းတခုဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်ရို့၏ ရိုးရာထုံးတမ်းစဉ်လာ ဘုရားဖူးခရီးတစ်ခုစတင်ခလီသည်။ (၁၆) ရာစုတွင် ဘုရင်းမင်းဗာသည် မြောက်ဦးမြို့မှ သျှစ်သောင်းဘုရားအပါအ၀င် တိုင်းပြည်အနှံ့တွင် တည်ဟိနီသော ဘုရားကျောင်းအဆောက်အဦး အများအပြားရို့တွင် မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည့် မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရန် အမိန့်တော်ချမှတ်ခလီသည်။
၁၇၈၄-ခု တွင် မြန်မာဘုရင် ဘိုးတောင်ဘုရားသည် ရခိုင်ပြည်ကို သိမ်းပိုက်လီသည်။ ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်အား မန္တလေးသို့ သယ်ယူလားခသည်။ ထိုရုပ်ရှင်တော်မြတ်ကြီးအား မြန်မာပြည်တွင် ဂနိန့်ထိတိုင် အလေးမြတ်ဆုံးထားသော ရုပ်ထုတော်အဖြစ် ဆက်လက်မှတ်ယူထားကြဆဲဖြစ်သည်။ ဆုံးယှုံးသွားသော အမွီအနှစ်ကြောင့် ရခိုင်ပြည်သူရို့အား နက်နက်နဲနဲ စိတ်ထိခိုက်စီခသည်။ ဆက်လက်ပြီး မကြာမီ ဗြိတိသျှရို့၏ အုပ်ချုပ်မှုကို ရခိုင်ပြည်သူရို့ ဆက်လက်ခံရလီသည်။ (၁၈၆၇) ခုနှစ်တွင် မဟာမုနိသိမ်တော်ရာ အနီးပတ်ဝန်းကျင်မှ တွိ့ရသော ကျောက်ရုပ်ထုတော်တစ်ဆူအတွက် ဘုရားသိမ်တော်ကိုတည်ဆောက်ခကြသည်။
လွန်ခရေ နှစ်(၈၀)အတွင်းက နဂိုမူရင်းအတိုင်း သိမ်တော်ကြီးကို ပြန်လည်ပျင်ဆင်မွမ်းမံမှုရို့ကို လုပ်ဆောင်ခသည်။ ယင်းအချိန်တွင် အောက်ရင်ပြင်များကို ပြန်လည်ထိမ်းသိမ်းပေးပြီး မန္တလေး၌ရှိသော မူရင်းမဟာမုနိ ထိုင်တော်မူပုံစံ ကြေးရုပ်ထုတော်အသစ်တစ်ဆူကို သွန်းလုပ်ခဲ့ကြသည်။ ဂနိန့်အခါမှာ မဟာမုနိဘုရားသိမ်တော်နီရာသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးသူရို့၏ အရေးကြီးသော ဗဟိုအချက်အချာ တစ်ခုအဖြစ် ပြန်လည်စည်ကားလာပါသည်။
မဟာမုနိသိမ်တော်သည် နန်းတော်ရာကုန်း၏ အရှေ့မြောက်ထောင့်၌ဟိသော တောင်ပူစာတစ်ခုကို လွှမ်းခြုံပြုလုပ်ထားသော နီရာတစ်ခုဖြစ်သည်။ ရှိနှစ်ပေါင်း ရာစုများစွာကပင် မဟာမုနိဘုရားသိမ်တော်တွင် ဘုရားဖူးခရီးသည်များ စည်ကားသိုက်မြိုက်နီသော ဗဟိုအချက်အချာလည်းဖြစ်ပြီး ကျူးကျော်ဝင်ရောက်သူများ လက်အောက် ရခိုင်ပြည်ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများ ဆင်းရဲဒုက္ခခံစားခရသောအခါ ယာယီအားဖြင့် ဘုရားဖူးခရီးသည်များ နည်းပါးမှုဟိခလီသည်။ မူရင်းအဆောက်အဦး၏အကြွင်းအကျန် လုံးဝမဟိခသော်လည်း ယင်း၏ မူရင်းပုံစံတစ်ခုဖြစ်သည်ကို ကောင်းကင်ဓါတ်ပုံများတွင် တွိ့မြင်နိုင်သည်။ ဘုရားသိမ်တော်ကို ထောင့်မှန်စတုဂံနံရံနှစ်ဆင့်က ၀ိုင်းရံထားပြီး သိမ်တော်၏အရှိ့ဘက် အနောက်ဘက်တောင်ဘက်နှင့် မြောက်ဘက်ရို့တွင် ၀င်ပေါက်လေးပေါက် ဖောက်ထားပြီး အရှိ့ဘက်ဝင်ပေါက်ကိုအဓိက ၀င်ပေါက်အဖြစ် ထားသည်။ ပထမဆုံး ရင်ပြင်၏ အရှိ့တောင်ထောင့်နှင့် အရှိ့မြောက်ထောင့်ရို့တွင် ဗုဒ္ဓရုပ်ထုတော်ကြီးအား ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရီကန်ကြီးနှစ်ခု ထားပါသည်။ အိန္ဒိယအရှိမြောက်ပိုင်း နာလန္ဒ၌ဟိသော ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများ စုဝေးနီထိုင်သော နေရာတစ်ခုဖြစ်ပြီး ရှေး (၆) ရာစုမှပင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော အဓိက ဂူဘုရားကျောင်းတော်တွင် ယခင်မူရင်းနည်းတူ အနီးစပ်ဆုံး ပုံစံဖြစ်သော ဘုရားကျောင်းဆောင်ကို တွိ့နိုင်လီသည်။
....................
PAMELAS GUTMAN ၏ THE MAHAMUNI TRADITION ကို ဘာသာပြန်ဆိုပါသည်။
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)
သို့
စာတည်းအဖွဲ့ ရခိုင်ရိုးမ မဂ္ဂဇင်း
အကျွန်ရေ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ နည်းပြ ဒေါ်မြနှင်းဝေဖြစ်ပါရေ။ အကျွန်မာန်အောင်ဇာတိပါ။ ရန်ကုန် တက္ကသိုလ်ကျောင်းသူ ဖြစ်တေဘ၀ကပင် ရခိုင်မြောက်ဦးကို အကျွန်အထူးစိတ် ၀င်စားခပါရေ။ အကြောင်း အမျိုးမျိုးကြောင့် မရောက်ဟိနိုင်ခပါ။ ၀ိဇ္ဇာဘွဲ့ရပြီးကေ မဟာဝိဇ္ဇာဆက်တက်ယင်းပင်၊ သမိုင်းဌာနမှာ နည်းပြ ၀င်လုပ်နိန်ခပါရေ။ ရခိုင်သမိုင်းကိုလည်း လက်လှမ်းမှီရေဆီလေ့လာပါရေ။ ဆရာသမားရို့၏ ကျေဇူးတရား ကြောင့် အကျွန်၏မဟာဝိဇ္ဇာဘွဲ့စာတမ်းရေ အကျွန်စိတ်ဝင်စားသော ချစ်မြတ်နိုးသော ရခိုင်သမိုင်းနန့် ပတ်သတ် တေ စာတမ်းမျိုးကို တင်ပြခွင့် ရလှာပါရေ။ ဌာနက ချပီးလိုက်တေစာတမ်းက “ ရခိုင်မိဖုရားရို့၏ ကိုယ်ကျင့်သီလ စောင့်ထိမ်းမှု ကိုယ်ရည်ကိုယ်သွေး” ဖြစ်ပါရေ။
ယင်းကိစ္စနန့်အကျွန်မြောက်ဦးကို ၁၉၉၄ ခု မတ်လဆန်းမှာ ရောက်လာပါရေ။အကျွန်ဘ၀မှာ အလွန်ပျော်ရွှင် တက်ကြွ ကြည်နူးဖို့ကောင်းရေနိ ရက်တိပါဗျယ်။ ကျောင်းနီဖက်တိ စာပီသမားတိ၊ ရှိဟောင်း သုတေသနဌာန၊ သမိုင်းသုတေသီတိက လိုအပ်စွာတိ အစစအရာရာကို ကူညီပီးပါရေ၊ ပညာရေးဌာနက လူကြီးတိကလေး မှတ်တမ်းတင်လောက်အောင် ကူညီပီးပါရေ။ အတိုသျှေပြောရကေ ကိုယ့်လူမျိုးအတွက် ကိုယ့်ဘ၀အတွက် မှတ်တိုင်လို့ပြောစမှတ် စာတမ်းတစောင် ဖြစ်လာအောင် လိုအပ်ချက်တိ အပြည့်အစုံရခရေလို့ အကျွန် ကိုယ့်ကိုယ်ကို ယုံကြည်ထားပါရေ။ မိမိ၏ စိတ်စေတနာ မှန်ကန်မှုကြောင့် ၀ိုင်းဝန်းကူညီပီးရေသူရို့၏ ကြီးမား သော ကျေးဇူးတရားကို ဇာခါလေ့သော့ မိဖို့မဟုတ်ပါ။လုပ်ငန်းတာဝန် ပြီးစီးရေ သင်္ကြန်နိတရက်မှာ ရတနာ့ မာန်အောင် ကျောင်းတိုက်၏တရားစခန်းဖွင့်ပွဲနှင့် ကြုံပါရေ။ ကြုံတောင့်ကြုံခဲ အခွင့်အခါတရပ်ပိုင် မှတ်ပြီးကေ ၊ မြောက်ဦးမြီ တရားစခန်းမှာ ၀စီပိတ် (၉)ရက်ဝင်ပါရေ။
ထေရ၀ါဒသာသနာထွန်းကားရေ ရခိုင်မြောက်ဦးခေတ်မှာ အဂုတရားစခန်းဖွင့်လိုက်ထားရေ ရတနာ့မာန်အောင် ၀င်းရေ တောင်ကိုးလုံးဝိုင်းရန်ထားပြီး အလွန်စိတ်နှစ်လုံး ငြိမ်းချမ်းရေနီရာ တစ်ခုဖြစ်ပါရေ။ တရားစခန်း ၀င်သူတိ ကတော့ စစ်တွေ၊ မြောက်ဦး၊ကျောက်တော်၊ မင်းပြားမြို့ရွာအနှံ့ကပါ။ အကျွန်နန့် အိပ်ရာချင်းကပ်လို့ အရီးဆိုကေ အသက်ခြောက်ဆယ်လောက်ဟိပါဖို့။ ထမင်းတ၀ိုင်းတည်းလည်းကျပါရေ။ ပြောရဖို့ဆိုကေ ရုပ်ဆင်းရူပါက အဆင်းအလွန်လှပခန့်ငြားရေ အရီးတယောက်ဖြစ်ပါရေ။ မျက်နှာရေ ရှင်းသန့်ပြီးငြိမ်းချမ်း နီပါရေ။ သန္တိရသကို ဆောင်ရေမျက်နှာမျိုးပါ။ အသားအရီဝင်းလို့ နှာတံသွယ်သွယ်မျက်လုံးမျက်ခုံး ကောင်းကောင်းနန့်ပါ။ တက္ကသိုလ် လောကမှာ လှပခန့်ငြားရေ အမျိုးသမီးတိ ဆရာမတိတွိဖူးပါယင့်။ အကျွန်ရို့ မာန်အောင်သူမတိလေ့ အလှမှာ နာမည်ဟိရေ အရပ်ဖြစ်ပါယင့်။ ယေကေလေ့ဒေအရီးနန့်တော့ လုံးဝယှဉ်လို့မရပါ။ တရားစခန်းပြီးဗျာလ်ဖြစ်လို့ စကားပြောဖြစ်ကတ်ပါရေ။ လေးမြို့ချောင်းဖျားကလို့ ပြောပါရေ။ စကားရှည်ရှည် ပြောချင်ပုံမရပါ။ အကျွန့်ကို သမိုင်းဌာနက ဆရာမသျှေတယောက်လို့သိရေခါ စကားတိ အရှည်ကြီးပြောဖြစ်ကတ်ပါရေ။ အကျွန့်စာတမ်း အားနည်းချက်တိကို ဖြည့်စွက်ပြုပြင်ပီးပါရေ။ ရခိုင်ရာဇ၀င်၊ မြန်မာရာဇ၀င်ကို ဆရာတဆူပိုင် နှံ့စပ်ကျွမ်းကျင် ပါရေ။ အကျွန်အချိန်ရကေ အရီးမနန့်လိုက်ချင်ရေ ပြောရေခါ၊ ခေါင်းခါပါရေ။ သူရေသာသနာ တော်၏ အဆုံအမအောက်က ယောဂီဖြစ်ကြောင်း လောကီကိစ္စများကို ကြိုးစားပြီး မိပစ်နိန်ကြောင်း၊ စကားအဆိုက်ကျလို့ ပြောခြင်းဖြစ်ကြောင်း ပြောပြပါရေ။
စခန်းကထွက်ဖို့နိ မိုးထအာရုဏ်တက်မှာ အကျွန့်ကိုနှိုးပြီးကေ သူနန့်လမ်းလျှောက်လိုက်ဖို့ ခေါ်ပါရေ။ ရတနာ့မာန်အောင်စေတီတော်ကို ကန်တော့ကတ်ပြီးကေ၊ အရီးမဘေးက အကျွန်လိုက်လာမိပါရေ။ရင်ထဲမှာ ထူးဆန်းမှု ခံစားမှုတခုပေါ်နီရေလို့ အကျွန်သတိထားမိပါရေ။ စကားမပြောဖြစ်ကတ်ပါ။ အရီးမရေ မြောက်ဦး ပန်းမြောင်းကာရီလမ်းကို ဖြတ်ပြီးကေ သကျမာန်အောင်စေတီတော်ကို သောတာပန် ဘီလူးနှစ်ယောက် စောင့်ရေ အနောက်ဘက်မုခ်က ၀င်ပါရေ။စေတီတော်ကို ရည်မှန်းပြီး လက်အုပ်ချီလို့အကျွန့်ရှိက လျှောက်ပါရေ။ အကျွန်လေ့ယင်းအတိုင်း လက်အုပ်ချီလို့ နောက်ကလိုက်ပါရေ။ နီရောင်အင်တန်လင်းနီပါဗျာ။
စေတီတော်ရှိမှာ ငြိမ်သက်တိတ်ဆိတ်စွာ ရပ်နိန်ပြီးကေ လက်ကိုအသာချလို့ အကျွန့်ဘက်ကို လှည့်လိုက်ပါရေ။
အရီးမရေ အကျွန်နန့်ရွယ်တူ ကမ္ဘာလောက်လှပရေ မိန်းမပျိုတဦး ဖြစ်နိန်ပါရေ။ သူရေနတ်သျှင်မယ်လို့ခေါ် ကတ်တေ သီရိသုမြတ်စွာ ဒေ၀ီဖြစ်ကြောင်း။ ဒေသကျမာန်အောင်စေတီတော်ကို သူနန့်မောင်တော်ကြီး သီရိ သုဓမ္မရာဇာရို့ ဒါယိကာ၊ ဒါယိကာမခံယူပြီး တည်ဆောက်ခကတ်ကြောင်း ပြောပြပါရေ။
သူအကျွန့်လက်ထဲကို စာတစောင်ထည့်ပီးလိုက်တေ။ ဒေစာကို ရခိုင်ပြည်သူတိအားလုံး ဖတ်နိုင်အောင်စီစဉ်ပီးဖို့ မောတ္တာရပ်ခံပါရေ။ အကျွန့်ကို ပြန်လီဖိလို့ပြောပြီးကေ သူပုတီးစိပ်ဖို့ကျန်ခပါရေ။
သီရိသုမြတ်စွာဒေ၀ီ၏စာကို အကျွန်ရခိုင်ရိုးမ မဂ္ဂဇင်းသို့ ပို့ပီးလိုက်ပါယင့် ဖော်ပြပီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါရေ။
လေးစားလျှက်
မြနှင်းဝေ
မဟာဝိဇ္ဇာကျမ်း
(သမိုင်းဌာန ရန်ကုန်တက္ကသိုလ်)
ဝသုနြေ္ဒသျှင်မကိုတိုင်တည်ပနာ ဒေစာကိုရွီးပါ၏။
အေနိခါ အကျွန်ရေ မြတ်ဗုဒ္ဓသာသနာ၏ အဆုံအမအောက်မှာ သံသရာဝဋ်က လွတ်မြောက်ဖို့တခုကိုရာ အာရုံပြု ကျင့်ကြံအားထုတ်နိန်ပါရေ။ အကျွန်အတိတ်ကို မိန့်ထားပါရေ၊ ပစ္စုပ္ပန်ကိုတည့်တည့်ရှုပါရေ၊ ကုန်ခရေမိုးတွင်း တရက်နိမှာ ရခိုင်ကဗျာတပုဒ်ကို မဂ္ဂဇင်းတစောင်မှာ မမျှော်လင့်ဘဲဖတ်ရပါရေ။ အကျွန်မျက်ရည်ကို ထိမ်းလို့ မရပါ။ စိပ်ပုတီးလက်လွတ်ပြီး အကျွန်အချေတယောက်ပိုင် ငိုမိပါရေ။
သျှင်နာဂိန္ဒမော်ကွန်းကို
ထဘီစုတ်ပိုင်ဗြန်းခနဲဆုတ်
ရခိုင်ရာဇ၀င်မှာယုတ်ကန်ဆုံးမိန်းမ
ကိလေသာညွံတွင်းပုပ်မှာ
ပျော်ရင်းမြုပ် မြုပ်ယင်းပျော်
အော်---- နတ်သျှင်မယ် နတ်သျှင်မယ်
နင်ဖျက်လို့ပြည်ပျက် နန်းပျက်
ပြည်ပျက်ခရရေ ။
နှစ်ပေါင်း သုံးရာငါးဆယ်ပင်ကျော်လီပါဗျာလ်။ ထိုးအတိတ်ဘ၀၀ဋ်ကြွီးတိက အကျွန်ပြီးလို့မလွတ်ပါသိ။ အလိုက်သင့်ရေခါ အကျွန်ယှင်းပြချင်ပါရေ။ မျိုးချစ်ပြည်ချစ် စာပီပညာရှင်ရို့အကျွန့်ကို စကားပြောခွင့်ပီးကတ်ပါ။
အကျွန်ရေ ရခိုင်ပြည်သျှင် မင်းခမောင်းနန့် မိဘုရားကြီးရှင်ထွီးရို့၏ သမီးတော်ကြီးဖြစ်ပါရေ။ အကျွန့်အမိရေ ပဲခူးနန္ဒဘုရင်၏ သမီးတော်ပါ။ ချစ်သူမောင်တော်မင်းဟရီမှာ အမိကမိဘုရားသုပဘာဒေ၀ီ ဖြစ်ပါရေ။ အကျွန်နဲ့ မင်းဟရီရို့ရေ အဖတူအမိကွဲ ငယ်ကပင်ချစ်ကျွမ်းဝင်လာသူတိဖြစ်ပါရေ။ မင်းဟရီ အိမ်ရှေ့မင်းသား ဘ၀ကပင် အကျွန်ရို့ကို လက်ဆက်ပီးကတ်လို့ ချစ်ခင်ကြင်နာစွာ ပေါင်းသင်းနီထိုင်ကတ်ပါရေ။ အဖပြည်သျှင်မင်းခမောင် သီလွန်နတ်ရွာလားရေခါ၊ မင်းဟရီ ဘုရင်ဖြစ်လှာပါရေ။ ၁၆၂၄ ခုမှာပါ။ သီရိသုဓမ္မရာဇာဘွဲ့ကို ခံယူပြီးကေ အကျွန့်ကို သီရိသုမြတ်စွာဒေ၀ီဘွဲ့ ပီးပါရေ။
ယင်းအချိန်မှာ အကျွန်ရို့မျိုးဆက်သစ် ရတနာတိဖြစ်တေ မင်းစနီ၊ မန်ကြီးစွာနန့်၊ သမီးရွှေကြင်စွာ သုံးယောက် ဟိနီပါဗျာယ်။ မောင်တော်မင်းကြီးရေ ဘီးလောင်းတော် မင်းဗာကြီးလုပ်ခရေ မြို့တော်ကျုံး၊မြောင်း၊ ရီလှောင်၊ မစ္စင်း၊ ရင်တား၊ တံခါး၊ပြအိုး၊ တန်းဆောင်၊ပြသာဒ်၊ဇရပ်တံတား၊ ရီတွင်း၊ရီကန်၊ ဘုရားပျက်စီးယိုယွင်း နီစွာတိကို ပြုပြင်ပါရေ။ နန်းတက်စခါ အကျွန်ရို့မောင်နှံနှစ်ပါး သေလာဂီရိတောင်တော်စေတီကို လားဖူးပြီးကေ အရိယာသံဃာ ပုဂ္ဂိုလ်သူမြတ်တိကို အလှူကြီးပီးပါရေ။ အဉ္စနနဒီမြစ်ကမ်းက ဘိုးတော်မင်းဖလောင်း ပဉ္ဇင်းတထောင် ခံခရေ မြစ်ကမ်းမှာလေ့ အလှူကြီးပီးပါရေ။
မင်းခေါင်းရွှေဂူကျောင်းကို ဆောက်ပြီးကေ ရဟန်းသံဃာတိကို လှူဒါန်းခကတ်ပါရေ။ မာန်ငါးပါးထဲမှာ တပါးပါရေ သကျမဉ္ဇူလို့ခေါ်ရေ သကျမာန်အောင်စေတီတော်ကို တည်ထားကိုးကွယ်ပြီး ဒါန၊သီလ ဘာဝနာ ကုသိုလ် ကောင်းမှုမှာ အကျွန်ရို့မွေ့လျှော်နီခပါရေ။ “ ဘ၀ဆက်တိုင်းမှာ မောင်တော်နန့် ဆုံရပါလို၏။ နိဗ္ဗာန်ကူးကေတောင် တူတူကူးရပါလို၏” လို့ အကျွန်ဆုတောင်းခပါရေ။ မောင်တော်မင်းဟရီရေ ရုပ်ရည်ချောမော့လှပပြီးကေ စိတ်နှလုံးပျော့ပျောင်းသိမ်မွေ့သူပါ။ေ ဗဒင်ယတြာတိကို အလွန်အ ကျူးယုံကြည်ဗျာယ် အြေ မှာက်ကြိုက်ပြီးကေ သာ ပေါင်းညာစားတိကို ယုံ လွယ်စွာ အားနည်းချက်ဟိသူပါ။သူယုံဗျာယ်ဆို ကေ ပြောပြလို့လည်းနား မ၀င်ပါဗျာလ်။ မင်းဖြစ်စမှာ ကမ္ဘာလောက်ကောင်းပါရေ။နောက်ပိုင်းမှာ အကြံသမား၊လုပ်ကြံရေးသမားတိထောင်ချောက်မှာ ကျရလီပါရေ၊ ကိလေသကာ မဂုဏ်ကိုလဲ လွန်ကျူးတ ပ်မက်လာပါရေ။ သဘာဝလွန်ရေဆီးဝါးတိ ဘုရားရဟန္တာ တိက ဆန့်ကျင်ရေ ဆီးဝါးတိကို လိုက်စားယြုံ ကည်လှာရေ။ မင်းကျင့်တ ရား ဆယ်ပါးနှင့်မညီ၊ြ ပည်သူပြည်သားရို့ အသက်စည်းစိမ်ကို မစောင့် ရှောက်တေမက သတ်ဖြတ်စော်ကားလှာပါရေ။ အကျွန် သူ့အပေါ်သြဇာမဟိပါ။ ရခိုင်မိဖုရားတပါးစွာ သျှင်ဘုရင်အပေါ်မှာ ဇာ ပြောပိုင်ခွင့်ဟိပါဖို့လဲ။ အကျွန်ရို့က မိန့်မပါရာ သူ့ဘေးမှာ အ တိုင် ပင်ခံ အမတ်ကြီးတိဟိပါရေ။ သူရို့နန့်တိုင်းရေးပြည်ရာကို စီ မန်ခန့်ခွဲကတ်ပါရေ။ အ မတ်တိထဲမှာ အဓိကကျရေ လူတိက ပညာဟိအမတ် သစ်တက် ငလက်ရုံးနန့်လောင်ြး ကက်စား ကုသလပါ၊ ငလက်ရုံးက နန်းရင်းဝန်ကြီြး ဖစ် ပြီးကေ ကုသလစွာ ကို ယ်ရံတော်တပ်ကိုကြီးကြ ပ်တေ တပ်မှူးကြီးဖြစ်ပါရေ။ အမတ်ကုသလရေ ဘုရင် မ င်းဗာကြီးညီကဆင်းလာရေလူ၊ မင်းဗာကြီးမြစ်ဆိုပြီးကေ နန်းတွင်းမှာ သြဇြာ ကီးပြီး တွင်ကျယ်ပါရေ။ေ ဗဒင်ယတြာအင်းအိုင်တိကို ကျွမ်းကျင်လို့ လေးစားရရေပိုင် ကြောက်လဲကြောက်ရပါရေ။ သူနန့် ငလက်ရုံးကြားမှာ ပြိုင်ဆိုင်မှုပဋိပက္ခဟိပါရေ။ အကျွန်ကတော့ နှဖူးကျင်းထိပ်ကျင်း နှာရောင်ကောက်ကောက် နှုတ်ခမ်းတွဲတွဲနန့် ဒေ၀ါကြီးကုသလကို ကြည့်လို့မရပါ။ ဒေ၀ါကြီးရေ ကောက်ကျစ်ယုတ်မာရေ အကြံသမားလို့ အစကတည်းက ထင်မိပါရေ။ အကျွန့်မောင်တော်၏ အားနည်းချက်တိကိုဖိနင်း၊ စိတ်ဓါတ်ကိုဖျက်ဆီး၊ တိုင်းပြည်ကို သွီးလန့်အောင် လုပ်ပြီးကေ၊နောက်ဆုံးမောင်တော် မင်းဟရီကို လုပ်ကြံသတ်ဖြတ်လားရေ မဟုတ်ပါလား။ နောက်တက်လာရေ သားတော်မင်းစနီလက်ထက်မှာ ဘုရင်မင်းပြည်ရေးပြည်ရာ အတိုင်ပင်ခံအဖွဲ့မှာ ကုသလ ပိုလို့ သြဇာအာဏာဟိလာပါရေ။ အမတ်ကြီးငလက်ရုံးကို သူဖယ်ထုတ်လိုက်ဗျာယ် မဟုတ်ပါလား အကျွန်က တော့ တခုလည်းပြောရေး ဆိုခွင့်မဟိရေ မဆမမိဖုရားပါရာ။ ငကုသလနဲ့သူ့တပည့်ဟူရားတတ် ရဲထွဋ်ရို့ အကျွန့်သားကို ထပ်ပြီးသတ်လိုက်ကတ်ပါရေ။ ရခိုင်နန်းတွင်းမှာ အမတ်ကြီးလေ့သူ၊ နန်းရင်းဝန်ကြီးလည်းသူ၊ ကိုယ်ရံတော်တပ်မှူးကြီးလည်းသူ၊ ကျန်ရေလူတိက သူ့လူတိနန့် အကျွန်ရို့ တော်ဝင်နန်းမျိုးဆက်တိပါ။ သူ့အတွက်နောက်ဆုံးပန်းတိုင်နန့် နောက်ဆုံးဆူးတိ ငြောင့်တိကိုသူမြင်ပြီးသား ပညာတတ်သလောက် ကောက်ကျစ်ရက်စက်မှု ကမ်းကုန်ရေအမတ်ပါ။ ရခိုင်နန်းတွင်းမှာ အမတ်ပညာဟိရို့ ကြီးစိုးပါရေ။ အကျွန်ရို့ မိဘုရားတိစွာ စစ်ဘုရင်ခုံထက်က နတ်ရုပ်သျှေတိပါရာ။ အကျွန်ရို့တခုလည်း သြဇာမဟိပါ။ ဘုရင်မြှောက်တေခါ နန်းတော်ပညာဟိ အ၀ိုင်းအ၀န်းက ငကုသလနန့်ရာတန်ရေလို့ ထောက်ခံကတ်တေ မဟုတ်ပါလား။ ဇာသူထလို့ ကန့်ကွက်ခပါလေ။ နန်းတော်ကို ငကုသလက သူ့ခါးပိုက်ထဲကတပ်နန့် နင်းထားစွာကိုသိလို့ ခေါင်းညိတ်ခကတ် တေ။ ရခိုင်သမိုင်း ပျက်ရလီပါဗျယ်။
ရခိုင်တော်ဝင်ထုံးတန်းစဉ်လာအရ မြောက်ဦးထီးနန်းကို အကျွန်မပိုင်ပါ။ အကျွန်ငကုသလကို နန်းအပ်လို့ ရပါဖို့လား။ နန်းတော်က အတိုင်ပင်ခံအဖွဲ့က အကျွန့်ကိုပိုင်ပါရေ။ ဘုရင်လို့မြှောက်တေလူစွာ မုဒိမ်း၊ဓါးမြ၊ အနူဖြစ် ကေလေ့ကိုယ့်ဘ၀ကို ကိုယ်မပိုင်ရေဘ၀မှာ ရွီးစရာလမ်းမရှိပါဗျာယ်။ လုပ်ကြံရေးသမား မိစ္ဆာကောင် ငကုသလ ရေ အမြင်လှဖို့အတွက် မိဖုရားခေါင်ကြီးဟောင်း မင်းမျိုးမင်းနွယ်အစစ် နတ်သျှင်မယ်ကို မိဖုရားမြှောက် တေ။ ဇာလောက်နတ်ယောင်ကား ကောက်ကျစ်လေ။ စဉ်းစားကြည့်ကတ်ပါဖိ။ အကျွန်သိပါရေ မောင်တော် မင်းဟရီကို ငကုသလရေ ရိုးသားရေလူမဟုတ် သတိထားဖို့ ပြောဖူးပါရေ။ သူမယုံ။ အခုအားလုံး ပျက်စီးရပါဗျယ်။ ကိုယ့်ဝမ်းနန့်လွယ်မွီးရရေ သားကိုတောင် နန်းတွင်းအမိန့်မရလို့ မသင်္ဂြိုလ်ရရေဘ၀ ။ သူရို့အမိန့်ရမှ သင်္ဂြိုလ်ရရေ ဘ၀ ။ လင်သီသားသီလို့မကျီသိ။ လူသတ်ကောင်နန့် လက်ထပ်ရရေ ရခိုင်မိဖုရားတပါး၏ နှလုံးသားဝေဒနာကို တစိသျှေလောက်ရာ မျှဝီလို့ခံစားကြည့်ကတ်ပါ။ ထီးနန်းကိုရရေခါ ခွီးပါးစပ်က နတ်စကားထွက်ဗျယ် သမိုင်းကို လိမ်ပါရေ။ လင်ကိုမတွယ် သားကိုမခင်ရေမိန်းမ၊ ငါနန့်ပေါင်းကေ ထိုအကျင့်ပျောက်ဖို့ မဟုတ်၊ ငါ့ကိုလည်း ပြစ်မှားဖို့ ဆိုရေလို့ ငကုသလက ပြောရေဆိုပါကာ။ ယုံကတ်ပါလား။ ငကုသလရေ မင်းရူး၊ အာဏာရူး၊ လုပ်ကြံ ရေးသမားပါ။အကျွန့်လင်ကိုသတ်၊သားကိုသတ်၊ဆွေတော်မျိုးတော်တိကို ပြုန်းအောင်သတ်ခရေလူပါ။ တတိုင်း ပြည်လုံး ငါးပါးမှောက်အောင် လုပ်ခရေလူပါ။ စကားအမျိုးမျိုးပြောပြီးကေ အလွန်ကောက်ကျစ် စဉ်းလဲရေလူပါ။ သူ့စကားကိုယုံကတ်ပါလား။ တိုင်းသူပြည်သားရို့ အကျွန်ဘက်က ၀င်ပြီးစဉ်းစားကြည့်ကတ်ပါတချက်။ မျှမျှ တတစဉ်းစားဖို့ အကျွန်အနူးအညွတ် တောင်းပန်ပါရေ။
မင်းဖြစ်တေခါတော့ ဆရာတော်ကြီးတိ အဆိုအမိန့်ကို နားထောင်ပြီးကေ ရင်ရိုးတော်၊နံရိုးတော် စေတီနှစ်ဆူကို ပြောင်းတည်ပါရေ။ သမိုင်းမှာတော့ ဘုရားတကာလို့ရွီးဖို့ထင်ပါယင့်။ အကျွန့်အဖြစ်ကို ရရိုးသျှေတခုပြောပြပါမေ။ ကွယ်လွန်ရေ(သူသတ်ပစ်တေ) မင်းတရားကြီး သီရိသုဓမ္မရာဇာမှာ ရွှေရေးဆောင်မိန်းဖုရားနန့် သူ့လက်ရင်း တပည့်အမတ် သံတောင်စားငတုံးညို သင့်မြတ်နီကတ်တေလို့ နန်းတွင်းမှာသတင်းပြန့်ထွက်လာပါရေ။ ယေခါ ငကုသလရေ ဆရာတော်ကြီးတိကို နန်းတွင်းသို့ပင့်ပြီးကေ မင်းမိဖုရားနန့် သာမန်မူးမတ်ပြည်သူရို့ အိမ်ထောင် ပြုလို့ရပါဖို့လားလို့ လျှောက်မီးပါရေ။ ဇာလောက်ထိ နတ်တေဆိုစွာ စဉ်းစားကြည့်ကတ်ပါဖိ။ သူအမတ်ကြီး လုပ်ခရေလူပါ။ အေယှင့်ဇာသဘောပါလေ။ သျှင်ဘုရင်ကိုသတ်ပြီး သျှင်ဘုရင်မယားကို မိဘုရားမြှောက်ပြီး ယူခရေ ကျွန်အမတ်ဆိုစွာ ငကုသလသူကိုယ်တိုင်မဟုတ်ပါလား။ ရခိုင်ရာဇ၀င်မှာ အကောက်ကျစ်ဆုံးလူပါယေ။ ယင်းအချိန်မှာ အကျွန်က ကျောက်အုဋ်တံတိုင်း ကာထားရေ၀င်းထဲမှာတောင် အပိတ်လှောင်ခံထားရပါဗျယ်။ အကျွန်ကျေနပ်ပါရေ တံကျင်ထိုးလို့သတ်ပစ်ကေလေ့ ကျေနပ်ပါရေ။
အကျွန်ရေ အမျိုးသီလစောင့်ထိမ်းရေ သာဂီဝင်မျိုးနွယ်ပါ။ ကုသလပိုင်လူနန့် နန်းတော်ကလက်ဆက်ပီးကေလေ့ သွီးဆက်ဖို့အကျွန် လုံးဝငြင်းဆန်ပါရေ။ အမှန်ပြန်စဉ်းစားရေခါ သူ့အတွက်စွာရေ သဘာဝကျပါရေ။ သူ့ကိုအကျွန် လုပ်ကြံသင့်ပါရေ။ အကြံသမားကတော့ခါ ကွက်ကျော်မြင်လို့ အကျွန့်ကို နန်းတွင်းကထုတ်ပြီးကေ အကျဉ်း ချထားရေ။ ယင်းဘ၀က ပိုလို့မြတ်ပါရေ။သွီးပေနီရေ ရခိုင်နန်းတွင်းမှာ အကျွန်မခြီပါဗျယ်။
သီခါနီးမှာတော့ အကျွန့်ကိုမှာရေ သူရူးခမက်ခရေ မင်းစည်းစိမ်ဆိုစွာ ဇာအဓိပ္ပါယ်ဟိပါသိလေ။ သူကျူးလွန်ခရေ ပြစ်မှုတိအတွက် နောင်တရနီပါဗျယ်။ သူအကျွန့်ကို စကားပြောချင်မှာချင်ရေ။ သူခွန်အားလျှော့နီပါဗျာယ်။ သွီးဆုတ်လားဗျာယ်။ ရခိုင်ရာဇ၀င်မှာ သူရေဇာလောက်ကောင်းကျိုး ပြုနိုင်ခပါလေ။ အကျွန်ရေ ဘုရားရှင် သာသနာတော် အဆုံးအမမှာ ငါးပါးသီလမြဲရေ ရခိုင်မင်းသမီးပါ။သူ့အတွက် အကျွန်အမျှဝီပါယင့်။ နိဗ္ဗာန်မ ရောက်ခင် သံသရာ၌ကျင်လည်ရသမျှ ဘ၀အဆက်ဆက်မှာ ဒေလူယုတ်မာတိနန့် မတွိကြုံရပါလို၏။ အမျိုးသီလ စောင့်ထိမ်းထားသောရခိုင်မြီမှာ ဒေလူယုတ်မာတိ မမွီးပါစီကေ့လို့ ယင်းနိန်ရာမှာ ဆုတောင်းမိန့်ခပါရေ။ အကျွန့်မှာရာ ဖြီမရယှင်းမရ စွပ်စွဲချက်တပုံနန့် ကျန်ခပါရေ။ ပဒေသရာဇ် မင်းယောင်္ကျားရို့ အာဏာလုပွဲမှာ အကျွန်ညှပ်ပြီး ပါလီရပါရေ။ အကျွန့်ဘ၀ ပျက်တေပိုင် မြောက်ဦးရွှေနန်းတော်ကြီးသွီးစွန်းလို့ ယိုယွင်းပျက်စီးစွာ ကိုလည်း အကျွန်မျက်စိနန့် မြင်လိုက်ရပါရေ။ ရခိုင်သမိုင်းကို ပထမဆုံးစတင်ဖျက်စီးသူရေ မင်းရူး၊အာဏာရူး၊ လုပ်ကြံရေးသမား ငကုသလ အကျွန်စက်ဆုပ်ရွံရှာဆုံးလူပါ။ အကျွန့်အဖို့ အကျွန့်လင်ကိုသတ် သားကိုသတ် ဆွေတော်မျိုးတော်တိကို သတ်တေလူနန့်ရာ အကျွန့်ကို ယိုးစွပ်ကတ်တေ အကျွန်ဇာပိုင်ခံစားရဖို့လဲ တချက်သျှေ စဉ်းစားကြည့်ကတ်ပါ။ ထိုလူဒေလူရွီးရေ ရာဇ၀င်မှာပါတိုင်းလည်းမယုံပါကဲ့။ ဥာဏ်ပညာနှင့် ချင့်ချိန်စဉ်းစား ကတ်ပါ။ ရာဇ၀င်ထဲကနတ်သျှင်မယ်ရေ အမျိုးသီလကိုစောင့်ရေ၊ ကိုယ့်တိုင်းပြည်ကိုချစ်တေ သစ္စာတရားကိုမြတ် နိုးရေ ရခိုင်မိဖုရားတပါးပါလို့ရခိုင်အမျိုးသား အမျိုးသမီးများအပေါင်းရို့ သိကတ်ပါ။
ရခိုင်ပြည် အီးချမ်းသာယာပါစီ၊ ဖီးကင်းပါစီ၊နတ်ကောင်း နတ်မြတ်ရို့ ရခိုင်ပြည်ကို စောင့်ရှောက်ပါစီ။
မြတ်စွာသာသနာတော်
ထွန်းကားတည်တံ့ပါစီ။
(သီရိသုမြတ်စွာဒေ၀ီ)
မောင်ခိုင်အောင်
(ရခိုင်ရိုးမ မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။)
(Narinjara မှ)
ရခိုင်ပိုင်စာရွီးကေ “ဟိ” နန့် ကင်းလွတ်လို့ မရ။ “ချဇားရှီမှာ ဒင်္ဂါးငါးပြား ဟိသည်”၊ “သဇင်ဖြူ”မှာ “အင်္ကျီတစ်ထည် ဟိသည်”။ “မြတ်သာထွန်း အခန်းထဲမှာဟိသည်”။ “ဒေနိစားမီးပွဲဟိ သည်”။ “မောင်သာဘန်း ရန်ကုန်လားဖို့ဟိသည်”။ “သက်ဟိလူသား” “လက်ဟိအနီအထား” အစဟိရေ “ဟိ” အသုံးတိက ကောင်းဟိပါရေ။ အနက်က ပိုင်ဆိုင်ခြင်း တည်ဟိခြင်းကို ပီးပါရေ။
“ဟိ” အသုံးကို ရှိခေတ်ရခိုင်ကျောက်စာတိမှာ ပီပီပြင်ပြင် တွိရပါရေ။ ရခိုင်ကျောက်စာအားလုံး “ဟိ” ကိုရာသုံးကတ်တေ။ “ဟိ” အသုံးတွိရရေ ကျောက်စာတချို့ကို ဥပမာအဖြစ် ဖော်ပြပါမေ။
၁။ တပည်သာသိရိကဿဖသည် လုပ်အံ့သည်ဥစွာ ဟိလျှက် (မင်းထီးကျောက်စာ၊ သကြစ် ၆၅၇) ၂။ သာသနာငါထောင်စိအောင် ဟိစိသော (ဝေသာလီ ရွှေတောင်စေတီကျောက်စာ၊ သကြစ် ၈၈၁) ၃။ ပိုင်ရိုဝ် မဟိဟူ၍ ဆိုဝ်လတ်သှ် (မဟာဝိနိယ်ဓိုင်ကျောက်စာ၊ သကြစ် ၉၀၅) ၄။ လွန်လီပြီသောခါစောမွန်အစ ဟိသော (ကလုံတောင်ဘုရားကျောက်စာ၊ ပထမမျက်နှာ၊ သကြစ် ၉၄၇) ၅။ ၀ါးခုနစ်ဆေ ဟိရာအနက်တွင် ဆြာတော် (ကုလားတန်းစားကျောက်စာ၊ သကြစ် ၁၀၇၀) အခုခေတ် ရခိုင်ကျွန်းရွာတိမှာလည်း “ဟိ” ကို ပီပီပြင်ပြင် သုံးကတ်တုန်းသိမ့်။ ရမ်းဗြဲလီသံမှာလည်း တွိရရေ။ မြောက်ဦးလီသံမှာလည်း တွိရရေ။ အပြောဘာသာစကား မှာ “ဟိ” ကို “ဟိန့်” လို့ အသံထွက်စွာ တွိရပါရေ။
ဒေသအလိုက်အသံအယင့်၊ အယူကွဲစွာပါရာ။ မူလရုပ်ရင်းက “ဟိ” ကို ပြောစွာရာဖြစ်တေ။
ရခိုင်အသုံး “ဟိ”
(HIAE) ကို ဒေနိမြန်မာစာ၊ မြန်မာစကားမှာ “ရှိ” လို့သုံးစွာကို တွိရပါရေ။ ပုဂံခေတ် မြန်မာကျောက်စာတိမှာကတော့ “ဟိ” အသုံးရာ တွိရရေ။ ပုဂံသားတိ ပြောစကားမှာလည်း “ဟိ” ရာ ဟိလီဖို့။ ဒေနိရခိုင်ဒေသ မြို့ကြီးတိက မြို့ကြီးသားတိပါးစမှာ၊ အရွီးအသားတိမှာ “ရှိ” ကို တွိနီရပါရေ။ ရခိုင်ကျွန်းကစကား “ဟိ” ကို “ရှိ” လို့ ပြောနီကတ်စွာပါ။ “ရှိ” ကို ရခိုင်ကျွန်းစကားစစ်စစ်နန့် အသံထွက်ကေ “RHIAE” လို့ရာ ထွက်ရဖို့။ “ဟိ” ကို ကျကေ (HIAE) လို့ထွက်ရဖို့။ ( ဒေပိုင်အင်္ဂလိပ်အက္ခရာနန့် အသံထွက်ပြစွာကို Transliteration လို့ခေါ်ပါရေ။ Phonetic Symbol နန့် မတူပါသိမ့်။
Phonetic Symbol က ပညာသျှင်တိရာ နားလည်နိုင်ရေ။ အရပ်သား အင်္ဂလိပ်က Transliteration နန့်ပြကေ နားလည်နိုင်ရေ။ အင်ဒိုနီးသျှားဘာသာစကားကိုလည်း ဒေပိုင်ရွီးစာ တွိရပါရေ) “ရှိ” ကို မြို့ကြီးသားရခိုင်တိအသံနန့် ဆိုကေ “SHI ” လို့ ထွက်စွာတွိရပါရေ။ ရခိုင်ကျွန်းရွာတိစွာ ရခိုင်လူဦးရွီ၏ (၉၀) ရခိုင်နှုန်းလောက် နီထိုင်ကတ်တေ နီရာပါ။ ရခိုင်သားအများစုက ကျွန်းမှာပါ။ ယေနန့် ရခိုင်ကျွန်းရွာတိမှာပြောကတ်တေ ရခိုင်အသံထွက်ရာ အမှန်ဖြစ်ရပါဖို့။ ရခိုင်ကျွန်းရွာ အပြောစကားမှာ “ဟိ” လည်းဟိရေ။ “ရှိ” လည်း ဟိပါရေ။
၁။ နီ အရှိဘက်ကထွက်တေ။
၂။ ရဖြီးချပ်တောင်စွာ စစ်တွေ၏အရှိဘက်မှာ ဟိရေ။
၃။ မင်းရို့နှစ်ယောက် အရပ်အရှိရှိကာဝေ။
၎။ ဒေ၀ါးနှစ်ပိုင်းအရှိရှိပျာယ်။
၅။ ဆန်ကို သိုက်ဒုံနန့် ရှိရှိခြင်ခ။
၆။ ဒေနိမိုးထက် ထမင်းအရှိရှိရာကျရေ။
၇။ ရှိကိုနောက်ကို ကြည့်လို့လား။
၈။ ရှိအနာဂါတ်ကို မျှော်ကြည့်ရဖို့။
၉။ ရှိနီစောမောင်လာပျာယ်။
၁၀။ အချေတိ ရှိခိုးနီကတ်တေ။
ဒေ၀ါကျတိကိုကြည့်ကေ “ရှိ” ၏အနက်စွာ
(က) အရှိဘက်
(ခ) အရပ်အနိမ့်အမြင့် တူညီခြင်း
(ဂ) အပြည့်ဟိခြင်း
(ဃ) အပိုအလိုမဟိဖြစ်ခြင်း
(င) နောင်ဖြစ်လာဖို့ကိစ္စကို ဆိုလိုခြင်းအစဟိရေ အနက်တိထွက်စွာ တွိရရေ။ ယေနန့်
“ချဇားရှီမှာ ဒင်္ဂါးငါးပြား ရှိ သည် ။
“မြတ်သာထွန်း အခန်းထဲမှာ ရှိ သည် ။
“ဒေနိ စာမီးပွဲ ရှိသည် ။
“မောင်သာဘန်း ရန်ကုန်လားဖို့ ရှိ သည်။
“သက် ရှိ လူသား ”
“လက် ရှိ အနီအထား”
အစဟိရေ အသုံးအနှုန်းတိစွာ ရခိုင်သဒ္ဒါနန့်ကြည့်ကေ မှားယွင်းနီစွာ တွိရပါရေ။ “ဟိ” ကိုရာသုံးကတ်ရပါဖို့။
ရခိုင်မြို့ကြီးသားတချို့က “ရှိ” အသုံးမှားနီစွာကို တွိလားကတ်တေခါ နောက်ကိုတလှမ်းမဆုတ်ချင်လို့ “ယှိ”
(SHI) ဆိုပြီးပျင်လို့ ရွီးလာစွာတွိရပြန်ရေ။ ဒေနိ မြို့မှာသုံးရေ စကားသံနန့် ကိုက်ကေလည်း ရခိုင်အများစုဖြစ်တေ ကျွန်းစကားနန့်က မကိုက်။ ရုပ်ရင်းရို့၊ သဒ္ဒါရို့၊ အဘိဓာန်ရို့နန့်လည်း မကိုက်။ ယေနန့် မြို့ကြီးသားရခိုင်တိ ကျွန်းကရခိုင်တိနန့် တသားတည်းကျအောင် နောက်ကိုတလှမ်း ဆုတ်ကတ်ရဖို့ မြင်မိပါရေ။ ပြောရေခါ “ရှိ” (SHI) နန့် “ယှိ” (YHI ) ကိုဖျက်ပြီး “ဟိ” (HIAE) လို့ ပြန်ပျင်ပြောကတ်ပါမေ။ ရွီးရေခါလည်း “ရှိ” နန့် “ယှိ” ကိုဖျက်ပြီး “ဟိ” လို့ ပျင်ရွီးကတ်ကေ ရခိုင်အရွီးအသား တည်ငြိမ်လာပါဖို့။ နောက်ကို တလှမ်းဆုတ်သင့်စွာမှာ ဆုတ်ရပါဖို့။ မဟုတ်ကေ ရခိုင်စကားပျောက်လားဖို့ရာ ဟိပျာယ်။ ရခိုင်ဘာသာ အရွီးအသားကိစ္စကို လူအားနန့်လည်း ပျင်လို့မရ။ ဖေသာအားနန့်လည်း ပျင်လို့မနိုင်။ ပညာနန့်ရာ ပျင်ရဖို့။ ရခိုင်သဒ္ဒါသဘောကို စိစိကိုက်ကိုက် လေ့လာပြီးကေ၊ ပြည်သူအများပြောစကားနန့် ညှိယူလိုက်ကေ ရခိုင်အရွီးအသား တည်ငြိမ်လာဖို့ သေချာပါရေ။
(အသျှင်သူရိယ)
အကိုးအကား
(ရှိဟောင်းရခိုင်ကျောက်စာများ- ဦးဦးသာထွန်း)
အောင်တံခွန် ၀ံသရက္ခိတမဂ္ဂင်း အတွဲ(၂) အမှတ် (၁) မှ ကူးယူဖော်ပြသည်။
(ဂနိန့်ရခိုင်ပြည်ဘလော့မှ)

(ရွှေစိုင်းဒြား) ရခိုင်တေးခြင်းစီးရီးတိအကြောင်းကို ပြောဖို့ဆိုကေ “လှိုင်းလုံးချေ”စီးရီးကို ချန်လှပ်ထားလို့ မရပါ။ ကိုသန်းမောင်၊ ကိုညီအေး၊ မလတ်နန့် အဖွဲ့သူအဖွဲ့သားများ သီဆိုထားရေ “လှိုင်းလုံးချေ” စီးရီးကစပြီးကေ ရခိုင်တေးခြင်းစီးရီးတိကို ရခိုင်လူငယ်ချေတိ နားထောင် အားပီးလာကတ်စွာ ဖြစ်ပါရေ။ ယင်းနောက်ပိုင်း မြတ်ခိုင်ကျော်၏ “သူ့အကြောင်း”စီးရီးမှာ ပရိသတ်အားပီးမှုပိုများလာပါရေ။ အဂုပိုင် ရခိုင်လူငယ်တိ ရခိုင်တေးခြင်းကို နားထောင်ခံစား လက်ခံလာစွာနန့်အမျှ ရခိုင်အဆိုတော်တိလည်း တစ်ယောက်ပြီးကေ တစ်ယောက်ပေါ်ထွန်း လာပါရေ။ ယင်းအထဲမှာ ဝင်းကိုခိုင်၊ ခိုင်ကျော်လင်း၊ သိန်းထိုက်ဇော်၊ ခိုင်မိုး၊ ခိုင်ဇော်၊ ခိုင်မြတ်မင်း၊ စံဖော်သိန်း၊ ဦးမောင်သိန်း၊ ယုယုလှိုင်၊ ညှာစိမ်းခိုင်ရို့ရေ လက်ဟိ ထင်ရှားနီရေ အဆိုတော်တိဖြစ်ပါရေ။ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စတိုင်နန့်၊ သီဆိုရေ အဆိုသျှင်တိ ဟိရေပိုင် အချို့လည်း အောင်မြင်ပြီးသား အဆိုသျှင်တိပုံစံကို တုပြီးကေဆိုရေ အဆိုသျှင်တိလည်းဟိ ပါရေ။ ယင်းနီရာမှာ ဝင်းကိုခိုင်ကတော့ ကိုယ်ပိုင်ဟန်နန့် သီဆိုရပ်တည်လာရေ အဆိုသျှင် တယောက်ပါ။ “အမြင့်ကိုရောက်အောင်ပျံရေ ငှက်ပိုင်….. ကောင်းကင်ထဲမှာ တူတူပျံသန်းရေ ရက္ခတိုင်းက အားကောင်းမောင်းသန်အဝေ….သူငယ်ချင်းရို့လေ” ဆိုရေ တေးခြင်းစာသားနန့် ရခိုင်လူငယ် ပရိသတ်ဘက်ကို မိတ်ဆက်ဝင်ရောက်လာစွာဖြစ်ပါရေ။ အဂုအချိန်မှာ ဝင်းကိုခိုင် ရေ ရခိုင်အဆိုသျှင်တိထဲမှာ ထိပ်ဆုံးအဆင့်ကို ရောက်နီရေလို့ဆိုကေ မှားဖို့မထင်ပါ။ ယေဂေလည်း ဒေအဆင့်ကို အလွယ်တကူရောက်ယှိလာစွာတော့ မဟုတ်ပါ။ သူ၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့်ပင် ဖြစ်ပါရေ။
ချစ်သူ..
သံယောဇဉ်ဆိုစွာက
သနားညှာတာ
ထောက်ထားစာနာမှုကအစ
ကူညီတတ်မှုစေတနာ
ဖြူစင်မှုတိကအဆုံး
အမြဲတမ်း ရင်မှာပွင့်လန်း
ရှင်သန်စီရေလတ်။
ချစ်သူ...
တနိန်ရာတည်းမှာ
တတူတူ ဟိနိန်ကတ်တေအချိန်မှာ
မြတ်နိုးမှု တွယ်တာမှုတိနန့်
နားလည်ခွင့်လွှတ်နိုင်မှုချေတိကို
မျှဝီခံစားယင်းနန့်
ကြမ်းတမ်းခက်ထန်
လောကဓံတိကိုရင်လို့
ငတ်ငတ်မွတ်မွတ် ခါးစည်းခံပနာ
အနာဂတ်အတွက်
အလှဆုံးအိပ်မက်ချေတိကိုမက်ယင်း
တွဲလက်မခွဲဘဲ
အမြဲတမ်းချစ်လားကတ်ဖို့နှ။
..................
၃-၃-၂၀၁၀
(ကျောက်ဖြူ-ရင်သွီးချေဘလော့မှ)
ကိုယ့်ပြည်အကျိုး
ကိုယ့်မျိုးတွက်ဆို
တိုက်ပွဲမပြီး
သွီးချောင်းစီးစီ
အသက်ကိုပီး ဓ
ာကိုသွီးလို့
အာဂယောက်ျား
ရခိုင်သားဟု
အဖရခိုင်ပြည်
ရက္ခမြီမှာ
ဘလူးဝင်စား
ပမာလားသို့
မိစ္ဆာအောက်သား
န.အ.ဖ များကို
အမြစ်ကိုဖြုတ်
အငုတ်မကျန်အောင်
လာဝေတိုက်ထုတ်
ပစ်ကတ်မေ။
.............
၂၀-၁၂-၂၀၀၃
(AMP ဥဂ္ဂါစာမျက်နှာမှ)
ကျားဆို။
တမန်းပြင်ကို လက်ယာရစ်လို့
ကွန်ပစ်လားဖို့...။
မဆို။
ပဇွန်ဖြူကို မေမစားလို
ဂြိုးသားရှာခီ...။
ကျားဆို။
တရက်ထောင်လေ တကောင်မကျ
နှစ်ရက်ထောင်လေ တကောင်မကျ
သုံးရက်အတက် ဂြိုးချေမောင်
ဘယ်ခြီသန်းကို တန်းလန်းငြိယာ။
ကန်ဘောင်သာမှာ အမွီးနှုတ်ကေ
ဖုတ်စားကတ်ဖို့...။
မဆို။
စေ့စေ့ငင် ရင်အုံသားကို
မေစားမေ နှောင်း....။
...............
၂၆.၀၆.၂၀၁၀
(AMP ဥဂ္ဂါစာမျက်နှာမှ)
“ရ”ကိုမနိုင် ရခိုင်ကိုမိန်း
ဆိုရိုးစကား ဟိပြန်ငြားလည်း
“ရ”နန့်“ယ”ကို ခွဲခြားပိုင်ပိုင်
မပြောနိုင်ရေ ရခိုင်ပြည်သူ
လူသူတချို့ အတွေးဖောက်ပြန်
Brain မမှန်လို့ သူရို့ပြောသံ
လီသံတိက “မင်းရှိ/ရှေ့မှာ”အစား
“မင်းချိမှာ”လို့ လီသံထွက်ကေ
ရခိုင်သံနန့် အမှန်ရေးရန်
သူရို့ရှာပြန်ကေ “မင်းဟြိ”လို့ရာ
ပျင်ကတ်ပြန်ဗျာယ်။
“ရှာရေဖွီရေ” စသည်စကား
ပြောကြားဖို့က အချိန်ကျကေ
မဆီမဆိုင် သူရို့တိက
ရေးပြကတ်စွာ
“ရှာ”၏အစား “ဟြာ”လို့တခါ
ရေးပြန်လာကေ ဖောက်ပြန်သူရို့
သတ်ပုံသစ်။
...........
(AMP ဥဂ္ဂါစာမျက်နှာမှ)
သာသနာ ၂၅၀၀ မော်ကွန်းစေတီတော် ဘုရားသမိုင်းအကျဉ်း
(သသနာ(၂၅၀၀)ပြည့်နှစ်၊ ကောဇာ(၁၃၁၈) ခုနှစ်၊ ခရစ်(၁၉၅၆))
နိဒါန်း
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့၏ အကျော်ဇေယျစေတီများထဲတွင် သာသနာ ၂၅၀၀ မော်ကွန်းစေတီတော်လည်းပါဝင်ပါသည်။ ကျောက်ဖြူမြို့သည် ရခိုင်ကမ်းရိုးတမ်းအနီး၊ ရမ်းဗြဲ့ကျွန်း၏ မြောက်ဖက်စွန်းတွင်တည်ဟိသော ပင်လယ်ကမ်းခြီမြို့ကြီးဖြစ်သည်။ သာသနာ ၂၅၀၀ ရာစေတီတော်သည် ကျောက်ဖြူမြို့၏အနောက်ဖက် နှစ်မိုင်ခန့်အကွာ င/ကျားမော် ပင်လယ်မော်စွန်း (Geogia Point) ပင်လယ်ကမ်းခြီအနီး၊ စေတီယျတောင် တန်း၏တောင်မော်ဦးတွင်တည်ဟိသည်။
သာသနာ ၂၅၀၀ မော်ကွန်းစေတီတော်၏ပုံသဏ္ဍာန်သည် တွိ့မြင်နီကျစေတီပုထိုးတော်၏ပုံ သဏ္ဍာန်မျိုးမဟုတ်ဘဲ မဇ္ဈိမဒေသ ဗုဒ္ဓဂါယာမှ တတိယသံဂါယနာတင် ဒါယကာ သီရိဓမ္မာသောကမင်း၏ ကုသိုလ်တော်မဟာဗောဓိစေတီတော်ပုံ သဏ္ဍာန်တော်ကိုယူ၍ တည်ထားကိုးကွယ်ထားခြင်းဖြစ်သည်။
သာသနာတော်ဝင်စေတီတော်
သာသနာ ၂၅၀၀ မော်ကွန်းစေတီတော်ကို ကောဇာသက္ကရာဇ် ၁၃၁၈-ခု၊ ကဆုန်လပြည့်နိန့်၊ ခရာစ်သက္ကရာဇ် ၁၉၆၅-ခု၊ မေလ(၂၅)ရက် ကြာသပတီးနိန့်၌ ဗုဒ္ဓသာသနာတော်နှစ် (၂၅၀၀)တိတိပြည့်မြောက်သောအထိမ်းအမှတ်၊ ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအီးကုန်းမြီ၊ မဟာပါသာဏလှိုဏ်ဂူတော်တွင်ပြုလုပ်ကျင်းပသော ဆဌသံဂါယနာပွဲသဘင်တော်အထိမ်းအမှတ်၊ အိန္ဒိယပြည်ဗုဒ္ဓဂါယာမဟာဗောဓိ စေတီတော်အနီးတွင်ပြုလုပ်ကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များနှင့်သာသနာတော် ကိုကြည်ညိုသူများပြုလုပ်ကျင်းပသော ဗုဒ္ဓပူဇယန္တီပွဲတော်အထိမ်းအမှတ်အဖြစ် ပန္နက်ချတည်ထားကိုးကွယ်ခကတ်လီသည်။
ဤစေတီတော်ဖြစ်မြောက်ရေးကိုကျောက်ဖြူမြို့၏ ဂုဏ်ကျက်သဆောင် လူကြီးများ ဖြစ်ကြသော ဒေါက်တာဦးထွန်းမင်း၊ ဦးသာထွန်း(ရာဖြတ်) ဦးဘိုးညွန့်(ရှေ့နီ)၊ ဦးသောကြာအောင်(မြစ်နားတန်း)၊ ဦးစံလှအောင်(ဘီလစ်)ဦးနို့ဒေါင်း(ကျောင်းဆရာ)၊ ဦးမဲအောင်(စိုက်ပျိုးရေး)၊ အစိဟိသူရို့ဦးဆောင်လျက် ကျောက်ဖြူမြို့နဂါးကျောင်းတိုက် ဆရာတော်ဘဒ္ဒ န္တနန္ဒ၊ စေတီယ(ကုမ္ပဏီစဈီး) ကျေးရွာ ကျောင်တိုက်ဆရာတော် ဘဒ္ဒန္တသာကေတရို့ကအမှူးထားလျက် သာသနာတော်၂၅၀၀ မော်ကွန်းစေတီတော်ကို တည်ထားကိုးကွယ်ခဲ့ကြသည်။
ဤစေတီတော်ကို ရမ်းဗြဲ့မြို့ လေးတောင်နယ်မှပန်းပညာသျှင် ဦးတောသာ၊ ဦးချက်ဖား ဦးဆောင်သောအဖွဲ့မှ တည်ဆောက်ခသည်။ စေတီတော်သည် မဟာဗောဓိစေတီတော် ပုံစံမျိုးဖြစ်ပြီး ပလ္လင်ခုံလေးဖက်လေးတန်တွင်ပုံတူစေတီတော်ငယ်လေးဆူသီတင်းသုံး သည်။ပင်မစေတီတော်တွင် အရှေ့၊အနောက်၊တောင်၊မြောက်၊မျက်နှာစာ၌မုခ်တမုခ်စီပါဝင် ပြီး၊ မုခ်တမုခ်စီထဲတွင်ထိုင်တော်မူ ဘူမိဖဿမုဒြာ ဗုဒ္ဓဆင်းတုတော်ငယ်အဆူ(၂၅၀၀) ကျော်သီတင်းသုံးစံပါယ်သည်။
စေတီတော်အရှေ့မုခ်ဟိဗုဒ္ဓဆင်းတုတော်မြတ်သည် အများပြည်သူကောင်းမှုဖြစ်သည်။ တောင်ဖက်မုခ်ဟိ ဗုဒ္ဓဆင်းတုတော်မြတ်သည် ကျောင်းဆရာဦးနို့ဒေါင်းမိသားစု၏ ကောင်းမှုတော်ဖြစ်သည်။ အနောက်ဖက်မုခ်ဟိ ဗုဒ္ဓဆင်းတုတော်မြတ်သည် ပညာရေးဌာန မိသားစု၏ ကောင်းမှုတော်ဖြစ်သည်။ မြောက်ဖက်မုခ်ဟိ ဗုဒ္ဓဆင်းတုတော်မြတ်သည် ကုန်သည် ဦးစိန်နက်မိသားစု၏ ကောင်းမှုတော်ဖြစ်သည်။
ဘုရားကုန်တောက်ထက်သို့ အနောက်မြောက်ဖက်မှ တက်သောအုတ်လှီကားသည် အများပြည်သူကောင်းမှုဖြစ်သည်။ အုတ်လှီကားအထက်ဟိ ဘုံပြဿဒ်ပါ နတ်လမ်းကို ကုန်သည် ဦးမောင်ဟုန်၊ ဒေါ်အလံမိသားစု၏ကောင်းမှုဖြစ်သည်။ ထိုစောင်းတန်းဟိ ရင်ကွဲဇရပ်ကို ရှေ့နီ ဦးဘိုးညွန့်မိသားစုမှလှူဒါန်းသည်။ အုတ်လှီကား ခြီရင်းဟိ အုတ်မုခ်ဝကိုဦးမောင်ခိုင်အမှူးပြုသောမြစ်နားတန်းသားများကလှူဒါန်းသည်။ ထိုမုခ်ဝမှ တောင်ဖက်သို့ကိုက်သုံးရာခန့်အကွာတွင် သစ်သားဇရပ်တဆောင်ကို ယောင်ကြီးဗွေ ဦးအေးထွန်းဦး ဦးဆောင်သောအဖွဲ့မှလှူဒါန်းသည်။ ယင်းဇရပ်အနီးတွင် ရီတွင်းတတွင်းကို အိုးဝေဆီးလိပ်ခုံမိသားစုမှကောင်းမှုပြုသည်။ ဘုရားကုန်းတော်ထက်တွင် သံဃာစင်ပါဇရပ် တဆောင်ကို မအေးမြင့်ဆီးလိပ်ခုံမိသားစုမှကောင်မှုပြုသည်။
ရီစီးတခါ ရီသာတလှည့်
ထိုစဉ်သာသနာ(၂၅၀၀)မော်ကွန်းစေတီပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နိန့်တိုင်းတွင် ပြုလုပ်ကျင်းပလေ့ဟိပြီး စေတီတော်၏ဘက်စုံဝေယျာဝစ္စကိစ္စရပ်များကို ကျောက်တလုံး ဂေါပကအဖွဲ့မှတာဝန်ယူဆောင်ရွက်ခသည်။
သို့ဖြစ်တိုင်စေတီတော်စောင့်ယှောက်ရေးအတွက်ဂေါပကမျိုးဆက်သစ်မပေါ်လာခြင်း ကြောင့်လည်းကောင်း၊ ဆိုင်ကလုန်းမုန်းတိုင်းကြီး၏ဒဏ်ကိုနှစ်ကြိမ်တိုင်တိုင်ခံစားရခြင်း ကြောင့်လည်းကောင်း၊ တခြားအကြောင်းများကြောင့်လည်းကောင်း၊ စေတီတော်သည် အထိန်းအသိမ်းမဲ့စွာဖြင့်ပျက်စီးယိုယွင်းလျက် ခြုံနွယ်ပိတ်ပေါင်းများစွာလွှမ်းမိုးကြီးစိုးခြင်းကို ခံခရသည်။ မုခ်ကြီးလေးမုခ်ဟိဗုဒ္ဓဆင်းတုတော်များအပါအဝင် ဗုဒ္ဓဆင်းတုတော်များကျိုးပဲ့ ပျက်စီးပရိနိဗ္ဗာန်ပြုခရသည်။ ဇရပ်တန်ဆောင်များသည်လည်းပျက်စီးယိုယွင်းပျောက်ကွယ် ခရသည်။ ဤသို့နှစ်နှစ်သုံးဆယ်ကျော်ကျော်မျှ ဒုက္ကစရိယကျင့်ကြံနီခရသည်။
သာသနာရောင်တော်ဖွင့်
၁၉၉၂ ခု၊ ဖေဖောဝါရီ(၁၅)ရက်နိန့်တွင် ကျောက်ဖြူမြို့လူငယ်လူရွယ်များပါဝင်သောရောင် တော်ဖွင့်ဗုဒ္ဓသာသနာ့ဝေယျာဝစ္စအဖွဲ့သည် သာသနာ(၂၅၀၀)မော်ကွန်းစေတီကုန်းတော် ထက်ကိုရောက်လာပြီးခြုံနွယ်ပိတ်ပေါင်းများခွတ်ထွင်ယှင်းလင်းခြင်း၊ မြီသားပြုပျင်မြီညှိခြင်း၊ စေတီတော်အားရောင်တော်ဖွင့်ခြင်း၊ ကျိုးပဲပျက်စီးနနိန်သည်ကိုပြုပြင်မွမ်းမံခြင်း၊ ကျိုးပဲ့ပျက်စီးနိန်သော ဗုဒ္ဓဆင်းတုတော်များအားပြန်လို့မွမ်းမံခြင်း၊ ဗုဒ္ဓဆင်းတုတော်ကြီးငယ် များအသစ်တဖန်ထုဆစ်သွန်းလောင်းခြင်း၊ ရင်ပြင်တော်အားပြုပြင်မွမ်းမံခြင်း၊ အုတ်လှီကား များအားပြုပျင်မွမ်းမံခြင်း၊ မြီကာနံရံများတည်ဆောက်ခြင်း စသည်ရို့ကိုပြုလုပ်ကြသည်။
တခါ စေတီတော်မြတ်ကို ထုံးသင်္ကန်းကပ်လှူနီရာမှရွှီရောင်သင်္ကန်းကို နှစ်စဉ်ကပ်လှူပူ ဇော်ကြသည်။ စေတီတော်၏မုခ်လေးမုခ်ဟိ ဗုဒ္ဓဆင်းတုတော်များကို ပြုပျင်မွမ်းမံသောအခါ တွင်အရှေ့ဖက်မုခ်ဟိ ဗုဒ္ဓဆင်းတုတော် ဘာလမုဒြာအဖြစ်လည်းကောင်း၊ တောင်ဖက်မုခ်ဟိ ဗုဒ္ဓဆင်းတုတော်ကို ဈာနမုဒြာအဖြစ်လည်းကောင်း၊ အနောက်ဖက်မုခ် ဟိဆင်းတုတော်ကို အဘယမုဒြာအဖြစ်လည်းကောင်း၊ မြောက်ဖက်မုခ်ဟိဆင်းတုတော်ကို ဓမ္မစက္ကမုဒြာအဖြစ်အသစ်ထုလုပ်ပူဇော်ကြသည်။ အရှေ့ဖက်မုခ်ဆင်းတုတော်၏အလှူ သျှင်သည် မူလအလှူသျှင်အများပြည်သူကောင်းမှုဖြစ်သည်။ တောင်ဖက်မုခ်ဆင်းတုတော် ၏အလှူသျှင်သည် မူလအလှူသျှင် ဦးနို့ဒေါင်း(ကျောင်းဆရာ)၏မျိုးဆက်ကုန်သည် ဦးဘိုးကြိုင်၊ ဒေါ်သောင်းစိန်မိသားစုကောင်းမှုဖြစ်သည်။ အနောက်ဖက်ဆင်းတုတော်၏ အလှူသျှင်သည်မူလအလှူသျှင်ပညာရေးမိသားစုကောင်းမှုဖြစ်သည်။ မြောက်ဖက်ဆင်းတု တော်၏အလှူသျှင်သည် အလှူသျှင်သစ် ဦးကျော်မြင့်၊ ဒေါ်သန်းတင်မိသားစုကောင်းမှုဖြစ် သည်။
ဗုဒ္ဓပူဇနိယပွဲတော်
၁၃၅၄ ခု၊သီတင်းကျွတ်ပွဲတော်(၁၉၉၂-ခု၊အောက်တိုဘာလ)မှအစပြုပြီး သာသနာ(၂၅၀၀) မော်ကွန်းစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဝါကျွတ်ပွဲတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သည်။ ဗုဒ္ဓပူဇနိယပွဲတော်၌ မြို့ထက်ဟိ သီလဝန္တ၊ဂုဏဝန္တ၊ ပညာဝန္တဆရာတော်များအားပင့်ဖိတ်၍ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ ကျင်းပသည်သာမက ဆွမ်းတော်ကြီးကပ်လှူပွဲ၊ ဆီးမီးတထောင်ပန်းတထောင်ပွဲ၊ မြသပိတ် ကပ်လှူပွဲ၊ ပရိတ်ပဌာန်းရွတ်ဖတ်သဇ္ဈယ်ပွဲ၊ သျှင်ဦးပဂုတ်ဖောင်တော်လှည့်လည်အပူဇော်ခံ ပွဲ၊ သျှင်ဦးပဂုတ်ဖောင်တော်ရီမျှောပွဲပူဇောပွဲများဖြင့် ကျင်းပပူဇော်ကြသည်။ တခါ ပွဲစဉ်တလျှောက်လုံးတွင် ရက္ခဝံသရခိုင်စည်တော်ဖြင့် ဓမ္မပူဇာတီးခတ်ပူးသိမ့်သည်။ ရက္ခဝံသစည်တော်အဖွဲ့သည် ရောင်တော်ဖွင့်ဗုဒ္ဓသာနာ့ဝေယျာဝစ္စအဖွဲ့၏လက်တက် တခုဖြစ်သည်။
..................................................................................
မှတ်ချက်။ ။ရောင်တော်ဖွင့်ဗုဒ္ဓသာသနာဝေယျာဝစ္စအဖွဲ့ ကျောက်ဖြူမြို့မှ သာသနာ ၂၅၄၆၊ ကောဇာ ၁၃၆၄၊ ခရစ် ၂၀၀၂ ခုနှစ်တွင် ရေးသားပူဇော်သော လက်ကမ်းစာစောင်ကိုပြန်လို့ဖော်ပြလိုက်ပါသည်။
(ဂနိန့်ရခိုင်ပြည်ဘလော့မှ )
နှောင်းအတိတ် သမိုင်းပုံရိပ်များ
သူ့ကျွန်မခံ ဗိုလ်ချင်းပျံ၏ တော်လှန်ရေးခရီး
ဘာသာပြန်ဆိုသူ မောင်ဦးရှင်နှင့် အောင်ကျော်သိန်း
အချိန်ကား ရခိုင်ရို့ ထီးကျိုးစည်ပေါက် နန်းမပျောက်မှီကာလ (၁၇၈၄)ခု မတိုင်မီ နှစ်ပေါင်း ၁၀၀ ကျော် အချိန်ကဖြစ်သည်။
ရခိုင်ပြည်၏ နိုင်ငံရေး၊ ပြည်ထဲရေး အထူးသဖြင့် နန်းတွင်းအရေးအခင်းများသည် မငြိမ်မသက်နှင့် အယှုပ်အထွီး ဖြစ်နိန်သောကာလ ဖြစ်သည်။ ရခိုင် ရာဇပလ္လင်ကို အပိုင်အုပ်စိုးရန် ရခိုင်အမျိုးသားအချင်းချင်း သူတစ်လူ ငါတစ်မျိုးဖြင့် နည်းမျိုးစုံဖြင့် ကြိုးပမ်းနိန်ကြသည်။ ရခိုင်အမျိုးသားအချင်းချင်းကြားတွင် စည်းလုံးညီညွတ်ရေးမှာ အဖတ်ဆယ်မရအောင် ပြိုကွဲလျှက်ဟိနိန်ပါသည်။ မြောက်ဦးမြို့တော်၏ အမိန့်ကို မနာခံသော မြို့စား နယ်စား များသည် သူတလူ ကိုယ်တမင်း ဖြင့် တိုင်းပြည်ကို အုပ်ချုပ်လျှက် ဟိကြသည်။
ထိုအချိန်တွင် ရခိုင်ခေါင်းဆောင်တချို့သည် မိမိနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သော ဗမာပဒေသရာဇ် သျှင်ဘုရင်ထံ လားရောက်၍ ရခိုင်ပြည်တွင်းအရေးအား ငြိမ်ဝပ်ပီးရန်အတွက် အကူအညီလားရောက် တောင်းဆို ခပါသည်။ ထို့ကြောင့် ဗမာ ပဒေသရာဇ်သျှင်ဘုရင် ဘိုးတောင်မောင်ဝိုင်းသည် သက္ကရာဇ် ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်အား ကျူးကျော်ဝင်ရောက်ပြီး နန်းရိပ် ထီးဖြူကို အလွယ်တကူ သိမ်းပိုက်ရယူနိုင်ခသည်။ ၎င်းနောက်ပိုင်း ရခိုင်တစ်မျိုးသားလုံးမှာ သူ့ကျွန်ဘ၀သို့ လူလုံးမလှ ကျရောက်ခကြရပါသည်။
ဗမာနယ်ချဲ့များသည် ရခိုင်ထီးနန်းတွင် စံမြန်းရုံတင်မကသီးပဲ ရခိုင်ပြည်သူပြည်သားများ အပေါ်တွင် “ကျူပင်ခုတ် ကျူငုတ်မကျန် အောင်” နည်းပရိယာယ်အသွယ်သွယ်ဖြင့် နှိပ်စက်ပြီး သတ်ဖြတ်ခကြပါသည်။ ယင်းကို မခံမရပ်နိုင်ခကြသော ရခိုင်ပြည်သူပြည်သားအပေါင်းရို့သည် ရခိုင်ပြည်ထဲတွင် သူ့ကျွန်မခံ ဇာတိမာန်အပြည့်အ၀ဖြင့် မျိုးမာန် မချကြပဲ အုပ်ချုပ်သူများအား တော်လှန်လာကြသည်။ အစဦးပိုင်း၌ ဗမာအုပ်ချုပ်သူများ၏ ညှင်းပမ်းနှိပ်စက်မှု ဒဏ်ကို မခံနိုင်၍ တော်လှန်ခကြရာမှ နောက်ပိုင်းတွင် အမျိုးသား လွတ်မြောက်ရေးနှင့် ဗမာနယ်ချဲ့ဆန့်ကျင် တော်လှန်ရေးအသွင်သို့ ကူးပြောင်းလာခကြပေသည်။ ရခိုင်မျိုးချစ် တော်လှန်ရေးသမားများသည် ၁၇၉၁ ခုနှစ် တွင် ဗမာနယ်ချဲ့အစိုးရအား ရခိုင်ပြည်ထဲမှ အပြီးအပိုင် တိုက်ခိုက် မောင်းထုတ်ပြီး ရခိုင်မင်းသွီးမင်းနွယ် တစ်ဦးဖြစ်သူ “၀မ်မိုး”ဆိုသူ ရခိုင်ခေါင်းဆောင်တစ်ဦးအား ထီးနန်းတင် ဘုရင်မြှောက်ရန် အစီအစဉ်ဖြင့် တော်လှန်ရေး စတင်လုပ်ခကြသည်။ သို့သော်လည်း တော်လှန်ရေးမှာ အင်အားချင်း မမျှ၍ အောင်မြင်မှုမရဘဲ ယှုံးနိမ့်ခရပါသည်။
၁၇၉၆ ခုနှစ်တွင် ဗမာနယ်ချဲ့အစိုးရသည် အရှေ့ဖျား ယိုးဒယား (Thailand) တိုင်းပြည်ကို ကျူးကျော်နယ်ချဲ့ရန် အတွက် ရခိုင်ပြည်တွင်းမှ ရခိုင်စစ်သည် ရဲမက်များကို ရာဇသံချ၍ အားနှင့်ခေါ်ဆောင်ရန် ကြိုးစားလာကြသည်။ ယင်းကို မကြေနပ်၍ ရခိုင်ခေါင်းဆောင်တစ်ဦးဖြစ်သူ “အေးမိုးလောင်း” ခေါင်းဆောင်ပြီး ဒုတိယအကြိမ် ဗမာ အုပ်ချုပ်သူများအား တော်လှန် တိုက်ပွဲဝင်ခသည်။ အေးမိုးလောင်း၏ တော်လှန်ရေးသည် ယင်းအချိန်တွင် အရှေ့ဘင်္ဂလာပြည်အား အုပ်စိုးနိန်သော အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီအစိုးရ၏ သစ္စာဖေါက်မှုကြောင့် အောင်မြင်မှုမရဟိခသည့်အပြင် အေးမိုးလောင်းမှာ ဗမာနယ်ချဲ့အစိုးရထံ အပ်နှံခြင်းခံရပြီး နောက်ဆုံးတွင် ကွပ်မျက် သတ်ဖြတ်ခြင်းကို ခံခရသည်။
၁၈၁၁ ခုနှစ်တွင် ရခိုင်မျိုးချစ်ခေါင်းဆောင်ကြီး ဗိုလ်ချင်းပျံသည် သူ့ကျွန်မခံ ဇာတိမာန်အပြည့်အ၀ဖြင့် တိုက်ပွဲဝင် တော်လှန်ရေးတစ်ရပ်ကို တဖန် စတင်လာပြန်သည်။ ယင်းတော်လှန်ရေးသည် အင်အား အဟိဆုံး၊ စည်းလုံးညီညွတ်မှု အဟိဆုံးနှင့် ကာလ အရှည်ကြာဆုံးသော တော်လှန်ရေး တစ်ခုဖြစ်ခသည်။
ရခိုင်ပြည်၏ ကြယ်နီတစ်ပွင့်ဖြစ်သည့် အာဇာနည် ဗိုလ်ချင်းပျံသည် အဖရခိုင်ပြည်ကြီး၏ နယ်နိမိတ်ကို ပြန်လည် သိမ်းယူရန်အတွက် ရခိုင်တစ်မျိုးသားလုံးပါဝင်သော တော်လှန်ရေးတစ်ရပ်ကို ဆင်နွဲရန် စတင်ကြိုးပမ်းခသည်။
ထိုအချိန်က အာဇာနည် ဗိုလ်ချင်းပျံ၏ ဖခင် “ငသံဒေ”သည် ဗမာနယ်ချဲ့ ကျူးကျော်အုပ်ချုပ်ထားသည့် ရခိုင်ပြည်တွင် နယ်စား တစ်ဦး ဖြစ်သည်။ ဗမာနယ်ချဲ့များသည် ယိုးဒယားနိုင်ငံ (Thailand) ကို ကျူးကျော် သိမ်းပိုက် စစ်တိုက်ရန် အတွက် ရခိုင်စစ်သည် ရဲမက်အမြောက်အများကို ငသံဒေထံမှ ဗမာဘုရင်က ရာဇသံချ၍ တောင်းခပါသည်။ ငသံဒေက လုံးဝသဘောမတူဘဲ ဖီဆန်ငြင်းဆိုခဲ့သောကြောင့် ဗမာပဒေသရာဇ် အစိုးရသည် မကြေမနပ်ဖြစ်ကာ လက်တုံ့ပြန်သည့်အနိန်ဖြင့် ဗမာပြည် အမရပူရတွင် ရှိနိန်ရေ ငသံဒေ၏ သားငယ်ကို ရက်ရက်စက်စက် သတ်ပစ်လိုက်ကြသည်။ ယင်းသားငယ်၏ ဇနီးမယား အပါအ၀င် အခြွေအရံ များအား အဓမ္မမုဒိမ်းပြုကျင့်ကာ နောက်လိုက်နောက်ပါ အပေါင်းအပါများကိုလည်း ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ် ပစ်ခကြပါသည်။ ယင်းအပြင် ကျန်ဟိနိန်သူ ငသံဒေ၏ နောက်လိုက်နောက်ပါ ငယ်သားများကိုလည်း နည်းမျိုးစုံနှင့် ကမ်းကုန်အောင် နှိပ်စက်ခပါသည်။ ယင်းကြောင့် ငသံဒေသည် သားချင်းပျံ အပါအ၀င် နောက် လိုက်နောက်ပါများနှင့် အတူ အရှေ့အိန္ဒိယကုမ္ပဏီအစိုးရပိုင် (ယခုဘင်္ဂလာဒေ့ခ်ျနိုင်ငံ) စစ်တကောင်း နယ်တွင် ရှိသော ဟာရ်ဘင်းသို့ ထွက်ပြီး တိမ်းယှောင်ပြီး ခြီကုတ် နိန်ရာယူခသည်။
၁၈၁၁ ခုနှစ်တွင် ဗိုလ်ချင်းပျံ ဦးစီး ခေါင်းဆောင်သည့် တော်လှန်ရေးတပ်သည် မိမိဘခင် ငသံဒေ အုပ်ချုပ်ခသော နယ်ပယ်များကို ပြန်လည် တိုက်ခိုက် သိမ်းပိုက် ရယူနိုင်ခပါသည်။ ရခိုင်ပြည်အား ကိုလိုနီ ပြုကျင့်နိန်သည့် ဗမာနယ်ချဲ့ အစိုးရသည် အင်္ဂလိပ်အစိုးရအား “ချင်းပျံဆိုသည့် ရခိုင်သူပုန် တစ်ဦးသည် အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရပိုင် နယ်မြီထဲတွင် ခိုလှုံပြီး ဗမာ အစိုးရအား တော်လှန်တိုက်ခိုက် ထကြွပုန်ကန် ဆူပူလျှက်ဟိနိန်ကြောင်း” စွဲချက်တင်ပြောဆိုခသည်။ ယင်းအချိန်တွင် စစ်တကောင်း တာဝန်ခံ Magistrate P.W ပိရှ်လ်သည် “ ချင်းပျံ အနိန်ဖြင့် မိမိရို့ပိုင် နယ်မြေထဲတွင် ခိုလှုံပြီး ဗမာအစိုးရအား တော်လှန် နိန်ပါက အင်္ဂလိပ်အစိုးရနှင့် ဗမာအစိုးရရို့အကြား ပဋိပက္ခ ဖြစ်လာစရာ အခြေအနီ ဟိနိန်သောကြောင်းနှင့် ချင်းပျံကို အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် နယ်မြေထဲ တွင် မထားဖို့” အကြောင်းကို အထက် သက်ဆိုင်ရာသို့ တင်ပြခသည်။ ထိုသို့ အင်္ဂလိပ် အရာဟိများမှ ချင်းပျံ တော်လှန်ရေးကြောင့် ဗမာအစိုးရနှင့် ပြဿနာ ဖြစ်မည်ကို မလိုလား၍ အထက်သို့ တင်ပြနိန်ချိန်တွင် ဗမာအစိုးရ အနိန်ဖြင့် ချင်းပျံတော်လှန်ရေးအား အင်္ဂလိပ်မှ အထောက် အကူများ ပီးနိန်ကြောင်း ထပ်တလဲလဲ စွဲချက်တင် စွပ်စွဲ လျှက်ဟိနိန်ခသည်။
ဗိုလ်ချင်းပျံသည် သူ၏ တော်လှန်ရေး ခရီးစဉ်တွင် ဗမာနယ်ချဲ့အစိုးရနှင့် လက်နက်အင်အားမမျှ သည့်အတွက် ဗြိတိသျှ အရှေ့ အိန္ဒိယ ကုမ္ပဏီ အစိုးရထံတွင် စစ်ရေးအရ အကူအညီ တောင်းခံခသည်။ သို့သော် လည်း ဗိုလ်ချင်းပျံတောင်းဆိုချက်များအပေါ် (Governor General Lordmimto) က ပယ်ချ ခပါသည်။
ဗိုလ်ချင်းပျံတော်လှန်ရေးသည် တိုးတက်အောင်မြင်သည်ဟု ထင်ရသော်လည်း မြောက်ဦးမြို့တော်ကို သိမ်းပိုက် ရန်မှာကား အခက်အခဲများနှင့် တွိ့နိန်ရသည်။ အဘယ်ကြောင့်ဆိုသော် မျှော်လင့်ချက်က ကြီးမားပြီး စစ်အင်အား နည်းပါးနိန်၍ ဖြစ်သည်။
၁၈၁၁ ခုနှစ်ဇွန်လအလယ်လောက်တွင် မြောက်ဦးမြို့တော်မှလွဲ၍ ကျန်နယ်ပယ်များကို ဗိုလ်ချင်းပျံသည် ပြန် လည် သိမ်းပိုက်ခသည်။ မိုးတွင်းကာလ ရာသီဥတုအခြေအနိန်ဆိုးရွားမှုကြောင့် ချင်းပျံ၏ စစ်ဆင်ရေး ခရီးမှာ ထင်သလောက် ခရီးမပေါက် ဖြစ်နိန်သည်။ ယင်းကြားထဲမှာပင် ဗိုလ်ချင်းပျံသည် မြောက်ဦးမြို့တော်ကို သိမ်းပိုက်ရန် အတန်တန်ကြိုးစားနိန်သည်။ စစ်ရေးအရ၎င်း၊ ရုပ်ဝတ္ထု အခြေအနေအရ၎င်း၊ အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရထံမှ အကူအညီပင် မရငြားသော်လည်း အကူအညီရသည်ဟု နည်းဗျူဟာတစ်ရပ်ကို ကျင့်သုံး ကြွီးကြော်ပြီး ဗမာနယ်ချဲ့အစိုးရအား စိတ်ဓါတ် စစ်ဆင်ရေးနှင့် တိုက်ပွဲဝင်ခသည်။
မိမိတပ်သားများကို အင်္ဂလိပ်စစ်သားများ ၀တ်ဆင်သော အနီရောင်ဝတ်စုံ (Red Uniform) များကို ၀တ်ဆင် စီပြီး အင်္ဂလိပ်များ ဆောင်းသော ဦးထုပ်များကို ဆောင်းစီခသည်။ ယင်းအပြင် ဗမာ စစ်သားများ မြင်နိုင်သော နိန်ရာများမှ စစ်ရေး ချီတက်မူများကို ပြုလုပ်ခသည်။ ယင်းကဲ့သို့ စစ်ရေးနည်း ပရိယာယ်များကို သုံးခသဖြင့် ဗမာ နယ်ချဲ့ စစ်တပ်သည် ချင်းပျံတော်လှန်ရေးအား ဗြိတိသျှ ရို့မှ အကူအညီပီးနိန်သည်ဟု တထစ်ချ ယုံကြည်ခသည်။ ၎င်းပြင် ဗိုလ်ချင်းပျံသည် အင်္ဂလိပ် အစိုးရထံတွင် အလုပ်လုပ်ကိုင်နိန်ကြသည့် ရခိုင် အမျိုးသားများနှင့် အင်္ဂလိပ်လူမျိုး မဟုတ်သော အခြား တိုင်းရင်းသားများကို ကြိုတင်လစာ ထုတ်ပီးပြီး မိမိရို့တော်လှန်ရေးတွင် ပါလာအောင် သိမ်းသွင်းခသည်။
ထိုကဲ့သို့ လူပ်ယှား ဆောင်ရွက်မူများကို သိဟိလားသော ကုမ္ပဏီအစိုးရသည် ဗိုလ်ချင်းပျံ၏လှုပ်ရှားမှုကို ပိတ်ပင်ရန်အတွက် မိမိပိုင်နယ်မြေအထဲမှ လူများကို ရခိုင်ပြည် ထဲသို့ မ၀င်ရဟု အပြင်းအထန် တားမြစ် ခသည်။ သို့သော်လည်း ထိရောက်စွာ ပိတ်ပင်တားဆီးနိုင် ခြင်းမဟိပါ။ ချင်းပျံသည် မြောက်ဦးမြို့တော်ကို လေးဘက်လေးတန် ၀ိုင်းညှပ်ပြီးလျှင် ဗမာနယ်ချဲ့အစိုးရကို လက်နက် ချခိုင်းသည်။ မကြာမှီမှာ မြောက်ဦးမြို့တော်ကို ချင်းပျံရို့ တိုက်ခိုက်သိမ်းယူ အောင်ပွဲဆင်နိုင်ခသည်။ ဗိုလ်ချင်း ပျံအနိန်ဖြင့် ဖမ်းဆီး ရမိပြီးဖြစ်သော ဗမာနယ်ချဲ့စစ်သားများကို စစ်သုံးပန်းအဖြစ် ထားသော်လည်း ရဲဘော်ရဲ ဘက်များကမူ လက်စားချေလိုစိတ် လွန်ကဲ ပြင်းပြနိန်ကြသည့် အတွက် ဗမာစစ်သားများကို သတ်ဖြတ် လက်စား ချီခကြသည်။ ယင်းအပြင် ဗမာအလိုတော်ရိ၊ ရခိုင်တိုင်းရင်းသား လက်ကိုင်တုတ်များကိုပါ ကွပ်မျက် ခကြသည်။ ယင်းသို့လုပ်ခြင်းဖြင့် ဗမာအလိုတော်ရိ လက်ကိုင်တုတ်များ၏ဆွေမျိုးများက ချင်းပျံတော်လှန်ရေး အပေါ် မခံမရပ်နိုင်ဖြစ်လာကြသည်။ ယင်းကိုအခြေခံ၍ ကုမ္ပဏီအစိုးရသည် ချင်းပျံ၏တော်လှန်ရေး၌ ရခိုင် တစ်မျိုးသားလုံးက ထောက်ခံနိန်သည်ဟု ထင်ရသော်လည်း အားလုံးသော ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှု မရဟိခကြောင်းကို သက်သီပြရန် အခွင့်အခါကောင်းတစ်ရပ် ရလားခဲ့သည်။ မည်သို့ပင် ဖြစ်စီ ဗိုလ်ချင်းပျံ သည် ရခိုင်ပြည်ကို ကယ်တင်ရန်သော်၎င်း၊ ရခိုင်ပြည်လွတ်လပ်ရေးကို ရဟိရန်အတွက်သော်၎င်း အဖက်ဖက်မှ အသက်ကိုစွန့်၍ တော်လှန်ခသော တော်လှန်ရေးခေါင်းဆောင် အာဇာနည်ကောင်း တစ်ယောက်ဖြစ်သည်ဟု အရှေ့အိန္ဒိယကုမ္ပဏီအစိုးရ၏ စာရွက်စာတမ်းများတွင် သုံးသပ်ထားသည်ကို လေ့လာတွိ့ဟိရသည်။
ချင်းပျံတော်လှန်ရေး အောင်မြင်မှုများကို ဗမာနယ်ချဲ့အစိုးရသည် မချိခံပြင်းဖြစလီ၊ အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရအပေါ်တွင်ဟိသော သံသယများသည်လည်း ပိုမိုများပြားလာလီ ဖြစ်သည်ကို သိသာထင်ရှားစွာ တွိ့မြင်လာရသည်။ ယင်းသံသယ ပိုကဲခြင်းကို သိသာရခြင်းမှာ----
ဗမာပြည်ပိုင်နက် နယ်မြေထဲတွင်ဟိသော အရှေ့အိန္ဒိယ ကုမ္ပဏီအစိုးရပိုင် ကုန်တင်သင်္ဘောသုံးစီးဖြစ်သော “အပ်ဒမီးရာဒူရီ၊ ချာဟောအာလောင်၊ အီလီမန်” ရို့ကို ဗမာပိုင်နက် နယ်မြေထဲမှ ထွက်ခွာခြင်း လုံးဝ မပြုဘဲ တားဆီးထားခြင်းပင် ဖြစ်သည်။ ယင်းသို့ လွန်ကျွံအောင်ပြုလုပ်ပြီးခါမှ ပဲခူးတွင်ဟိသောဗမာ စစ်ဗိုလ်တစ်ဦးက ဗမာအစိုးရအနိန်ဖြင့် သင်္ဘောသုံးစီးကို ၁၂ ပတ် ဆိုင်းငံ့ထားခြင်းသည် ရီတပ်တွင် လုံခြုံမှု မဟိသဖြင့် လုံခြုံရေးအရသာလျှင် ထိန်း သိမ်းထားခြင်းဖြစ်သည်ဟု သင်္ဘောသုံးစီးကို ပြန်လွှတ်ပြီးမှ အကြောင်းပြ အဖြေပီးခသည်။
ယင်းအပြင် အရှေ့အိန္ဒိယ ကုမ္ပဏီစီးပွားရေး၏ လုပ်ငန်းသျှင်ကိုယ်စားလှယ်များ၏ စီးပွားရေး ယန္တရားများကို ဖျက်ဆီး ပစ်ခပါသည်။ အရှေ့အိန္ဒိယ ကုမ္ပဏီအစိုးရသည် မိမိရို့အပေါ် ဗမာအစိုးရ၏ သံသယမြင်မှုကို ဖြေယှင်း ရန်အတွက်သော်၎င်း၊ ကုမ္ပဏီကိုယ်စားလှယ်များ၏ စီးပွားရေး ပြန်လည် ရှင်သန်နိုင်ရေး အတွက်သော်၎င်း၊ Lordmimto သည် Captain Conning ခေါင်းဆောင်သော ကော်မချိန်အဖွဲ့တစ်ဖွဲ့ကို ဗမာပြည်သို့ စီလွှတ် လိုက်ရသည်။ ယင်းကော်မရှင် အဖွဲ့ကို စီလွှတ်လိုက်ခြင်း၏အဓိက ဇစ်မြစ်မှာ အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရ အနိန်ဖြင့် ချင်းပျံတော်လှန်ရေး အပေါ် လုံးဝ အကူအညီ မပေးကြောင်းနှင့် အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရနှင့် ဗမာ အစိုးရရို့၏အကြားတွင် ဖြစ်ပေါ်နိန်သော ပဋိပက္ခများ၊ သံသယများကို ဖြေယှင်းရန် အတွက် ဖြစ်သည်။ သို့သော် လည်း ကော်မချိန်ခေါင်းဆောင် Captain Conning သည် အရှေ့ အိန္ဒိယကုမ္ပဏီ အစိုးရအနိန်ဖြင့် ချင်းပျံတော် လှန်ရေးတွင် အကူအညီပီးနိန်သည်ဆိုသော ဗမာအစိုးရ၏ သံသယကို ပြေပျောက်အောင် မဖြေယှင်းနိုင်ခပါ။ ဗမာအစိုးရအနိန်ဖြင့် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရအပေါ် သံသယဖြစ်ရခြင်း အကြောင်းရင်းများမှာ -----
(က) ဗိုလ်ချင်းပျံ၏ နောက်လိုက်နောက်ပါ အများစုသည် ဟာရ်ဘင်းသားများ ဖြစ်နိန်ကြခြင်း၊
(ခ) ဗိုလ်ချင်းပျံ၏ ဆုတ်စစ်များတွင် စစ်တကောင်းနယ်၌ အရောင်ပျောက် နိန်နိုင်ခြင်း၊
(ဂ) ၁၈၁၁ ခုနှစ်က အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရနှင့် ဗမာအစိုးရို့၏ ဖြစ်ပေါ်လျှက်ဟိနိန်သော နယ်စပ်ပြဿနာ (Taknaf Border) တွင် ချင်းပျံအနိန်ဖြင့် ယင်းနယ်စပ်တွင် ခြီကုတ်ရယူပြီး ဗမာနယ်ချဲ့ များကို တိုက်ခိုက်နိန်သည်ကို သိလျှက်နန့် အရှေ့အိန္ဒိယကုမ္ပဏီအစိုးရသည် မေလအထိ ဗိုလ်ချင်းပျံအပေါ် အရေးယူ နှင်ထုတ်မှုမဟိခခြင်း၊
(ဃ) အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် ချင်းပျံလှုပ်ရှားမှုအပေါ်တွင် တစ်စုံတစ်ရာ ထိရောက်စွာ အရေးယူမှု မဟိခြင်း၊
(င) အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရပိုင် စစ်တကောင်းနယ်တွင် အမှုထမ်းနိန်သော ဆရာဝန် Dr. Mack နှင့် ဗိုလ်ချင်းပျံ အဆက်အသွယ်ဟိနိန်ခြင်း၊ ယင်းသို့ အဆက်အသွယ်ဟိနိန်သည်ဟု ဗမာနယ်ချဲ့အစိုးရက စွပ်စွဲခြင်းမှာ စစ်တကောင်းနယ်ဟိ သင်္ဘောကျင်းတစ်ခုမှ ဗိုလ်ချင်းပျံနှင့်တော်လှန်ရေး ရဲဘော်များသည် သေနတ် အပါအ၀င် လက်နက်ခဲယမ်းမီးကျောက်များကို လုယူလားသည်ကို Dr. Mack အနိန်နှင့် တစ်စုံတစ်ရာမှ ထိရောက်စွာ အရေးယူဆောင်ရွက်မှု မဟိသည့် အတွက်ဖြစ်သည်။
သင်္ဘောနှင့်သေနတ်များကို လုယူမှုအပေါ် Dr. Mack အနိန်ဖြင့် မသိကျိုးကျွံပြုနိန်ခြင်းသည် မဖြစ်နိုင်။ ယင်းကြောင့် Dr. Mack အား အပြစ်ပီးရန်အတွက် ဗမာနယ်ချဲ့အစိုးရလက်ထဲသို့ အပ်နှံရမည်ဟု ဗမာ အစိုးရက ရာဇသံထုတ်လာပါသည်။
ယင်းအပြင် နတ်မြစ်အတွင်းတွင်ဟိသော အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ လက်အောက်ခံ ရီတပ်မှ အမြောက်ကြီး တစ်လက်ကို ချင်းပျံနှင့်ရဲဘော်ရဲဘက်များက ခိုးယူလားသည်ကို သိလျှက်နှင့် လျစ်လျူယှုထားခြင်းသည် ချင်းပျံ တော်လှန်ရေးအပေါ် အရှေ့အိန္ဒိယကုမ္ပဏီအစိုးရသည် တဆင့်ခံ အကူအညီပေးသည်ဟု ဗမာအစိုးရက အတိအကျ စွပ်စွဲပြောဆိုလာသည်။
ယင်းသို့သော စွပ်စွဲမှုများ၊ သံသယများဟိနိန်သဖြင့် ဗမာအစိုးရနှင့် ဆွေးနွေးသည့်အခါ သတိထား၍ ဆွေးနွေးရန် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် ကော်မရှင်ခေါင်းဆောင် Captain Conning အား ထပ်မံမှာကြားလိုက်သေးသည်။
အင်္ဂလိပ်အစိုးရ သည် ဗိုလ်ချင်းပျံ၏ တော်လှန်ရေးကို အကူအညီပီခကြောင်း W.White ၏ သမိုင်း စာအုပ်တွင် အတိအကျ ရေးသားထားသည်ကို တွိ့ရသည်။ နတ်မြစ်ဝဟိ ရီတပ်မှ အမြောက်ကြီး ပျောက်ဆုံးလားခြင်းကိစ္စတွင် ဗိုလ်ချင်းပျံနှင့် Dr. Mack ရို့ အဆက်အသွယ်ဟိခသည်ဟုလည်း ရေးသားထားပါသည်။ သို့သော် W.White ၏ ရေးသားချက်များသည် အမှန်တရားနှင့်ဆက်နွယ်မှုမဟိသော လုပ်ဇာတ်ခင်းမှု တစ်ခုသာဖြစ်သည်ဟု အခြား သမိုင်းဆရာများက ဝေဖန်ခကြလီသည်။ ဇာအတွက်ကြောင့် ဆိုသော် ဗိုလ်ချင်းပျံနိန်သော နတ်မြစ်ကမ်းခြီ တလျှောက်တွင် တောတောင်ထူထပ်သည်က တစ်ကြောင်း၊ ဗိုလ်ချင်းပျံ၏ လှုပ်ယှားမှုကို နှိပ်ကွပ်ရန်အတွက် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရတွင် ထိရောက်သော အင်အား မဟိသည်က တစ်ကြောင်း စသည့်အကြောင်း ရို့ကြောင့် ဖြစ်သည်ဟု ကိုးကားဖေါ်ပြပါသည်။
Captain Conning သည် ချင်းပျံတော်လှန်ရေးအပေါ်တွင် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရအနိန်ဖြင့် အကူအညီ မပီးကြောင်းနှင့် ကြားနိန်အဖြစ်သာ နိန်ကြောင်းကိုတင်ပြရန် အကြိမ်ကြိမ်ကြိုးစားခသည်။ Captain Conning နှင့် ဗမာအစိုးရရို့ ဆွေးနွေး ဆုံးဖြတ်ချက်တွင် အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရအနိန်ဖြင့် ချင်းပျံ တော်လှန်ရေး အတွက် လက်နက်၊ စားနပ်ရိက္ခာကို မိမိအစိုးရ ပိုင်နက် နယ်မြီထဲတွင် မရှာရအောင် တားမြစ်ပီးမည်။ သို့သော် ဗိုလ်ချင်းပျံအား ဖမ်းဆီးပြီး ဗမာအစိုးရ၏လက်ထဲသို့ အပ်နှံရန်မှာ မဖြစ်နိုင်ကြောင်း ငြင်းဆိုခသည်။ ယင်းငြင်းပယ်ချက် အပေါ်တွင် ဗမာအစိုးရသည် အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရအပေါ် များစွာမကြေမနပ် ဖြစ်ခလီသည်။
မိုးရာသီကုန်လားသည်နှင့် တပြိုက်နက်တည်း ဗမာနယ်ချဲ့အစိုးရသည် ဗိုလ်ချင်းပျံ သိမ်းပိုက် ထားသော နယ်မြေ များကို ပြန်လည်သိမ်းယူရန် ကြိုးစားလာပါသည်။ ဗိုလ်ချင်းပျံနှင့် ဗမာစစ်တပ်ရို့၏ မာန်အောင်ကျွန်းတွင် ဖြစ်ပွားသောစစ်ပွဲ၌ ဗိုလ်ချင်းပျံဘက်မှ တပ်သားများနှင့် စစ်သင်္ဘောအမြောက်အများ ကျဆုံး နစ်နာခသည်။ ဗိုလ်ချင်းပျံသည် ကျန်ဟိသော စစ်သည်အင်းအား၊ စစ်သင်္ဘောအင်အားများနှင့် ပြန်လည် တိုက်ခိုက်ခသော်လည်း အောင်မြင်မှုမဟိခပါ။ မာန်အောင်ကျွန်းသည်လည်း ဗမာနယ်ချဲ့လက်အောက်သို့ ပြန်လည်ရောက်လားခရသည်။ တဖြည်းဖြည်းနှင့်ပင် ဗမာနယ်ချဲ့သမားများသည် ဗိုလ်ချင်းပျံသိမ်းပိုက်ထားသော နယ်မြေများကို အလုံးအရင်း နှင့် ၀င်ရောက် တိုက်ခိုက်လာသည့် အခါ အင်အားချင်း မမျှသည့် အတွက် ဗိုလ်ချင်းပျံနှင့် တော်လှန်ရေး ရဲဘော် များသည် တဖန်ပြန်၍ စစ်တကောင်းနယ် တောင်တန်းဒေသများတွင် ခိုလှုံလာကြရသည်။
Captain Conning သည် ဗမာအစိုးရအပေါ်တွင် ပီးထားသည့် ချင်းပျံအား အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရပိုင် နယ်မြေထဲမှ တိုက်ထုတ်ပစ်မည့် ဆန္ဒသဘောထားများသည် ပြောင်းလွဲလားသည်ကို တွိ့ရ၏။ ဇာကြောင့်ဆိုသော် ဗိုလ်ချင်းပျံနှင့် ရဲဘော်ရဲဘက်များကို ဖမ်းဆီးရမိက စစ်တကောင်းတောင်တန်းနယ် တ၀ိုက်တွင် အကွဲကွဲအပြားပြား ဖမ်းဆီးချုပ်နှောင်ထားမည်ဆိုသည့် ဆုံးဖြတ်ချက်များကိုသာ ချမှတ်လာခသောကြောင့်ဖြစ် သည်။ ယင်းသို့ဆုံးဖြတ်ချက်ကို ဗမာနယ်ချဲ့အစိုးရ သိလားသော အခါတွင် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရအား ဆန့်ကျင်တုန့်ပြန်သည့်အနိန်ဖြင့် ချင်းပျံနှင့်တကွ သူ၏ရဲဘော်ရဲဘက်များကို ဗမာအစိုးရလက်ထဲသို့ အပ်နှံ ရမည်ဟူသော အမိန့်ကို ချမှတ်လာခသည်။ ယင်းနည်းတူ Dr. Mack ကိုလည်း ဗမာအစိုးရလက်ထဲသို့ အပ်နှံ ရန် ရာဇသံ ထပ်ဆင့် ပီးလာသည်။ ဤချမှတ်ထားသောရာဇသံကို အာဏာဖီဆန်ပါက ဗမာစစ်တပ်များသည် စစ်တကောင်းနယ် အတွင်းသို့ ၀င်ရောက် ရလိမ့်မည်ဟု အမိန့်ချမှတ်ခသည်။ အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရသည် Dr. Mack ကိုခေါ်ယူ၍ ဗမာအစိုးရ၏ စွပ်စွဲချက်ကို ယှင်းလင်းရန်နှင့် ထုချေ ပီးရန် ပြောလီသည်။ Dr. Mack က ချေပရာတွင် မိမိအနိန်ဖြင့် ဆရာဝန် တစ်ယောက်ဖြစ်ပြီး ရခိုင်ပြည်မှ စစ်ပြေးဒုက္ခသည်များကို ပြုစုရန် တာဝန် ပီးထားခံရသူဖြစ်၍ ပြုစုကူညီခကြောင်း၊ ဗိုလ်ချင်းပျံနှင့် သိသည်ဆိုရုံသာ သိကြောင်းနှင့် အခြားအမျိုးမျိုးသော လုပ်ငန်းများအပေါ်တွင် အကြောင်းပြပြီး ဗမာနယ်ချဲ့အစိုးရက စွပ်စွဲချက်များသည် မမှန်ကန်ကြောင်း ပြန်လည် ထုချေတင်ပြခပါသည်။ ယင်းသို့ Dr.Mack ၏ထုချေတင်ပြချက်ကို အရှေ့ အိန္ဒိယကုမ္ပဏီ အစိုးရအနိန်ဖြင့် ကြေနပ်မှုရနိန်ပြီး ဗမာနယ်ချဲ့အစိုးရ၏ လိမ်လည်ကြံရွယ် စွပ်စွဲမှု များသာဖြစ်သည်ဟု ဆုံးဖြတ်ချက်များ ချခပါ သည်။ ယင်းနောက်ပိုင်းတွင် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ ဘုရင်ခံ Lordmimto သည် ရခိုင်စစ်ဘေး ဒုက္ခသည်များ အပေါ်တွင် အဆင့် သုံးဆင့် ခွဲခြားလိုက်သည်။
(က) ချင်းပျံနှင့်တကွ တော်လှန်ရေးခေါင်းဆောင်များ
(ခ) ခေါင်းဆောင်များ၏ ဦးဆောင်မှုကိုခံယူပြီး တော်လှန်သောပြည်သူများ၊
(ဂ) ဗမာနယ်ချဲ့အစိုးရ၏ နှိပ်စက်ညှင်းပမ်းမှုမှ လွတ်မြောက်အောင် တိမ်းယှောင်နိန်သော ရခိုင်ပြည်သူများဟူ၍ ဖြစ်သည်။
(က) အဆင့်တွင်ပါဝင်သော တော်လှန်ရေးခေါင်းဆောင်များကို Lordmimto သည် ဗမာလက်ထဲ အပ်ရန် သဘော မတူခပါ။ (ခ) အဆင့်တွင်ပါဝင်သော တော်လှန်သောပြည်သူများကိုလည်း ဗမာနယ်ချဲ့ရို့၏ နှိပ်စက်မှုမှ လွတ်ရန်အတွက် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ ပိုင်နက်နယ်မြေထဲတွင် နေထိုင်ခွင့် ပေးခသည်။ (ဂ) အဆင့်တွင်ပါဝင်သော Refugees များကိုလည်း အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရနယ်မြေထဲ၌ အမြဲတမ်းလုပ်ကိုင် စားသောက်ရန် နိန်ထိုင်ခွင့်ပီးခသည်။ ဗမာနယ်ချဲ့အစိုးရသည် ရခိုင်စစ်ပြေးဒုက္ခသည်များကို ပြန်လည် တောင်းခံသည်ကို အမျိုးမျိုးစဉ်းစားလျှက် Lordmimto သည် စိတ်အပြောင်းအလဲဖြစ်သည်ဟု သိရသော်လည်း နောက်ဆုံးတွင် ရခိုင်စစ်ပြီးဒုက္ခသည်များကို ဗမာနယ်ချဲ့လက်ထဲသို့ လုံးဝမအပ်နှံခဲ့ပါ။
ချင်းပျံသည် စစ်အောင်မှုမရပဲ အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရပိုင် စစ်တကောင်းနယ်ထဲတွင် ခိုလှုံနိန်သည်ကို အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရအနိန်ဖြင့် နှင်ထုတ်မှု လုံးဝမရှိခပါ။ ၁၈၁၂ ခု ဖေဖေါ်ဝါရီလတွင် Teknaf ရဲဌာနာ သည် ချင်းပျံကို ဖမ်းယူလားပါသည်။ သို့သော်လည်း ဗိုလ်ချင်းပျံသည် ယင်းဌာနာလက်ထဲမှ ထွက်ပြီးနိုင်ခပါ သည်။ ချင်းပျံအပေါ်တွင် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ၏ အရေးယူမှုများသည် ထိရောက်မှုမဟိသည့် အတွက် ဗမာနယ်ချဲ့ အစိုးရသည် အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရအပေါ်တွင် များစွာဒေါသထွက်လျှက်ဟိနိန်ပါသည်။ ယင်း ကြောင့် ဗမာစစ်သား ၆ ယောက်သည် အရှေ့အိန္ဒိယကုမ္ပဏီအစိုးရပိုင် စစ်တကောင်းနယ်ထဲသို့ ခိုးဝင်လျှက် ရခိုင် တော်လှန်ရေးသမားများကို တိုက်ခိုက်လာသည်။ ယင်းအကြောင်းကြောင့် ၁၇၉၄ ခုနှစ်တွင် ဖြစ်ပွားခသော နယ်မြေ ကျူးကျော်မှု ပြဿနာသည် ယခုတဖန် ပြန်လည်ပေါ်ပေါက်လာခပြန်သည်။ ဗမာအစိုးရသည် နယ်စပ် ဒေသတလျှောက်တွင် စစ်တပ်များ ချထားကြောင်းကို သိထားယုံကြည်သော အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် ဒက္ကားမြို့မှ အမှတ် ၁၂ ကြေးတပ် ၂ တပ်ကို Teknaf နယ်စပ်မှာ ချထားလိုက်သည်။ ယင်းအချိန်တွင် အရှေ့ အိန္ဒိယကုမ္ပဏီအစိုးရ၏ ထောက်လှမ်းရေးသတင်းပို့သူ ချွိုက်ရော့ဒ် အဟာမွတ် ဘာဒါဒီသည် ဗမာအစိုးရ၏ သတင်းကို ပို့ရန်လာစဉ် ရခိုင်ပြည်တွင် အဖမ်းခံခရသည်။ ချွိုက်၏ ပြောပြချက်အရ Dr.Mac နှင့် ရခိုင်စစ် ပြီးဒုက္ခသည်များကို ဗမာနယ်ချဲ့အစိုးရထံ အပ်နှံရန်တောင်းဆိုချက်အရ ဗမာစစ်သားများကို နယ်စပ်တ လျှောက်ချထားကြောင်း သိရသည်။ အကယ်၍ မလွဲအပ်ပါက ဗမာတပ်များသည် Teknaf မှ Dhaka သို့ ချီတက်ရလိမ့်မည်။ ထိုမှတစ်ဆင့် Calacutta သို့ထိ စစ်ချီမည်။ ဗမာနယ်ချဲ့ဘက်မှ စစ်ရေးအကူအညီပီးရန် ပြင်သစ်အစိုးရသည် အဆင်သင့်ဟိကြောင်းကိုလည်း ဗမာအစိုးရမှ ပြောကြားကြောင်း သိရသည်။
ဗမာအစိုးရအနိန်ဖြင့် Dr. Mac အပါအ၀င် ရခိုင်စစ်ပြီးဒုက္ခသည်များနှင့် ချွိုက်ကို ဖလှယ်ရန် အတွက် ဓါးစာခံ ဖမ်းထားခသော်လည်း အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရထံသို့ စာနှစ်စောင်ကို ပီးပို့မည့်သူ မဟိသည့် အတွက် ချွိုက်ကို စီလွှတ်ခိုင်းခြင်းဖြင့် ချွိုက်သည် ဗမာအစိုးရလက်ထဲက လွတ်လာခသည်။ ယင်းစာနှစ်စောင်တွင် အရှေ့အိန္ဒိယ ကုမ္ပဏီအစိုးရနှင့် စစ်မက်ဖြစ်ပွားမည်ဆိုပါက ဗမာစစ်တပ်ဘက်မှ ပြင်သစ်အစိုးရသည် စစ်ကူပေးရန်အဆင် သင့်ဟိကြောင်း၊ နယ်စပ်တလျှောက်မှာလည်း စစ်တပ်အမြောက်အများ ချထားကြောင်း ပါဟိသည်။ သို့သော် လည်း အရှေ့အိန္ဒိယကုမ္ပဏီအစိုးရအနိန်ဖြင့် ယင်းစာများတွင် ပါသော အကြောင်း အရာများသည် ဗမာများ၏ လိမ်လည်ခြောက်လှန့်မှုများသာ ဖြစ်သည်ဟု သဘောပေါက်နားလည်ပြီးသား ဖြစ်နိန်ပါတော့သည်။
ဤသို့အခြေအနိန်တွင် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် ဗိုလ်ချင်းပျံကို ဖမ်းဆီးလျှက် ဗိုလ်ချင်းပျံ၏ တော် လှန်ရေးကို ရပ်စဲပစ်ရန် ကြိုးစားပါသည်။ ဗိုလ်မှူး တွက်မက်မော်လင်းသည် ရော်နာပူလောင် အရပ်၏ အရှေ့ မြောက်ဖက်သို့ စစ်ဆင်ရေး ထွက်ပြီးလျှင် ဗိုလ်ချင်းပျံနှင့် တော်လှန်ရေး ခေါင်းဆောင်များ၏ မိသားစု ၂၈ ယောက်ကို ဖမ်းဆီးခပါသည်။
ဗိုလ်မှူးကြီးမော်ဂင်သည် တော်လှန်ရေးသမားများ၏မိသားစုများကို ဖမ်းဆီးခြင်းအားဖြင့် ခေါင်းဆောင်များကို ဖမ်းဆီးရလိမ့်မည်ဟု ထင်ခသည်။ မော်ဂင်ထင်မြင်လုပ်ဆောင်ချက်များသည် အထင်နှင့်အမြင် အားလုံးကုန်စင် အောင် လွဲမှားကြောင်းကို အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် နောက်မှ သိလာခသည်။ အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် ဖမ်းဆီးရမိထားသော မိသားစု (၂၈)ယောက်ကို ဗမာနယ်ချဲ့လက်ထဲသို့ မအပ်နှံခပါ။ ယင်းသို့ မအပ်နှံသည့်အတွက် ဗမာနယ်ချဲ့အစိုးရသည် မိမိရို့အား တိုက်ခိုက်လာလိမ့်မည်ဟု ထင်မြင်သုံးသပ်ခသည်။ ယင်းအပြင် ဖမ်းဆီးရမိပြီးဖြစ်သော မိသားစု ၂၈ ယောက်ကိုလည်း လွတ်ပစ်ပါက ဗမာနယ်ချဲ့အစိုးရသည် မိမိ အစိုးရအပေါ် တင်ဟိသောသံသယများ ပိုမိုကြီးထွားလာနိုင်သည်ဟု သုံးသပ်ပြီး ယင်းမိသားစုများကို စစ်တ ကောင်းမှတစ်ဆင့် ဒက္ကားမြို့သို့ယူဆောင်လားသည်။ စစ်တကောင်းမှ တရာသူကြီး P.W ပိရှ်လ်သည် ချင်းပျံနှင့် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရရို့ ဆက်သွယ်မှုမဟိကြောင်းကို ရခိုင်ပြည်အား အုပ်ချုပ်နိန်သော ဗမာ နယ်ချဲ့ စစ်ဗိုလ်ချုပ် သိစီရန် စကားပြန် တိတ်လော့မှ တစ်ဆင့် ပြန်ကြားလိုက်သည်။ ယင်းပြန်ကြားလွှာတွင် ချင်းပျံကို ဖမ်းဆီးရန်အတွက် ၀ရမ်း ထုတ်ထားပြီဖြစ်ကြောင်း၊ သို့သော်လည်း ချင်းပျံကို ဖမ်းဆီးရမိက ဗမာ အစိုးရထံသို့ ပို့မည်မပို့မည်ကို အထက်အရာဟိပိုင်း၏ သဘောထားကို လိုက်နာရမည်ဟု ပါဟိသည်။ General Lordmimto ကလည်း တရားသူကြီး P.W ပိရှ်လ်၏သတင်းပေးချက်ကို သဘောတူလက်ခံ အတည်ပြုခသည်။ General Lordmimto ကပင် ဗိုလ်ချင်းပျံကို ဖမ်းဆီးရမိပါက အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ၏ အထက်ပိုင်း အရာဟိများ၏ သဘောထားကို ကြည့်ရမည်ဟု လှည့်ပတ်ပြောဆိုခသည်။ မိမိ၏ပြောဆိုချက်များကို ဗမာ နယ်ချဲ့အစိုးရအနိန်ဖြင့် ချင်းပျံကို ဖမ်းဆီးရမိပါက သူရို့လက်ထဲသို့ အပ်လာလိမ့်မည်ဟု ထင်မြင်နိန်ဖို့ သေချာကြောင်းကိုလည်း ပြောခပါသည်။
ဗိုလ်ချင်းပျံ၏မိသားစုကို ဖမ်းဆီးမိပြီးနောက် ချင်းပျံကို ထပ်မံဖမ်းမည်ဆိုသော ဗိုလ်မှူးကြီးမော်ဂင်၏အစီအစဉ် သည် အထမမြောက်ခပါ။ ၁၈၁၂ ခုဖေဖေါ်ဝါရီလကုန်ပိုင်း နတ်မြစ်အရှေ့ဘက်ကမ်းတွင် ဗမာနယ်ချဲ့အစိုးရ၏ စစ်သင်္ဘောများနှင့် စစ်သည်တော်အင်အား အမြောက်အများချထားသဖြင့် ဗမာနယ်ချဲ့အစိုးရနှင့် အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရရို့သည် ရန်စောင်မှုများတဖြည်းဖြည်းတင်းမာလာခကြသည်။ နယ်စပ်ပြဿနာ ပိုမိုတင်းမာလာ သည့်အတွက် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရမှပို့ထားသော ကော်မချိန်အဖွဲ့အတွက် စိုးရိမ်ကြောင့်ကြ စဉ်းစား ရမည့်အခြေအနိန်သို့ ရောက်လာပြန်သည်။ ဗမာနယ်ချဲ့အစိုးရနှင့် ဤကဲ့သို့ စစ်သည်အင်အားများ နယ်စပ် တွင် ပိုမိုချထားသည်ကို အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရအနိန်ဖြင့် သုံးသပ်ကြည့်သောအခါ အဖြေ ၂ ခုထွက်လာ ပါသည်။
၁။ အကယ်၍ ဒက္ကားနှင့် ကာလကတ္တားသို့သာ ဗမာတပ်များကျူးကျော်လာသည်ဟိက ဗမာနှင့် အင်္ဂလိပ် အစိုးရရို့ စစ်ဖြစ်ရန် အခြေအနိန်ဟိသည်။
၂။ ဗိုလ်ချင်းပျံနှင့် တော်လှန်ရေးသမားများကိုသာ ဗမာနယ်ချဲ့အစိုးရလက်ထဲသို့ မအပ်နှံခလျှင် Captain Conning ခေါင်းဆောင်သော ကော်မချိန် အဖွဲ့သည် အလိုအလျှောက် ဓါးစာခံဘ၀သို့ ကျရောက်နိုင်သည်ဟု သုံးသပ်ခကြ၏။ ယင်းကြောင့် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် ကော်မရှင်အဖွဲ့နှင့်တကွ ရန်ကုန်မြို့တွငဟိနိန် သော အင်္ဂလိပ်လူမျိုးများ၏ လုံခြုံရေးအတွက် မိမိအစိုးရပိုင် အိန်ပွိုင်နာနှင့် မာလာဘာအမည်ဟိ သင်္ဘောနှစ်စီး ကို ရန်ကုန်သို့ စီလွှတ်လိုက်သည်။ တချိန်တည်းမှာပင် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် စစ်တကောင်း နယ်၌ စစ်သင်္ဘောများနှင့် စစ်သည်အင်အားကို ထပ်လောင်းဖြည့်စွက် နိရာချထားလိုက်သည်။ သို့သော်လည်း ဗမာနယ်ချဲ့အစိုးရနှင့် ပဋိပက္ခမဖြစ်ရအောင် ကြိုးစားလျှက်ဟိသည်။
ဗမာစစ်သားများသည် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ၏ စစ်သားများကို စတင်ကျူးကျော် ပစ်ခတ်ခသည်။ ထိုအခါ ဗိုလ်မှူးမော်ဂင်က ဤသို့ ပစ်ခတ်ရခြင်း ဇစ်မြစ်အကြောင်းတရားကို ဗမာအစိုးရထံ တောင်းဆိုခသည်။ ယင်းတောင်ခံချက် အပေါ် ဗမာစစ်ဗိုလ်ချုပ်က ဤသို့ပစ်ခတ်သည်ကို မိမိအနိန်နန့် မသိကြောင်း၊ ဤသို့ ဖြစ်ရသည့် အတွက် များစွာယူကျုံးမရဖြစ်မိကြောင်း ပြောဆိုပြန်ကြားခသည်။ အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရ အနိန်ဖြင့် ဗိုလ်ချင်းပျံကိုဖမ်းဆီးရန် ကြိုးစားနိန်သည်ဟူသော တင်ပြချက်ကိုမူ ဗမာနယ်ချဲ့အစိုး ရသည် ကြေနပ်မှု မရှိခပါ။ ဆွေးနွေးနိန်စဉ်အတွင်းမှာပင် ဗမာနယ်ချဲ့အစိုးရသည် နယ်စပ်၌ စစ်သည်အင်အား အပြည့် ချထားလျှက်ဟိသည်ကို တွိ့ရသည်။ ယင်းသို့ပျင်ဆင်ခြင်းနှင့် တပြိုင်နက်တည်းမှာပင် ဗမာနယ်ချဲ့အစိုး ရသည် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ၏စစ်အင်အားကို သိနိုင်ရန် သူလျှိုများကို စီလွှတ် ပီးပို့လိုက်ကြောင်း ကို ဗြိတိသျှရို့ သတင်းရလီသည်။ သို့အတွက် နယ်စပ် ပြဿနာ ပြေလည်ရေး အတွက် ဆွေးနွေးရန် အရှေ့အိန္ဒိယကုမ္ပဏီ က စီစဉ်ခလီသည်။
သို့သော်လည်း ဆွေးနွေးနိန်စဉ်အတွင်း အပစ်အခတ် ရပ်စဲ လျှက်ဟိသဖြင့် ဗမာစစ်သားများသည် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ ပိုင်နယ်မြီထဲသို့ ၀င်ရောက် နိုင်သည်ဟု အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရက ခန့်မှန်းထားသည်။ အဘယ်ကြောင့် ဆိုသော် ၁၈၁၂ ခုနှစ် မတ်လတွင် ဗမာစစ်သားများသည် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရပိုင် နယ်စပ်ထဲသို့ ချင်းနှင်း ၀င်ရောက်လာသဖြင့် အင်္ဂလိပ်အစိုးရနှင့် တိုက်ပွဲတစ်ခုဖြစ်ပွားပြီး ဗမာစစ်သားနှစ်ဦးကို အရှင်ဖမ်းဆီးရ မိခသည်။ ဤဖြစ်ရပ် အကြောင်းကို ဗမာစစ်ဗိုလ်ချုပ်က Teknaf တွင်ဟိသော Commanding officer ထံသို့ ပြောဆိုသည်မှာ “ ဤသို့ဖြစ်ရခြင်းသည် မိမိထံတစ်စုံတစ်ရာသော အခွင့်မရဟိဘဲ ၀င်ရောက်ကြောင်းနှင့် ယင်းဗမာ စစ်သားနှစ်ဦးအား မိမိရို့က ပြစ်ဒဏ် အဖြစ် သီဒဏ်ချရန် စီစဉ်ထားသဖြင့် ပြန်လည် ပီးပို့ရန် ပြောကြား လာသည်။ မည်သို့ပင်ပြောပြော ယင်းတိုက်ပွဲမှာ ဗမာစစ်ဗိုလ်ချုပ်၏ အစီအစဉ်တစ်ရပ်ဖြစ်ရမည်ဟု အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရအနိန်ဖြင့် သံသယဖြစ်ခသည်။ ယင်းတိုက်ပွဲငယ်ပြီးသည့်နောက်ပိုင်းတွင်လည်း တိုက်ပွဲငယ်များ မကြာမကြာ ဖြစ်ပွားခပြီး နယ်စပ် အခြေအနိန်သည် တစ တစတင်းမာ လာခသည်။
ထိုသို့ အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရနှင့် ဗမာနယ်ချဲ့ စစ်တပ်ရို့အကြား နယ်စပ် ပြဿနာများ ပြေလည် မလားဘဲ တစ တစ ကြီးထွားလာနေချိန်တွင် ရခိုင်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချင်းပျံသည် ကောဇာ သက္ကရာဇ် ၁၁၇၇ ခုနှစ်၊ ခရစ် သက္ကရာဇ် ၁၈၁၅ ခုနှစ် ဇန္န၀ါရီလ ၂၅ ရက်နိန့်တွင် ၎င်းပုန်းအောင်းနိန်ရာ ပင်းဝါ ချောင်းဖျား တောင်တန်း တနိန်ရာတွင် ငှက်ဖျား ရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်လားခလီသည်။ ဗိုလ်ချင်းပျံ ကွယ်လွန်ပြီး နောက်ပိုင်းတွင် ရခိုင်ပြည် လွတ်လပ်ရေး တိုက်ပွဲသည်လည်း ခေတ္တခဏမျှ ငြိမ်သက် လားခသော်လည်း နောက်ကျန် ရခိုင် တော်လှန်ရေး ခေါင်းဆောင်များ၏ ဗမာ ပဒေသရာဇ် နယ်ချဲ့များ အပေါ် ဆန့်ကျင် တော်လှန် တိုက်ခိုက်မူများကြောင့် နယ်စပ် ပြဿနာမှာ ပိုမို တင်းမာလာခပြီး အင်္ဂလိပ်- မြန်မာ ပထမ စစ်ပွဲ ဖြစ်ပွားခရသော အဆင့်ထိ ရောကဟိခရလီသည်။ (ပြီး)
---------------------------------------------
( ကိုဦးရှင်နှင့် ကိုအောင်ကျော်သိန်းရို့ ဘာသာပြန်သော ဆောင်းပါးမှာ ပျောက်ကွယ်နိန်သဖြင့် မူရင်း ခေါင်းစဉ်ကို ဖေါ်ပြပီးနိုင်ခြင်း မဟိပါ။)
Narinjara မှကူးယူဖော်ပြထားပါသည်။